Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ခင်နှင်းယု - နှင်းဆီမွေ့ရာ၀ထ္ထုတိုများ

Regular price 5,500 MMK
Regular price Sale price 5,500 MMK
Sale Sold out

ခန္ဓာနှင့်အာရုံ

          မရွှေဇင်သည် ဘုရားသခင်ကိုပင် ကျေးဇူးတင်ရမည်လော၊ ကံတရား ကိုပင် ကျေးဇူးတင်ရမည်လော မဝေခွဲနိုင်။ သို့သော် ထိုအိမ်ကြီးကို ရောက်လာ သည်မှာ သူအလွန်ကံကောင်းလာပြီဟု ထင်မြင်ယူဆရပေမည်။

          အိမ်ရှင်မှာ မစ္စတာဗျူး ဖြစ်သည်။ လျူ၏ ဇနီးကလည်း ချောမွေ့ လှပသူ ဖြစ်လေသည်။

          ရွှေဇင်သည် အိမ်အခန်းတိုင်းကို ရောက်၏။ အိမ်၏ရနံ့သည် သင်းပျံ့ နေသည်။ အခန်းတိုင်းရှိ ပန်းအိုးငယ်များမှာ ပန်းပွင့်များကပင်လော၊ အမွှေး တိုင်ကပင်လော တွေးဆ၍ မတတ်ပေ။ ရနံ့များသည် အိမ်သားများ၏ စိတ်ကို အားတက်ရွှင်လန်းစေပေသည်။

          လျူ၏အခန်းကို သွားရာတွင် ကြမ်းပြင်ထက်ရှိ ကော်ဇော်မှာ ကတ္တီပါ မွှေးလို နူးညံ့သည်။ ရွှေဇင်သည် ခြေထောက်အရာရှိတိုင်း ကော်ဇောကို ပွတ် တိုက်၍ လျှောက်၏။ နံရံများသည် အဝါနုရောင်ဖြစ်သည်။ မရွှေဇင်၏ စိတ်ကူး ထဲတွင် အကယ်၍ သူသာ အိမ်ရှင်ဖြစ်လျှင်တော့ အခန်းနံရံများကို ခိုဥရောင် သုတ်မည်။ မီးလုံးများကလည်း အပြာနုနုကလေးဆိုလျှင် အိမ်ခန်းသည် ဘယ်လောက် အေးချမ်းနေမည်နည်း။ ဒါပေမဲ့ သူ့သခင်များသည် တရုတ်ဖြစ်၍ ပန်းရောင်နှင့် အဝါကိုသာ အသုံးများကြသည်။

          သူသည် ပျူတို့ ဇနီးမောင်နှံအတွက်သာ အစေအပါး ဖြစ်၏။ တစ်အိမ်လုံး၏ အစေခံထဲတွင် သူ အသက်သာဆုံး ဖြစ်ပေသည်။ လျူးတို့ ထမင်းစားခန်းတွင် သူသည် အပါးမှ ထိုင်ရုံပဲ ထိုင်နေရသည်။ တစ်ခါတစ်ရံတစ်ကောင်စ နှစ်ကောင်စ ဝင်လာသော ပိုးကောင်နှင့် ယင်ကောင်တို့ကို ညင်သာစွာ ယပ်ပေးရသည်။

          နံရံတွင်ကပ်ထားသော မီးပုံးအိမ်များသည် ပန်းရောင်ဖြစ်၍ မီးရောင် ကလည်း နှင်းဆီပန်းရောင်သွေးလို လင်းနေသည်။ ထမင်းစားပွဲဘေးရှိ မှန်ဗီရို အနိမ့်ပေါ်တွင် ပန်းသီးနှင့် စပျစ်သီးတို့၏ရနံ့ကလည်း ချိုချိုလေး သင်းနေသည်။

          လျူး၏ဇနီး ထမင်းစားပြီးလျှင် သူသည် လက်ဆေးခွက်ထဲ အော်ဒီ ကလုံး ၃ စက်၊ ၄ စက်ခန့် ထည့်ပေးရသည်။

          ရွှေဇင်အဖို့ အားလုံး အံ့သြစရာကောင်းနေသည်။ နေ့နေ့ညည အစဉ်လိုပင် သက်သောင့်သက်သာ ရှိလှပါတကား။

          ညနေစောင်းလျှင်တော့ ရေခဲစိမ်ထားသော စတော်ဘယ်ရီသီးများ (နက်စ်) နို့နှစ်မလိုင်များ ရော၍မွှေပြီး ဖန်ပန်းကန်နှင့် အဆင့်သင့် ထည့်ပြီးသားကို ရွှေဇင်က ယူသွားရသည်။

          ပျူတို့ဇနီးမောင်နှံသည် အိမ်နောက်ဘက်ခြံထဲရှိ မြက်ခင်းပေါ်တွင် ကြိမ်ကုလားထိုင်များနှင့် အေးချမ်းစွာ ထိုင်နေကြသည်။ အင်းလျားရေပြင်ပေါ် မှ ဖြတ်သန်းလာသော လေအေးကလည်း ရွှင်လန်းစရာ ကောင်းလှသည်။

          ရွှေဇင်သည် သစ်သီးပန်းကန်ကို အလယ်စားပွဲပေါ် ချပေးလိုက်သည်။ ပြီးလျှင် ပန်းကန်ငယ်များနှင့် သူ့သခင်များသို့ ထည့်ပေးလိုက်၏။ ကန်စောင်း ကို နောက်ခိုင်းထားသော အိမ်ကြီးမှာ ယခုလို ကြည့်ရတော့လည်း အနောက် နေခြည်များထဲတွင် လှပ၍ နေပေသည်။

          သူနင်းထားသော မြက်ခင်းကို ရွှေဇင်က အရသာခံကြည့်နေပြန်သည်။ “မြက်တွေကလည်း နူးညံ့နေတာပဲ”

          သူသည် စိတ်ထဲမှ စကားပြောနေမိ၏။ ယမန်နေ့ကမှ ဖြတ်ပြီးစဖြစ်၍ မြက်များကလည်း စိမ်း၍ ညီနေသည်။ ။

          ရွှေဇင်သည် အနားတွင်ရပ်ရင်း အင်းလျားကန်ဘက်သို့ မျှော်ကြည့်နေ၏။

          ရွက်ဖြူများသည် ကန်ရေပြင်တွင် ညင်သာစွာ ရွေ့လျားနေသည်။ ရေ သည် ပြာ၍ ကမ်းစပ်က စိမ်းသည်။ တစ်ချက်တစ်ချက်တွင် နေခြည်က စိမ်း ရောင် လက်သွားပြန်သည်။ မျက်လုံးကိုမှိတ်၍ ရွှေဇင်သည် ခဏမျှ မှိန်းနေ လိုက်သည်။

          နှင်းဆီမွေ့ရာ နှင့် အခြားဝတ္ထုတိုများ

          မနက်တိုင်းတွင် ရွှေဇင်သည် ပျူးနှင့် သူ့ဇနီးအခန်းသို့ အစောဆုံး သွားရသည်။ ပျူတို့သည် အမေရိကန်ဆန်သော တရုတ်များဖြစ်၍ တစ်ခန်းစီ အိပ်ကြသည်။

          ကွေကာအုပ်နှင့် နို့ကျိုထားသော ပူပူနွေးနွေး ၂ ပန်းကန်ကို လျူးတို့ အိပ်ခန်းများသို့ အမြဲတန်း သွား၍ ပို့ရသည်။

          သူသည် ပင်ပင်ပန်းပန်း ဘာကိုမျှမလုပ်ရဘဲ အစဉ် သပ်သပ်ရပ်ရပ် နေရသည်။ ထို့ကြောင့် ရွှေဇင်သည် ကြာလေလေ လှပချောမွေ့ လာလေသည်။

          နံနက်တွင် လေများကလည်း လန်းဆတ်နေသည်။ သူသည် ကွေကွာအုပ် ပန်းကန်ကို စားပွဲပေါ်ချ၍ လျူအိပ်ခန်းမှ နောက်ဘက်ပြတင်းကို ဖွင့်လိုက်၏။ အင်းလျားရေပြင်ပေါ်မှ လေတို့သည် ပြတင်းမှ ဖြတ်ဝင်လာကြသည်။

          “အေးဟေ့ ကောင်းလိုက်တဲ့ လေအေးပဲ”

          လျူသည် သဘောကျစွာ ပြောလိုက်၏။ ရွှေဇင်ကမူ ငြိမ်သက်နေသည်။ သူသည် ဝရန်တာသို့ ထွက်၍ အောက်သို့ ငုံ့ကြည့်၏။

          “နှင်းဆီပန်းတွေ ဟယ်”

          ပန်းရောင်စုံများ ပွင့်နေသည်မှာ အပေါ်ကစီးကြည့်မှ သာ၍လှသည်။ သူ့စိတ်ထဲတွင် ထိုအိမ်ပိုင်ရှင်ကြီး ဖြစ်ချင်လာသည်။ ဒါပေမဲ့ ထိုအိမ်ကြီးကိုဆောက်ရသည်မှာ တစ်သိန်းကုန်သည်ဟု သိရသည်။ တစ်သိန်းဆိုသည်မှာ သူနှင့် အလှမ်းကွာလှသည်။ သို့သော် ထိုအိမ်ကြီးရှင်အဖြစ်ကိုတော့ သူ ခံယူ လိုလှသည်။

          ဘယ်လိုနည်းနဲ့များ ထိုအိမ်ကြီးရှင် ဖြစ်ရပါမည်လည်း။ စိတ်ထဲမှ မခွဲ မခွာဘဲ ထိုအိမ်ကြီးတွင် နေထိုင်နိုင်ဖို့ သူသည် ထာဝရ ဆုတောင်းမိ၏။

          ဝရန်တာ အခန်းတွင်းဘက်သို့ လှည့်လိုက်ပြန်၏။ လျူသည် ဖြည်း ဖြည်းပင် ကွေကာအုပ်ကို သောက်နေသည်။ အငွေ့များသည် ပန်းကန်မှ လွန်၍ လျူးမျက်နှာသို့ တိုးကာဟပ်နေသည်။

          ရွှေဇင်သည် စားပွဲနားသို့ ကပ်၍ သွားသည်။ ထုံးစံအတိုင်း အနားတွင် ရပ်၍ စောင့်နေသည်။ အပြင်တွင် နေခြည်များ မြူးစ ပြုလာသည်။

          ပြတင်းမှ နေခြည်များကြောင့် အခန်းနံရံ၏ အဝါရောင်မှာ တောက်ပ နေသည်။ ဈေးသည် ရွှေဇင်မျက်နှာကို ကြည့်၏။

          “မင်းပါးလေးတွေက နှင်းဆီသွေးလိုပဲ”

          ရွှေဇင်သည် ပြုံးရမည်လား၊ ဘာလုပ်ရမည်လား မသိ။ လျူး၏ စကား ကို ကြောင်၍ နားထောင်နေသည်။ ပျူသည် ကုလားထိုင်မှထ၍ ရွှေဇင့်မေးစေ့ ကို ကိုင်ကာ ဆွဲ၍ မျက်နှာကို မော့လိုက်သည်။ ပြီးလျှင် ပါးကို လိမ်လိုက် သည်။ သို့သော် ရွှေဇင် မနာပေ။ သူသည် ငြိမ်၍ နေ၏။ ရင်များက ခုန်၍ လက်များက တုန်နေသည်။

          “ကျွန်မ သွားတော့မယ်”

          ရွှေဇင်သည် ပန်းကန်ကိုယူ၍ အခန်းတွင်းမှ ဖြည်းညှင်းစွာ ထွက်လာ သည်။ စိတ်ထဲတွင် ဘယ်လိုဖြစ်နေမှန်းမသိ။ သူသည် အကယ်၍ ဤအိမ်ကြီး တွင် ထာဝရနေသွားရပါက လျူးအား ပါးကိုသာမက ရွှေရင်ကိုပဲ အပ်ရအပ်ရ သူ ကျေနပ်မိမည် ဖြစ်သည်။

          လျူသည် မစ္စဗျူးနှင့် ညတိုင်း သွားနေကျပွဲနှင့် ဟိုတယ်များသို့ မသွားတော့ပေ။ သူသည် အိမ်၌ ပျော်လာသည်။ ရွှေဇင်နှင့် မြူးနေပေတော့ သည်။

          သူအိမ်၌ ကြာကြာပျော်၍ လာမှုကြောင့် ရွှေဇင်တွင် ပဋိသန္ဓေ ရှိလာ တော့သည်။ ရွှေဇင်သည် သူ့အဖြစ်ကို ဝမ်းနည်းဖို့ သတိမရပေ။ သူသည် ပူပန်ရန်ကိုလည်း ကြိုတင်မတွေးခေါ်မိပေ။

          သို့သော် နောက်ဆုံး ဝမ်းနည်းရတော့သည်။ သူ၏ ဝမ်းနည်းရခြင်းမှာ ကလေးတိတ်တိတ်ပုန်းရှိရ၍ မဟုတ်ပေ။

          ပျူက သူ့ကို တောင်းပန်၏။ ဤအိမ်ကြီးမှ ထွက်ခွာ၍ အဝေးတွင် ကလေးမွေးဖို့ သူ့ကိုတောင်းပန်သည်။ လျူသည် ငွေများများပင် ရွှေဇင်ကို ပေးသည်။ ထိုကဲ့သို့ အိမ်ကြီးကိုခွဲရ၍ သူဝမ်းနည်းခြင်း ဖြစ်ပေသည်။

          ရွှေဇင်သည် မပေါ်သေးသော သူ့သန္ဓေကို အသာဖုံး၍ သူ မက်မောလှ သော အိမ်ကြီးမှ ထွက်ခဲ့သည်။ မစ္စကျူးးကိုမူ ရွှေဇင်မိဘများက လင်ပေးစား လို၍ ရွှေဇင် တောသို့ ပြန်သည်ဟု လျူက အကြောင်းပြလိုက်၏။

          ဒီလိုနှင့်ပင် ရွှေဇင့် ဇာတ်ထုပ်က ပြီးခဲ့ရသည်။ သို့သော် ရွှေဇင်သည် ထိုအိမ်ကြီးကို အိပ်မက်ထဲတွင် တွေ့ရတိုင်း ငိုမိသည်။

          ရွှေဇင်သည်၏ကံအကြောင်းပေတည်း။ သူ့တွင် သားလေး ရလာလေပြီ။ ဈေးသည် ထိုသတင်းကို ကြားကြားချင်း ရွှေဇင့်ဆီသို့ ပြေးလာသည်။ ကလေး ရော၊ ရွှေဇင့်ကိုရော သူ့အိမ်သို့ ခေါ်သွားသည်။ သူ့မိန်းမကို လျူက ပြောပြ ပြန်သည်။

          “ရွှေဇင်ယောက်ျား ဆုံးသွားပြီ၊ တို့များ သူ့သားကလေးကို မွေးစား ရအောင်”

          ပျူး၏သားသည် လျားလိုပင် ဖြူဆွတ်လှပပေသည်။ မစ္စဂျူးသည် ကလေးကို ချစ်၏။ သူတို့သည် ကလေးကို အမွေစား အမွေခံ မွေးရပေမည်။ ယောက်ျားကလေးဆိုသည်မှာ တရုတ်လူမျိုးများအတွက် အဖိုးတန်လှသည်။