Skip to product information
1 of 2

Other Websites

ခင်မျိုးချစ်၊ချစ်ဦးညို - လောကဇတ်ခုံဇတ်ခုံလောက

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ကဗျာအလွမ်းနှင့်ဇာတ်သဘင်ကျမ်းစာ

ယနေ့ခေတ် မြန်မာစာပေထွင် ရှားပါး ပျောက်ကွယ်နေသော စာပေ အမျိုးအစား နှစ်ခုရှိနေသည်ဟု ပြောရပေမည်။ ။

ထိုပျောက်ကွယ်ရှားပါး စာပေအမျိုးအစားနှစ်ခုအနက် ထစ်ခုကို အတ္ထုပ္ပတ္တိစာပေ (ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအပါအဝင်) ဟု ဆိုချင်သည်။ ယခု အခါ အတ္ထုပ္ပတ္တိစာအုပ်များ ထွက်ပေါ်မလာသလောက် ဖြစ်နေပြီ။ ခြွင်းချက် အနေနှင့် တစ်အုပ်ကောင်း နှစ်အုပ်ကောင်း ထွက်နေတာတော့ရှိသည်။ ဥပမာဆရာပါရဂူ၏ “ဘဝခရီးဆည်” စာအုပ် (ဝါမိုးအောင်) စာပေနှင့် 'ပဏ္ဍိတဘဏ” (ကမ္ဘာ့ဗုဒ္ဓစာပေ ပညာရှင်များအကြောင်း တစေ့တစောင်း) စာအုပ် (ရာပြည့် စာအုပ်တိုက်) စတာမျိုး ပြန်လည် ပုံနှိပ်ခြင်းအနေနှင့် ထွက်သာမည့် ဆရာ ထက္ကသိုလ် စိန်တင်၏ “ဗိုလ်ကြီးအောင်းဆန်း သူရိယတိုက်ချွန်း'စာအုပ် (အားမာန် သစ်စာပေ) ပြီးတော့ အားမာန်သစ်စာကပ် ထုတ်ခဲ့သည့် ဆရာ မင်းဘူး ကျော်မြိုင်၏ 'ကျွန်တော် ဘီစီအက်စ်။

 အတ္ထုပ္ပတ္တိစာအုပ်များကဲ့သို့ပင် ရှားပါးပျောက်ကွယ်နေသော နောက် ထပ် စာပေအမျိုးအစား တစ်ခုမှာလည်း ပြဇာတ်စာပေပဲ ဖြစ်သည်။ ပြဇာတ် စာပတုဆိုရာ၌ ဇာတ်သဘင်စာအုပ် ရေးသားထားသည့် စာအုပ်များကို အကျယ်အပြန့်ဆိုလိုပါသည်။

ယခုအခါပြဇတ်(အဖတ်ပြဇတ်) စာအုပ်များထွက်မလာသလောက်ရှားပါးသွားပြီဖြစ်သည်။စင်တင်ပြဇတ်များအကြောင်း၊ မြန်မာ့ဇတ်သဘင်များအကြောင်း ရေးသားပြုစုမှတ်တမ်းတင်သည့် စာအုပ်များလည်းထိုနည်းနှင်နှင်ဖြစ်နေမည်။ ယခင်ကဇတ်သဘင်အကြောင်းများကိုဆရာမကြီးလူထုဒေါ်အမာတို့၊ ဂုဏ်ထူးဦးသိန်းနိုင် တို့ရေးခဲ့ကြသည်။ နောက်ပိုင်းတွင် ဇတ်သဘင်အကြောင်းတင်ပြသည့် စာအုပ်ေတွများများစားစားမတွေ့ရတော့။ သိပ်မကြာသေးခင်အချိန်က ဆရာဘိုကလေးတင့်အောင်ရေးသည့် ပန်း၀င်္ဂဘာ စာအုပ်ထွက်လာခဲ့သည်။ မြန်မာ့ဇတ်သဘင်နှင့် ပြဇတ်ရေစီးကြောင်းကို စာရေးဆရာအတွေ့အကြုံအဖြစ်ပြန်လည်ဖေါ်ထုတ်တင်ပြထာခြင်း။စာတစ်အုပ်ပေတစ်အုပ်အဖြစ်မဟုတ်သော်လည်း မဂ္ဂဇင်းများတွင်ရေးသားကြသည့် ပြဇတ်နှင့် ဇတ်သဘင်အကြောင်းဆောင်းပါးများလည်းကြိုကြားတွေ့ရပါသည်။ ဥပမာ ကလျာ မဂ္ဂဇင်းတွင်ဆရာမ ဂျူး အခန်းဆက်ရေးနေသော ကျမဖတ်ခဲ့သောပြဇတ်များဆောင်းပါးမျိုး။

ထိုရှားပါးပျောက်ကွယ်ပြဇတ်( ဇတ်သဘင်) စာပေကွက်လပ်ကိုဖြည့်ရန် ယခုအခါစာအုပ်ကောင်းတစ်အုပ်ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

စာအုပ်အမည်က “လောကဇာတ်ခုံ ဇာတ်ခုံလောက” ဖြစ်ပြီး စာရေးသူ (တို့)မှာ ဆရာမကြီး ဒေါ်ခင်မျိုးချစ် နှင့် ဆရာ ချစ်ဦးညို တို့ပဲ ဖြစ်မည်။

(ပထမအကြိမ်၊ အားမာန်သစ်စာပေ)

( ယခုစာအုပ်တွင် ဆရာမကြီး ဒေါ်ခင်မျိုးချစ်၏ ဆောင်းပါး (၇)ပုဒ်နှင့် ဆရာ ချစ်ဦးညို၏ ဆောင်းပါး (၁၃)ပုဒ် ပါဝင်သည်။ ဒေါ်ခင်မျိုးချစ်၏

ဆောင်းပါးများတွင် ကမ္ဘာ့ပြဇာတ် (ဥရောပပြဇာတ်)၏ သမိုင်းနှင့် သဘော သဘာဝ၊ မြန်မာပြဇာတ်၏ သမိုင်းနှင့် သဘောသဘာဝများကို ခြုံငုံသုံးသပ် တင်ပြထားပါသည်။ ဒေါ်ခင်မျိုးချစ်က အရှေ့အနောက် (ပြဇာတ်များ) နှိုင်းယှဉ် သုံးသပ်ပြီး မြန်မာပြဇာတ် တိုးတက်ရေးအတွက် လိုအပ်ချက်များကို ထောက်ပြ ထားပေးသည်။ အနောက်ပြဇာတ်သမိုင်းကို ခေါမခေတ်မှစ၍ ရှိတ်စပီးယား၊အော်စကာဝိုင်း၊ ဘားနတ်ရှော တို့အဆုံး၊ မြန်မာပြဇာတ်တွင်လည်း ဦးပုည အစ သခင်ဘသောင်း၊ ဦးဉာဏတို့အထိ သမိုင်းကြောင်းအနေနှင့်သာမကဘဲ နှိုင်းယှဉ် ဝေဖန်ချက်များလည်း ပေးထားပေသည်။

ဆရာချစ်ဦးညို၏ ဆောင်းပါး (၁၃)ပုဒ်တွင်လည်း ထူးခြားသည့် သုတေသနပြုမှုများ၊ လေ့လာသုံးသပ်ချက်များ ပါရှိကြောင်း တွေ့ရပါသည်။ ဆရာချစ်ဦးညိုက ကဗျာလွတ်အက၊ အော်ပရာ၊ ငိုချင်း၊ ယိမ်း၊ သူငယ်တော်အက၊ မင်းသားကြီးအခန်း၊ နတ်ကတော်နှင့် အပျိုတော်အက၊ နှစ်ပါးသွားအက အစ ရှိသည့် အကြောင်းအရာများကို စေငုံ သုံးသပ်ထားပေသည်။

ဤစာအုပ် “လောကဇာတ်ခုံ ဇာတ်ခုံလောက” နှင့် ပတ်သက်၍ စာအုပ် ဝေဖန်သူ ဆရာ မောင်လူဒင်က ... ။

“ဘာပဲဖြစ်ဖြစ် ဒီစာအုပ်ကလေးဟာ ငယ်ပေမယ့် အနှစ်သာရနဲ့ ပြည့်ဝ ပြီး အလေးချိန် စီး’ လှပါတယ်။ လူထုဒေါ်အမာတို့ရဲ့ ဇာတ်သဘင်အကြောင်း စာအုပ်တွေလိုပဲ ပန်တျာကျောင်းနဲ့ ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းသားတွေက အစ ပြဇာတ်နဲ့ ဇာတ်သဘင်လောကတစ်ခုလုံး လက်စွဲပြုရမယ့် စာအုပ်တစ်အုပ် ဖြစ်ကြောင်းကိုတော့ ရဲရဲကြီး မှတ်ချက်ပေးလိုက်ပါတယ်” ဟု ရေးသားခဲ့သည်။

(သက်တံရောင်ဂျာနယ်၊ ၁၉၉၇၊ မေ)

ယခု ထိုစာအုပ်နှင့် ပတ်သက်၍ စာရေးသူ ဆရာချစ်ဦးညို နှင့် တွေ့ဆုံ မေးမြန်းဖြစ်ခဲ့သည်တို့ကို ပြန်လည် တင်ပြလိုက်ပါသည်။

- ဆရာချစ်ဦးညိုခင်ဗျား၊ အမှန်ကတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ကိုပါ တွေ့ဆုံပြီး မေးမြန်းဖို့ပါပဲ။ ဒါပေမဲ့ ဆရာမကြီးရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး

ကြောင့်ပေါ့လေ၊ ပြီးတော့ ဆရာမကြီးကိုလည်း စိတ်အနှောင့်အယှက်ပြုရာ ကျမှာ စိုးတာက တစ်ကြောင်း၊ ဒါကြောင့် ဆရာနဲ့ပဲ တွေ့ဆုံမေးမြန်းဖို့ စီစဉ်လိုက်တာ ဖြစ်ပါတယ်။ ပထမဦးဆုံး ဆရာတို့က “ကလောင်မြေးအဘွားနှစ်ယောက်” ဒီ စာအုပ်ထုတ်ဝေဖို့ ဖြစ်လာတဲ့ အရင်းခံအကြောင်းလေးတွေ အရင်ပြောပြပါဦး။

- အရင်းခံအကြောင်းတွေကို မပြောခင်မှာ ဆရာမကြီး ဒေါ်ခင်မျိုးချစ် နဲ့ပတ်သက်လို့ ဦးဦးဖျားဖျား စကားဦးထားပြီး ပြောပါရစေ။ ဆရာ မိုးသက်ဇော် အနေနဲ့ ဆရာမကြီးရဲ့ အသက်ရွယ်နဲ့ ကျန်းမာရေးကြောင့် (ပြီးတော့ ဆရာမကြီး ကို စိတ်အနှောင့်အယှက်ပြုရာ ကျမှာစိုးတာက တစ်ကြောင်း) လို့ ဆိုတယ်။ အသက်အရွယ်နဲ့ ကျန်းမာရေးကြောင့် ဆိုတာကတော့ ဟုတ်ပါတယ်။ ဆရာမကြီးစိတ်ရောကိုယ်ပါ ကျန်းမာရေး ယိုယွင်းလာခဲ့တာ အားလုံးအသိပါ။ ဒါပေမဲ့ ဆရာ မိုးသက်ဇော်အနေနဲ့ ဆရာမကြီးထံ သွားရောက် မေးမြန်းခဲ့ရင် အဲဒီ အသက် အရွယ်နဲ့ အဲဒီ ကျန်းမာရေး ကြားထဲကနေပြီး ဆရာမကြီးဟာ စိတ်ထက်သန်စွာ ပြောဆိုဆွေးနွေးလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဆရာမကြီးဟာ သူမကြား ချင်တဲ့ မပြောချင်တဲ့ ကိစ္စအတွက် သူ့နားနဲ့ သူ့နှုတ်ကို တုကိုဘောထားပေမယ့် စာပေအနုပညာအကြောင်းနဲ့ ပတ်သက်လာရင်တော့ ဖီးနစ်ငှက်လို ဖြစ်လာတတ် ပါတယ်။ ကျွန်တော် မကြာခဏ ကြုံဖူးတယ်။ မာမီဟာ မီးလျှံတွေထဲ ခုန်ဆင်း မီးတောက်မီးကျီတွေကို စားသုံး ချိုးလှုံပြီး အင်အားသစ်တွေနဲ့ အာယုဇီဝဓာတ် ကို ပြန်ပြန် ဖြည့်တင်းနိုင်တဲ့ တကယ့် ဖီးနစ်ငှက်ပဲ။ ဒီစာအုပ်နဲ့ပတ်သက်ပြီး ဆရာမိုးသက်ဇော် သွားဆွေးနွေးလို့ကတော့ ဆရာမကြီးမှာ စိတ်အနှောင့်အယှက် ဖြစ်မှာ မဟုတ်တာ သေချာတယ်။ သူ့မှာ “ပြောပြချင်တာတွေ အများကြီး ရှိ နေရတယ်။

- မြန်မာ့ဇာတ်သဘင်ရဲ့ အနေအထားနဲ့ အလားအလာ။ ဒါကို ပြောကြ ပေါင်းလည်း များလှပါပြီ။ ဟောရင်းသာ လျှာထွက်၊ ဆန်တစ်ခွက်မှ ရမည့်ပုံ မပေါ် ဆိုသလိုပဲ ဝမ်းပိုက်ဧရာပေါက်ပြီး တအိအိနစ်နေတဲ့ သင်္ဘောကြီးပေါ် စီးနင်းလိုက်ပါရသလိုပဲ။

ဒါပေမဲ့ မေးမှတော့ ဖြေရဦးတော့မယ်။ အခုဖြေဖို့ အချက်အလက် တွေ ခေါင်းထဲ စဉ်လိုက်ချိန်မှာ ကျွန်တော့်ခေါင်းထဲဝင်လာတာက ဒေါက်တာ သန်းထွန်းရဲ့ စာတမ်းထဲက ရှင်းသုံးရှင်း၊

(၁) မပျောက်ဆုံးအောင် ထိန်း

(CONSERVATION)

(၂) ဆက်ပြီး မပျက်ရအောင်ကာကွယ်

(PRESERVATION)

(၃) မူရင်းမပျက်အောင် ပြန်လည်တည်ဆောက်

(RESTORATION)

အစဉ်အလာဆက်ခံခဲ့တဲ့ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး လုပ်ကြရမယ့် အလုပ် ၃ ခုပါ။

မြန်မာ့ဇာတ်သဘင်မှာတော့ အဲဒီ ရှင်းသုံးရှင်းမလုပ်နိုင်ဘဲ “ရှုပ်နေ တယ်လို့ ပြောချင်ပါတယ်။ ပညာရှင်တွေ သုံးသပ်သူတွေ စေတနာကောင်းထား ကြသူတွေရဲ့ ထောက်ပြချက်တွေကို စုစည်းကြည့်လိုက်ရင် ဟောဒီ အချက်အလက်တွေ ထွက်လာတယ်။ 

-အနေအထား

မြန်မာ့ဇာတ်သဘင်ဟာ အားအင်ချည့်နဲ့နေပြီး ဆုတ်ယုတ်နေတာ ကြာ ပြီ။ ဆယ်စုနှစ်စုနီးပါး ရှိပြီ။

ဘာကြောင့် ဒီလို ဖြစ်ရသလဲဆိုတဲ့ နောက်ခံအကြောင်းတွေကို လိုက် ရှာတော့

 (၁) သဘင်ပညာရှင်တွေ တိမ်ကောကုန်ခြင်း။

(၂) တစ်ဆင့် အမွေဆက်ခံမှု လျော့ပါးလာခြင်း။

(၃) အမြဲတမ်း ဇာတ်ရုံကြီးများ မရှိခြင်း။

(၄) ပွဲတော်ကြီးများ မရှိတော့ခြင်း။

(၅) ရှိနေဆဲ ဂေဇက်ဝင်ဘုရားပွဲတော်ကြီးများမှာလည်း ရုံ၊ မြေ၊ လေလံ ဈေး

ကြီးခြင်း။ ။

(၆) သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ အထွေထွေစရိတ်များကြီးခြင်း(ပွဲခွန် အပါအဝင်)

(၇) အဲဒါကြောင့် ရုံဝင်၊ ဖျာ၊ ကုလားထိုင်ခတွေ ဈေးကြီးခြင်း။

(၈) ဇာတ်ခုံပေါ်မှာပဲ ဇာတ်သဘင်ကို ပြန်လည်ဝါးမျိုမယ့် စတိတ်ရှိုးလို အစီအစဉ်

တွေကို မွေးထုတ်ကြခြင်း။

(၉) ဇာတ်ပွဲကြည့်ပရိသတ်များက ဇာတ်ပွဲကို အာရုံမထားကြတော့ခြင်း။

(၁၀) အခြားသော ဖျော်ဖြေမှုပုံစံများရဲ့ လွှမ်းမိုးမှုကို ခံရခြင်း။

(၁၁) ကာယကံရှင်များကိုယ်တိုင် သဘင်ပညာ လေ့လာအားထုတ် ဖြည့်ဆည်း

မှုများ လျော့ပါးသွားကြခြင်း စသည် စသည်။

အဲဒါဟာ အနေအထားနဲ့ နောက်ခံအကြောင်းတရားတွေပါပဲ။ ဒီ အနေအထားပေါ်မှာ ထွက်ပေါ်လာမယ့် အလားအလာဆိုတာကို ဆရာမိုးသက်ဇော်ပဲ ခန့်မှန်းကြည့်လိုက်ပါတော့။

နိယာမတစ်ခုရှိတယ်။ ပဋိစ္စသမုပ္ပာဒ် တရားတော်အတိုင်းပေါ့။ ဒီ အကျိုးအကျိုးတွေကို မဖြစ်ပေါ်စေချင်ရင် သူ့ရဲ့ အကြောင်းတွေကို ပယ်ဖျက်ပစ် ရမယ်။ ကဲ-အထက်မှာ ဖြစ်ပေါ်နေတဲ့ အကြောင်းတရားတွေကို တားဆီးဖျက်ဆီး  ဖယ်ရှားနိုင်မယ်ဆိုရင် မြန်မာ့ဇာတ်သဘင် နာလန်ထလာပါလိမ့်မယ်တဲ့။

 

 

 

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)