Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ခင်မောင်သန်း(စိတ်ပညာ) - ထိုးဖောက်ကျော်လွှားစဥ်းစားတွေးခေါ်မှုများ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

တီထွင်ဖန်တီးလိုစိတ်ကို အညွန့်ကျိုးအောင်လုပ်နည်း

 အယ်ဒီတာမှတ်ချက် 

           ယနေ့ စီးပွားရေးလောကမှာ အကြားအမြင်များမှုဟာ အရေးပါ နေသလို တီထွင်ဖန်တီးမှုကလည်း ခေတ်အဆက်ဆက်ထက်ပိုပြီး အဓိကကျလာတာကို တွေ့ရတယ်။ သို့ပေမယ့် ကုမ္ပဏီအတော်များများ က လုပ်သားတွေရဲ့ တီထွင်ဖန်တီးလိုစိတ်ကို မရည်ရွယ်ဘဲနဲ့ အညွန့်ကျိုးအောင် လုပ်နေကြတယ်။ လုပ်သားတွေရဲ့ အတွင်းစိတ်က လာတဲ့စေ့ဆော် မှုကိုလည်း ဖိနှိပ်ခြေမွပစ်နေကြတယ်။ အတွင်းစေ့ဆော်မှုဆိုတာ ပြင်းပြတဲ့ စိတ်ထက်သန်မှုနဲ့ စိတ်ဝင်စားမှုကို အခြေခံတယ်။

           လုပ်သားတွေရဲ့ တီထွင်ဖန်တီးလိုစိတ်ကို မန်နေဂျာတွေက တမင် သက်သက် ချိုးနှိမ်ပစ်နေတာတော့ မဟုတ်ပါဘူး။ စီးပွားရေးလုပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ ထုတ်လုပ်မှု၊ တွင်ကျယ်မှု၊ ထိန်းချုပ်မှုနောက်ကို လိုက်ရာက တီထွင်ဖန်တီးလိုစိတ်ကို သေးသိမ်အောင် လုပ်ပစ်သလိုဖြစ်လာတယ်။ သည်လိုဖြစ်မလာနိုင်အောင် ဆောင်ရွက်နိုင်ပါတယ်လို့ ဟားဗတ်စီးပွားရေးတက္ကသိုလ်က ပါမောက္ခ T. M. Amabile က ဆိုပါ တယ်။ စီးပွားရေးအတွက် အရေးပါတဲ့အလုပ်တွေနဲ့ တီထွင်ဖန်တီးမှုကို အတူပူးတွဲလုပ်ကိုင်လို့ရတယ်။ သို့ပေမယ့် မန်နေဂျာတွေရဲ့ အတွေး အခေါ်ကိုတော့ ပထမ ပြောင်းလဲပစ်ဖို့ လိုအပ်တယ်လို့ သူက ဆိုတယ်။

           တီထွင်ဖန်တီးမှုမှာ အပိုင်းသုံးပိုင်းပါတယ်ဆိုတာ မန်နေဂျာတွေ သိဖို့လိုအပ်တယ်။ ကျွမ်းကျင်မှု၊ စိတ်ကူးစိတ်သန်းကောင်းပြီး ပြောင်း လွယ်၊ ပြင်လွယ်နိုင်တဲ့ အတွေးအခေါ်ရှိမှုနဲ့ စေ့ဆော်မှုဆိုတဲ့ အင်္ဂါရပ် သုံးရပ် ပါဝင်တယ်။ ပထမနှစ်ခုဖြစ်တဲ့ ကျွမ်းကျင်မှုနဲ့ ပြောင်းလဲမှုကို မန်နေဂျာတွေက လုပ်ပေးနိုင်တယ်။ သို့ပေမယ့် အချိန်ကုန်မယ်၊ စရိတ်စ က ကြီးလေးမယ်။ လုပ်သားရဲ့ အတွင်းစေ့ဆော်မှု အားကောင်းလာ အောင် ဆောင်ရွက်ပေးနိုင်ရင် ထိရောက်မှု ပိုမိုရရှိနိုင်တယ်။

           လုပ်သားတွေရဲ့ အတွင်းစေ့ဆော်မှု အားကောင်းလာအောင် လုပ် နိုင်တဲ့ နည်းလမ်းငါးသွယ်ရှိတယ်။ လုပ်သားတွေမှာ စိန်ခေါ်မှုရှိရမယ်။ အလုပ်လုပ်ကိုင်ရာမှာ သူတို့သဘောနဲ့ လွတ်လွတ်လပ်လပ်လုပ်နိုင်မှု ရှိရမယ်။ ကွဲပြားခြားနားတဲ့ လုပ်သားတွေ ပါဝင်တဲ့အုပ်စု ဖွဲ့စည်းပေးရ မယ်။ ကုမ္ပဏီရဲ့ အားပေးချီးမြှင့်မှု အစီအစဉ်ရှိရမယ်။ ပြီးတော့ အားပေးမှု အနည်းအများအလိုက် အဖွဲ့ အစည်းရဲ့ အားပေးချီးမြှင့်မှု ရှိရမယ်။

          နမူနာအနေနဲ့ လုပ်ငန်းစိန်ခေါ်မှုကို ကြည့်ရအောင်။ အလုပ်က သူ့ကို ဖိစီးမှုမဖြစ်စေဘဲ သူ့စွမ်းရည်အတွက် စိန်ခေါ်မှုဖြစ်စေတယ်ဆိုရင် အတွင်းစေ့ဆော်မှုက အမြင့်ဆုံး ဖြစ်လာတယ်။ လုပ်ငန်းနဲ့ သင့်တော်မှု ရှိမယ့် လုပ်သားတွေကို မန်နေဂျာတွေက ရွေးချယ်စေခိုင်းတတ်ရမယ်။

          အလုပ်လုပ်ကိုင်ရာမှာ လွတ်လွတ်လပ်လပ်ရှိမှုကလည်း အတွင်း စေ့ဆော်မှုကို တိုးမြင့်လာစေတယ်။ အကျိုးဆက်က တီထွင်ဖန်တီးမှုဖြစ်ပေါ်လာစေတယ်။ ဘယ်လိုလုပ်ရမယ်လို့ စေခိုင်းခြင်း မပြုရဘူး။ လွတ်လွတ်လပ်လပ် ဆုံးဖြတ်လုပ်နိုင်စေရမယ်။

          လုပ်သားရဲ့ တီထွင်ဖန်တီးမှုနဲ့ ပတ်သက်လာရင် မန်နေဂျာတွေ က ထူးခြားမှု၊ ပြောင်းလဲမှုရှိအောင် လုပ်နိုင်တယ်။ တီထွင်ဖန်တီးမှု အနည်းငယ်သာရှိနေတဲ့ကုမ္ပဏီတွေအတွက် တကယ်အကျိုးထူးစေ နိုင်တယ်။

          လွန်ခဲ့သည့် ၂၂ နှစ်ကျော်ကာလကတည်းက အဆက်အစပ်ရှိ ခဲ့ပြီး လေ့လာခဲ့သည့် စီးပွားရေးလုပ်ငန်းအဖွဲ့ အစည်းကို စဉ်းစားလိုက် သည့်အခါ ကျွန်ုပ်၏စိတ်အတွင်းဝယ် သံသယကင်းစွာ ရှိနေသည့် အချက်တစ်ချက် ပေါ်လာပါသည်။ တီထွင်ဖန်တီးမှုကို မြေတောင်မြှောက်ပေးရမည့်အစား အညွန့်ကျိုးအောင် လုပ်နေကြသည်ဟူသည့် အချက် ဖြစ်သည်။ တီထွင်ဖန်တီးမှုကို မန်နေဂျာများက အငြိုးကြီးကြီး နှင့် ဖိနှိပ်နေခြင်းကား မဟုတ်။ အသုံးချ၍ ရနိုင်သည့် စိတ်ကူးအသစ် များကို သူတို့ တန်ဖိုးထားကြပါသည်။ သို့ သော်လည်း တီထွင်ဖန်တီး လိုစိတ် လုပ်သားများတွင် လျော့နည်းသွားအောင် လုပ်နေသလို ဖြစ်နေ သည်။ စီးပွားရေးလုပ်ငန်းအတွက် မဖြစ်မနေ လုပ်ကိုင်ရသည့် ထုတ်လုပ် မှု၊ ထိန်းချုပ်မှုကို အလေးထားပြီး လုပ်ကိုင်ရသည့်အတွက် ဤသို့ ဖြစ် လာရသည်။

          အရေးပါသည့် လုပ်ငန်းများကို လျစ်လျူရှုထားရန်မှာ မန်နေဂျာ များအတွက် မဖြစ်နိုင်။ သို့သော်လည်း မလုပ်မဖြစ်သည့် အလုပ်များကို လုပ်ကိုင်နေစဉ်မှာပင် ရည်ရွယ်မှုမပါဘဲ တီထွင်ဖန်တီးလိုစိတ်ကို ခြေမွ ပစ်လိုက်ကြသည်။ ကျွန်ုပ် ပြုလုပ်ခဲ့သည့် သုတေသနအထောက်အထားများအရ အလုပ်နှင့် ဖန်တီးမှု ပူးတွဲလုပ်နိုင်ကြောင်း သိခဲ့ရသည်။ စီးပွားရေး လုပ်ငန်းအတွက် အရေးပါသည့်အလုပ်များကို ဆောင်ရွက်နေစဉ် တီထွင် ဖန်တီးလိုသည့် စိတ်ဓာတ် လုပ်သားများတွင် ဖွံ့ဖြိုးလာစေနိုင်သည်။

          မည်သို့သော လုပ်နည်းကိုင်နည်းများက တီထွင်ဖန်တီးလိုစိတ် ကို အညွန့်ကျိုးစေသည်၊ မည်သို့လုပ်ဆောင်ပါက ဖွံ့ဖြိုးစေသည်ကို မန်နေဂျာများ သိနားလည်ထားရန် လိုအပ်သည်။

စီးပွားရေးလုပ်ငန်းနှင့် တီထွင်ဖန်တီးမှု

          လူအများက တီထွင်ဖန်တီးမှုကို အနုပညာနှင့် ဆက်စပ်နားလည် ထားကြသည်။ ပင်ကိုစိတ်ကူးများ ထုတ်ဖော်ခြင်းဟုလည်း ယူဆကြ သည်။ ပက်ဘလိုပီကာဆိုသည် ပန်းချီပညာ၏ အစဉ်အလာမူများကို ပြင်ဆင်သတ်မှတ်သူ ဖြစ်သည်။ ဝီလီယံဖော့ကနာက ဝတ္ထုတစ်ပုဒ်၏ အဓိပ္ပာယ်ကို ပြုပြင်ပြောင်းလဲခဲ့သည်။ စီးပွားရေးလုပ်ငန်းများတွင် ပင်ကို စိတ်ကူးရှိရုံမျှနှင့် မလုံလောက်။ အတွေးအခေါ်တစ်ရပ်သည် လုပ်ငန်း အတွက် သင့်လျော်မှုရှိရန် လိုအပ်သလို အသုံးလည်း တည့်ရသည်။ လုပ်၍ ကိုင်၍လည်း ဖြစ်နိုင်ရမည်။ လုပ်ငန်းလုပ်ဆောင်မှုအပေါ် တစ်နည်းနည်းနှင့် လွှမ်းမိုးနိုင်ရသည်။ ထုတ်လုပ်ရသည့် ပစ္စည်းသည် ပိုမိုကောင်းမွန်လာသလား၊ လုပ်ဆောင်မှု နည်းစနစ်သည် ဆန်းသစ်လာ သလား အကျိုးသက်ရောက်မှု တစ်ခုခုရှိရသည်။ ။

          တီထွင်ဖန်တီးမှုဟု ဆိုလိုက်လျှင် အနုပညာနယ်ပယ်ကိုသာ မြင်လာ တတ်သည့်အတွက် စီးပွားရေးအဖွဲ့ အစည်းများအတွင်း တီထွင် ဖန်တီးမှုမှာ နေရာမရ ဖြစ်လာသည်။ ရှုပ်ထွေးမှု ဖြစ်လာသည်။ဆွေးနွေးပွဲများတွင် မန်နေဂျာများအား ကျွန်ုပ် မေးမြန်းလေ့ရှိသည့် မေးခွန်းတစ်ခုမှာ ဤသို့ ဖြစ်သည်။

          “ရှင်တို့ကုမ္ပဏီတွေမှာ တီထွင်ဖန်တီးမှု မလိုအပ်ဆုံးဌာနက ဘယ်ဟာလဲ”

          ငွေစာရင်းဌာနတွင် တီထွင်ဖန်တီးမှု မလိုအပ်ကြောင်း ဖြေကြား ကြသည်။ သုတေသနနှင့် နည်းပညာဌာနတွင်သာ တီထွင်မှု လိုအပ်လိမ့် မည်ဟု ယူဆထားကြဟန် တူသည်။ အမှန်အားဖြင့် တီထွင်ဖန်တီးမှု၏ အကျိုးကို မည်သည့်ဌာနမဆို ခံစားနိုင်သည်။ တီထွင်ဖန်တီးမှုပါသည့် ငွေစာရင်းကိုင်မှုကို စဉ်းစားကြည့်ပါ။ တီထွင်မှုရှိပါက ထိရောက်သော အကျိုးကျေးဇူးများ ရရှိလာနိုင်သည်။

          စည်းမျဉ်းစည်းကမ်းများနှင့် စနစ်တကျ လုပ်ကိုင်ရသည့် ဌာန များတွင် တီထွင်ဖန်တီးမှု ဝင်ရောက်လာမည်ကို သူတို့ စိုးရိမ်ကြသည်။ ဤအတွက် မန်နေဂျာများ၏အမြင်မှာ ဤမျှ ကျဉ်းမြောင်းနေခြင်း ဖြစ်သည်။ တီထွင်ဖန်တီးမှုဟူသည် စဉ်းစားတွေးခေါ်မှုနှင့်သာ သက်ဆိုင် သည်။ ပြဿနာကို တီထွင်မှုပါသည့် အတွေးအခေါ်နှင့် ချဉ်းကပ်ခြင်းဟု ယူဆထားကြသည်။ အမှန်အားဖြင့် စိတ်ကူးကောင်းခြင်းသည် တီထွင် ဖန်တီးမှု၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ ကျွမ်းကျင်မှုနှင့် စေ့ဆော် မှုဟူသည့် အပိုင်းနှစ်ပိုင်း ရှိသေးသည်။

အင်္ဂါရပ်သုံးခု

          တီထွင်ဖန်တီးမှု ပေါ်ပေါက်လာရန် လူတစ်ဦးတွင် အင်္ဂါရပ်သုံးခု ရှိရမည်ဖြစ်၏။ ကျွမ်းကျင်မှု၊ ဖန်တီးမှုပါသည့် အတွေးအခေါ်နှင့် စေ့ဆော်မှုဟူ၍ ရှိရသည်။ လုပ်သားများတွင် ထိုအင်္ဂါရပ်များ ဖွံ့ဖြိုးလာ အောင် မန်နေဂျာများက ဆောင်ရွက်ပေးနိုင်သည်။

ကျွမ်းကျင်မှု

          လုပ်ငန်းနှင့်ပတ်သက်ပြီး သိနားလည်ထားသမျှနှင့် လုပ်ကိုင် ဆောင်ရွက်နိုင်သည့် အကြောင်းကိစ္စများသည် ကျွမ်းကျင်မှု ဖြစ်သည်။

ဖန်တီးမှုပါသည့် အတွေးအခေါ် ပြုလုပ်တတ်မှု

          ပြဿနာဖြေရှင်းရန်အတွက် ချဉ်းကပ်ရာတွင် တွေးခေါ်မှု ပုံသေ မဆန်ခြင်း၊ ပြောင်းလွယ်ပြင်လွယ်နိုင်ခြင်း၊ စိတ်ကူးစိတ်သန်း ကောင်းမွန် ခြင်းသည် ဖန်တီးမှုပါသည့် အတွေးအခေါ် ဖြစ်သည်။

စေ့ဆော်မှု ၊

          တစ်ခုခုလုပ်ကိုင်ပြုမူရန်အတွက် တွန်းအားပေးမှုသည် စေ့ဆော် မှု ဖြစ်၏။ စေ့ဆော်မှုများသည် တစ်ခုနှင့် တစ်ခု တူညီမှုမရှိကြ။ ဆုလာဘ်ရရန်အတွက် ပြဿနာကို ဖြေရှင်းသည်ထက် အတွင်းစိတ်က လာသည့် ဆန္ဒနှင့် ပြဿနာကို ဖြေရှင်းခြင်းက တီထွင်မှု ပို၍ ဖြစ်စေ သည်။

          ဆေးဝါးထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုတွင် သိပ္ပံပညာရှင်တစ်ဦး သည် သွေးမတိတ်သည့် ဝေဒနာရှင်များအတွက် သွေးတိတ်ဆေးဖော်စပ်ရန် တာဝန်ပေးအပ်ခြင်းခံရသည် ဆိုပါစို့။ သူ၏ကျွမ်းကျင်မှုတွင် မည်သည့်အချက်များ ပါဝင်သနည်း။ ဆေးပညာနှင့် ဆက်စပ်နေသည့် အသိပညာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ဇီဝဓာတုဗေဒနှင့် ပတ်သက်သည့် အသိပညာ၊ သိပ္ပံနည်းကျ စဉ်းစားတွေးခေါ်တတ်သည့် စွမ်းရည်များ ပါဝင်သည်။ ကျွမ်းကျင်မှုကို သူ မည်သို့ရရှိလာသနည်း။ မည်သို့ရရှိခဲ့ သည်ဖြစ်စေ ဤအချက်က အရေးပါမှု မရှိ။ တက္ကသိုလ်တစ်ခုမှ ဆည်းပူးတတ်မြောက်ခဲ့သည်လည်း ဖြစ်နိုင်သည်။ အတွေ့အကြုံအရတတ်မြောက်လာသည်လည်း ဖြစ်နိုင်သည်။ ကျွမ်းကျင်မှု မြင့်လေလေ အကျိုးရှိလေလေ ဖြစ်၏။

          မိမိစိတ်ကူးများကို အမြင်သစ်တစ်မျိုးဖြင့် အမျိုးမျိုး ပေါင်းစပ် အသုံးပြုနိုင်သည့် စွမ်းရည်သည် တီထွင်ဖန်တီးမှု ဖြစ်သည်။ ဤစွမ်းရည် သည် ပုဂ္ဂိုလ်တစ်ဦးစီ၏ ကိုယ်ရည်ကိုယ်သွေးအပေါ် တည်မှီသည်။ ဆေးဝါးထုတ်လုပ်သည့် ကုမ္ပဏီမှ သိပ္ပံပညာရှင်သည် အခြားသူများ၏ အယူအဆနှင့် ဆန့်ကျင်တွေးခေါ်ရန် ဝန်မလေးသူဖြစ်ပါက တီထွင် ဖန်တီးမှုရှိဖို့ အလားအလာများသည်။ အခြားသူများနှင့် မတူခြားနား သည့် လုပ်နည်းကိုင်နည်းများနှင့် ပြဿနာကို ချဉ်းကပ်မည်ဖြစ်၏။ ဆက်စပ်မှုရှိဟန်မတူသည့် ပညာရပ်အသီးသီးမှ သူ၏အသိပညာများ ကို အသုံးပြုလိမ့်မည်။ ပြဿနာကို ပြောင်းပြန်လှန်ကာ စဉ်းစားမည် ဆိုပါက တီထွင်ဖန်တီးမှုစွမ်းရည်သည် ဖွံ့ဖြိုးလာသည်။ သွေးမတိတ် သည့် ဝေဒနာအတွက် ရုက္ခဗေဒပညာတွင် အဖြေရှာမည်။ အပင်များ၏ အစာရေကြောစနစ်ကို လေ့လာခြင်းဖြင့် လူသားများ၏ သွေးယိုစိမ့်မှု ပြဿနာအတွက် အဖြေရလာနိုင်သည်။

          သူ့တွင် ဇွဲရှိရန်လည်း လိုအပ်သည်။ အခက်အခဲများကို ကြံ့ကြံခံ နိုင်ရမည်။ ငြီးငွေ့ဖွယ်ရာကောင်းသည့် စမ်းသပ်မှုများကို တဖြည်းဖြည်း ချင်း ကြိုးပမ်းပြုလုပ်သွားသည်ဆိုပါက တီထွင်မှုပါသည့် ထိုးဖောက်ကျော်လွှားမှုဖြစ်ဖို့ အလားအလာ များလာသည်။ ပြဿနာသည် ခက်ခဲ နေပါက ခဏမျှ ဘေးဖယ်ထားကာ သစ်လွင်သော စိတ်ကူးများ၊ အမြင် များနှင့် အလုပ်ကို နောက်မှ လုပ်တတ်သည့် စွမ်းရည်ကလည်း တီထွင် ဖန်တီးမှုကို အားပေးသည်။

          ကျွမ်းကျင်မှုနှင့် ဖန်တီးမှုပါသည့် တွေးခေါ်စဉ်းစားမှုများသည် ပုဂ္ဂိုလ်တစ်ဦး၏ သဘာဝအရင်းအမြစ်များ ဖြစ်သည်ဟု ဆိုနိုင်သည်။