Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ခင်မောင်ညို(ဘောဂဗေဒ) - အောင်မြင်သောလုပ်ငန်းရှင်နှင့်အိမ်ထောင်ရှင်

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out
(၁)
ထိပ်တန်းက လူဆိုသည်မှာ
ပါရမီ ရှိခြင်း
အားထုတ်ခြင်း ကြိုးစားခြင်း
အရည်အသွေး ရှိခြင်း
ဟု
အဓိပ္ပာယ် ရသည်။
ထိပ်တန်းက လူများသည်
ဆင်းရဲကြသည်။
 အချိန် ဆင်းရဲခြင်း
 တုံ့ပြန်မှု နည်းခြင်း
အေးဆေးစွာ မနေနိုင်ခြင်း
အသိအမှတ် ပြုမှုနည်းခြင်း
 အကြင်နာ နည်းခြင်း
လူမှုရေး နယ်ကျဉ်းခြင်း။
 
(၂)
ဘဝ၌ အောင်မြင်ခြင်း ဆိုသည်မှာ
သင့်စိတ်၏ နယ်နိမိတ်အပေါ်
မူတည်သည်။
 သင် ဘာတွေးသလဲ ဆိုသည့်အပေါ်
မူတည်သည်။
ဘဝ၌
အောင်မြင်ခြင်း ဆိုသည်မှာ
 သတ္တိ ရှိခြင်း
အဇ္ဈတ္တ အေးချမ်း
ပျော်ရွှင်ခြင်း
စိတ်တင်းကျပ်မှု မရှိခြင်းတို့ပင်။
ဘဝ၏အရည်အသွေး ဆိုသည်မှာ
အိမ်ထောင်မှု သုခ၏
အရည်အသွေး အိမ်ထောင်ဖက်မှု၏
အရည်အသွေးပင် ဖြစ်သည်။
 
(၃)
လက်ထပ် ထိမ်းမြားခြင်း ဆိုသည်မှာ
အခြား လုပ်ငန်းများ၏ အောက်က
လုပ်ငန်းခွဲ၊ ဌာနခွဲ
 တစ်ခု မဟုတ်
သီးခြား လုပ်ငန်းတစ်ခု
ဖြစ်သည်။
 
( ၄ )
ရှင်သန် ကျန်ရစ်ခြင်း
အလုပ်ခွင်၌
ရှင်သန်ကျန်ရစ်ခြင်း ဆိုသည်မှာ
ဘဏ္ဍာရေး အကျိုးအမြတ်ကြောင့်
စီးပွားရေး
ရှင်သန်နိုင်ခြင်း ဖြစ်သည်။
နေအိမ်၌
ရှင်သန် ကျန်ရစ်ခြင်း ဆိုသည်မှာ
 ကြင်နာမှုကြောင့်
 ဖြစ်ပေါ်သော
စိတ်ဓာတ် ရေးရာ
ရှင်သန်မှု ဖြစ်သည်။
 
( ၅ )
သင့် အိမ်ထောင်ဖက် ဆိုသည်မှာ
သင်နှင့် တစ်သက်တာလုံး
ပေါင်းသင်း ဆက်ဆံမှု ရှိသည့်
တစ်ဦးတည်းသော
ပုဂ္ဂိုလ် ဖြစ်သည်။
သူ့ထက် အရေးပါသူ မရှိ။
သင်၏
အရေးအပါဆုံး
ဖောက်သည် ဖြစ်သည်။
သင်နှင့် ညဘက်မှာလည်း
အတူရှိနေသူ ဖြစ်သည်။
သင်၏
ဂရုစိုက်မှု၊ မြတ်နိုးမှုတို့ကို
လိုလားသူလည်း ဖြစ်သည်။
 
 
(၆)
အိမ်ထောင်ပြုခြင်း ဆိုသည်မှာ
တစ်သက်တာအတွက်
တစ်ခုတည်းသော
စာချုပ် ချုပ်ဆို
ဖွဲ့ နှောင်မှုပင် ဖြစ်သည်။
 
( ၇ )
အိမ်ထောင်ပြုခြင်း ဆိုသည်မှာ
သေနေသော
အဖွဲ့ အစည်းတစ်ခုကို
တည်ထောင်ခြင်း မဟုတ်။
ဧရာမ
လုပ်ငန်း စီမံကိန်းကြီး
တစ်ခုဖြစ်သည်။
ထို့ကြောင့်
အခြေအနေတွေကို
 ခွဲခြမ်း စိတ်ဖြာရသည်။
 တီထွင် ဖန်တီးမှု ရှိရသည်။
လုပ်ငန်းတွေကို
အစီအစဉ် ဆွဲထားရသည်။
တိုးတက်မှုတွေကို အစီရင်ခံရသည်။