Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ခင်မောင်ညို(ဘောဂဗေဒ )- စီးပွါးရေးပြဿနာများနှင့်ဗုဒ္ဓ၀ါဒ

Regular price 800 MMK
Regular price Sale price 800 MMK
Sale Sold out

မင်္ဂလာရှိသော နေ့ရက်များ

          မင်္ဂလာရှိသော နေ့ရက်များ သို့မဟုတ် မင်္ဂလာ ဓာရဏကထာဆိုတဲ့ကျမ်းမှာ မဟာဗေဓိမြိုင်ဆရာတော်က “ဗာဟုသစ္စဉ္စ သိပ္ပဉ္စ” မင်္ဂလာတွေကို အကြားအမြင် ဗဟုသုတများနှင့်လည်း ပြည့်စုံစေ၊ လက်မှုပညာလည်း တတ်ကျွမ်းနေစေလို့ အဓိပ္ပာယ်ဖွင့်ဆိုတော်မူထားပါတယ်။ ဆရာတော်ဘုရားကြီးက မျက်စိနှင့် နား၊ အမြဲတံခါးဖွင့် ထားပါ” လို့ မိန့်တော်မူပါတယ်။

          အကြားအမြင် ဗဟုသုတ ဘယ်လောက်များရမလဲ?

၁။ တိုင်းပြည်အကြောင်းကောင်းကောင်းသိနေစေရမည်။

၂။ စီးပွားရေးအကြောင်းကောင်းကောင်း ရိပ်မိနေစေရမည်။

၃။ လူမှုရေးအကြောင်း ကောင်းကောင်း နားလည်နေစေရမည်။

          အဲဒီလိုဆိုထားတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကုန်ပါရောလား။ ဒီ ၃ ချက်ကို ကျွမ်းကျင်နေရင် ဘယ် နေရာနေနေ၊ ဘယ်ပြည်ရောက်ရောက် လူတော်ပဲ။ အဲဒီ သုံးခုစလုံးဟာ အမြဲတမ်း သက်ဝင်လှုပ်ရှားနေတတ်တယ်။

          ရှေးကနိုင်ငံရေးကို “ကြက်ဥအရောင် တိမ်တောင် သဖွယ်” လို့ တင်စားခဲ့ကြတယ်။ စီးပွားရေးမှာ ဒီနေ့ ဒီပစ္စည်း အသုံးတွင်ကျယ်နေပေမယ့် နောက်ရက်မှာ သူ့ထက်သာတဲ့ပစ္စည်း ဝင်လာရင် နောက်ကောက်ကျတတ် တယ်။ ကျီးအစာစားသလိုပဲ ကိုယ့်အလုပ် ကိုယ်လုပ် နေရာက ဘယ်သူတွေ ဘာလုပ်နေသလဲဆိုတာ အမြဲ အကဲခတ်နေရတယ်။ မဟုတ်ရင် “စီးပွားရေး လူအိုရုံ” ထဲ ရောက်သွားတတ်တယ်။ ကိုယ့်စီးပွားရေး အမြဲတမ်း နုပျိုလန်းဆန်းနေချင်ရင် အမြဲ မျက်စိနဲ့နားကို ဖွင့်ထား ဖို့လိုတယ်။ အရည်အသွေး ကောင်းသည်ထက်ကောင်းအောင် “သုတေသနပြုမှု” လိုတယ်။ စာသုံးသူကို မလိမ် ချင်ရဘူး။

          လူမှုရေးမှာလဲပဲ လူကိုလူလို ဆက်ဆံရမယ်။ စာပေ ကရတဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေကို ဝိဇ္ဇာပညာ ရပ်လို့ဆိုရင် သူနဲ့ယှဉ်တွဲပြီး လက်တွေ့အသုံးချစရာတွေကို သိပ္ပံပညာ ဒါမှမဟုတ် လက်မှုပညာလို့ဆိုနိုင်တယ်။ ဒီ နေရာမှာလည်း မင်္ဂလသုတ်ကို ဆရာတော်ဘုရားကြီးက သေးသေးကြီးကြီး အပြစ်ကင်းမယ့်အလုပ်မျိုးဆို လက် မြောက်နေပါစေ၊ ကိုယ်ကျင့်မပျက်မယ့် အလုပ်မျိုးဆို

          မရှက်မကြောက်ပါလေနှင့်။ တတ်ပြီးလက်မှုပညာကို မလေး မစား မကိုင်တွယ်ပါလေနှင့်။ အဲဒီသုံးချက်ကို လိုက်နာနိုင် ရင် လောကနိဗ္ဗာန်ဆိုတာ ပြေးမလွတ်တော့ဘူးလို့ မိန့်မှာ တော်မူပါတယ်။

          တလောက စာရေးဆရာ ရောဘတ်တီကီယိုဆာကီ ရဲ့ စာအုပ်တွေ ဖတ်မိတယ်။ သူ့အရေးအသားတွေထဲမှာ မခံချင်စရာတွေ ရှိနေပေမယ့် အမှန်တွေများတယ်။ ဥပမာ သူက ကျွန်တော်တို့လို ဟိုစပ်စပ် ဒီစပ်စပ်သမားတွေအတွက် အရေးအကြီးဆုံးက အလွတ်ရအောင်ကျက်ဖို့နဲ့ အမျိုးစုံအောင်ကျက်ဖို့ပဲတဲ့၊ မခံချင်စရာပါ။ ဒါပေမယ့် အမှန်တွေ ပါနေတယ်။ စာမေးပွဲဆိုတာ ဘွဲ့တွေ၊ လက်မှတ်တွေ၊ ဒီဂရီတွေဆိုတာဟာလဲ အများအားဖြင့် သင်ထားတာကို ဘယ်လောက်မှတ်မိသလဲလို့ ပြန်မေးတာတွေ များတယ်။ ဒါတောင် သိပ်ပြီး မှတ်ချင်ကျက်ချင်ကြတာ မဟုတ်ဘူး။ တကယ်တမ်း လောကကိုရင်ဆိုင်၊ ဘဝနဲ့ ထိတွေ့တဲ့အခါမှာ အလွတ်ကျက်ထားတာတွေနဲ့ မလုံလောက်ပါဘူး။

          ဗီယက်နမ်စစ်ပွဲ သွားတိုက်မယ့် တိုက်လေယဉ်မှူးတစ် ယောက်ကို ပထမဆုံးက လေကြောင်းသင်ကျောင်းမှာ လေ့ကျင့်ပေးတယ်။ သင်တန်းဆင်းလက်မှတ် ရလာတော့ မြောက်ကြွမြောက်ကြွနဲ့ပေါ့။ လက်တွေ့တာဝန်ပေးပေးချင်း သက်ဆိုင်ရာတာဝန်ရှိသူက အရေးပေါ်အခြေအနေနဲ့ကြုံရင် ဘာလုပ်ရမယ်ဆိုတာ သိလားလို့မေးတော့ မေးရကောင်း လားဆိုပြီး စိတ်တွေဆိုးလို့ ချရေးစမ်းဆိုတော့လည်းတစ်ခုမကျန် ပြန်ဖြေနိုင်တယ်။

          ဒါနဲ့ လက်တွေ့ စမ်းကြည့်ရအောင်ဆိုပြီး လေယာဉ်ပျံ မောင်းကြည့်တယ်။ ဒါလေးများပေါ့ လေ။ နောက်အဲဒီ စမ်းသပ်တဲ့ အရာရှိက စက်ရပ်ပစ်လိုက်တယ်။ ဘယ်ပြောကောင်းမလဲ လေယာဉ်က ဦးစိုက်ပြီး ဆင်းနေတော့တာပေါ့။ စမ်းသပ်တဲ့အရာရှိက အေးအေးဆေးပါပဲ။ အစမ်းသပ်ခံ ရတဲ့ ပုဂ္ဂိုလ်က ဘယ်ကစလုပ်ရမှန်းတောင် မသိပါဘူး။ နောက်ဆုံးမှာ စမ်းသပ်တဲ့အရာရှိကပဲ လေယာဉ်ကို အချိန်မီ ပြန်ထိန်းလိုက်ရတယ်။ စောစောက အလွတ်ရထားတဲ့စာ တွေ ဘယ်ရောက်ကုန်ပြီလဲ။

          ဒီတော့ စမ်းသပ်တဲ့အရာရှိက စကားတစ်ခွန်းပြောပြ တယ်။ ဒီစကားကို ပိုင်းလော့တစ်ယောက်အတွက် ပြော ပေမယ့် ကျန်တဲ့ ကျွန်တော်တို့တစ်တွေနဲ့လဲ ပတ်သက် နေတယ်။

“သူများ သတ်လို့သေမှာ မဟုတ်ဘူး။ ကိုယ်ညံ့တာ၊ ကိုယ့်အရည်အချင်း မပြည့်တာတွေကြောင့် သေမှာတဲ့” ကျွန်တော်တို့တစ်တွေဟာ မင်္ဂလာရှိတဲ့ နေ့ရက်များကို လိုချင်ရင် မပြည့်တာတွေ၊ အားနည်းချက်တွေကို ပြုပြင်ဖို့ ကိုယ်မသိသေးတာ မတတ်သေးတာတွေကို လေ့လာဆည်း ပူးဖို့ အများကြီးလိုပါဦးမယ်။

          ဘယ်သူဖြစ်ဖြစ် အလွတ်ကျက်နိုင်၊ ပြန်ဆိုနိုင်ကြတာ ချည်းပဲ။ ဒါပေမယ့် တကယ့်တကယ် အရေးရယ် အကြောင်း ရယ်ဆိုရင် ပြန်စဉ်းစားနေရသေး၊ ဘယ်ကစလို့ စရမှန်းမသိဖြစ်နေသေးရင်တော့ တကယ်မသိသေး မတတ်သေးတာ အမှန်ပါ။ အလွတ်ရတာဟာ တကယ်သိတာမဟုတ်ဘူး။ အရေးပေါ် အခြေအနေတွေကို သာမာန်အခြေအနေလို သဘောထား လေ့ကျင့်ပေးနိုင်မှ အကြောက်တရားရဲ့ နေရာ မှာ အရည်အချင်းတွေ၊ အရည်အသွေးတွေဝင်လာမှ အတ္တ ကြီးမားမှု၊ မာနကြီးမားမှုနဲ့နေရာမှာ စိတ်ချယုံကြည်မှုတွေ ဝင်လာမှ တကယ်တတ်၊ တကယ်သိလို့ ဆိုနိုင်တယ်။

          တကယ်တော့ လောကီလူ့ဘောင်မှာ ရှင်သန်ရပ်တည် နိုင်ဖို့အတွက် အလွတ်ကျက် မှတ်မိတာထက် ပိုတဲ့အခြေ ခံစွမ်းရည်တွေ လိုအပ်ပါတယ်။ အနည်းဆုံး အဲဒီစွမ်းရည်တွေရအောင် ဘယ်လိုလေ့လာဆည်းပူးမလဲဆိုတာက စရ ပါမယ်။ ပြီးရင် ရေထဲမိုးထဲမှာ ချက်ချင်းတုန့်ပြန် ဆောင်ရွက် နိုင်တဲ့အထိ လေ့လာရ၊ ဆည်းပူးရ၊ လေ့ကျင့်ထားရပါမယ်။