Skip to product information
1 of 2

Other Websites

ချစ်နိုင်(စိတ်ပညာ) - ချစ်လို့ပြောတာမှတ်ပါ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဒေါက်တာတင်ထွန်းဦး၏ အမှာ ဆောင်းပါးရှင် ချစ်နိုင် (စိတ်ပညာ)က အပျိုမ မဂ္ဂဇင်းမှာ လစဉ်ရေးသားဖော်ပြခဲ့သည့် ဆောင်းပါးများနှင့် ဆောင်းပါး အသစ်များ ထည့်ပေါင်းကာ စာအုပ်တစ်အုပ်ထုတ်လို၍ အမှာစာ ရေးပေးပါ အကူအညီတောင်းလာသောအခါ ရေးပေးမည်ဟု ကတိပေး လိုက်ပါသည်။ ထိုအခါ မည်သို့ ရေးရမည်နည်းဟု စဉ်းစားမိပါ၏။

ဆရာချစ်နိုင် (စိတ်ပညာ)၏ ဆောင်းပါးများကို ကျွန်တော် တည်းဖြတ်ထုတ်ဝေသော သုတစွယ်စုံ၊ ဓူဝံနှင့် အာရောဂျီ မဂ္ဂဇင်း များ၌ ဖော်ပြခဲ့ဖူးပါသည်။ စာဖတ်ပရိသတ်က နှစ်သက်ကြပါသည်။ အထူးသဖြင့် လူငယ်စာဖတ်ပရိသတ်က သဘောကျပါသည်။ အဘယ့်

ကြောင့်ဆိုသော် ကျွန်တော်တို့သည် ပေးစာအခန်းဖြင့် စာဖတ်သူတို့၏ ဆန္ဒသဘောထားကို သိခွင့်ရနေသောကြောင့် ဖြစ်ပါသည်။ စာဖတ် ပရိသတ် တစ်ဦးက ဆိုလျှင် ဆရာချစ်နိုင် (စိတ်ပညာ) ၏ ဆောင်းပါး ဆိုပါက အနည်းဆုံး ခုနစ်ခေါက်လောက် ဖတ်ကြောင်း၊ မရှင်း၍ မဟုတ်၊ အလွန်ဖတ်ကောင်းလှသဖြင့် အခါခါထပ်၍ ဖတ်မိခြင်း ဖြစ်ကြောင်း စာရေးဖူးပါသည်။ ။

သူ၏ ပထမဦးဆုံး ပွဲဦးထွက်လက်ရာ ဤစာအုပ်မှာ စာဖတ် ပရိသတ်ကြိုက်ပြီးသား စာမူများပင် ဖြစ်ပါသည်။ ဆယ်ကျော်သက် လူငယ်လူရွယ်များအတွက် ချစ်ခင်ကြင်နာစွာဖြင့် ရင်းရင်းနှီးနှီး ဆွေးနွေးထားသော ပေးစာများဖြစ်လေသည်။ ချိုသာပျော့ပျောင်းစွာ အားပေးထားသည်။ အားတက်လာအောင် လှုံ့ဆော်ထားသည်။ အနိုင် မခံ အရှုံးမပေးရန် တိုက်တွန်းပေးနေသည်။ -

သူသည် လုံ့လရှိသူဖြစ်၏။ ဝိဇ္ဇာဘွဲ့ စိတ်ပညာကို (၁၉၇၀) အတန်းထဲမှာ ပထမရပြီး အောင်ခဲ့၏။ ဒေါက်တာစိန်တူ (ပါမောက္ခ)၏ ထူးချွန်ဆုရခဲ့၏။ အသုံးချစိတ်ပညာသင်တန်း (၁၉၈၂-၈၃)တွင်လည်းပထမရ၍ အောင်မြင်သဖြင့် ပါမောက္ခချုပ် ဒေါက်တာကျော်စိန်က ဆုချီးမြှင့်ခဲ့၏။ စိတ်ပညာကို သူ အထူးစိတ်ဝင်စား၍ စိတ်ပညာ အခြေခံသော ဆောင်းပါးများ ရေးတတ်ရာ သူ့စာတွေထဲမှာ သူ၏ မေတ္တာနှင့် စေတနာကို တွေ့ရပါသည်။

စိတ်ကစားလွယ်သော၊ ဆုံးမရခက်သော၊ ကလန်ကဆန် သို့မဟုတ် ထော်လော်ကန့်လန့် အရွဲ့တိုက်ချင်တတ်သော အပျိုဖော်ဝင်စအရွယ် လူငယ်များအတွက် လိုအပ်နေသော စာအုပ်မျိုးကို ဖတ်ချင်စဖွယ်ဖြစ်လာအောင် ဤစာအုပ်တွင် ဆွဲဆောင်ဖွဲ့နွဲ့ ရေးသားထားကြောင်း တွေ့ရသည်။ ဤအရွယ်တွင် လမ်းမပွားဖို့ရာ အထူးအရေးကြီးလှသဖြင့် ဤစာအုပ်ရေးသူ ဆရာချစ်နိုင်(စိတ် ပညာ) အား ကျွန်တော်က အားပေးထောက်ခံချင်ပါသည်။

လူငယ်လူရွယ်တွေကြားမှာ ဤကဲ့သို့ ဖတ်၍ကောင်းသော ပေးစာဟန်ဖြင့် ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ရေးသားခြင်းသည်

ကောင်းလှပါသည်။ အခက်အခဲကို ရင်ဆိုင်ရဲအောင်၊ လောကဓံ၏ ဒုက္ခအမျိုးမျိုးကို ခံနိုင်ရည်ရှိအောင်၊ ဇွဲလုံ့လပြည့်ဝသော ပညာရှာ သူများ အမြင်ကျယ်ပြီး သဘောထားရင့်ကျက်သူများဖြစ်အောင် အလေးထား၍ ရေးသား တိုက်တွန်းချက်သည် အနာဂတ် ပန်းဥယျာဉ် ကြီးအတွက် အဖိုးတန်လှသော မျိုးစေ့သစ်ပင်တို့ကို မြေဆီပက်ဖျန်း ၍ မိုးရေဖြင့် လန်းဆန်းစေခြင်းဟုပင် ဆိုချင်ပါတော့သတည်း။

ဒေါက်တာတင်ထွန်းဦး

စာတည်းချုပ် သုတစွယ်စုံနှင့် အာရောဂျုံမဂ္ဂဇင်း

ရက်စွဲ ၁၇-၅-၉၆

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)