Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ခင်မောင်တိုး(မိုးမိတ်) - အိန္ဒိယရိုးရာပုံပြင်များ(၁)

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

တန်ဖိုးကြီး မိတ်ဆွေဖြစ်မှု

          ဟိုးရှေးအခါကပေါ့ ဘီလူးဆိုတဲ့ လယ်သမားတစ်ယောက် ရှိခဲ့တယ်။ သူက ကြင်နာသနားတတ်တယ်။ အလုပ်ကြိုးစားတယ်။ သူက တဲကလေးတစ်လုံးထဲမှာ တစ်ယောက်တည်း နေတယ်လေ။ သူ့တဲလေးနားက လယ်ကွင်းတွေထဲမှာ သူ အလုပ်လုပ်တာပေါ့။ သူ့ဘဝက သိပ်ကို ရိုးစင်းပေမဲ့ သူပျော်နေပါတယ်။

          တစ်နေ့ လယ်ကွင်းတွေဘက် ကို လမ်းလျှောက်သွားစဉ်မှာ ရွှေ ရောင်ကဏန်းတစ်ကောင်ကို သူ မြင်လိုက် ရတယ်။ ဒီကဏန်းလေးက သူ့ရှေ့မှာပဲ လမ်းဘေးရောက်အောင် သုတ်သီးသုတ်ပျာ ခပ်နှေးနှေး ပြေးသွားတာ။ ဒီတော့ ဘီလူးက ယဉ်ယဉ်ကျေးကျေးပဲ နှုတ်ဆက်လိုက်တယ်။ ။

          “ဟဲလို...ဦးကဏန်း၊ ခင်ဗျား လမ်းပျောက်နေပုံပဲ။ ခင်ဗျား ဘယ်ကို သွားချင်တာလဲ ပြောပါ။ ကျုပ် ကူညီနိုင်ပါတယ်”

          ဒီတော့ ကဏန်းက မျက်လုံးပင့်ပြီး တရိုတသေပဲ ပြန်ပြော လိုက်တယ်။

          “ကြင်နာတတ်တဲ့ ဆရာခင်ဗျား၊ အလယ်ကောင်မှာ ကျောက် ဆောင်ကြီးတစ်လုံး ရှိနေတဲ့ ကျွန်တော့် ရေကန်ကို ကူညီရှာဖွေပေး မယ်ဆိုရင်တော့ သိပ်ကို ကျေးဇူးတင်ရမှာပါဗျာ”

          “အိုး ... ဒီလိုဆို ဦးကဏန်း အိမ်နဲ့ အဝေးကြီးမှာ ရောက်နေ တာပေါ့”လို့ ဘီလူးက ပြောရင်း သူ ထွက်လာခဲ့တဲ့ ရေကန်အရောက် ပြန်ပို့ပေးဖို့ ကဏန်းကို ကောက်ယူလိုက်တယ်။ ဒီတော့ ကဏန်း က ထိတ်သွားတာပေါ့ ။ ဒါနဲ့ ကျောက်ခဲလို မာတဲ့ သူ့အခွံ ထဲကြောက်ကြောက်လန့်လန့် တိုးဝင်းရင်း လယ်သမားကြီးရဲ့ ညစာ မဖြစ်ပါစေနဲ့လို့ တတွတ်တွတ် ဆုတောင်းနေမိရှာတယ်။ ဒါပေမဲ့ ရေကန်နားရောက်တော့ လယ်သမားကြီးက ရပ်လိုက်ပြီး ကန်စပ်က အေးမြတဲ့ ရွှံ့ထဲအသာအယာ ချပေးလိုက်တော့မှပဲ သက်ပြင်းကြီးချ နိုင်တော့တယ်။

          “ကျေးဇူးပါ ကြင်နာသနားတတ်တဲ့ ဆရာခင်ဗျား။ တစ်နေ့ မှာတော့ ဆရာရဲ့ အကြင်နာတရားအတွက် တုံ့ပြန်နိုင်ပါလိမ့်မယ်”

          ကဏန်းက ဒီလိုပြောပြီး လက်တွေတောင် ဝှေ့ယမ်းနှုတ်ဆက် ပြီး ရေကန်အောက်မှာ ပျောက်ကွယ်သွားပါတော့တယ်။ အဲဒီနေ့က စပြီး ဘီလူးက ရေကန်ထဲမှာ ငါးသွားများတိုင်း ကဏန်း က ရေစပ်မှာ ထိုင်စောင့်ကြည့်နေ တော့တာပဲ။

           အချိန်တွေကြာလာတာနဲ့အမျှ သိပ်ကို မတူကွဲပြား တဲ့ သတ္တဝါနှစ်ဦးကြားက မိတ်ဆွေဖြစ်မှုဟာ ပိုပိုခိုင်မြဲလာပါတော့ တယ်။

          ဒီရေကန်နားမှာ အရုပ်ဆိုးအကျည်းတန်ပြီး ကောက်ကျစ်တဲ့ ကျီးမည်းမောင်နှံနေကြတယ်။ ကျီးမက“ပရီးတီး”တဲ့။ သူဟာ ကျီးဖို ကို အမြဲအမိန့်ပေးလေ့ရှိတယ်။ သူ ဖြစ်စေချင်သလို ဖြစ်လာအောင် လည်း ကြိုးစားမြဲပဲ။ ကျီးဖို “အေတန်”ကလည်း အမြဲနာခံတယ်။ မိန်းမကြောက်ရတဲ့ ကျီးဖိုကိုး။ ပရီးတီးဟာ သူတို့မောင်နှံ ရှာလို့ တွေ့တဲ့ အသေကောင်တွေရဲ့ မျက်ဆန်ကို အမြဲစားတယ်။ ဘာကြောင့်လဲဆိုတော့ အသေကောင်တွေရဲ့ မျက်ဆန်ကို စားရင် အဝေး ကြီးထိ မြင်နိုင်မယ်။ အဲဒီလို မြင်နိုင်ရင် လင်းယုန်ငှက်လို မုဆိုးကျော် ကြီး ဖြစ်လာမယ်လို့ ယုံကြည်ထားတာကိုး။ လင်းယုန်ငှက်ကြီးတွေကတော့ ဟိုးအဝေးက တောင်စဉ်တောင်တန်းတွေပေါ် ပျံတက်အစာရှာ ကြတယ် မဟုတ်လား။

          တစ်နေ့ပေါ့ ။ | ဘီလူးက ကျီး မောင်နှံနားက ဖြတ်လျှောက် ၊ သွားတယ်။ ဒီတော့ ကျီးမ ပရီးတီးက ဘီလူးကို သေသေချာချာ လေ့လာကြည့်ပြီး

          “သူ့မျက်ဆန်ကို ကျွန်မ စားမယ်။ ဒါဆိုရင် ကျွန်မဟာ မုဆိုး ကျော်ကြီး ဖြစ်ပြီ၊ တွေးခေါ်ရှင်ကြီး ဖြစ်ပြီလို့ ကျီးဖိုကို ပြောလိုက် တယ်။

          ကျီးဖို အေတန် သိပ်ကို သနားစရာ ကောင်းသွားတယ်။ သူ့ ကျီးမ စကားကြားလိုက်ရတော့ တုန်လှုပ်သွားတယ်။ ထိတ်လန့်သွား တယ်။