Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ခင်မောင်ညို(ဘောဂဗေဒ) - သုညမှသုညသို့

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

၁။ အန္တရာယ်နှင့် အန္တရာယ်စီမံခန့်ခွဲမှု

          နေ့တိုင်းနေ့တိုင်း ကျွန်မတို့ဟာ ဘာစားရ မလဲ၊ ဘာဝတ်ရမလဲဆိုတဲ့ ဆုံးဖြတ်ချက် အသေး  မျိုးတွေ၊ ဆုံးဖြတ်ချက်အကြီးကြီးတွေနဲ့ တွေ့နေရတယ်။ဒါပေမယ့် ဆုံးဖြတ်ချက် အကြီးကြီးတွေ က ကိုယ့်ဘဝကို၊ ကိုယ့်အပေါ် မှီခိုနေရတဲ့ လူ တွေရဲ့ ဘဝကို ကြီးမားတဲ့၊ ပြန်ပြင်လို့မရတဲ့ အကျိုးသက်ရောက်မှုတွေ ရိုက်ခတ်လာတဲ့အခါ အဲဒီအန္တရာယ်တွေကို သေသေချာချာချိန်ဆဖို့  လိုလာတယ်။ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ အတွက် အန္တရာယ်တွေကို သေသေချာချာ တိုင်း တာဖို့လိုတယ်။

          ကျွန်မရဲ့ မိဘတွေက အန္တရာယ်ရဲ့ အဓိပ္ပာနဲ့ ပတ်သက်လို့ သေသေချာချာသင်ပေးခဲ့သူတွေ  ဖြစ်ပါတယ်။ အဖေနဲ့ အမေက အသက်မွေး ဝမ်း ကျောင်းတစ်ခုအတွက် ဘယ်လိုလုပ်ရမယ် ဆို တာ အမြဲတမ်းနည်းလမ်းသစ် ရှာနေတဲ့၊ စဉ်းစား နေ တဲ့သူတွေဖြစ်ပါတယ်။ အဖေက ကျောက်စိမ်း ကုန်သည်တစ်ယောက်အနေနဲ့ အန္တရာယ်တွေကို ရင်ဆိုင်ဖို့၊ စွန့်စားဖို့ ဘယ်တော့မှ နှစ်ခါ မစဉ်းစား တဲ့သူဖြစ်ပါတယ်။

          တကယ်တော့ ကျောက်စိမ်းလောကဆိုတာ သိပ်လွယ်တဲ့ လောကမဟုတ်ပါဘူး။ တစ်ခါတုန်း က ကျွန်မ Fortune မဂ္ဂဇင်းထဲမှာ ဒီ-ဘီးယားစ် စိန်ကုမ္ပဏီရဲ့ အကြီးအကဲက ကျောက်စိမ်းရောင်း ဝယ်တဲ့လောကဟာ ကံအပေါ်မှာ သိပ်ပြီးတော့ မှီတည်တာပဲလို့ ပြောတာကို ဖတ်ဖူးပါတယ်။

          ကျောက်စိမ်းဈေးကွက်မှာဆိုရင် ကျောက်စိမ်းတွေ အမျိုးမျိုးရှိတယ်။ အစိမ်းရောင်ရှိတယ်၊ ခရမ်းရောင်ရှိတယ်၊ အဖြူရောင်ရှိတယ်။ အရည်အသွေး ကလည်းမျိုးစုံ၊ ဈေးနှုန်းကလည်း အမျိုးမျိုး။တန်ဖိုးအရှိဆုံးကျောက်စိမ်းကတော့ ကြည်ပြီးတော့ တောက်နေတဲ့ imperial ကျောက်စိမ်း အမျိုးအစားဖြစ်ပါတယ်။ ကျောက်စိမ်းဟာ ကျောက်ခဲ၊ ကျောက်ရိုင်း  ပုံသဏ္ဌာန်နဲ့လာတတ်တယ်။ အဖေဟာ ကျောက်စိမ်း ဈေးကွက်ကို သူရှိတဲ့ ပိုက်ဆံအကုန်လုံးနဲ့  သွားတယ်။ အရောင်မတင်ရသေးတဲ့ ကျောက်စိမ်း အရိုင်းတွေကို ဈေးပြိုင်ပေးပြီးတော့ ဝယ်တယ်။ ဒါဟာ တကယ်တော့ အန္တရာယ် အကြီးမားဆုံးလုပ်ငန်းပဲ။ ကျောက်တုံးရဲ့ အောက်မှာဘာရှိမလဲဆိုတာ မှန်းရုံပဲမှန်းလို့ရတယ်။ ဝယ်တဲ့ သူတွေကို ဆွဲဆောင်ဖို့ အတွက်၊ ကျောက်စိမ်း ကုန်သည်တွေက ကျောက်တုံးမှာ ဘာရှိနေလဲ ယ် ဆိုတာကိုပြဖို့ ထိပ်နည်းနည်းလေးကို ဖြတ်ပြတယ်။ ကိုယ်က ကိုယ့်ကိုယ်ကို အားကိုးပြီးတော့    လေလံဆွဲဝယ်ရတယ်။ ဒါဟာ သိပ်လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ တစ်ခါတလေကျတော့ ပစ္စည်းတစ်ခုတည်းကိုပဲ အလုအယက် ဝယ်နေကြတဲ့အတွက် ဈေးတွေထိုးတက်တယ်။ အဖေက ငွေအများကြီးအကုန်ခံပြီးတော့ အိမ်ပြန်လာတယ်။ အမေကတော့ အဆင်ပြေပါ့မလားဆိုပြီး တော့ သံသယဖြစ်တယ်။ ဒါပေမယ့် အကျိုးရှိပြီး အမေက အဖေကို ချီးကျူးခန်းဖွင့်တဲ့အခါတွေ အလည်း အများကြီးတွေ့ ဖူးပါတယ်။

          အိမ်မှာတော့ ကျောက်စိမ်းကို ဖြတ်တဲ့ အရောင်တင်တဲ့ စက်တစ်လုံးရှိတယ်။ ကျောက် စိမ်းလေးတစ်လုံး ရလာပြီဆိုရင် သူက အမေနဲ့ စကားပြောတယ်။ အမေက အမှိုက်ကြီး ဝယ်လာ ပြန်ပြီ၊ ပိုက်ဆံတွေလည်းကုန်ဦးတော့မှာပဲ၊ ရေစုန် မျောတော့မှာပဲလို့ မြည်တွန်တောက်တီးလေ့ ရှိ တယ်။ ပြီးတော့ စက်ကစပြီးလည်ပြီဆိုရင် အဖေ က ကျောက်စိမ်းကို အရောင်တင်တယ်။ စက်သံ နဲ့အတူ ကျွန်မတို့ရဲ့ ရင်ခုန်သံတွေလည်းမြန်နေ တယ်။ တစ်ခါတစ်ခါ အသက်ရှုဖို့တောင်မေ့ပြီး တော့ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းကြ တယ်။ သူရပ်လိုက်တဲ့အခါကျတော့ အခန်းက တိတ်ဆိတ်နေလိုက်ပုံများ အပ်ကျသံတောင် ကြား နိုင်တယ်။ တစ်ခါတလေတော့ ကျွန်မတို့  ကံကောင်းပါတယ်။ ကျောက်တုံးထဲမှာ အရည် အသွေးကောင်းတဲ့ ဧရာမကျောက်စိမ်းကြီး ရှိနေ  တတ်တယ်။ တစ်ခါတလေကျတော့လည်း ကျောက်စိမ်းလက်စွပ်လုပ်ဖို့လောက်၊ ကျောက် စိမ်းသေးသေးမွှားမွှားလေးတွေ ရလာတဲ့အခါမျိုး ကိုလည်း တွေ့ရတတ်တယ်။ အဲဒီအခါမျိုးမှာ ကျွန်မတို့ရဲ့ အနာဂတ်ဆိုတာဟာ အဲဒီ ကျောက် စိမ်းတစ်လုံးထဲမှာပဲရှိနေတယ်။ ဒါဟာ အန္တရာယ် ကြီးမားတဲ့ စွန့်စားတဲ့ လုပ်ငန်းတစ်ခုပါ။ အဲဒီ စွန့်စားတဲ့ လုပ်ငန်းတစ်ခုကို လုပ်ဖို့ အတွက် တောင့်တင်းခိုင်မာတဲ့ နှလုံးသားရှိဖို့ လိုပါတယ်။ ကျွန်မကတော့ အဲဒီနှလုံးသားကို အဖေဆီက အမွေဆက်ခံခဲ့ပုံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောင်အခါမှာ ကျွန်မဟာ စွန့်စားတဲ့ လုပ်ငန်း များစွာကို လုပ်ခဲ့လို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ ခေတ်မှာ စီးပွားရေးလုပ်ငန်းကို ခေတ်မီမီလုပ်တဲ့ ခါ အန္တရာယ်နဲ့ ရင်ဆိုင်ရတာထက်၊ အန္တရာယ် ကို စီမံခန့်ခွဲရတာက ပိုများပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေက အန္တရာယ်ကို လျော့ပါးအောင် လုပ်ဖို့ နည်းလမ်းတွေ အစစအရာရာ သူတို့ လက်ဖျားမှာ အလွယ်တကူရရှိနိုင်ကြပါပြီ။ အဲဒီ အခြေခံဥပဒေသတွေကို အသုံးချမယ်။ ကိုယ့် ကိုယ်ကို ယုံမယ်ဆိုရင် ဘာမှ မစွန့်စားရဲစရာ အကြောင်းမရှိပါဘူး။

စည်းမျဉ်းအမှတ် (၁)

မိမိ၏ ဖောက်သည်ကို သိရှိပါ၊ ရှာဖွေပါ။

          ကျွန်မက ပထမဆုံး Klis ဆိုတဲ့ အရောင်းပြခန်းကိုဖွင့်တဲ့အခါမှာ အောင်မြင်တာက စမတ်ကျတဲ့ လုပ်ငန်းသုံးဝတ်စုံတွေကို လိုချင်တဲ့သူတွေ  အုပ်စုလိုက်ကြီးရှိနေတယ်။ အလုပ်လုပ်နေတဲ့ သူတွေ အုပ်စုလိုက်ကြီး ရှိနေလို့ ဖြစ်တယ်။တကယ်တော့ ကျွန်မဟာ နေရာမှန်မှာ အချိန်မှန်မှန်၊ ပစ္စည်းမှန်မှန်နဲ့ ရောက်သွားလို့ပဲ ဖြစ်တယ်။

စည်းမျဉ်းအမှတ် (၂)

သု တေသနလုပ်ပါ။

          ကိုယ်ရဲ့ အကြံဉာဏ်တွေ၊ စိတ်ကူးတွေကို သုတေသနလုပ်ပါ။ ကနေ့ခေတ်မှာ အင်တာနက် ကနေပြီး စီးပွားရေးအကြံကောင်း ဉာဏ်ကောင်း တစ်ခု ဟုတ်မဟုတ်ဆိုတာ သိနိုင်ဖို့ အတွက်သတင်းအချက်အလက်တွေကို အလွယ်တကူနဲ့ အများကြီးပေးနိုင်ပါတယ်။ အဲဒီသတင်း အချက် အလက်တွေထဲမှာ ဈေးကွက်ရဲ့ လမ်းကြောင်းနဲ့