Skip to product information
1 of 2

Other Websites

ချစ်စံဝင်း - အမေနှင့် အမေ့အကြောင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

မြင့်မြတ်ကြီးမားသော ကြင်နာခြင်းတရားသည်

မိခင်တို့၌

 ထာဝစဉ် တည်ရှိနေမည်ဖြစ်သော

 တုနှိုင်းမရသည့် ဂုဏ်ပုဒ်တစ်ခုဖြစ်သည်။

သောမတ်(စ) ဒီဝတ်ဘဲလ်မက်(၁၈၃၂-၁၉၀၂)

အမေရိကန်လူမျိုး ဘုန်းတော်ကြီး

အခန်း (၁)

ဆန်နှစ်တင်းနှင့် အမေ

အချိန်သည် ဆန်ကို တစ်မြို့နယ်မှ တစ်မြို့ မသယ်ယူ ရသောအချိန်ဖြစ်သည်။ ရန်ကုန်မြို့တွင်ကာ လူဦးရေကများ၊ ငွေရှိသူတို့က ဝယ်ယူသိုလှောင်မှုက အားကြီးလွန်း၍ ဆန် အခက်အခဲရှိလာ၏။သက်ဆိုင်ရာတွင် ဆန်အလုံအလောက်တော့ ရှိသည်။ သို့သော်လည်း ခြုံခြံ၍ ဆန်ပိုများ ထွက်လာပါက နိုင်ငံခြားသို့ ရောင်းရလျှင် နိုင်ငံခြားငွေ ရှိနိုင်သည်။

ယခုအခက်အခဲမှာ လက်ဝယ်ရှိသောဆန်ကိုအချိန်မီ ဖြန့် ဖြူးရေ အခက်အခဲဖြစ်၏။ ပြည်သူ့ဆိုင်မှလည် ဆန်ဘယ်တော့ ရောက်မည်၊ ဘယ်နေဖြန့်မည်၊ ဘယ်နှုန်းဖြန်မည်ကို အာမခံချက် မပေးနိုင်။ သတင်းမျှကိုပင် မပေးနိုင်ဖြစ်နေ၏။

ရန်ကုန်တစ်မြို့လုံး ကြုံတွေ့ ရသလို ကျွန်တော်တို့မိသားစု တွင်လည်း ဆန်အခက်အခဲကြုံလာသည်။ ဇနီးက “လိုလိုမည်မည် ဆန်သုံးလေးတင်းလောက်တော့ ရှာထားမှဖြစ်မယ်”ဟုဆို၏။ ကျွန်တော်က “ခေတ္တစောင့်ပါဦး၊ ကုန်သွယ်ရေးမှာ ဆန်ရှိပါ တယ်၊ သိပ်စိတ်မစောပါနဲ့၊ သက်ဆိုင်ရာက ဖြန့်ကို ဖြန့်မှာပါ ဟု ဆိုသည်။ သို့သော်လည်း ဇနီးက မကျေနပ်။

“ကလေးလည်း ရှိသေးတယ်၊ လူကြီးတွေအတွက် စာ စရာ မရှိတာ ကိစ္စမရှိဘူး။ ကလေးတွေ အတွက်ကတော့ ဆန်ရှာထားမှ ဖြစ်မယ်” ။

“ရန်ကုန်မြို့ မှာတို့မိသာစုမှာမှ ကလေးရှိတာ မဟုတ်တာ၊ မိသာစုတိုင် မှာ ကလေးရှိကြတာပဲ၊ သူ့ဟာသာသူတော့ ဖြစ်လာ မှာပါ၊ စိတ်မပူပါနဲ့ကွာ”

“မိသာစုတိုင်းမှာ ကလေး ရှိပေမယ့် တခြား မိသာ စုတွေက အိမ်မှာ ဆန်သုံးလေးတင်း စုပြီးသာ ရှိနေကြတာ၊ အိမ်မှာက အလွန်ဆုံးရှိ ငါးရက်စာပေါ့”

“အေး ... အဲဒီလိုဆန်တွေစုကုန်လို့ ခက်တာပေါ့၊ရန်ကုန် မြို့မှာ မိသားစု ငါးသိန်းရှိတယ်ကွာ၊ တစ်မိသားစု တစ်တင် ပဲ အပိုစုထာဦး၊ ဆန် တင်ငါးသိန်းလောက် ရန်ကုန်မြို့ပေါ်မှာ ရှိနေသေးတယ်လို့ သက်ဆိုင်ရာတွေကလည်း တွက်ကြမှာပေါ့”

“ရှင်တို့လို တွက်ချက်နေတာတွေထားလိုက်တော့၊ အခု ဆန်ပြတ်ရင် ပြည်သူဆိုင်ကလည်း မရသေးဘူး၊ သူများဆီလည်း သွားချေးလို့ ရတာမျိုး မဟုတ်ဘူး၊ ဆန်တစ်တင်း နှစ်တင်းတော့ ရအောင်ရှာမှ ဖြစ်မယ်ရှင်”

“အေ ပါကွာ၊ တစ်ရက် နှစ်ရက်တော့ စောင့်ကြည့်ပါဦး။ မရတဲ့အဆုံးတော့ ရှာရမှာပေါ့”

ကျွန်တော်က တစ်ရက် နှစ်ရက် အချိန်ဆွဲခဲ့သော်လည်း သုံး လေးရက်အတွင်း ဆန်ကိစ္စမှာ ပြေလည်မှု မရှိခဲ့ပေ။ ထို့ကြောင့်လည်း ကျွန်တော်သည် ဆန်တစ်တင်း လောက် ဝယ် ထားရန် ထွက်ခဲ့ရ၏။ ဆန်ဈေး ကလည်း ဘယ်ဈေး ရှိမှန်းမသိ၍ ငွေနှစ်ရာတော့ ထည်ယူခဲ့၏။

အိမ်မှထွက်လာသောအခါ ဘယ်သွားဝယ်ရပါ့မလဲဟု တိတိကျကျစဉ်းစာ၍မရဘဲရှိနေ၏။ နောက်မှ ပဲခူး သွားရင်တော့ ရမည်ဟု စိတ်ကူးပေါက်လာသည်။

ပဲခူးသည် ကျွန်တော်မြို့ ဖြစ်သည်။ ကျွန်တော့်ကို ကဝမြို့ နယ်ရစ်ကံကြီး ရွာတွင် မွေးဖွား ခဲ့သော်လည်း လူငယ်ဘဝစောစော ပိုင်း တစ်ခုလုံး ပဲခူးမြို့ တွင်သာ ကုန်ဆုံးခဲ့ရ၏။ ပဲခူးမြို့တွင် ကျွန်တော်နှင့် ကျောင်းနေဖက်သူငယ်ချင်းများ ရှိသည်။ မြို့နယ် အဆင့်၊ တိုင်းအဆင့်တို့တွင် သူတို့လည်း လုပ်ပိုင်ခွင့်ရှိကြသူ များ ဖြစ်၏။ သူငယ်ချင်းများကို ပြောဆို၍ ယူလာလျှင်ပင် ဆန်နှစ်တင်းလောက် လွယ်ကူမည်ဟု ထင်ခဲ့သည်။

ပဲခူးသို့ရောက်သော် ဆန်သယ်ယူရေးသည် မလွယ်ကူလှ ကြောင်း ကျွန်တော်စ၍သိလာသည်။ မြို့နယ်တစ်ခုနှင့်တစ်ခု အဝင်အထွက်တိုင်းတွင် ကြပ်ကြပ်မတ်မတ် စစ်ဆေးကြ၍ တစ် မြို့နယ်မှတစ်မြို့နယ်ဆန်မသယ်ယူရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေကြ၏။ သို့သော်လည်း ကျွန်တော်သည် ရောင်းရင်းများ၊ မိတ်ဆွေများ၊ သူငယ်ချင်းများအားကိုးဖြင့် သယ်ယူနိုင် လိမ့်မည်ဟုသာ ဆက်၍ထင်နေမိ၏။

ပဲခူးမှဆန်ဝယ်၍ ကားနှင်ပြန်လာပါက လမ်းတွင် လှည်း ကူ မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့ရှိသည်။ မင်္ဂလာဒုံမြို့နယ်သည် ကား ရန်ကုန်နယ်နိမိတ်အတွင်းသို့ ဝင်ပြီဖြစ်၍ လှည်းကူးမြို့နယ် တစ်ခုသာစိုးရိမ်စရာရှိ၏။ ပဲခူး မြို့နယ်မှခွင့်ပြုလိုက်သော် လှည်း ကူမြို့နယ်ကို ကျော်ဖြတ်ရန် ကျွန်တော်အတွက် အတော်လေး လွယ်၏။ မြို့နယ်အဆင့် တာဝန်ရှိသူတစ်ဦးသည် ကျွန်တော့် သူငယ်ချင်း ဖြစ်နေ၍ သူကားနှင့်ပင် ရန်ကုန်သို့ ယူလာနိုင်သေး ၏။ ပဲခူးမြို့ နယ်မှယူလာရန်အတွက်လည်း မခက်ခဲပေ။ အဘယ်ကြောင့်ဆိုသော် မြို့နယ်အဆင့်သာမက တိုင်းအဆင့် တာဝန်ရှိ သူများပင် ကျွန်တော့် အိမ်သည် သူတို့အတွက် စားအိမ် သောက်အိမ် ဖြစ်နေသောကြောင့်ပါတည်း။

ပဲခူးသို့ရောက်သော် ကျွန်တော်သည် ကျွန်တော့်မိတ်ဆွေ ရုံးခန်းသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။ ကျွန်တော့် မိတ်ဆွေကို အဆင်သင့်တွေ ၏။ ကျွန်တော် ဆန်နှစ်တင်းလောက် သယ်ယူလိုကြောင်းပြောရာ မိတ်ဆွေမှာ အတော်လေး အကြံ အိုက်သွားရှာသည်။

“မဖြစ်ဘူးထင်တယ် သူငယ်ချင်း”

 “ဘာဖြစ်လို့လဲကွ”

“အခု ဆန်တားတာက ငါတို့ကိုယ်တိုင်တားဖို့အမိန့်ထုတ် ဆောင်ရွက်နေရတာ၊ ရွှေသမင် ဘယ်ကထွက် ဖြစ်နေဦးမယ်"

”ဒါတော့ဒါပေါ့၊ ဒါပေမယ့်အိမ်မှာကလည်စား စရာကို မရှိဘူး၊ မိန်းမကလည်း ဆန်နှစ်ရက်စာပဲရှိတော့တယ် ဆိုတာနဲ့ ထွက်လာရတာ၊ ကိုယ်မလည်း အလုပ်က အားတာမဟုတ်ဘူး”

“ကဲ...မင်း ဆန်သယ်ပို့ရာမှာ ငါလုပ်ပေးရမယ့် အပိုင်းကဘာလဲ”

“ပဲခူး မြို့နယ်ထဲက ဆန်နှစ်တင်း ဝယ်ခွင့်ရရေ ကွာ”

“အမယ်လေး၊ဘုရား...ဘုရား၊ သူငယ်ချင်း ရေ၊ ဘယ်လိုမှ မရလိုပါကွာ၊ ငါတောင်းပန်ပါတယ်၊ ရှိခိုးဆို ရှိခိုးပါမယ်ကွာ”

“အိမ်မှာ စား စရာမရှိတာ ဘယ်လိုလုပ်မလဲ”

“မင်က ရန်ကုန်မှာပဲနေ၊ အမျိုးသမီးနဲ့ကလေးတွေ ပဲခူး ပို့ထား၊ ငါ့အိမ်မှာ ကြိုက်သလောက်စား၊ ကြိုက်သလောက် နေကွာ၊ ဒီဆန်ကိစ္စက အလွန်ဆုံး ဆယ်ရက်ပေါ့ကွာ၊ ဆယ်ရက်လောက်ကျော်ရင် ပြေလည်သွားမှာ၊ မင်းကလည်း သိလျက်နဲ့ အလကား ဒုက္ခရှာနေသေးတယ်”

ကျွန်တော်သည် သူနှင့် ပြောလို့တော့ ပြေလည်မည်ဟန် မရှိသည်ကို တွက်မိ၍ အခြား သူငယ်ချင်း လေးငါးယောက်နှင့် ဆက်၍တွေ့လိုက်ရသေးသည်။ သို့သော်လည်း ထိုကိစ္စကို တစ်ဦး တစ်ယောက်ကမျှ ဆောင်ရွက်မပေးနိုင်ပေ။

ကျွန်တော် အချိန်ကို ကြည့်လိုက်သောအခါ ဆယ်နာရီခွဲ ရှိနေပြီဖြစ်၏။ သနပ္ပင်သည်လည်း ဆန်ရှိသော မြို့နယ်တစ်ခု ဖြစ်သည်။ သနပ္ပင်သည် ပဲခူးထက်စာလျှင် ပိုမိုလွယ်ကူနိုင် မည်ဟု ကျွန်တော် မျှော်လင့်မိ၏။ ထို့အပြင် သနပ္ပင်မှ တာဝသို့တူးမြောင်း ရှိသည်။ သနပ္ပင်မှ ဆန်ကို တာဝသို့ ပဲ့ချိတ်ဖြင့် သယ်ယူပြီး တာဝမှ ရထားဖြင့် ရန်ကုန်သို့ယူသော် ပဲခူး နှင့် လှည်ကူး မြို့နယ်များကိုပင် ဖြတ်သန်းရန် မလိုပေ။ ကျွန်တော် သည် ထိုအကြံအတွက် လက်ဖျောက်တီးကာ သနပ္ပင်ကား ပေါ်သို့ ခုန်တက်၍ လိုက်ခဲ့တော့၏။

နာရီဝက်ခန့်ကြာသောအခါ ကျွန်တော်သည် သနပ္ပင်သို့ ရောက်လာ၏။ ရှေးဦးစွာ ကျွန်တော်သူငယ်ချင်း နှင့် ဝင်တွေ့ ရန် သူ့ရုံးသို့ သွား ခဲ့မိသည်။ ရုံးသို့ ရောက်သော် ရုံးတွင် စောင့်နေသူ လူငယ်တစ်ဦးက အစည်အဝေးလုပ်နေသဖြင့် ခေတ္တစောင့်ပါရန် မေတ္တာရပ်ခံ၍ ထိုင်စောင့်နေရ၏။ စောင့်နေသောအခန်း နှင့် အစည်းအဝေးခန်းမသည် သုံးထပ်သား တစ်ချပ်သာ ခြား သောကြောင့် အတွင်းမှ ပြောဆိုနေသည်များကို အတိုင်းသာ ကြား နေ ရ၏။ ဦးဆောင်စည်း  ဝေးနေသူမှာ ပြောမနာ ဆိုမနာ ကျွန်တော် သူငယ်ချင်းပင် ဖြစ်သည်။

“ခုစီမံချက်က အရေးကြီးတဲ့အတွက် တိတိကျကျတော့ လုပ်ဆောင်ဖို့ လိုပါမယ်။ အဆင့်ဆင့် တာဝန်ပေးရာမှာလည်း စိတ်အချရဆုံး လူတွေကိုသာ ရွေးချယ်တာဝန်ပေးထားတာ ပါ၊ တာဝန်ယူလုပ်ဆောင်တဲ့သူတွေရဲ့ ခေါင်း ထဲမှာ ကျွန်တော်တို့ မြို့နယ်ထဲက ဆန်ကို တစ်စေ့မှ တရားမဝင် အပြင်မရောက် စေရဘူး ဆိုတဲ့ အသိ စွဲနေစေလိုပါတယ်”

ကျွန်တော်သည် ထိုင်နေရာမှ ထလိုက်သည်။ ငှဲ့ထားသော အကြမ်းပန်းကန်တစ်ခွက်ကို တစ်ကျိုက်တည်း မောချလိုက်ပြီး စောင့်နေသော လူငယ်လေး တစ်အောင့်နေမှ ပြန်လာမည်ဟု ပြောကာ တစ်ချိုးတည်း လစ်လာခဲ့သည်။ ကျွန်တော်သည် တစ်ချိုးတည်း လစ်လာခဲ့သော်လည်း ဘယ်သွားရမှန်း မသိ။ ရှေ့ဆက်၍သွားလျှင်ကား ကဝမြို့နယ်အတွင်းမှ ကျွန်တော်ရွာသို့ ရောက်မည်။ ရွာရောက်လျှင်လည်း ဆန်တော့ရှိသည်။ ဆန် လိုသလောက်ရမည်။ သို့သော် ရန်ကုန်အရောက် မည်သို့ သယ်မည်နည်း။

ကျွန်တော်သည် သနပ္ပင် တံတားထိပ်တွင် ကြံရည် သောက်ရင်း အကြံထုတ်နေမိ၏။ ယခုအတိုင်းဆိုပါက တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် အပေါ်မှ သွား၍ကား မလွယ်ကူပေ။ မိမိဘာသာ အောက်ပိုင်း နည်းကို သုံးရန် ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် ကျွန်တော်သည် ချက်ချင်းပင် ပဲခူး သို့ ပြန်လာခဲ့သည်။ သနပ္ပင်မှ အထွက်တွင် ကား ပေါ်မှ လူများကို ဆင်းစေကာ ပိုက်စိပ်တိုက်ရှာသေးသည်။ တွေ့ သော ဆန်တစ်အိတ်ကို ဖမ်ထား လိုက်ကြသည်။ သို့တိုင်အောင် ကျွန်တော်ကာ စိတ်မလျှော့။ ပဲခူးသို့ ကျွန်တော်ပြန်ရောက်သော် ဆယ့်တစ်နာရီခွဲ ကျော်နေပြီဖြစ်သည်။ ကျွန်တော်သည် ပဲခူး ဈေး ထဲမှ အဒေါ်တစ်ယောက်၏ အကူအညီဖြင့် မှောင်ခို မှ ဆန် နှစ်တင်းကို ဝယ်ယူလိုက်သည်။

အဒေါ်က “သယ်လို့လွယ်ပါ့မလာဟယ်”ဟု ပြောရှာ သေး၏။ ကျွန်တော်က “ရပါတယ် အဒေါ်ရဲ့” ဟု ဆိုကာ အိတ်ကိုသာ လုံအောင်ချည်ပေးပါဟု ပြောလိုက်၏။ ကျွန်တော်သည် ဆန်ဝယ်၍ ရသည့်နေရာမှ ဆိုက်ကာ တစ်စီ ကို ငှားကာ ရန်ကုန်ကားဂိတ်သို့ လာခဲ့သည်။ ကားဂိတ်တွင် ကားဆရာက ဆန်တင်ရန် ငြင်းဆိုနေ၏။ ကျွန်တော်က လမ်းတွင် တွေ့ သည် ပြဿနာကို ကျွန်တော်ပြဿနာထားပါ၊ ကား ခကို နှစ်ဆပေးမည်ဟု ပြောလိုက်၏။ ကားဆရာက သဘော တူပြီး တင်ခွင့်ပြုလိုက်သည်။ ကျွန်တော်သည် ဆန်အိတ်ကို ကားခေါင်မိုးပေါ်သို့ တင်လိုက်သည်။ ခေါင်မိုးပေါ်တွင် ဆန်အိတ်ကိုချည်ထား သောကြိုး ပြတ်ကာ ဆန်နည်း နည်း ထွက်ကျလာ၏။ ထွက်ကျလာသောဆန်များကို လွယ်အိတ်ထဲသို့ ထည့်ကာ ဆန်အိတ်ကို ပြန်၍ကြိုး နှင့်ချည်ရသည်။ ကြိုး ချည်ရုံဖြင့် မရသောကြောင့် အနီး ရှိ အုန်းသီးဆိုင်မှ အပ်ငှား၍ ချုပ်လိုက်ရ သေး၏။

ကျွန်တော့် ဆန်အိတ်ပေါ်တွင် အခြား ပစ္စည်း များကို တင်လိုက်၏။ ကျွန်တော်တို့ကားသည် ပဲခူး မှ နေ့လယ် တစ်နာရီလောက်တွင် ထွက်လာသည်။ ကာထွက်၍ ဆယ့်ငါး မိနစ်ပင် မကြာပါ။ ပဲခူးမြို့ အထွက်တွင် ကျွန်တော်တို့ကား အစစ်ခံရပါတော့သည်။ ကျွန်တော်သည် ပါးစပ်မှလေများကို တဝူးဝူး မှုတ်ထုတ်ရင်း ဣန္ဒြေဆည်နေရသော်လည်း စိတ်တွင်း ၌ ကား ပျာလောင်ခပ်နေမိ၏။ ဥပဒေနှင့် မကင်းသော အလုပ်မို့ လည်း ရင်မောရ၏။

ဤကဲ့သို့သောအဖြစ်မျိုး ရန်ကုန်မရောက်မီ ဘယ်နှစ်ကြိမ် ကြုံရလေဦးမည်မသိ။ ကား အောက်ပိုင်း၊ ဒရိုင်ဘာခန်း၊ ကားရှေ့ ပိုင်း နောက်ပိုင်း အနှံရှာကြသည်။ သို့သော် ဘာကိုမျှ မတွေ့ ။ ကျွန်တော်စိတ်ထဲတွင်ကား ကား ခေါင်မိုးပေါ်သို့ မတက်သည်ကိုပင် ကျိတ်၍ ကျေးဇူးတင်နေရသည်။သို့သော် ကျေးဇူး တင်၍ မဆုံးသေးခင်မှာပင် ခေါင်မိုး ပေါ်မှအသံ တစ်ခုက “ဟောဒီဆန်အိတ်က ဘယ်သူ ဟာလဲ”ဟု အော်မေးလိုက်၏။ စပါယ်ယာက ကျွန်တော့်အား လှမ်း၍ ကြည့်လိုက်သည်။ ကျွန်တော်က ကတိအတိုင်း ကျွန်တော်ဟာ ပါဟု ဝန်ခံကာ ကားပေါ်မှ ဆင်း လိုက်ရ၏။ ကား ပေါ်မှ ဆန်အိတ်သည် ဖုတ်ခနဲ ကျလာသည်။ ကားသည် ဝူးခနဲ ထွက်သွား၏။ ကျွန်တော်သည် ရှက်လွန်းလှ၍ မျက်နှာကိုပင် ဘယ်ထားရမည် မသိပေ။

ကျွန်တော်သည် ဆုံးဖြတ်ချက်ချပြီးသာ မို အပေါ်အင်္ကျီ အိတ်ကပ်ထဲမှ ဆယ်တန်လေးများကို စမ်းစစ်မိ၏။ ဆယ်တန် လေးများသည် ထွက်ချင်လွန်း၍ ခုန်နေသည်ဟု ထင်ရသည်။

ဆန်ရှာဖွေရေးအဖွဲ့ သည် ကျွန်တော်အား အနီးရှိ အမိုး တစ်ခုအောက်သို့ ခေါ်ကာ တစ်ဦးက စာရွက်တစ်ခုပေါ်တွင် ရေးမှတ်၍ မေးခွန်းများ မေး၏။

“ဒီဆန်အိတ်က ခင်ဗျာ ဟာလား”

 “ဟုတ်ပါတယ်”

 “ဘယ်ကိုသယ်မှာလဲ”

 “ရန်ကုန်ကိုပါ”

 “ခင်ဗျား နာမည်က”

 “ကျွန်တော်နာမည်က ချစ်စံဝင်းပါ”

 “စာရေးဆရာ နာမည်ပဲ”

 “ကျွန်တော်လည်း စာရေးဆရာပါ”

 “စာရေးဆရာဆို ကလောင်နာမည်ကရော”

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)