Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ချစ်ဦးတင် - အထင်ရှားဆုံးမိန့်ခွန်းများ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ထောင်စုနှစ်အစီရင်ခံစာ

          ထူးခြားတဲ့ သင်္ကေတလက္ခဏာပြသမှု တစ်စိတ်တစ်ပိုင်းအဖြစ် ၁၉၉၈ ခုနှစ်မှာ ကုလသမဂ္ဂအထွေထွေညီလာခံကြီးက ၅၅ ကြိမ်မြောက် ညီလာခံအစည်းအဝေးကို ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ညီလာခံကြီးအဖြစ် သတ်မှတ်ကျင်းပဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။

          ထောင်စုနှစ် ထိပ်သီးညီလာခံအစည်းအဝေးကို ၂ဝဝဝ ပြည့်နှစ် စက် တင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။

          ထောင်စုနှစ်ပြက္ခဒိန်အရ ကံအားလျော်စွာ အကြောင်းတိုက်ဆိုင် ကြုံ ကြိုက်ရမှုထက် ဘာမှမပိုသော်ငြားလည်း ကမ္ဘာ့အစိုးရအဖွဲ့များနဲ့ ပြည်သူများ ဖြစ်ကြတဲ့သင်တို့အနေနဲ့ ဒီထောင်စုနှစ်ကို လူသားချင်းစာနာမှုလုပ်ငန်းအား လုံးအတွက် ဦးတည်ထင်ဟပ်ကျင်းပမယ့်အခါသမယအဖြစ် ရွေးချယ်ခဲ့ပြီး ဖြစ်ပါတယ်။

          အကယ်၍ ကျွန်တော်တို့နေထိုင်ဖြတ်သန်းနေရတဲ့ အပြောင်းအလဲ တွေကို စကားလုံးတစ်လုံးတည်းနဲ့ အတိုဆုံးအရှင်းဆုံး အနှစ်ချုပ်ပြောရ မယ်ဆိုရင် ဒါဟာ ကမ္ဘာလုံးဆိုင်ရာပြုမှုပဲဖြစ်ပါတယ်။ ။

          ကျွန်တော်တို့ဟာ ဘယ်တုန်းကနဲ့မှမတူအောင် ဆက်သွယ်နေတဲ့ ကမ္ဘာကြီးတစ်ခုထဲမှာ နေထိုင်ကြတာဖြစ်ပါတယ်။ အုပ်စုအဖွဲ့ အစည်းများထဲ က အဖွဲ့ အစည်းတစ်ခုစီနဲ့ လူတစ်ဦးချင်းတစ်ဦးချင်းတွေဟာ နိုင်ငံနယ်စပ် တွေကိုဖြတ်ကျော်ပြီးတော့သာမကဘဲ ရံဖန်ရံခါ နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုအလျဉ်းမပါဘဲ ပို၍ပို၍ တိုက်ရိုက်အပြန်အလှန် ဆက်သွယ်နေကြပါတယ်။

          ဒီလို ဆက်သွယ်ဆောင်ရွက်ရာမှာ ရာဇဝတ်မှု၊ မူးယစ်ဆေးဝါး၊ အကြမ်းဖက်မှု၊ ရောဂါဘယနဲ့လက်နက် စတဲ့အန္တရာယ်တွေရှိလာပါတယ်။ နောက်ကိုပြန်ဆုတ်ပြီး ပိုမိုလျင်မြန်တဲ့အရှိန်နဲ့ အန္တရာယ်တွေ အတိတ်က ထက် ကြီးထွားများပြားလာတာနဲ့အမျှ လူတွေဟာ သာ၍သာ၍ ခြိမ်း ခြောက်မှုကို ခံစားနေရပါတယ်။

          ဒါပေမဲ့ ကမ္ဘာလုံးဆိုင်ရာပြုမှုရဲ့ အကျိုးတရားတွေလည်း တစ်ဖက် မှာ သိသိသာသာ ထင်ထင်ရှားရှားရှိနေပါတယ်။ အဲဒါကတော့ လျင်မြန်စွာ တိုးတက်လာမှု၊ လူနေမှုအဆင့်အတန်း မြင့်မားလာမှုနဲ့ အခွင့်အလမ်းသစ် တွေပေါ်ထွက်လာခြင်းပါပဲ။ ဒီအကျိုးကျေးဇူးတွေက လူပုဂ္ဂိုလ်တစ်ဦးချင်း အနေနဲ့ သာမကဘဲ နိုင်ငံအချင်းချင်းနဲ့ ဘုံစုပေါင်းလှုပ်ရှားဆောင်ရွက်မှု တွေမှာပါ နားလည်မှုပိုမိုရရှိလာစေပါတယ်။

          ပြဿနာတစ်ခုကတော့ လက်ရှိ ပစ္စက္ခအချိန်မှာ အဲဒီအခွင့်အလမ်း တွေကို ညီညီမျှမျှပြန့်ပွားသွားအောင် မပေးဝေနိုင်သေးခြင်းပါပဲ။ လူသား မျိုးနွယ်ထက်ဝက်မျှ တယ်လီဖုန်းပြောခွင့် သို့မဟုတ် လက်ခံပြောကြားနိုင် ခြင်းမရှိသေးတာ၊ ကွန်ပျူတာတစ်မျိုးတည်းကိုသာ အသုံးပြုခွင့်ရနေစေ တာတွေ ကမ္ဘာလုံးဆိုင်ရာပြုမှုမှာ တစ်စိတ်တစ်ပိုင်းပါဝင်နေတာကို ကျွန် တော်တို့ ဘယ်လိုပြောရမလဲ။ သူတို့တွေရဲ့ ဆင်းရဲတွင်းနက်မှုကို ထည့် မတွက်ဘဲ ကျွန်တော်တို့ ပြောလို့မရပါဘူး။

          ဒုတိယပြဿနာတစ်ခုကတော့ ကမ္ဘာလုံးဆိုင်ရာဈေးကွက်သည်ပင် လျှင် ဘယ်အခြေအနေကိုရောက်နေပြီဆိုတာ ကျွန်တော်တို့ တိတိကျကျ မပြောနိုင်သေးခြင်းပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး လွှမ်းခြုံအကျုံးဝင်တဲ့ ကမ္ဘာ့ဈေးကွက်ဟာ လူမှုရေးရည်မှန်းချက်တွေအပေါ် အခြေခံထားတဲ့ စည်း မျဉ်းတွေနဲ့ တစ်နိုင်ငံချင်း ဈေးကွက်တွေလို အခိုင်အမာ ကျောထောက် နောက်ခံပေးထားမှုမရှိသေးဘဲ ဖြစ်နေပါတယ်။ အဲဒီလိုမျိုး စည်းမျဉ်းစည်း ကမ်းတွေမရှိသေးချိန်မှာ ကမ္ဘာလုံးဆိုင်ရာပြုမှုက လူပေါင်းများစွာကို သူတို့ ဟာ ကြိုတင်တွက်ဆ ခန့်မှန်းမထားတဲ့ခွန်အားတွေရဲ့ သက်ညှာထောက် ထားမှုကို ရရှိနေတယ်လို့ ခံစားနေစေပါတယ်။

          ကျွန်တော်တို့ခေတ်ရဲ့ ဆက်စပ်လွှမ်းခြုံတဲ့စိန်ခေါ်မှုဟာ ကမ္ဘာလုံး ဆိုင်ရာပြုမှုကို ပိုမိုကြီးမားတဲ့ဈေးကွက်တွေထက်ကြီးမားတဲ့ ဈေးကွက်ကြီး ဖြစ်လာအောင် ဖန်တီးဖို့ပါပဲ။ ဒီလိုကြီးကျယ်တဲ့ ကသောင်းကနင်းတွေ ဖြစ်နေမှုအပေါ် အောင်မြင်မှုရရှိအောင် ဘယ်လိုစီမံအုပ်ချုပ်မယ်၊ ဒါ့ထက် မကဘဲ ဘယ်လိုပိုမိုကောင်းမွန်အောင် အတူတကွစီမံအုပ်ချုပ်ကြမယ်ဆို တာ ကျွန်တော်တို့ လေ့လာရမှာဖြစ်ပါတယ်။

          ဒါဖြင့်ရင် ဒီတစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ပြဿနာတွေက ဘာတွေလဲ။ ဒါကို ခေါင်းစဉ်သုံးခုနဲ့ ကျွန်တော်စုစည်းထားပါတယ်။ ခေါင်းစဉ်တစ်ခုချင်း ကို လူသားတွေရဲ့ အခြေခံလွတ်လပ်ခွင့်ပေါ်မှာမူတည်ပြီး စုစည်းထားတာပါ။ အဲဒါတွေကတော့ အလိုရှိခြင်းမှ လွတ်လပ်ခွင့်၊ ထိတ်လန့်ကြောက်ရွံ့ ရခြင်းမှ လွတ်လပ်ခွင့်နဲ့ ဒီကမ္ဘာဂြိုဟ်ပေါ်မှာ သူတို့ဘဝကို ဆက်လက်တည်တံ့နိုင် အောင် အနာဂတ်မျိုးဆက်တွေရဲ့ လွတ်လပ်ခွင့်တွေဖြစ်ပါတယ်။ ပထမဆုံးအချက်က အလိုရှိခြင်းမှ လွတ်လပ်ခွင့်ပါ။

          ကမ္ဘာ့လူသားအားလုံးထဲက လူသားသန်းပေါင်း တစ်ထောင်ကျော် အနေနဲ့ သူတို့ဘဝရှင်သန်နိုင်အောင် အန္တရာယ်ကင်းတဲ့ သောက်သုံးရေမရရှိ ဘဲ တစ်နေ့ကို တစ်ဒေါ်လာထက်နည်းတဲ့ဝင်ငွေလေးနဲ့ ရုန်းကန်လှုပ်ရှားနေ ချိန်နဲ့ ကမ္ဘာပေါ်မှာရှိသမျှလူသားအားလုံးရဲ့ထက်ဝက်လောက် လုံလောက်တဲ့ မိလ္လာနဲ့ ရေဆိုးနုတ်စနစ်မပြည့်စုံဘဲ နေထိုင်နေရချိန်မှာ ကျွန်တော်တို့အနေ နဲ့ လူသားတွေဂုဏ်သိက္ခာနဲ့အညီ လွတ်လပ်မှုနဲ့ညီမျှမှု ရှိနေပါတယ်လို့ ဘယ်လိုပြောနိုင်မှာလဲ။ ဒါတင်ပဲလားဆိုတော့မဟုတ်သေးဘဲ ကျွန်တော် တို့တွေအနက်က တချို့ဟာ ကုန်စည်ဈေးကွက် ပျက်ပြားသွားလေမလား လို့ စိုးရိမ်ပူပန်နေကြရ၊ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ နောက်ဆုံးထုတ်လုပ် တဲ့ကွန်ပျူတာတွေကိုထိန်းသိမ်းနိုင်ဖို့ ရုန်းကန်နေရပြန်ပါတယ်။ တစ်ချိန် တည်းမှာပဲ လူသား ယောက်ျား၊ မိန်းမထက်ဝက်ကျော်ဟာ သူတို့သားသမီး တွေအတွက် နောက်ထပ်အစာတစ်နပ် ဘယ်ဆီက ရပါ့မလဲဆိုတဲ့ အခြေခံ ကျတဲ့စိုးရိမ်သောကတွေကို လွယ်ထားရပါတယ်။

          အစီရင်ခံစာမှာပါရှိတဲ့ အဓိကဒုတိယခေါင်းစဉ်ကတော့ ကြောက်ရွံ့နိုင်ငံချင်းဖြစ်ပွားတဲ့စစ်ပွဲတွေ သူတို့ မကြာမကြာဖြစ်တတ်လေ့ရှိတဲ့ အကြိမ်ထက် ကံကောင်းထောက်မစွာ လျော့နည်းသွားခဲ့ပါတယ်။ ဒါပေမဲ့ ရာစုနှစ်ရဲ့ နောက်ဆုံးဆယ်စုနှစ်အတွင်းဖြစ်ပွားတဲ့ ပြည်တွင်းစစ်တွေကြောင့် လူ့အသက်ပေါင်းငါးသန်းကျော် ဆုံးရှုံးခဲ့ရသလို၊ သူတို့အိမ်ရာတွေကို စွန့် ပစ်ထွက်ပြေးရတဲ့ ပြည်သူလူထုအရေအတွက်လည်း အဆများစွာ တိုးလာ စေခဲ့ပါတယ်။ ဒါတင်မကပါဘူး၊ ကျွန်တော်တို့အားလုံးဟာ အဖျက် စွမ်းအား ကြီးမားတဲ့လက်နက်တွေရဲ့ အရိပ်ထိုးမှုအောက်မှာ နေထိုင်နေရဆဲ ဖြစ်ပါ တယ်။

          ကျွန်တော်တို့ဟာ ပဋိပက္ခတွေမပေါ်ပေါက်အောင် အစွမ်းကုန် ကာ ကွယ်တားဆီးရပါမယ်။ ပဋိပက္ခအများဆုံးဖြစ်ပွားတဲ့နေရာဒေသတွေဟာ ဆင်းရဲတဲ့နိုင်ငံတွေဖြစ်ပြီး အထူးသဖြင့် ဆိုးဝါးစွာအုပ်ချုပ်ခံရတဲ့၊ ဒါမှမဟုတ် တိုင်းပြည်ရဲ့ အာဏာနဲ့ ချမ်းသာကြွယ်ဝမှုကို လူမျိုးစု သို့မဟုတ် ဘာသာ ရေးအုပ်စုတွေအကြား မညီမမျှကျင့်သုံးခံရတဲ့နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပဋိပက္ခတွေကိုတားဆီးဖို့ အကောင်းဆုံးနည်းလမ်းဟာ အဖွဲ့အစည်းအားလုံးကို မျှတစွာကိုယ်စားပြုတဲ့၊ လူ့အခွင့်အရေးနဲ့ပတ်သက် ပြီးတော့လည်းထည့်သွင်းစဉ်းစားတဲ့၊ လူနည်းစုအခွင့်အရေးကိုလည်း လေးစား တဲ့၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအပေါ်မှာလည်း ကျယ်ကျယ်ပြန့်ပြန့် အခြေခံထားတဲ့ နိုင်ငံရေးအစီအစဉ်တွေ တိုးမြှင့်ချမှတ်စီစဉ် လုပ်ဆောင်ဖို့ပဲဖြစ် ပါတယ်။

          ကျွန်တော့်ရဲ့ အစီရင်ခံစာမှာ ထည့်သွင်းတင်ပြထားတဲ့ တတိယအခြေခံ အကျဆုံး လွတ်လပ်ခွင့်ကတော့ ၁၉၄၅ ခုနှစ် ကုလသမဂ္ဂဖွဲ့ စည်းတည်ထောင်ရာမှာ ပါဝင်ခဲ့သူတွေအနေနဲ့ပင်လျှင် အနိုင်နိုင်ကြိုးစားပမ်းစား ပုံဖော်ခဲ့ ရတာကြောင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြ မထားနိုင်ခဲ့တဲ့အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ ကျွန်တော် ဆိုလိုတာက ဒီကမ္ဘာ ဂြိုဟ်ပေါ်မှာ အနာဂတ်မျိုးဆက်အနေနဲ့ သူတို့ဘဝကို ရှင်သန်အထောက် အကူပြုစေမယ့် လွတ်လပ်ခွင့်ပဲဖြစ်ပါတယ်။

          ခုအချိန်မှာကိုပဲ ကျွန်တော်တို့ထဲက တော်တော်များများဟာ ဒီလွတ် လပ်ခွင့်ကို ဘယ်လောက် ဆိုးဆိုးဝါးဝါး အပြင်းအထန် ခြိမ်းခြောက်ခံနေရတယ်ဆိုတာ နားမလည်ကြသေးဘဲဖြစ်နေတယ်။ တကယ်လို့ ဒီအချက်တွေ ကို ဝါကျတစ်ခုတည်းဖြစ်အောင် ပေါင်းရုံးပြီးပြောရရင် ကျွန်တော်တို့ဟာ လက်ငင်းကြုံတွေ့ နေရတဲ့ မလျော်ကန်မသင့်မြတ်တဲ့ အလေ့အကျင့်တွေ အတွက်ပေးဆပ်ဖို့ ကျွန်တော်တို့သားသမီးတွေရဲ့ အမွေကို လုယက်နေကြ တာပါပဲ။

          ကျွန်တော်တို့ဟာ လူသားတွေရဲ့ စားသုံးမှုနဲ့ ဖျက်ဆီးမှုကြောင့် ယိုယွင်း ပျက်ပြားလုနီးပါးအခြေအနေရောက်အောင် ဖိအားပေးခြင်းခံနေရတဲ့ ကျွန်တော်တို့ရဲ့ သစ်တောတွေ၊ ငါးဖမ်းလုပ်ငန်းတွေနဲ့ အထွေထွေအပြားပြားသော သက်ရှိသတ္တဝါတွေကို ကာကွယ်စောင့်ရှောက်ကြရပါမယ်။

           အတိုချုပ်အားဖြင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ကြီးကြပ်အုပ်ချုပ်မှုအသစ် တစ်ခု ကျွန်တော်တို့လိုအပ်နေပါတယ်။ ကျွန်တော်တို့ဟာ ပိုမိုကောင်းစွာ မျက်စိပွင့်နားပွင့် ဗဟုသုတအသိအမြင်ရှိတဲ့လူထုကို လိုအပ်ပါတယ်။

         ကျွန်တော်တို့ရဲ့ စီးပွားရေးမူဝါဒ ဆုံးဖြတ်ချက်တွေ အပြည့်အဝချမှတ်နိုင်အောင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရင်းနှီးပေးဆပ်မှုနဲ့ အကျိုးအမြတ်တွေရယူဖို့ လိုအပ်နေပါတယ်။ အညစ်အကြေးနဲ့ ကုန်ခန်းသွားဖွယ်ရှိတဲ့ အရင်းအမြစ် တွေကို တရားလွန် အလျှံပယ်လွန်ကဲစွာ စားသောက်သုံးစွဲခြင်းကို ဟန့်တား နိုင်အောင်သော်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်နဲ့ရင်းနှီးတဲ့ အလေ့ အကျင့်ကောင်းတွေကို အားပေးဖို့သော်လည်းကောင်း စည်းမျဉ်းစည်းကမ်း နဲ့ မက်လုံးပေးမှုတွေ ကျွန်တော်တို့ လိုအပ်နေပါတယ်။ ဒါ့အပြင် ကျွန်တော် တို့အနေနဲ့ ပိုမိုတိကျတဲ့ သိပ္ပံပညာရပ်ဆိုင်ရာ ကိန်းဂဏန်းသတင်းအချက် အလက်တွေ လိုအပ်နေပါတယ်။

          အဲဒါတွေအားလုံးအပြင် ကျွန်တော် ကလေးဘဝက လေ့လာခဲ့တဲ့ အာဖရိကအတွေးအမြင်ဟောင်းကလေးတစ်ခုကို ပြန်လည်သတိရဖို့ ကျွန် တော်တို့ လိုအပ်ပါတယ်။ အဲဒါကတော့ ကမ္ဘာမြေကြီးဟာ ကျွန်တော်တို့ ပိုင်မဟုတ်ဘူး၊ ကျွန်တော်တို့အတွက်မဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ နောင် လာနောက်သားတွေအတွက် ကျွန်တော်တို့လက်ထဲကို ယုံကြည်စွာအပ်နှံ ထားတဲ့ ရတနာတစ်ပါးသာဖြစ်တယ်ဆိုတာပါပဲ။