Skip to product information
1 of 2

Other Websites

ချစ်နိုင်(စိတ်ပညာ) - နှစ်ဆယ့်တစ်ရာစု စစ်မျက်နှာနှင့် ရွှေမြန်မာ ရွှေနိုင်ငံ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ထက်သန်နိုးကြားသောလူမျိုး

          သံသရာခရီးမှာ ခေါက်ရှာငှက်ပျံသကဲ့သို့ နိမ့်တုံမြင့်တုံဖြစ် တတ်ခြင်းမှာ ဓမ္မတာ ဖြစ်ပါသည်။ ချမ်းသာခြင်းကိုလည်း ကြုံရမည်။ ဆင်းရဲခြင်းကိုလည်းတွေ့ရမည်။ စည်းလုံးခြင်း လည်းရှိဖူးသည်။ ပြိုကွဲ ခြင်းလည်း ဖြစ်သည်။ တိုးတက်သောခေတ်အခြေအနေကိုလည်း ရောက်ဖူး၏၊ ကျဆုံး ရှုံးနိမ့်ပြီး နလန်မထူနိုင်သော အဖြစ်မျိုးသို့လည်း ရောက်ခဲ့ရဖူး၏။

မြန်မာနိုင်ငံ မြန်မာလူမျိုး၏ သမိုင်းမှာ စည်ကားသာယာခြင်း၊ တည်ငြိမ်ဝပြောခြင်းများကိုလည်း တွေ့နိုင်သည်။ ဆင်းရဲချို့တဲ့ခြင်း၊ ဆူပူ ထကြွ ပုန်ကန်ဖျက်ဆီးကြခြင်း၊ ကပ်သုံးပါး ဆိုက်ခဲ့ရခြင်းများလည်း မြင်နိုင်သည်။ သမိုင်းကြောင်းကိုပကတိအခြေအနေအမှန်အတိုင်း ရှုမြင် သုံးသပ်လျှင် အကောင်းအဆိုး၊ အကျိုးအပြစ်တို့ကို ဆင်ခြင်နိုင်သည်။

ဗြိတိသျှကိုလိုနီနယ်ချဲ့တို့၏ မတရားသဖြင့် အနိုင်ကျင့် ကျူးကျော်သိမ်းပိုက်မှုများကြောင့် ၁၈၂၄/၁၈၅၂ခုနှစ်၊ ၁၈၈၅ခုနှစ် များတွင် မြန်မာလူမျိုး တန်ခိုးတေဇာညို၍ နိုင်ငံပျောက်ခဲ့၏။ ၁၉၄၈ ခုနှစ်မှာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ပြန်လည်ထူထောင် နိုင်လာသည်။ ၁၂၄နှစ်လုံးလုံး နယ်ချဲ့ဖိနှိပ်ဖြိုခွဲမှုမှ လူးလဲပြီး ရုန်းထခဲ့ကြသည် ၊နှစ်ပေါင်းတစ်ရာကျော် လည်ဂုတ်ကို ခွစီးပြီး သွေးစုပ်ခြင်းကို ခံခဲ့ရသော အမိနိုင်ငံတော်ကို နှစ်ပေါင်းငါးဆယ်ကြာအောင် လွတ်လပ်

သောနိုင်ငံ၊ လွတ်လပ်သောလူမျိုးအဖြစ် အခက်အခဲအပိတ်အဆို့ အမျိုး မျိုးကို တွန်းလှန်ဖြတ်သန်းပြီး ယနေ့အထိ လက်ဆင့်ကမ်းသယ်ဆောင် ခဲ့ကြသည်။ သွေးခွဲမှု၊ သပ်လျှို့မှု ဒဏ်ရာဒဏ်ချက်တို့ကြောင့် ဆင်းရဲ

သောနိုင်ငံ မဖွံ့ဖြိုးသေးသော နိုင်ငံအဖြစ်မှ ၂၀ရာစုကာလအတွင်း မလွတ်မြောက်နိုင်သေး။

နှစ်ဆယ့်တစ်ရာစု ခေတ်သစ်တစ်ခုကား ရောင်နီပျို့ခြေပြီ။ အချင်း ချင်းသွေးခွဲကာ တိုက်ခိုက်သတ်ဖြတ်ပြီး နယ်ချဲ့ရှို့ခဲ့သော စနက် မီးကြောင့် စစ်တလင်းနှင့် ပြာပုံဖြစ်ခဲ့ရခြင်းများသည် ၁၉၉၂ခုနှစ်

နောက်ပိုင်းတွင် သိသာစွာ ရပ်စဲချုပ်ငြိမ်းသွားသည်။ လက်နက်ကိုင် အဖွဲ့အစည်းများသည် အောက်ပါပို့တာဝန်အရေးသုံးပါးကို ဦးထိပ် ထားသော တပ်မတော်အစိုးရနှင့် စိတ်တူကိုယ်တူလက်တွဲဝန်းရံခဲ့ကြပြီ

ပြည်ထောင်စုမပြိုကွဲရေး၊ (၂) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ (၃) အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး။

ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေးအခြေခံအဆောက်အအုံများ အမြန်ဆုံး တည်ဆောက်ရေးတို့ကို တပ်မတော်၊ ပြည်သူတို့နှင့်အတူ လက်တွဲ၍ အားစိုက်ခွန်စိုက် ဆောင်ရွက်နေကြပြီ၊ အဖျက် အင်အားများ ချုပ်ငြိမ်းကွယ်ပျောက် သွားပြီ၊ အပြုဘက်၊ တည်ဆောက်ရေးဘက်သို့ ရောက်ရှိလာကြသဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ယိုယွင်း ပြိုကွဲ မည့် အန္တရာယ်သည် နည်းပါး ယုတ်လျော့သွားသည်။ တည်တံ့ခိုင်မြဲမည့် ဘက်၊ ဖွံ့ဖြိုးတိုးတက်မည့်ဘက်က ထိရောက်အား ကောင်းလာသည်။ပြည်သူတို့သည် နိုင်ငံအဝန်း အေးချမ်းခြင်း၏ အရသာကို ကောင်းစွာခံစားရပါသည်။ တရားဥပဒေစိုးမိုးသည်။ သူခိုး၊ ဓားပြ ကင်း ရှင်းသည်။ သူပုန်သူကန်မရှိ၊ ဆူပူသောင်းကျန်းမှုမရှိ။ တည်ငြိမ်မှု အပြည့်အဝရရှိသည်။ ငြိမ်းချမ်းခြင်း၊ လွတ်လပ်ခြင်းတို့ ရှိလာသဖြင့် စိုက်ပျိုးရေးနှင့်ကူးသန်းသွားလာရေးများလည်း ရှေးကထက် ပိုမို ကောင်း မွန်လာလေသည်။ ပညာရေး၊ ကျန်းမာရေး ကူးလူဆက်ဆံရေးများ တိုးတက်မြင့်မားလာပေသည်း

တည်ငြိမ်အေးချမ်းလာပြီဖြစ်သဖြင့် ဖွံ့ဖြိုးမည့် အလားအလာ သည် များစွာကောင်းသည်။ တည်ငြိမ်မှုနှင့်ဖွံ့ဖြိုးမှုသည် အပြန်အလှန် ဆက်စပ်နေသည်။ လုံခြုံမှုနှင့် ကြွယ်ဝမှုသည် အပြန်အလှန် အထောက် အကူပြုနေကြသည်။ လုံခြုံခြင်း၊ တည်ငြိမ်ခြင်းတို့ကြောင့် ပြည်သူ လူထု ၏ စွမ်းပကားသည် ထိရောက်သည်။ ထိုအခါ ဖွံ့ဖြိုးချမ်းသာဖို့ရာ မဝေး တော့ပါပြီ။ မအေးချမ်းမီ၊ မလုံခြုံမီကတော့ စီးပွားရေး၊ ချမ်းသာဖို့ရာ မျှော်လင့်ချက်မရှိလှပါ။ တတ်သမျှစီးပွားသည် အဖျက်လုပ်ရပ်တွေနှင့် မှာပါသွားပါက သမင်မွေးရင်း ကျားစားရင်းသာ လုံးခြာလည် လိုက်ခဲ့ သည်မဟုတ်ပါလား။အမြော်အမြင် နည်းပါးစွာ အမြင်ကျဉ်းမြောင်းခဲ့ကြ သည်။

ယခုအခါ ခေါင်းဆောင်အဆင့်ဆင့်သည် ကမ္ဘာ့အခြေအနေ ကို မြင်ကွင်းကျယ် မြော်မြင်နိုင်ကြသည်။ ပြည်တွင်းအင်အား ညီညွတ် စည်းလုံးရမည်ကို နားလည်သည်။ နွားကွဲလျှင် ကျားဆွဲမည့်အန္တရာယ် ကို သိကြသည်။ ခွဲထွက်ခြင်းအားဖြင့် မည်သူမှအကျိုးမရှိုး TheNew World Order ဟု ခေါ်ဝေါ် နေကြသော ခေတ်သစ် ကမ္ဘာ သည် စစ်အေးလွန်ကာလ၌ ဖြစ်ပေါ်လာသည်။ အင်အားကြီးမား သူက အင်အားသေးငယ်သော နိုင်ငံများကို ရန်စ၊ အနိုင်ကျင့်၊ ဗိုလ်ကျပြီးထင်ရာစိုင်းသော ကာလတစ်ခုဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ အစည်းကိုပင် လိုလျှင်လိုသလို အသုံးချ၍ မလိုလျှင်မလိုသလို ဘေးဖယ် ပစ်ပယ်နေသော အခြေအနေပင်၊

၂၁ရာစုကာလသည် အလွန်တရာအန္တရာယ်များပြီး သားရဲ တောကောင်ထူထပ်သောတောကန္တာရသဖွယ်ဖြစ်သည်။ သတိမပြတ် ရှိအပ်သည်။ ကမ္ဘာ့ပုလိပ်ကြီးဟု အမည်ဆိုးဖြင့် ကျော်ကြားခဲ့သော အနောက်နိုင်ငံကြီးတစ်ခုသည် ကမ္ဘာ့အရေးအရာအားလုံးကို သူက , ကြိုးကိုင်ခြယ်လှယ် ဖြေရှင်းပေးရန် တာဝန်ခံဖြစ်သည်ဟု ယုံမှားလွန် Delusion အမြင် ဖြစ်စပြုနေသည်။ ကမ္ဘာပေါ်မှာ ငါသာလျှင် အင်အား အကြီးဆုံးဟုထင်လေသည်။ ငါကား အရာရာကို အဓိက အဆုံးအဖြတ်ပေးရမည့်အခန်းကဏ္ဍမှာ ရောက်နေပြီဟုယူဆသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက မဟာအလက်ဇန္ဒာ (၃၅၆-၃၂၃ဘီစီ) သည်လည်း တစ်ခါကဤကဲ့သို့ပင်ယူဆခဲ့ဖူး၏။ မွန်ဂိုဧကရာဇ် ဂျင်ဂစ် ခန်လည်း ဤသို့ပင် ထင်မြင်ခဲ့ဖူး၏။ ပြင်သစ်ဧကရာဇ် နပိုလီယန် ဘိုနာပတ်(၁၇၆၉-၁၈၂၁) သည်လည်း ဥရောပတစ်ခွင်လုံးကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ဤကဲ့သို့ပင် မှတ်ယူခဲ့ဖူး၏။ နိဂုံးတွင်ကားအားလုံး အသိပင်။

အနောက်အုပ်စုသည် ၁၉၂ဝကာလမှ ၁၉၉ဝထိ အရှေ့အုပ်စု နှင့် စစ်အေးတိုက်ပွဲအားပြိုင်၍ ဆင်နွှဲခဲ့သည်။ ၁၉၉၁ခုနှစ်မှာ ဆိုဗီယက် ပြည်ထောင်စုပြိုကွဲသည်။ ဝါဆောစစ်အုပ်စု ဝါးအစည်းပြောပြီး ဖရိုဖရဲ ဖြစ်သွားသည်။ ဆိုရှယ်လစ်နိုင်ငံများသည် ပြဿနာပေါင်း သောင်း ခြောက်ထောင်ဖြင့် ထွေးလုံးရစ်ပတ်ဖြစ်နေပြီး မွဲတေစုတ်ပြတ်သွား သည်။ အနောက်အုပ်စုထံသို့ ဒူးထောက်မျက်နှာချိုသွေးပြီး ငွေကြေး အထောက်အပံ့၊ နည်းပညာအထောက်အပံ့ စသည်ဖြင့် အစစအရာရာ တပည့်ခံရသည့် အခြေအနေထိ ယိမ်းယိုင်ယိုယွင်းသွားကြရှာ၏။| တရုတ်ပြည်သူ့သမ္မတနိုင်ငံလည်း စီးပွားရေးစနစ်သစ်ကျင့်သုံး ရသည်။ ဈေးကွက်စီးပွားရေးစနစ်သို့ ရှေးရှုပြောင်းလဲလာသည်။ ပင် လယ်ဆိပ်ကမ်း ပြည်နယ်ကြီးများမှာ အထူးစီးပွားရေးဇုန်များ ထူထောင် ကာ ပုဂ္ဂလိကအခန်းကဏ္ဍကို ဖွင့်ပေးခဲ့ရသည်။ တိုင်းပြည်တစ်ပြည်ထဲ မှာ စနစ်နှစ်မျိုးကျင့်သုံးလာသည်။ ဗီယက်နမ်နိုင်ငံမှာ ကွန်မြူနစ်ပါတီ သည် အာဏာတည်မြဲခိုင်မာဆဲဖြစ်သော်လည်း တံခါးဖွင့် ဈေးကွက် စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးလာသည်။ အလုပ်သမား၊ လယ် သမားတို့၏ အကြွင်းမဲ့အာဏာဖြင့် အရင်းမဲ့လူတန်းစားသတ်သတ် အာဏာချည်း မဟုတ်တော့၊ ပုဂ္ဂလိကအခန်းကဏ္ဍကို ပြည်ပရော ပြည်တွင်းပါ ကမ်းလှမ်းလက်တွဲကြရသည်။ ။

တရုတ်ပြည်၊ ဗီယက်နမ်ပြည်းကျူးဘားပြည်တို့သည် ကွန်မြူ နစ်ပါတီ၊ ဆိုရှယ်လစ်ဝါဒ ဆိုပင် ဆိုကြရသော်လည်း သက္ကရာဇ် ၂၀၀၀ ကာလသည် ခရစ်သက္ကရာဇ် ၁၉၅ဝ-၆ဝ-၇ဝ ကာလများနှင့်ကား မတူ

တော့ပေ။ အနောက်အုပ်စုကို ထုနှင့်ထည်နှင့် မည်သူမျှ ထိပ်တိုက် မယှဉ်နိုင်တော့ပေ။ အင်အားချိန်ခွင်ညှာသည် ဆိုဗီယက်ပြည်ထောင်စု ကြီး ၁၅နိုင်ငံအဖြစ် အစိတ်အမွှာမွှာ ကွဲပြားသွားရပြီးနောက်ပိုင်းမှာ သိသိသာသာကြီး တစ်ဖက်စောင်းနင်းဖြစ်သွားသည်။

အမေရိကန်ပြည်ထောင်စုနှင့်နေတိုးစစ်အုပ်စု၏ ၁၉၉၉ခုနှစ် ဧပြီလမှစ၍ ရက်ပေါင်း၈ဝခန့်အတွင်း ယူဂိုဆလားဗီးယားနိုင်ငံသို့ လေကြောင်းမှ ကျော်၍ ဗုံးတန်ချိန် ၇ဝဝဝကျော် ကြဲချတိုက်ခိုက်ခဲ့ ခြင်းက ထင်ရှားသော သက်သေသာဓကဖြစ်၏၊ တရုတ်သံရုံးကိုပင်

မြေပုံအကြည့်မှားမိလို့ပါဆိုပြီး ဗုံးကြဲချလိုက်သေး၏။ တရုတ်သံရုံး အဆောက်အအုံပျက်စီးပြီး သံတမန်သတင်းထောက်သုံးဦးသေဆုံးသည်။ နှစ်ပေါင်း(၅၀)ခန့် ဆိုရှယ်လစ်နိုင်ငံအဖြစ် (သမ္မတကြီး တီးတိုး လက်ထက်)ဘက်မလိုက်နိုင်ငံများအုပ်စုမှာ တက်ကြွစွာ ဦးဆောင်လှုပ်ရှားခဲ့သော ယူဂိုဆလားဗီးယားပြည်ထောင်စုကို အနောက်အုပ်စုက မုန်းနေသည် မှာ ကြာလေပြီ။ လှီးထားသမျှ ယခုအခါမှာ စုပြုံပြီး အနိုင်ကျင့် နှိပ်စက်လိုက်ကြချေတော့သည်။ သင်ခန်းစာယူစရာကောင်းသည်။

အနောက်အုပ်စု၏ မတရားစစ်၊ ကျူးကျော်စစ်၊ အနိုင်ကျင့် ဗိုလ်ကျစစ်ပွဲများသည် ကိုရီးယားစစ်ပွဲ၌ မအောင်မြင်၊ ဗီယက်နမ်စစ် ပွဲ၌ အရှက်ရစွာ မရှုမလှ ရှုံးခဲ့သည်။ ယခုကား ၁၉၄၀-၆၀-၇၀ အတိတ် ကာလများနှင့် လုံးဝခြားနားခဲ့ချေပြီ။

မျက်မှောက်ခေတ်ထိုးနှက်မှုများမှာ ဘက်စုံစစ်ပွဲအသွင် Multi Dimensional Warfare cæos&mpi comosur နည်းလမ်းဟူသမျှ အားလုံးစုံ အသုံးချဆင်နွှဲသည်- '

(၁) လူမှုရေး (Social Mall (၂) နိုင်ငံရေး (Political Means) (၃) စီးပွားရေး (Economic Means) (၄) သဘောတရားရေး (Ideological Means) (၅) ဝါဒဖြန့်ချိရေး (Propaganda Means) (၆) စစ်ရေးနည်း (Military Means)

(အထူးသဖြင့် ခေတ်မီပြီး အင်အားကောင်းသော အီလက် ထရောနစ်လေကြောင်းနှင့် ရေတပ်ကို အဓိက အသုံးချခဲ့ကြသည်။)

သူတို့ထံ တပည့်ခံ၍ သူတို့ကို ရိုသေကျိုးနွံရန် နည်းမျိုးစုံ ဘက်ပေါင်းစုံမှ ဖိအားပေးအကြပ်ကိုင်သောနည်းတို့ကို အသုံးပြုတတ်လေသည်။ ရေဒီယို၊ တီဗီ၊ ဂြိုလ်တုစလောင်းမီဒီယာ၊ ရုပ်ရှင်၊ ဂီတ စသည်တို့မှလည်း ပါးနပ်စွာ ထိုးဖောက်စိမ့်ဝင်နေပေသည်။ အထူး သဖြင့် ယဉ်ကျေးမှု၊နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ကြရမည့် ယနေ့လူငယ် `အပေါင်းတို့သည် ဘက်စုံစစ်ပွဲအသွင်ဖြင့် အဆက်မပြတ်ထိုးနှက်ချေ ဖျက်နေသော ပြည်ပအင်အားကြီးနိုင်ငံအချို့၏ ပရိယာယ်အမျိုးမျိုးကို ပညာမျက်စိဖြင့် ထွင်းဖောက်သိမြင်ပြီး သတိရှိစွာ တွန်းလှန်ချေမှုန်း နိုင်ကြပါစေ။ ထက်သန်နိုးကြားသောလူမျိုးအဖြစ် ကမ္ဘာတည်သရွေ့ မြန်မာတည်ပါစေ။

မြန်မာ့ဂုဏ်ရည်မဂ္ဂဇင်း

(စက်တင်ဘာ ၁၉၉၉)

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)