Skip to product information
1 of 2

Other Websites

ချစ်စံဝင်း - ဓမ္မစေတီခေါင်းလောင်းကြီး၏ လှို့ဝှက်ချက်များ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း ၁

စွန့်စားရှာဖွေလိုသူတို့ မျက်စေ့ကျလာသော

ဓမ္မစေတီခေါင်းလောင်းကြီး

မြန်မာပြည်သူအပေါင်းတို့ တစ်စိုက်မတ်၊ တတမ်းတတ၊ တမက်တမော၊ ကြာရှည်လေးမြင့်စွာ စိတ်ဝင်စားခြင်းခံရသောအရာ တစ်ခုရှိပါ၏။ ထိုအရာသည် မြန်မာပြည်သူတို့၏ နှုတ်ခမ်းဖျားတွင် အစဉ် ရှိနေပြီး မြန်မာပြည်သူတို့၏ နှလုံးသားဝယ် နက်ရှိုင်းစွာ တည်ရှိနေသော အရာလည်းဖြစ်ပါသည်။ ထိုကဲ့သို့ မြန်မာပြည်သူတို့ အသည်းခိုက်အောင် အမှတ်တရရှိနေကြခြင်းသည် မိမိတို့ မြတ်နိုးကိုးကွယ်ရာဖြစ်သော ရွှေတိဂုံ စေတီတော်မြတ်ကြီးနှင့် ဆက်စပ်မှုရှိသောအရာဖြစ်သောကြောင့် စိတ်ဝင်စား မှုရှိခြင်းဖြစ်သလို ထိုအရာသည် မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်၊ အမျိုး ဘာသာ သာသနာနှင့်ဆက်စပ်နေသောကြောင့်လည်း ပြည်သူတို့၏ ဆွေးတမြေ့မြေ့ စိတ်ခံစား အမှတ်ရနေခြင်းဖြစ်ပါသည်။

ထိုမျှပြည်သူတို့၏ နှလုံးသားအတွင်းသို့ တိုးဝင်ထိုးဖောက်ကာ အမြင့်မားဆုံး စိတ်ဝင်စားမှုနေရာကို ရယူထားသောအရာကိစ္စသည်ရွှေတိဂုံစေတီတော်ပေါ်ရှိ သာယာဝတီမင်းခေါင်းလောင်းကြီး မည်သည့်အရာ၊ မည်သည့်ကိစ္စဖြစ်ပါသနည်းဟုဆိုပါက အခြားမဟုတ်၊ ပေါ်တူဂီလူမျိုးကုလား ငဇင်ကာသည် အရည်ကျို၍ လက်နက်ပြုလုပ်ရန် အလို့ငှာ ရွှေတိဂုံစေတီတော်ကြီးပေါ်မှ သံလျင်သို့ ဖြုတ်ယူသယ်ဆောင် သွားပြီး လွမ်းမောစရာ ဒေါပုံမြစ်သုံးဆိုင်နေရာတွင် ဖောင်ကွဲ၍ နှစ်မြုပ် သွားရှာသော ဟံသာဝတီပြည့်ရှင် ဘုရင်ဓမ္မစေတီ မင်းသွန်းလုပ်၍ ရွှေတိဂုံ စေတီတော်ကြီးအား ဆက်ကပ်လှူဒါန်း ပူဇော်ထားရှိသော ဓမ္မစေတီမင်း ခေါင်းလောင်းတော်ကြီး ဖြစ်ပါသည်။

ဓမ္မစေတီခေါင်းလောင်းတော်ကြီးအပေါ် စိတ်ဝင်စားမှုသည် မြန်မာ့နယ်နိမိတ်ကိုကျော်၍ နိုင်ငံတကာ ရှေးဟောင်းနယ်ပယ်သို့ပါ တစ်စ တစ်စ ရောက်ရှိရုံသာမက ယခုအခါ ဓမ္မစေတီခေါင်းလောင်းကြီးအပေါ် စိတ်ဝင်စားမှုသည် နိုင်ငံတကာ ရှေးဟောင်းနယ်ပယ်မှ နိုင်ငံရေး စင်မြင့် ထက်သို့ပါ ရောက်ရှိလာပြီဖြစ်ပါသည်။

             လူစွန့်စားများစိတ်ဝင်စားလာကြ

ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူရေးအတွက် စိတ်ဝင်စားကြ သူများထဲတွင် သြစတြေးလျနှင့် အမေရိကန်တို့မှ ကုမ္ပဏီများ၊ ဂျပန်၊ဟောင်ကောင်နှင့် ထိုင်ဝမ်(တရုတ်ပြည်)တို့မှ ကြွယ်ဝချမ်းသာသော လူ ပုဂ္ဂိုလ်များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ အနုပညာသည်များ၊ ရုပ်ရှင် မီဒီယာလောကမှ ပုဂ္ဂိုလ်များသာမက ရှေးဟောင်းစိတ်ဝင်စားသူများ၊ ကမ္ဘာ ပေါ်ရှိ လူစွန့်စားများလည်းပါဝင်ကြ၏။

ထို့ပြင် ဓမ္မစေတီမင်းခေါင်းလောင်းကြီးအပေါ် ကမ္ဘာတစ်လွှားမှ သမုဒ္ဒရာပင်လယ်၊ ရေပြင်အောက်မှပစ္စည်းများ၊ သင်္ဘောပျက်များကို စွန့်စား ရှာဖွေရေးအဖွဲ့များ၏ စိတ်ဝင်စားမှုလည်း တဖြည်းဖြည်း မြင့်တက်လျက် ရှိပါ၏။

           ဂျင်(မ)ဘလန့်

ထိုအတောအတွင်း ဓမ္မစေတီမင်းခေါင်းလောင်း ဆယ်ယူရေး မှတ်တမ်းကို အောက်စက်အဟောင်း၊ Tape ကြိုးခွေများနှင့်ရော၊ VHS နှင့်ရော၊ ကွန်ပျူတာစနစ် DVD disc တို့နှင့်ပါရော၍ ရေငုပ်ကျွမ်းကျင်သူ တစ်ဦးက အမေရိကန်ပြည်ထောင်စုရှိ စာအုပ်ဆိုင်ကြီးများတွင် ဖြန့်ချိခဲ့ရာ ထိုဖြန့်ချိမှုသည် အလွန်မှအောင်မြင်ပြီး အရောင်းရဆုံးစာရင်းဝင် ဖြစ်ခဲ့သည်။ ယင်းကိစ္စလုပ်ဆောင်သူမှာ ဂျင်(မ)ဘလန့် Jim Blunt ဆိုသူဖြစ်သည်။ ဂျင်(မ)ဘလန့်က သူသည်ပင်လယ်ပြင်အောက်မှ ဓမ္မစေတီခေါင်းလောင်း ကြီးအကြောင်းကို စာအုပ်နှင့် ဓမ္မစေတီခေါင်းလောင်းနှင့်ပတ်သက်၍ ဗီဒီယိုရိုက်ကူးထုတ်လုပ်ဦးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ပေးမှုလည်း ရှိခဲ့၏။ ဂျင်(မ)ဘလန့်၏ လုပ်ဆောင်မှုများသည် ခေါင်းလောင်းကြီး ဆယ်ယူရေးအတွက် မည်မျှအားကိုးနိုင်စရာရှိသည်ကို မပြောနိုင်သော် လည်း သူ၏ဆောင်ရွက်မှုသည် ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်၍နိုင်ငံတကာစိတ်ဝင်စားမှု အခြေအနေသည် အမြင့်အားဆုံးသို့ ရောက်ရှိ လာခဲ့သည်မှာ အမှန်ဖြစ်ပါ၏။

ခေါင်းလောင်းကြီးနှင့် ပတ်သက်သော သတင်းသည် ကမ္ဘာ့ မီဒီယာများ၊ သတင်းဌာနများက လှစ်လျူရှု၍မရသော သတင်းတစ်ရပ် ဖြစ်လာခဲ့သည်။ ဘီဘီစီကဲ့သို့သော သတင်းဌာနများက ဓမ္မစေတီမင်း ခေါင်းလောင်းကြီး အကြောင်းကို အရေးတယူ ကြေငြာမှုများရှိလာခဲ့၏။

          သတင်းဖြန့်ချိလိုသူများ

ဂျာမန်ရုပ်ရှင်ကုမ္ပဏီတစ်ခုက ခေါင်းလောင်းကြီးနှင့် ပတ်သက် သော သတင်းနှင့် အချက်အလက်များကို လေ့လာပြီး ခေါင်းလောင်းကြီး ဆယ်ယူမှု၊ သတင်းမှတ်တမ်းရိုက်ကူးခွင့်ကို သက်ဆိုင်ရာနှင့် ညှိနှိုင်းပြီး မှတ်တမ်း၊ ဗွီဒီယိုရိုက်ကူးကာ ကမ္ဘာသို့ ဖြန့်ချိမည်ဟု ဆိုခဲ့သည်။ ထိုသို့ ဖြန့်ချိမှုပြုလုပ်ပါက ကုမ္ပဏီသည် ဆယ်ယူခွင့်ရရှိသည့် အဖွဲ့အစည်းတို့အား အဖိုးစားနာပေး၍ ဖြန့်ချိကြရမှာဖြစ်ပါ၏။ ထို့ကြောင့် ခေါင်းလောင်းကြီး ဆယ်ယူရေးကိစ္စတွင် သမိုင်းဆိုင်ရာ၊ စွန့်စားမှုဆိုင်ရာ ကိစ္စရပ်မျှမက ငွေရေးကြေးရေးနှင့် သတင်းဖြန့်ချိရေးကိစ္စများပါ ပါဝင် ဆက်စပ်လျက် ရှိသည်။

          မင်းသားကြီးရစ်ချတ်ဂီယာလည်းစိတ်ဝင်းစား

ဟောလိဝုဒ်မင်းသား ရစ်ချတ်ဂီယာ Richard Gere သည် ဓမ္မ စေတီခေါင်းလောင်းကြီးကို စိတ်ဝင်စားသူ အများအပြားထဲမှ စိတ်ဝင်စား ဖွယ်ရာ အကောင်းဆုံးလူတစ်ယောက်ဖြစ်၏။ သူသည် နာမည်ကြီးမင်းသား တစ်လက်လည်းဖြစ် ဂျိန်း(စ)ဘွန်းမင်းသား ရှောင်ကွန်နရီတို့နှင့် ပူးတွဲ သရုပ်ဆောင်နိုင်သူ မင်းသားတစ်လက်ဖြစ်ပြီး An officer and theရစ်ချတ်ဂီယာသည် အခြားသရုပ်ဆောင်များလို မိမိသရုပ်ဆောင်ခ ရရှိသော ငွေများကို နန်းတော်တမျှ ခမ်းနားသောအိမ်ကြီးများ ဝယ်ယူ နေထိုင်ခြင်းမျိုး ပြုလုပ်သူမဟုတ်ဘဲ ဘာသာရေးနှင့် လှူတန်းမှု ကိစ္စ များတွင် ငွေကြေးအလှူဒါန ဖြည့်ဆည်းပေးခြင်းဖြင့် ကျေနပ်နှစ်သက် နေလေ့ရှိသူ ဖြစ်၏။

ရစ်ချတ်ဂီယာသည် ၂၀၀၈ခု မေလဆန်းက ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၌ ကျင်းပသော နာဂစ်လေဘေးအတွက် နိုင်ငံတကာ အလှူရှင်များ စုပေါင်း အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည်ကို မြန်မာ့ရုပ်မြင်သံကြား သတင်းများမှလည်း တွေ့မြင်ခဲ့ရသည်။

ရစ်ချတ်ဂီယာသည် ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူရေးတွင် စိတ်ဝင်စားနေသူဖြစ်၍ ဤခေါင်းလောင်းကြီးဆယ်ယူဖို့ရန် ခန့်မှန်းတွက်ချက် ထားသော ဒေါ်လာ ၅ သန်းမှ ၁ဝ သန်းအထိကို တစ်ဦးတည်း စိုက်ထုတ် လှူဒါန်းဝံ့သူလည်း ဖြစ်ပါသည်။

          

          စိတ်ဝင်စားသူများပြား

ကျွန်တော်တို့နှင့် ဆက်သွယ်၍ ဟောင်ကောင်မှ မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ခေါင်းလောင်းကြီး ရှာဖွေရေးကိစ္စ၊ ခေါင်းလောင်းကြီး သယ်ယူရေးကိစ္စနှင့် ပတ်သက်ပါက လိုအပ်သောငွေကြေးကို စိုက်ထုတ် ကုန်ကျပေးလိုသည့်ကိစ္စကို ကျိုက်ထီးဆောင်းဆရာတော်ကြီးနှင့် ဆွေးနွေး သွားခဲ့သည့် ပုဂ္ဂိုလ်များကလည်း ကမ္ဘာပေါ်တွင် အများအပြားရှိနေ ပါသည်။

ယနေ့ကာလသည် ခေါင်းလောင်းကြီးအပေါ် ကမ္ဘာက စိတ်ဝင် စားမှု မြင့်မားသော အဆင့်သို့ ရောက်ရှိလာကာ တိုး၍တိုး၍ စိတ်ဝင်စား သူတို့များပြားချိန်ဖြစ်ပါ၏။ ထိုကဲ့သို့ ကမ္ဘာ့မီဒီယာအများစုက ဓမ္မစေတီ ခေါင်းလောင်းကြီးအပေါ် တိုးမြင့်စိတ်ဝင်စားလာခြင်းသည် ဂျင်(မ)ဘလန့်၏ ကျေးဇူးဟုဆိုလျှင်ဆို၊ မဆိုပါက သူ့လက်ချက်ပင်ဖြစ်ပါ၏။

ခေါင်းလောင်းကြီးကို ဆယ်ယူနိုင်ပါက မြန်မာပြည်သူတို့၏ အောင်ပွဲသာမက ဗုဒ္ဓဘာသာဝင်တို့၏ အောင်ပွဲလည်း ဖြစ်လာမည့် ကိစ္စဖြစ်ပါ၏။ ခေါင်းလောင်းကြီးအပေါ် ကမ္ဘာက စိတ်ဝင်စားမှု နက်ရှိုင်း တိုးပွားလာ သလို ဗုဒ္ဓဘာသာဝင်များအတွင်းလည်း တိုးပွား၍နေပါသည်။

 

           သိဒ္ဓိဝင်ပန်းကန်မျှကဲ့သို့စိတ်ဝင်စားမှုရှိလာ

မမ္မစေတီခေါင်းလောင်းတော်ကို ရှာဖွေတွေ့ရှိမည်ဆိုပါကလည်း ခရစ်ယာန်ဘာသာဝင်တို့၏ ရင်တွင်း၌ ခရစ်တော်၏ နောက်ဆုံးညစာစားပွဲ တွင် ပျောက်ဆုံးသွားသော သိဒ္ဓိဝင် ပန်းကန်ပြား Holy Grailကို တွေ့ရှိဘိ အလား တန်ဖိုးကြီးမားမည်ဖြစ်သည်ဟု ဂျာမန်ရုပ်ရှင်လုပ်ငန်းမှ တင်စား ပြောကြားသူများလည်း ရှိလာပါ၏။

ထို့ကြောင့် ဒေါပုံရေပြင်တွင် ပျောက်ခဲ့ရရှာသော ဓမ္မစေတီမင်း၏ ခေါင်းလောင်းတော်ကြီးအပေါ် ကမ္ဘာ့လူထု၏ စိတ်ဝင်စားမှုသည် လျှော့ တွက်၍ မရနိုင်ဘဲရှိပါ၏။ ဓမ္မစေတီမင်းခေါင်းလောင်းတော်ကြီးအပေါ် စိတ်ဝင်းစားမှုသည် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်အတွင်းက ပျောက် ဆုံးနစ်မြှုပ်သွားသော သင်္ဘော၊ သမ္မာန်တို့အား ရှာဖွေရရှိမှုနှင့် မတူ၊ ဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်ကိုးကွယ်မှုနှင့် သက်ဆိုင်နေသော ကိစ္စဖြစ်၍ ပို၍ ကြီးကျယ်၏။

လူမျိုးတစ်မျိုး၏ အနုပညာဆိုင်ရာ၊ ရှေးဟောင်းသုတေသန ဆိုင်ရာ၊ သမိုင်းသုတေသနဆိုင်ရာ၊ အစွဲအလမ်း အယူအဆများဆိုင်ရာ ကိစ္စတို့နှင့်လည်း ဆိုင်လာသောကိစ္စဖြစ်၏။ ကမ္ဘာကြီးက စိတ်ဝင်စားလာ သည်နှင့်အမျှ ခေါင်းလောင်းကြီးနှင့်ပတ်သက်ပြီး မီဒီယာလောကမှ လှုံ့ဆော်မှုတို့လည်းရှိလာ၏။ မီဒီယာလောကမှ လှုံ့ဆော်လေ ကလူထု ကလည်း ပို၍ စိတ်ဝင်စားလေရှိလာမည်ဖြစ်ရာ အရေးကြီးတာကဓမ္မစေတီခေါင်းလောင်းကြီးဆိုတာ တကယ်ရှိပါသလား?

ဓမ္မစေတီခေါင်းလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်ဆိုတာ တကယ်ပဲလား? ယနေ့အထိ ဓမ္မစေတီခေါင်း လောင်းကို ရှာဖွေတွေ့ရှိ ခဲ့သည်ဆိုသော သူလေးဦးရှိပါသည်။ ယင်းတို့မှာ

ပထမ-ဦးကြိုင်နှင့် ဦးထွန်းရင်

ဒုတိယ-ကိုအောင်ကျော်

တတိယ-ဂျင်(မ)ဘလန့်

တို့ ဖြစ်ပါသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)