Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ခင်မောင်တိုး(မိုးမိတ်) - တစ်ခေတ်ကကျောင်းသုံးစာအုပ်လာကလေးကြိုက်ပုံပြင်များ

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

ဘာသာပြန်သူ၏ အမှာ

          ဒီစာအုပ်မှာပါတဲ့ ပုံပြင်တွေကို ကျွန်တော် ဘာသာပြန် ထားတာ အတော်ကြာသွားခဲ့ပါပြီ။ နှစ်အတိအကျ မမှတ်မိတော့ သော်လည်း “ရွှေရိုး”စာစောင်၊ “ပိတောက်မြေ”မဂ္ဂဇင်းထွက်စ ကာလက ရွှေရိုးနဲ့ ပိတောက်မြေမှာသုံးခဲ့တဲ့ ပုံပြင်တွေပဲ ဖြစ်ပါ တယ်။ နောက်ပိုင်း လုံးချင်းတွေဘက် လှည့်လိုက်တဲ့အခါ ဒီပုံပြင်လေးတွေကို မေ့သလို ဖြစ်နေမိပါတယ်။ ( ဒီပုံပြင်တွေကို ဘာသာပြန်စဉ်ကတော့ လုံးချင်းရေးဖို့ အခွင့်အရေးက သိပ်ကို နည်းပါးနေချိန် ဖြစ်ပါတယ်။ ဒီတော့ ဝယ်ထားတဲ့ အင်္ဂလိပ်ပုံပြင် စာအုပ်တွေကို ပြန်ဖတ်၊ ဟိုး နှစ်ပေါင်းများစွာက ပြဋ္ဌာန်းခဲ့တဲ့ ကျောင်းသုံးအင်္ဂလိပ်ဖတ်စာအုပ် ကလေးတွေကို ပြန်ဖတ်ရာမှ ဒီပုံပြင်တွေကို ဘာသာပြန်မိခဲ့ ပါတယ်။ ကျောင်းသုံးစာအုပ်ထဲက ပုံပြင်တွေဟာ ခပ်တိုတို လေးတွေ များပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ တိုတာ၊ ရှည်တာကို သိပ်ထည့်မထွက်ပါဘူး။ ကျွန်တော် ခံစားလို့ရရင် ပြန်လိုက်တာပါပဲ။ အဲ...လုံးချင်းပုံပြင်နဲ့ ပတ်သက်ရင်လည်းဒီအတိုင်းပါပဲ။ လုံးချင်းထဲက ပုံပြင်တွေကတော့ ရှည်တာများ ပါတယ်။

          ဘာပဲဖြစ်ဖြစ် ကျွန်တော် ခံစားရလို့ ၊ နှစ်သက်မြတ်နိုးလို့ ပြန်ခဲ့တဲ့ ပုံပြင်ကလေးတွေ တစ်စုတစ်စည်းတည်း ဖြစ်သွားတော့ ဝမ်းသာပီတိဖြစ်ရတာ အမှန်ပါ။

          ဒီစာမူ ကိုစန်းဦး(စိတ်ကူးချိုချို)ဆီ ရောက်သွားတာက လည်း ကိုစန်းဦးက “ပုံပြင်လည်း ထုတ်ချင်ပါတယ်”လို့ ပြောဖူး ထားလို့ပါ။ ခုတော့ ကျွန်တော့် ဘာသာပြန်ပုံပြင် အထူ၊ အပါး နှစ်မျိုးစလုံးကို ကိုစန်းဦး ထုတ်ပေးခဲ့တာ အတော်များလာ ခဲ့ပါပြီ။ စာမူပေးတိုင်း လက်ခံထုတ်ပေးတဲ့ ကိုစန်းဦး(စိတ်ကူး ချိုချို)ကို ကျေးဇူးတင်မိပါတယ်။

          ထုတ်ဝေသူနဲ့ စာဖတ်သူများ အားလုံးကို ထာဝရမေတ္တာ ပို့ပါမည်။ လေးစားခင်မင်နေပါသည်။

လေးစားချစ်ကြည်စွာဖြင့်...

ခင်မောင်တိုး(မိုးမိတ်)

၃-၁၂-၂၀၁၅

 

ပဋိညာဉ်စာချုပ်

          အင်္ဂလန်နိုင်ငံမှာ ဂျွန်လို့အမည်ရှိတဲ့ ဘုရင်တစ်ပါး ရှိခဲ့ဖူး တယ်။ ဂျွန်ဟာ လူကောင်းမဟုတ်ဘူး။ ဘုရင်ကောင်းလည်း မဟုတ် ဘူး။ သူဟာ သိပ်ရက်စက်တယ်။ မှန်မှန်ကန်ကန် ဘယ်တော့မှ မကျင့်ကြံဘူး။ အဖေ့အပေါ်လည်း မကောင်းဘူး။ ညီအစ်ကိုတွေ အပေါ်လည်း မကောင်းဘူး။ မိတ်ဆွေ အပေါင်းအသင်းတွေ အပေါ်လည်း မကောင်းဘူး။

          ဂျွန်ဟာ သူစိတ်ကျေနပ်ဖို့ပဲ ဂရုစိုက်တယ်။ ဦးစားပေး တယ်။ သူလိုတာရဖို့အတွက် ရက်စက်ယုတ်မာခဲ့တာတွေကတော့ မရေတွက်နိုင်ဘူး။ ဥပဒေကို ချိုးဖောက်ဖို့လည်း ဝန်မလေးဘူး။ ကတိလည်း ဘယ်တော့မှမတည်ဘူး။

          ယုတ်စွအဆုံး တိုင်းသူပြည်သားတွေဆီက ငွေကိုတောင် အဓမ္မယူတယ်။ ဓားပြတိုက်တယ်။ လူတွေကို ထောင်ချတယ်။

          သူ့ဆန္ဒအတိုင်း မလုပ်ပေးတဲ့ လူမှန်သမျှကို သတ်ပစ်တာချည်းပဲ။ ကုန်ကုန်ပြောရရင် သူဓားပြတိုက်တာ ဘုရားကျောင်းတောင် မကျန်ဘူး။

          ဒီတော့ ပြည်သူပြည်သားတိုင်းလောက်နီးနီးက သူ့ကို မုန်းတီးရွံရှာကြတော့တာပေါ့။ မှူးမတ်တွေကလည်း သည်းမခံနိုင်တော့တဲ့အဆုံးမှာ စိတ်တူသဘောတူ ဆုံးဖြတ်ချက်ချလိုက်ကြ တယ်။ ရက်စက်တဲ့ဂျွန်ရဲ့ ယုတ်မာတဲ့လုပ်ရပ်တွေကို အဆုံးသတ်ပစ် ဖို့ အဆုံးအဖြတ်ပေါ့။

          ဆုံးဖြတ်ချက် ချပြီးတာနဲ့ မှူးမတ်တွေက မမျှမတ မမှန် မကန် ဆက်အုပ်ချုပ်သွားရင်၊ လူတွေကို လွတ်လပ်ခွင့်မပေးရင် သူ့ကို ဘုရင်အဖြစ် လက်မခံနိုင်တော့ဘူးလို့ စာရေးအကြောင်း ကြားလိုက်ကြတယ်။

          ပထမတော့ ဂျွန်က စာပါအကြောင်းအရာတွေကို ဖတ်ပြတော့ ဂရုတစိုက်တောင် နားမထောင်ဘူး။ နားမထောင်တဲ့အပြင် ဘုရင်မှာ သူ ကြိုက်တာ လုပ်ပိုင်ခွင့်ရှိတယ်လို့တောင် ပြောလိုက်သေးရဲ့ ။ ဒါပေမဲ့ အမတ်ကြီးတွေဟာ သူတို့ပြောတဲ့အတိုင်း လုပ်ကြ မယ့်ပုံရလို့ အမတ်တွေနဲ့ တွေ့ဆုံဖို့၊ သူတို့ဆန္ဒကို ကြားနာဖို့ ဂျွန် သဘောတူ လိုက်လျောလိုက်ရတယ်။

          ဒါကြောင့် တစ်နေ့မှာ “သိမ်း” မြစ်ဘေးက မြက်ခင်းပြင် စိမ်းစိမ်းမှာ ဂျွန်ဘုရင်နဲ့ မှူးကြီးမတ်ကြီးတွေ တွေ့ဆုံဆွေးနွေးကြ တယ်။ အဲဒီမြက်ခင်းပြင်ကို “ဆွေးနွေးပွဲ မြက်ခင်းပြင်” လို့ ခုထိ ခေါ်တွင်နေကြတုန်းပဲလေ။

          ဆွေးနွေးကြမည့် အဲဒီနေ့မှာ မှူးကြီးမတ်ကြီးတွေက ဘုရင် လက်မှတ် ထိုးပေးရမယ့် အချက်အလက်တွေ ရေးထားတဲ့ ပုရပိုက် တစ်ခု ယူလာခဲ့ကြတယ်။

          အချက်အလက်တွေထဲမှာ ပြည်သူများရဲ့ ပစ္စည်းဥစ္စာတွေ ကို အဓမ္မမယူဖို့၊ မျှမျှတတ မှန်မှန်ကန်ကန် စစ်ဆေးမှု မရှိဘဲ ပြည်သူပြည်သားများကို ထောင်မချဖို့ ပါရှိတယ်။ ဒါတွင်မကဘူး၊ ဂျွန်ဘုရင် ကျူးလွန်ခဲ့တဲ့ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေကိုလည်းဖော်ပြထားတယ်။ ဒီလို လုပ်ရပ်မျိုးတွေကို နောင် ဘယ်တော့မှ မလုပ်တော့ပါဘူး” လို့ ကတိပြုအောင် ဘုရင်ကို အကျပ်ကိုင်ဖို့ သူတို့ ဆုံးဖြတ်ထားပြီးကြပြီလေ။

          မှူးကြီးမတ်ကြီးတွေက ပုရပိုက်ထဲမှာ ရေးထားတာတွေ ကို ဖတ်ပြပြီး ဘုရင်ကို လက်မှတ်ထိုးဖို့ ခိုင်းတယ်။ လက်မှတ်ထိုးမှ လည်း သူကတိပြုပါတယ်ဆိုတာ ပြောလို့ ဖြစ်မှာကိုး။

          သူလုပ်ချင်တာတွေ လုပ်ပိုင်ခွင့်မရှိတော့မှန်း သိသွားတော့ သူတ“မှူးကြီးမတ် လက်မှတ်ထိုးဖို့ဖြစ်မှာကိုးသွားတော့ဂျွန် ဒေါပွသွားတယ်။ ဒါပေမဲ့ သူ့မှူးကြီးမတ်ကြီးတွေရဲ့ မျက်နှာ ကို မသိမသာ လှည့်အကဲခတ်လိုက်တော့ မျက်နှာတွေ အားလုံးက အတော့်ကို ခက်ထန်နေတယ်။ ဒီတော့ ကတိမပေးရင် သူ့ကို ဘုရင် အဖြစ်က ဖယ်ရှားပစ်ကြတော့မှာပဲဆိုတာ သိတယ်ပေါ့ ။

          ဒါကြောင့် ဘုရင်အဖြစ်ကို မက်မောလွန်းလှတဲ့ ဂျွန်က ပုရပိုက်ပေါ်မှာ ဘုရင့်တံဆိပ်တော်ကို ခတ်နှိပ်ပေးလိုက်တယ်။ ကဲ.. မဟာကတိစာချုပ်ကြီးကို မှူးကြီးမတ်ကြီးတွေ ပြုလုပ်နိုင် ခဲ့ကြပြီ။ ဒီဘုရင် တံဆိပ်တော်ခတ်နှိပ်ထားတဲ့ ပုရပိုက်ကြီးကို ပဋိညာဉ်စာချုပ်” လို့ ခေါ်တွင်ခဲ့ကြတယ်။

          ဂျွန်ဟာ ကတိစာချုပ်မှာ ဘုရင်တံဆိပ်တော် ခတ်နှိပ်ပေးခဲ့ ပေမဲ့ သူ့နန်းသက်တိုတိုလေးအတွင်းမှာ သူထင်ရာ ဆက်လုပ် တာပါပဲ။ ကတိလည်း မတည်ဘူး။ ဒါပေမဲ့ အဲဒီ “ပဋိညာဉ်စာချုပ်” ကတော့ အတော့်ကို အကျိုးပြုခဲ့တယ်။ အဲဒီ “ပဋိညာဉ်စာချုပ်”ကြောင့် အင်္ဂလန်နိုင်ငံ ဘုရင်နဲ့ ဘုရင်မတွေဟာ ထင်ရာစိုင်းခွင့် မရှိဘူးဆိုတဲ့ ဥပဒေအတည် ဖြစ်ခဲ့ရတယ်။ ဘုရင်၊ ဘုရင်မတွေရဲ့ လုပ်ပိုင်ခွင့်ကို တရားဥပဒေနဲ့ ပြဋ္ဌာန်းပေးနိုင်ခဲ့တယ်။ အဲဒီ ဥပဒေ ကိုတော့ ပြည်သူများကရော၊ ဘုရင်နဲ့ ဘုရင်မများကပါ ထာဝရ လိုက်နာကျင့်ကြရတယ်။