ခင်နှင်းယု - ဘဒ္ဒနုဝတီ
အခန်း၁)
ဘော်
“ဘဒ္ဒနုဝတီ'သည် တကောင်းရာဇဝင်ကို သိမ့်သိမ့် တုန်စေသော မင်းသမီးဖြစ်၏။
သူ့ဖခင်သည် သတိုးဆွေမင်း ဖြစ်၏။
သူ့၏ချစ်ဦးသူသည် နဂါးမင်းဖြစ်သည်။ ဘာကြောင့် များ ဘဒ္ဒနုဝတီမည်သော တကောင်းပြည့်ရှင် သတိုးဆွေ၏ရင်နှစ်သည်းခြာသည် ထူးထူးခြားခြား မျိုးမတူ၊ ဇာတ်ခြားသည့် . နဂါးမင်းရေနတ်သားကိုမှ မေတ္တာမျှပါသလဲ ။
တစ်ခုတော့လည်း စဉ်းစားစရာ ကျေးဇူးတင်စရာ ဖြစ် ပါ ခဲ့၏။ ဘဒ္ဒနုဝတီ ရေနတ်နဂါးကို မေတ္တာမျှသူဟု ပြစ်တင်ပြောဆိုစရာမရှိ။ ကျေးဇူးတရားကို ရှာကြံတွေးသည်ရှိသော် ဘဒ္ဒနုဝတီသည် ရေနတ်သားနွယ်ဝင်ကို မေတ္တာမျှခဲ့သော အကြောင်းကြောင့် အာဇာနည် သူရဲကောင်းကြီး မောင်ပေါက်ကျိုင်း ဗမာ့ရာဇဝင်တွင် တခမ်းတနား ပါဝင်ခဲ့ရသော အကျိုး တရားသည် ဖြစ်ပေါ်လာရသည် မဟုတ်ပါလော။
ဘဒ္ဒနုဝတီကို ကျေးဇူးတင်ရပေဦးမည်။ ထပ်ခါထပ်ခါ ကျေးဇူးတင်စရာတွေ များလှချေ၏တကား။
သူ၏အချစ်ဇာတ်လမ်းကြောင့် မြန်မာ့စာပေတွင်လည်း ယခုထိ ချစ်ဖွယ်ကောင်းသော စကားထာသည်လည်း ကျန်ရစ် ခဲ့ရ၏။
“ထောင်ပေးလို့ချုပ်
ရာပေးလို့ဆုတ်
ချစ်တဲ့သူအရိုး၊ ဆံထိုးလုပ်”
ထိုစကားထာသည် အမှတ်မထင် ဖတ်သွားလျှင် ဆို သွားလျှင် ဘာမှမဟုတ်သလိုလိုနှင့် တကယ် လေးလေးနက် နက်တွေးကြည့်သောအခါ အချစ်၏နက်ရှိုင်းကျယ်ပြန့်ခြင်းကို ညွှန်ပြပြောဆိုခဲ့၏။
မှန်၏။ ဤနေရာ၌ ဘဒ္ဒနုဝတီသည် ချစ်ဦးသူရေနတ် နဂါးအပေါ်၌ အချစ်မေတ္တာ မည်မျှနက်နဲ၍ သစ္စာရှိခဲ့သည်ကို ဖော်ပြခဲ့ပြန်၏။ ရေနတ်နဂါးသည် အာဇာနည်သူရဲကောင်းမောင်ပေါက်ကျိုင်းနှင့် ယှဉ်ပြိုင်တိုက်ပွဲ ဆင်နွှဲခဲ့ကြရာတွင် မောင်ပေါက်ကျိုင်းသည် ဇွဲ ဝီရိယနှင့်ဉာဏ်သာခဲ့၍ နဂါးနိုင် မင်းဘွဲ့ကို ရရုံမက ဘဒ္ဒနုဝကို အပိုင်သိမ်းခဲ့နိုင်၏။
' သို့သော် ဘဒ္ဒနုဝတီသည် ခန္ဓာကိုယ်နှင့်ထီးနန်းကို မောင်ပေါက်ကျိုင်းအား ပေးအပ်ခဲ့ပါသော်လည်း ချစ်ဦးသူအပေါ် ထားခဲ့သည့် ကတိသစ္စာတရားကို ကွယ်လွန်သူချစ်ဦးသူ၏အရေ ကို ဝတ်ရုံလွှာအဖြစ် ချုပ်လုပ်၍ အထိမ်းအမှတ် ထားခဲ့ရုံမက ချစ်ဦးသူ၏ အရိုးကို အမြတ်တနိုး ဆံထိုးလုပ်၍ ပန်ဆင်ခဲ့ခြင်း ဖြင့်ပြခဲ့၏။
တော်လှပါပေ၏။ ဘဒ္ဒနုဝတီကို လေးစားထိုက်ပါ၏။ သို့သော် ရာဇဝင်ဆရာ၊ သို့မဟုတ် သမိုင်းသုတေသီတို့သည် ဘဒ္ဒနုဝတီ မောင်ပေါက်ကျိုင်း၏မိဖုရားအဖြစ်သို့ ရောက်ပြီး သည့်နောက် ချစ်ဦးသူနဂါးမင်း၏ အရေဖြင့် ချုပ်လုပ်သော ဝတ်ရုံလွှာကို မင်းခမ်းမင်းနားတို့၏ ဆင်ယင်ခွင့်၊ ချစ်ဦးသူ အရိုးဖြင့် လုပ်ခဲ့သော ဆံထိုးကို မြကေသာဆံထုံးတွင် ဆက် လက်ပန်ဆင်ခွင့် ပြုခဲ့သည် မပြုခဲ့သည်ကို တစ်စုံတစ်ရာ ဖော်ပြရေးသားခြင်း မပြုခဲ့ပေ။
တကောင်းမြို့ဟောင်းတစ်နေရာတွင် ဘဒ္ဒနုဝတီ၏ ဆံထိုးလေးများ ကျန်ကောင်းကျန်ရာ တစ်နေရာရာ မြေအောက် လွှာတွင် တူးဖော်၍များ ရရှိခဲ့ပါလျှင် ဘယ်လောက်များကောင်း လေမလဲ။
ဤကား သတိုးဆွေမင်း၏ သမီးတော် ဘဒ္ဒနုဝတီ။ နဂါးမင်း၏ ချစ်ဦးသူ ဘဒ္ဒနုဝတီ။
မင်းရာဇာ အာဇာနည် မောင်ပေါက်ကျိုင်း၏ အဂ္ဂ မဟေသီ ဘဒ္ဒနုဝတီ၊
ယခု ၂၀ ရာစုနှစ်တွင် ဘဒ္ဒနုဝတီသည် ကောက်ကာ ငင်ကာ ပေါ်လာ၏။
နဂါးမင်း၏အရိုးကို ကောင်းမြို့ဟောင်းတွင်ရှာဖွေ၍ မတွေ့သော်လည်း လက်ရှိ ၂၀ ရာစုနှစ် စာပေခေတ်တွင် ဘဒ္ဒနုဝတီကို ပြန်လည်တွေ့ရှိကြရ၏။
ယခုတွေ့ရှိသူကား “ဘဒ္ဒနုဝတီ'ကလောင်ဘွဲ့ခံ စာရေး ဆရာအဖြစ် ပေါ်လာခဲ့ခြင်းဖြစ်၏။ ဤကလောင်အမည်ကို ခံယူရမှန်း မည်သူမျှ စိတ်ကူးမထည့်မိခင် မြန်မာစာပေတွင် ကလောင်အမည်ကို ဘဒ္ဒနုဝတီဟု ယူရန်မှည့်ခေါ်ရန် စိတ်ကူး ရသည်ဆိုကတည်းက စိတ်ကူးစိတ်သန်း မညံ့သော စာရေး ဆရာတစ်ဦးဖြစ်သည်ဟု ဆိုရပေမည်။
နေ့စဉ်သတင်းစာများတွင် ဝတ္ထုစာအုပ်အမျိုးမျိုး၊ နိုင်ငံရေး၊ ဘာသာရေး၊ ရယ်ရွှင်ဖွယ် ကာတွန်း ကဗျာစာအုပ် အမျိုးမျိုး၊ ကြော်ငြာများကို သတင်းစာ (၂)မျက်နှာ အပြည့်နီး နီးတွေ့ရ၏။ ဘာကြောင့်မှန်းမသိ စာအုပ်အမည်က နှမ်းစေ့လောက်ပင်မရှိ။ ၁၄ ပွိုင့်လောက်ပင်မကြီး၍ ထင်ထင်ရှားရှားမတွေ့ပါသော်လည်း စာရေးသူ၏ကလောင်အမည်များမှာ လက်မလောက် ဆီးကင်းလောက် စာလုံးကြီးများနှင့် ဖော်ပြ ကြ၏။
စာအုပ်အမည်လေလား၊ စာရေးသူ၏ ကလောင် အမည်လေလား၊ သတင်းစာဖတ်သူတွင် မနည်းတွေးယူရ၏။ ၂၀-ရာစုနှစ်၏ စာပေလှုပ်ရှားပုံ ထူးခြားချက်ပါတကား။
ဤမည်သော ကလောင်အမည်များ ကြားတွင် ဘဒ္ဒနုဝတီ ကလောင်အမည် စာရေးဆရာသည်လည်း တခမ်း တနားပါဝင်ခဲ့၏။
အလွန်ချစ်ဖွယ်ကောင်း၍ လှပသောကလောင်အမည် ဖြစ်၍ တချို့စာရေးဆရာများသည် ဤကဲ့သို့ကလောင်အမည် ကို မယူခဲ့မိသည်ကိုပင် ဝမ်းနည်းကြေကွဲမိ၏။ သူတို့ကိုယ်သူ တို့ အပြစ်တင်မိ၏။
ဘဒ္ဒနုဝတီအကြောင်း တဖြည်းဖြည်း သိလာကြသည် ကတော့ ဘဒ္ဒနုဝတီသည် အမျိုးသမီး စာရေးဆရာဖြစ်သည်သာမက အပျိုကြီးတစ်ယောက်ဖြစ်သည်ကို သိရှိလာကြသည်။ ဘဒ္ဒနုဝတီအပေါ် အလွန်စိတ်ဝင်စားသူကတော့ မောင်ပေါက်ကျိုင်း။
မောင်ပေါက်ကျိုင်းသည် နဂါးနိုင်မင်းတော့ မဟုတ် သေး။ သူသည် ဘဒ္ဒနုဝတီ၏ စာပေအရည်အသွေးရော၊ သူ၏ရုပ်ရည်ရော၊ သူမသိ မမြင်ဘူးသော်လည်း ဘဒ္ဒနုဟူသော ကလောင်အမည်ကို သတင်းစာကြော်ငြာတွင်မြင်ရုံ နှင့်မေတ္တာ တိမ်းညွှတ်ခဲ့သည်။ စိတ်ဝင်စားနေခဲ့သည်ဆိုလျှင် မမှားပါပေ။
အကယ်၍များ ဘဒ္ဒနုဝတီကို စာပေနယ် တစ်နေရာ တွင် တွေ့ရှိရပါက ရာဇဝင်ဆန်ဆန်ချစ်စကားကိုလည်း ဖွဲ့နွဲ့၍ ပြောလိုက်ဦးမည်။
အို စိတ်ကူးဆိုသည်မှာ ဘယ်သူမှ တားမြစ်၍ ရစကောင်းသည်ဟု မဆိုသာ။ စိတ်သည် လက်ဖျစ်တစ်တွက် လျှပ်တစ်ပြက်အတွင်း ကုဋေကုဋာမကသော အကြောင်းအရာ တို့ကို ဖန်ဆင်းတွေးတောရုံမျှမက မည်မျှဝေးလံသည်ဖြစ်စေ စကြဝဠာအနန္တကို ပြေးလွှားနိုင်ခဲ့သည်ဟု မြတ်စွာဘုရား ကိုယ် တိုင်ဖွင့်ဟမိန့်ကြားခဲ့၏။ စိတ်၏ပြေးလွှားသော စွမ်းအားကို သာမန်ပုထုဇဉ်တိုင်းလိုလို သိ၏။
စိတ်တစ်ခုပေါ်လာ၍ ချုပ်သွားပြီးမှ နောက်တစ်ဖန် စိတ်သစ်တစ်ခု ပေါ်လာသည်ဟူသော စိတ်၏သတ္တိသဘော ကိုမူ အရိယာမျက်စိနှင့်မှ မြင်နိုင်၏။
မောင်ပေါက်ကျိုင်သည် အရိယာမဟုတ်သေး။ လော လောဆယ်အားဖြင့် စိတ်၏နယ်ပယ်တွင် ပါဝင်လှုပ်ရှားနေသော စာရေးဆရာတစ်ယောက်ပင်ဖြစ်၏။
“ပြောကိုပြောလိုက်မှာပဲ၊ တကယ့်ကိုပြောမှာပဲ၊ သူလဲ စာရေးဆရာမတစ်ယောက်ပဲ စာပေသမိုင်းရော၊ လူ့သမိုင်းရောမွှေနှောက်ချောက်ချားနိုင်သူ မဟုတ်ဘူးဘဲ ထားဦးတော့ မြန်မာ အစ တကောင်းကဟူသော သမိုင်းကို လက်ခံသက်ဝင်နားလည် ၍သာ ဘဒ္ဒနုဝတီအမည်ကို ကလောင်အမည်အဖြစ် ယူခဲ့သူ ဖြစ်ပေမည်" ဟု မောင်ပေါက်ကျိုင်းက တွေး၏။ . သူကလည်း ခေသူမဟုတ်ပါ။
“မောင်တို့ဆို ဘယ်နယ်သားလဲ” ဟု ဒိုးပတ်ဝိုင်း အမေးနှင့် မေးလျှင်တောင် -
“မောင်တို့ဆို တကောင်းနယ်သားပဲ" ဟု ဖြေနိုင် သည့်သူဖြစ်သည်။ မှန်၏။ သူသည် တကောင်းမြို့သားဖြစ်၏။
“အမှန်တော့ တကောင်းကမြစ်ရေယဉ်ဟာ တသွင် သွင်စီးဆင်းလာပြီး ဧရာဝတီမြစ်ဝ သရေခေတ္တရာမြို့တော်၊ ရှေးခေတ်ပင်လယ်ဝမှာ စိမ့်ဝင်ပျောက်ကွယ်သွားသလို မောင့် မေတ္တာရေယဉ်ဟာ ဘဒ္ဒနုဝတီ၏နှလုံးသား အဏ္ဏဝါတွင် စိမ့်ဝင် ပူးပေါင်းသွားပါပြီ”ဟု စာရေးဆရာ ရည်းစားစကားပြောနည်း မျိုးပြောမည်။ ဘယ်နည်းနှင့်မဆို မဟောသဓာ လက်သီးဆုပ် ပြရုံနှင့် အမရာက လက်ဝါးဖြန့်ပြလိုက်သည်။ အို ပညာရှင် အချင်းချင်းကတော့ အမူအရာလောက်နှင့် အားလုံးသိပြီးသား ပေပဲ။
စာရေးဆရာဆိုတာကတော့ ပါးစပ်က ဖွင့်ဟ၍ ၏ တကယ်ပြောပြော မပြောပြော၊ စာရေးသည့် အထဲတွင်တော့ ပြောမှာပဲ၊ ဇာတ်က,ရာတွင်တောင်း လူက,တော့လည်း အရုပ်ကလေးလိုပဲ ကြိုးကိုကျလို့ဟု ချီးမွမ်းသည်။ ရုပ်သေးကျတော့ လည်း “အို-ကပြလိုက်တာမှ လူလိုပဲ”ဟု ချီးကျူးရသေးသည်။
ယခုလည်း အပြင်မှာ လူတွေစကားပြောပုံနှင့် မတူ ဘူး။ သဘာဝမကျဘူးဟု ဘယ်သူကပဲ ဝေဖန်ဝေဖန် သူသည် သူ၏ချစ်မေတ္တာကို ဖွင့်ဆိုရာ၌ ရာဇဝင်တွေ သမိုင်းတွေနှင့် ချီ၍ကိုပြောမည်။
တကယ်တွေးကြည့်တော့လည်း မောင်ပေါက်ကျိုင်း၏ အချစ်အဖွင့်၌ သမိုင်းရာဇဝင် ချီလောက်သည့် အဖြစ်ပေပဲ မဟုတ်လား။
“ကျွန်တော် မွေးရပ်မြေဟာ တကောင်းပါပဲ။ တကောင်း ပြည်သူ ဘဒ္ဒနုဝတီကရီနဲ့ မောင်ပေါက်ကျိုင်းအကြောင်း ဆက်မိလို့ သူတို့အဆက်အနွယ်တွေဟာ သရေခေတ္တရာ ခေတ် တစ်ခေတ်ကို မြန်မာ့သမိုင်းဦး ရာဇဝင်မှာ ပုဂံခေတ်ထက်စောပြီး တည်ထောင်ခဲ့တာပါ”ဟု သမိုင်းဆန်ဆန် မေတ္တာစကား (ဝါ)ရည်းစားစကား အဖွင့်ကို ဆိုလိုက်ရုံနှင့် ဘဒ္ဒနုဝတီသည် ချက်ဆိုနားခွက်က မီးတောက်ပေတော့မည်။
ဘဒ္ဒနုဝတီဘက်ကတော့ ဘယ်လိုမှန်းမသိ သူ့ဘက်က စွေဖြိုးရမည့် မေတ္တာမိုးသည် ရွာရန် ၉၉ ရာခိုင်နှုန်း သေချာ နေပေသည်။
တစ်ခါတစ်ရံတော့ မောင်ပေါက်ကျိုင်းသည် စိတ်အားငယ်သွားတတ်၏။ အကယ်၍များ နဖူးတွေ့ဒူးတွေ့ ဘဒ္ဒနုဝတီ နှင့် တေ့တေ့ဆိုင်ဆိုင် တွေ့တောင်မှ -
“ရှင့်လို အိုးသည် မောင်ပေါက်ကျိုင်းကို ကျွန်မလို မဟေသီနွယ်ဝင် ဘဒ္ဒနုဝတီက မေတ္တာမျှရမှာတဲ့လား”ဟုဆို လိုက်လျှင် ဘယ်လိုဖြေရပါ့။
ဟုတ်၏။ ပုဂံသည် ရှေးမင်းနေပြည်တော် တစ်ခေတ် ဖြစ်စဉ်က သာသနာရေးထွန်းကားပုံ၊ လူမှုရေးကြွယ်ဝပုံ၊ အတွေးအခေါ် ရင့်သန်ကြေညက်ပုံ၊ ပုဂံသားအာဇာနည်တို့၏ သတ္တိရှိပုံကို အထောက်အထား ညွှန်ပြစရာ စေတီပုထိုး၊ကျောက်စာတိုင်တို့ဖြင့်“ပုဂံခေတ်ဟေ့”ဟု ဟစ်အော်ကြွေးကြော် နိုင်လောက်အောင် ပုဂံသားတို့ ကြိုးပမ်းခဲ့ကြ၏။
သူ့မှာတော့ တကောင်းသား အထောက်အထားပြစရာ မရှိ၊ တကောင်းက ရေအိုးများ၊ ရေထည့်သောက်လျှင် အလွန် အေးပါသည်ဟု ပြောစရာကလွဲ၍ စာဖွဲ့စရာမရှိ၊ အထောက် အထားပြစရာမရှိခဲ့၊ သူ့အမေသည် အိုးထိန်းသည် ဖြစ်၏။ သို့သော် အမေက ဘယ်တုန်းက ဘယ်စာတွေဖတ်ထားမှန်း မသိ။ သူရန်ကုန်ကို ဆင်းလာမည်လုပ်တော့ သူ့ကိုတား၏။
“ဘာကိစ္စသွားရမှာလဲ၊ ကိုယ့်အိုးဖုတ်လုပ်ငန်း ကိုယ့် ဟာကိုယ် ဦးစီးလုပ်နေရင်ကောင်းသား”ဟု အမေကပြော၏။ "
“အမေကလဲ စာရေးဆရာဖြစ်ချင်လို့ပေါ့” ဟု သူကဖြေ၏။