Skip to product information
1 of 2

Other Websites

ခင်နှင်းယု - အတွတ်ရေ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ချစ်လှသော မကျည်းတန်

အတွက်စာရေးလိုက်ပါတယ်။ ဒီစာကို 'အတွတ် ‘ရေးနေချိန်မှာ " မွှေး " ဘယ်နေရာမှာ ရောက်နေမယ် ' ဆိုက အတ္တဘ် မသိဘူး။ ကိုကိုနိုင်ရဲ့ သတင်းကိုလဲ မေမေ့ စာရေး အကြောင်းကြားပေမင့် " အတွတ် "

နေတဲ့နေရာက အင်မတန်ခေါင်ပြီး ခရီးလွန်နေတယ်။ -

 သတင်းစာမရောက်၊

ပါတဲ့ရေဒီယိုကလဲ ဓာတ်ခဲ ``မရှိတော့လို့ မြို့နဲ့ရော၊ မေမေတို့နဲ့ရော လုံးဝ အဆက်

အသွယ် ပြတ်နေတယ်။

ဒါကြောင့် မွှေးအဖို့ အင်မတန် အရေးအကြီးဆုံးအချိန်မှာ မွှေးရဲအပါးကို ပြေးမလာနိုင်တဲ့ အတွက်ကို ခွင့်လွှတ်ဖို့တောင်းပန်ပါတယ်။

မွှေး အတွက်ရဲ့ပတ်ဝန်းကျင်မှာ “အတွတ် " ဆိုတဲ့ အကောင်ဟာ ဘယ်ခါမဆို အချိန်ကို မတွက် တတ်တဲ့သူ၊ အစစအရာရာ လက်နှေးတဲ့ သူရယ်လို့ နာမည်ကြီး လာခဲ့ရသူမို့ ဒီတစ်ခါလဲ ဒါလောက် မွှေးမှာဖြင့် ဒုက္ခတွေ အနန္တရောက်ပြီး တည် ရာမရနိုင်တဲ့ အချိန်မှာ မွှေးရဲ့ အပေါးကို ပြေး လို့ မလာဘူးလို့ ထပ်မံပြီး အတွတ်ကို အပြစ်တင်မှာစိုးလို ရှင်းပြရတာပါ။

ခုလဲ မေမေ့စာရလို့ ကိုကိုနိုင် ဆုံးတဲ့အကြောင်း သိတယ်ဆို၊ အတွတ် ခံစားရတဲ့ ဝေဒနာဟာ မွှေး ထက်မပိုသော်လဲ မွှေးရဲ့ခံစားရမှုထက် မလျော့ ဘူးဆိုတာ အတွတ် ပြောပြချင်ပါတယ်။ အတွတ် လဲ ပြေးမယ်လုပ်ပြန်တော့ မေမေရဲ့ နောက်ထပ်စာ ထဲမှာ မွှေး တောင်ကြီးကို ထွက်သွားတာ ရန်ကုန် မရောက်သေးဘူးတဲ့။ ပြီးတော့ တောင်ကြီး တစ် နေရာတည်းကို သွားတာ မဟုတ်ဘူးတဲ့။ ငွေရော၊ အဝတ် အစားရာအပြည့်အစုံယူပြီးထွက်သွားတာလို့ သိရတယ်။ အထွေးကို အမျိုးမျိုး တောင်းပန်လို

လိုလဲမရဘူးတဲ့။ ဘယ်ကိုများ လျှောက်သွား သလဲ မွှေးရယ်။

အတွတ် သိတယ်၊ ခေါင်းမာတဲ့ အတွတ် ချစ်တဲ့ မကျည်းတန်ဆိုတဲ့ မိန်းကလေး စရိုက်ကို အတွက် သိပါတယ်။ ။

မှတ်မိပါသေးတယ် မွှေး၊ ၀ါးခယ်မဘက်ကမ်း မှာရှိတဲ့ ကျောင်းကို ပြောင်းရတဲ့ အချိန်မှာ မွှေးတို့ ညီအစ်မတွေနဲ့ အတွတ် အတူတူ' ကျောင်းတက်ခဲ့ ရတယ်၊ ရေစီးသန်လို့ မိုးသက်ထန်နေတဲ့ အချိန်မှာ လှေကို ကိုယ်တိုင် ပဲ့ကိုင်ပြီး မွှေး မြစ်တစ်ဖက်ကို`ကူးတော့ အတွတ်ကဖြင့် စေတနာနဲ့ တစ်ဖက်ကမ်း မရောက်ခင် မြစ်လယ်ကောင်မှာ လူတွေ အပြည့် တင်ပြီးလှော်ရတာ လက်ပန်းကျမှာစိုးလို့ အတွက် တစ်လှည့်လှော်ပါရစေဆိုပြီး လှော်တက်ကို တောင်းတော့ မွှေးက ခေါင်းခါပြတယ်လေ။

           တစ်ဖက်ကမ်း ရောက်အောင်လို့ တစ်ယောက်တည်းပဲ ကျုံးလှော် ခဲ့တယ်လေ။ အမှန်တော့ အဲဒီတုန်းက ငယ်စိတ်နဲ့ အင် မတန် ခေါင်းမာတဲ့ ကောင်မလေးလို့ စိတ်ထဲက ခပ်ချဉ်ချဉ်ဖြစ်ခဲ့မိတယ်။ ဇွဲဆိုတဲ့အရည်အချင်း တစ် ရပ်ပါလားလို တန်ဖိုးမဖြတ်မိခဲ့ဘူး။

ခုလဲ မွှေးကို ခေါင်းမာတယ်လို့ဆိုတာ မွှေးကို အပြစ်ပြောတာမဟုတ်ပါဘူး မွှေးရယ်။

အခုအချိန် မှာဖြင့် ကျန်းမာရေးလဲ `မွှေးမှာ ချို့တဲ့နေတယ်တဲ့။

' ဘာပဲပြောပြော မွေး တစ်ဘဝ တစ်ကမ္ဘာလှိုထင်တဲ့

ကိုကိုနိုင်ခဲ့ရင်ခွင် မွှေးအပါးမှာ မရှိတော့တဲ့နောက် ', စိတ်ဓာတ်လဲ ချောက်ချားနေမှာပဲ။

ဒီအချိန်အခါမှာ ရပ်တည်ရာမရ၊ ရောက်တတ်ရာရာ စိတ်လေလွင့်တိုင်း သွားနေဖို့မသင့်ဘူး။

 ငယ်ငယ်ကတည်းက “ လှော် တက်ကို တစ်လှည့် ကိုင်ခွင့်ပေးပါလှို တောင်းပန်တဲ့ အတွတ် ကို လှော်တက်ကမ်းပေးပြီး အတွတ်ရဲ့ ရင်ခွင်မှာ အပန်း တစ်လှည့် ဖြေပါ ဦး မွှေးရယ်။

 - မကျည်းတန်လို့ ဒီစာရဲအစမှာ ခေါ်ခဲ့တော့တိုများနှစ်ယောက် အတူမွေးဖွားလာတဲ့ ၀ါးခယ်မ တစ်ဖက်ကမ်း သော်ကမြစ် ကမ်းခြေမှာ နေခဲ့တဲ့ အချိန်လေးကို သတိရစေချင်တဲ့သဘောပါ။

အတွတ် ရန်မဖြစ်ချင်တော့ပါဘူး၊ မွှေးစိတ်ဆိုးအောင် ငယ် ငယ်တုန်းကလို စချင်လို့ “မကျည်းတန်”လို့ ခေါ်တာ . မဟုတ်ပါဘူး။ တိုမွေးရပ်မြေကလေးကို အမြဲ တမ်းတပြီး ချစ်နေပါသေးတယ်ဆိုတဲ့ သဘောကို ဖော်ပြ ချင်လို့ပါ မွှေး။

 သတိရသေးသလား မွှေး၊ ကိုကိုနိုင်ဆီက ပထမ ဆုံး စာရတော့လေ မွှေးက အတွတ် ဖတ်ကြည့်စမ်း ပါဆိုလို့ အတွတ် ဖတ်ကြည့်ခဲ့တယ်လေ၊ စာက ဝတ္ထု တစ်ပုဒ်နီးနီးလောက် ရှည်တယ်။ စာဖတ်ရင်း

နောင်တလဲရခဲ့တယ်။ ကိုကိုနိုင်က မွှေးကို ရသင့်တယ်လို့ ခံစားလဲ ခံစားမိတယ်။ သူဟာ စစ် ဗိုလ်ပင်ဖြစ်သော်လဲ သူ့ရင်ထဲခံစားရချက်ကို အတိအကျ ခုခေတ်စားသုံးရရင် အရှိကို အရှိအတိုင်း တင်ပြရာမှာ ထိရောက်တယ်၊ အနုပညာမြောက်တယ် `လှိုဆိုရမယ်။

မွှေးလိုမိန်းကလေးတစ်ယောက်ကို မေတ္တာစာ စတင် ကမ်းလှမ်းတဲ့အချိန်မှာ “ကောင်းခြောက်ဆယ့် လေး ရပ်၊ သွေးထပ်ထပ်ရုပ်ညီ” ဆိုတဲ့ စကားလုံးတွေနဲ့ စလာရင်တော့ ဒီနေရာမှာ ကိုကိုနိုင် အောင်မြင်စွာ ဆုတ်ခွာရမှာပဲ ဘာကြောင့်လဲ ဆိုတော့

မွှေးရဲ့ အရည်အချင်း သဘာဝအခြေခံကဇွဲ ၊ အလုပ် သဘောထား ကြီးခြင်းဆိုတဲ့ အခြေခံ ပင်ကို မွေးလာတဲ့ မိန်းကလေး တစ်ယောက်ရဲ့ အလှမှာ ရွက်ကြမ်း ရေကျို လောက်ရှိတယ်။

ဒီလိုပင်ကိုဟန်နဲ့ အမျိုးသမီး ကို “ကောင်းခြောက်ဆယ့် လေးရပ်’’ စကားလုံးနဲ့ အစချီပြီး ရည်းစားစာ သွားပေးရင် တွေးခေါ် `တတ်တဲ့ မိန်းကလေးတိုင်းဟာ ဒီလူ ငါ့ကို ညာနေ ' တယ်ဆိုတာ သိပြီး ကိုကိုနိုင် နောက်ဆုတ်ရမှာပဲ။

အဲဒီတုန်းက စာဖတ်ရင်း သွာ... စစ်ဗိုလ် ဆိုတာ ပြတ်ပြတ်သားသား စစ်တိုက်တတ်တယ်ဆိုတာ တစ်ခု တည်းမဟုတ်ပါလား။ အနုပညာစိတ်နဲ့ မိမိရဲ့ စေ တနာ အချက်ကို တင်ပြတတ်ပါလားလို့လဲ အတွတ် ယူဆခဲ့ပါတယ်။

မွှေး  ကိုကိုနိုင်ဟာ စစ်သုံးစကားနဲ့ ပြောပြရင်

သေနင်္ဂဗျူဟာ နည်းမှာ မှန်ကိုမှန်တယ်။ တစ်ဖက် • ကလဲ လူကြီးစုံရာနဲ့ မွှေးရဲ့ အချစ်ကို `လေးလေး စားစား အရေးထားပြီး မွှေး၍အုပ်ထိန်းသူ မေမေ ကို ချဉ်းကပ်ပုံမှာလဲ မှန်ခဲ့တယ်။

.' မွှေးရုံအချစ်ကို ရယူလိုပါကြောင်း တောင်းခံတဲ့ နေရာမှာ အကြမ်းအတမ်း တစ်စက်မှ မပါဘူး။ စော်ကားခြင်း၊ ဗလရ ဆိုတဲ့ သဘောလဲ' မရှိခဲ့ဘူး။ခပ်ရိုင်းရိုင်း အတွတ်ပြောရရင် ကိုကိုနိုင်က အတင်းသာ “ဖက်နမ်းခဲ့လို့ မလွှဲမရှောင်သာနိုင်ဘဲ မိန်းကလေး တစ်ယောက် ဣနြေ ကို အစော်ကားခံ ရလို့ မထူးတော့ပါဘူးဆိုတဲ့ အဖြစ်နဲ့ မွှေးက ကိုကို နိုင်ကို ယူခဲ့ရရင်လဲ မွှေးတို့အိမ်ထောင်ရေးဟာ ဘယ်

တော့မှ အောင်မြင်မှာမဟုတ်ဘူး။ ကသိကအောက် ကြီး ထာဝရဖြစ်နေမှာပဲ။ ဒါကိုလဲ အတွတ် သင်ခန်း စာ အများကြီး ရခဲ့ပါတယ် ။

အတွက် အခွင့်ကြုံလို့ ရေးပြပါရစေ။ ပေါက်မှာ ကရင်အမျိုးသမီး ကျောင်းဆရာမလေး တစ်ဦးနဲ့ တွေခဲ့တယ်၊ သူက ပန်းတနော်ကတဲ့၊ ဒီပေါက်မြို့ နေ့ရာကို အထက်တန်းပြဆရာမလေး အဖြစ် ခန့်ထား ခံရလို့ ပြောင်းလာတာတဲ့၊ စကားစပ်မိစပ်ရာပြော ကြရင်း သူက ပြောပြတယ်။ "

“လွန်ခဲ့တဲ့ ငါးနှစ်လောက်က သူတို့ နယ်မြေကို ဖြင့် ရှမ်းသေနတ်ကိုင် တပ်ရင်း (၁) - ရောက်လာခဲ့တယ်

တဲ့။ ပထမတော့ ရှမ်း (၁)ဆိုတာ လူသားကောင် စားခဲ့တယ်လို့ နာမည်ကြီးပြီး သူတို့ကို အပြစ်မဲ့သူကရင်အမျိုးသားတွေ အနေနဲ့ အလွန် ကြောက်ခဲ့ တယ်။

ထိတ်လန့်ခဲ့ကြတယ်တဲ့၊ ဘောင်းကျန်းသူတွေ ရှိသလို အေးချမ်းစွာ ကိုယ့်အမျိုးသား အချင်းချင်း

တစ်မြေတည်း တစ်ရေတည်းသောက်ပြီး ငြိမ်းချမ်းစွာနေချင်တဲ့ ကရင် အမျိုးသားတွေ ရှိပါတယ်တဲ့”

နောက်ပိုင်းမှာ ရှမ်း (၁) ရဲ့ ဆက်ဆံပုံဟာ ဘယ် လောက် သိမ်မွေ့လဲဆိုရင် ရဲဘော်တချို.၌ ဆက်ဆံပုံ အမှား အနည်းအကျဉ်းရှိတာတောင် သူတို့ကို နယ်

မြေလူထုက ခွင့်လွှတ်ပြီး သောင်းကျန်းသူ ရွှေရွားပုံ `သတင်းအမှန်ကို ကချင်အမျိုးသားများ ကိုယ်တိုင်က သတင်းပို့ပေး၊ ကူပြီး ထောက်လှမ်းပေးတဲ့ အခြေ အနေကို ရောက်သွားခဲ့ပါတယ်တဲ့။ "

 `ရှမ်း(၁)တပ်ရင်းမှာ အလှူကြီးပေး ရွာနှီး ချုပ်စပ်က ရွာသူရွာသားတွေကို အတင်းဆင့်ခေါ်ဖို့

တောင် မလိုဘူး။ ဘာသာမရွေး ကရင် အမျိုးသား “အမျိုးသမီးတွေ လာပြီးကူညီကြတာ ဝက်ဝက်ကိုကွဲ ရောတဲ့၊ ကျွန်မတို့ကိုယ်တိုင် အလှူသွားရင်း စားကြသောက်ကြတော့ ဒီတပ်ရင်းက အရာရှိဇနီးတွေဟာ အရာရှိဇနီးတွေပါလားလိုကို မသိရအောင် သူတို့ လက်ရည်တစ်ပြင်တည်း ပန်းကန်ဆေး၊ တံမြက်သည်း လှည်းတာကအစ အတူတကွ လုပ်ကိုင်ကြယ် တွေ့ရတော့ ကျွန်မတို့လဲ သူတို့အပေါ် ချစ် သတဲ့။

ဒါနဲ့ အတွတ်က ဒီတုန်းက တပ်ရင်းမှူးဟာ ဘယ် သူလဲလှိုမေးတော့ “ဗိုလ်မှူးနိုင်” ဆိုတဲ့ သူတဲ့။” `ကဲ..မွေးနေ့ မင်းချစ်သူဟာ မိန်းမတစ်ယောက် အချစ်ကို တောင်းတဲ့ နေရာမှာတင် မဟုတ်ဘူး၊ နယ်မြေလူထုရဲ့ အချစ်ကိုတောင်းခံရာမှာလဲ သိမ်မွေ့ - သော ရိုးသားတဲ့နည်းနဲ့ စည်းရုံး သွားပါလားလို့

အတွတ် သင်ခန်းစာ ထပ်ရခဲ့တယ်။ . တစ်ခါ သီပေါဘက်မှာ ဦးအိုက်ရွက် ဆိုတဲ့ ရှမ်း ရဲဘော်ဟောင်းကြီးနဲ့ ဆုံခဲ့တယ်။ သူက ပြောပြ တယ်၊ သူ ရှမ်း(၁)မှာ အမှုထမ်းစဉ်က ရှမ်း(၁)

ဟာ မအူပင်အနီး ပန်းတတ်မှာ တပ်ရင်း စခန်း ချထားတယ်။ သူဟာဖြင့် တပ်ရင်းမှူးအိမ် ခြံကို ပြုပြင်တဲ့ မာလီရဲဘော်ကြီးပေါ့၊ သူက စိုက်ပျိုးရေး ကို ဝါသနာပါတယ်တဲ့၊ ဆန်ပြသနာတွေ အခက် အခဲ ကြုံတော့ ရဲဘော်တွေလဲ နယ်မြေလူထုနဲ့အတူ ကြုံခဲ့ပါတယ်တဲ့။ ဒီတော့ တပ်ရင်းမှူး ဇနီးဟာ

သူ့ရှိသမျှဆန်ထဲက နှစ်ပြည်ကို ချန်ထားပြီး ကျန်သမျှ ဆန်ကို ဦးအိုက်ရွက်တို့ မိသားစုရယ်၊ ကလေး

များတဲ့ ရှမ်းရဲဘော် နှစ်အိမ်ထောင်ရယ်ကို ဝေမျှ ခိုင်းလို ရွှေကျင်က ရှမ်းအမျိုးသမီး နန်းမြစိန်နဲ့အတူ သူ ဝေခဲ့ရတယ်တဲ့၊ နန်းမြစိန်လဲ အချို့ကျ ဆန်ဆေး ပလုံးနဲ့ လေးလုံးရခဲ့တံယ်တဲ့

-,

- ပြီးတော့လဲ သင်္ကြန် ရောက်လို့ အတက်နေ့ကျ

တော့ ရှမ်းအမျိုးသားတို့ ထုံးစံအတိုင်း တပ်ရင်းမှူး ဇနီးမောင်နှံကို ကန်တော့ပွဲကျင်းပပြီး ကန်တော့တဲ့ အခါမှာ သူတို့လဲကန်တော့ပြီးရော တပ်ရင်းမှူးဇနီး က “ကျွန်မကို ခွင့်လွှတ်ပါ၊ ရာထူးအဆင့် ကွာခြား ပေမယ့်လို့ ရှမ်းအမျိုးသားများထဲမှာ တစ်နေ့ တစ် ရက် တစ်မနက် ကြီးသော သူများကို ကျွန်မ ပြန် လည် ကန်တော့ပါတယ် ဆိုပြီး ကန်တော့တယ်” သူကအစ ကန်တော့ခံရတဲ့ ရှမ်းရဲဘေကြီးများ ကြက်သီးထသွားမိတယ်။ အခု ပင်စင်ရလို့ သီပေါ မှာ ခြံစိုက်စားဖို့ ထပ်ကသာထွက်ခဲ့ရာ ဒီတပ်ရင်း မှာ နေခဲ့တဲ့အချိန်ကို သူ အမြဲပဲ သတိရနေတယ်တဲ့။

အတွတ်က မေးတယ်။ အဲဒီတုန်းက တပ်ရင်းမှူး ဘယ်သူလဲလှိုပေးတော့ “ဗိုလ်မှူးနိုင်တဲ့” အတွတ်ဖြင့် ဦးအိုက်ရွက် ကြက်သီးထသွားသလို ထသွားမိတယ်။ စားအတူတူ၊ သွားအတူတူ၊ နေအတူတူထိုင်အတူတူ ဆိုတဲ့သဘောကို တရားတစ်လုံးမှ မဟောဘဲ ရှမ်း အမျိုးသားတွေ သိအောင် ရင်ထဲက ခံစားချက်နဲ့ လှုပ်ရှားပြသသွားတဲ့ ကိုကိုနိုင်ကြီးပါပဲ ။

အဲဒီလို လူတစ်ယောက်ရဲ့ အချစ်ကို မြတ်နိုးစွာခံရတဲ့ မွှေးဟာလဲ ဒီအချစ်ကို အင်မတန် တန်ဖိုးထားမှာပဲလို့ အတွတ် တွေးမိတိုင်း မွေးကို သနားစိတ်ပိုခဲ့ပါတယ်မွှေး

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)