Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ခင်နှင်းယု - ထိပ်စုဖုရားမဗျိုင်း

Regular price 8,000 MMK
Regular price Sale price 8,000 MMK
Sale Sold out
( ၁ )
မင်္ဂလာရယ်မှ မဏ္ဍိုင်လေ

          “မောင်ရင်က ဆရာဝန်ကြီး မင်းရွှေဇံနဲ့ ဘာတော်ပါသလဲ”

          ဆင်ဝင်အောက်တွင် သူ့အား အဆင်သင့် ကြိုဆိုနေသော လူကြီး တစ်ယောက်က မေးလိုက်၏။

          “ကျွန်တော့်နာမည်က ဒေါက်တာ မင်းရွှေဇံပါ ခင်ဗျာ” ` မင်းရွှေဇံသည် သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။ ထိုလူကြီးသည် ရိုညွတ်သော အမူအယာသို့ ပြောင်းလိုက်၏။

          “ကျုပ် နာမည်ကတော့ ဦးကျီးမြိုင်တဲ့၊ ဟောဒါက ကျုပ်ဇနီး မအေး မြရယ်။ ကျုပ်တို့ အိမ်ကြီးကို စောင့်ပါတယ်။ လွန်ခဲ့တဲ့အပတ်ကတည်းက ဒေါက်တာ အုန်းမောင်က ပြောထားလို့၊ ဒါပေမဲ့ ဆရာဝန်ကြီး မင်းရွှေဇံ ဆိုတော့ အတော်ပြီ အောက်မေ့နေတာ ... မောင်ရင်က ငယ်ငယ် ရှိသေး တာကိုး။ ကျုပ်စိတ်ထင် ဒေါက်တာ အုန်းမောင်ထက်တောင် ငယ်မည်ထင်တယ်”

          “ဟုတ်ကဲ့ ခင်ဗျာ”

          “ဟောဒီမှာ သော့ပါ။ ကျုပ်တို့ အိမ်ပေါ်ကို လိုက်ပြဖို့ လိုပါသေး သလား”

          “လိုက်ခဲ့ပါ ခင်ဗျာ၊ ကျွန်တော်က တစ်ယောက်တည်းသမားပါ။ ကျွန်တော့်မှာ ကားမောင်းတဲ့ သက်ဖေဆိုတဲ့ တပည့်တစ်ယောက်နဲ့ သူ့ဇနီးပဲ ပါပါတယ်။ မောင်သက်ဖေ မိန်းမက ထမင်းချက်ပါတယ်”

           “ဒီတော့ သူတို့လင်မယား နှစ်ယောက်နေဖို့ နောက်ဖေးတန်းလျားကို ရှင်းပေးရဦးမလား၊ အိမ်ကြီးထဲမှာတော့ အခန်းစုံကို ဟိုအပတ်ကတည်းက ရှင်းထားပါတယ်”

          မင်းရွှေဇံသည် ခေတ္တ စဉ်စားလိုက်၏။

          “မလိုဘူးထင်ပါတယ် ခင်ဗျာ၊ ကျွန်တော်နဲ့အတူ သူတို့ကို အိမ်ထဲ မှာပဲ နေစေချင်ပါတယ်။ သူတို့ ပစ္စည်းတွေနဲ့ ရောက်လာလိမ့်မယ်၊ ဦးကျီး မြိုင်ပဲ သော့ဖွင့်ပြီး လိုက်ပြပါ။ အိမ်က စိမ်းနေသေးတယ်။ ဒေါက်တာ အုန်းမောင်က ကြိုက်တယ်ဆိုတာနဲ့ ကျွန်တော်က ကြိုတင်ပြီး လာမကြည့် တာပါ။ ကျွန်တော့် စိတ်ကြိုက်ထက်တောင် အိမ်ကြီးက ကျယ်ဝန်းနေ သေးတယ်။ အပြင်က မြင်ရတာနဲ့တောင် ကျွန်တော် အိမ်ကြီးကို သဘော ကျနေပါတယ် ခင်ဗျာ”

          ဦးကျီးမြိုင်သည် ရှေ့မှတံခါးဖွင့်၍ အောက်ထပ်ကို အရင်ပြ၏။ အောက်ထပ်တွင် ဧည့်ခန်း၊ ထမင်းစားခန်းနှင့် အိပ်ခန်းနှစ်ခု။ အုတ်တိုက် ခံထားသော်လည်း ကြမ်းများကို ရှာထိုး၊ ပျဉ်များခင်းထား၏။ အပေါ်ထပ် တွင် ပျဉ်ထောင်ကာ၍ အုတ်ကျွတ်မိုးထား၏။ သို့သော် ကျွန်းသားများဖြင့် ထာဝရ မွမ်းမံ ပြင်ဆင်ထားပုံရ၏။ ဆွေးမြေ့ ဟောင်းနွမ်းနေသောနေရာ ဟူ၍ တစ်ကွက်မှမရှိပေ။ အပေါ်ထပ်တွင် ရှေ့မျက်နှာ ဆင်ဝင်ခန်းမ အကျယ်ကြီးနှင့် သုံးဖက်ပတ်လည်ရှိ အိပ်ခန်းလေးခန်းများ ဘေးတွင် ဝရန်တာများ ခပ်ကျယ်ကျယ်ထုတ်ထား၏။ ရုတ်တရက်ကြည့်လျှင် အိမ်ပုံစံ မှာ ရှေးသူဌေးအိမ်များဆန်ဆန် ရိုးလှ၏။ သို့သော် သီးသန့်ရေချိုးခန်း၊ ရေဆွဲအိမ်သာများနှင့် အထဲတွင် အခန်းဖွဲ့ ပုံမှာ ခေတ်မီ သပ်ယပ်သန့်ရှင်းလှသည်။

          “ပထမနေသွားတဲ့လူတွေက အိမ်သား အတော်များတယ် ထင် တယ်”

          သူသည် ရှေ့ဘက်ဆင်ဝင်ခန်းမကြီး၏ မှန်ပြတင်းကို ဖွင့်ရင်း မေး လိုက်သည်။

          “သော် အိမ်ငှားတွေ မဟုတ်ပါဘူး၊ ကျုပ်တို့သူဌေးမကြီး ကိုယ်တိုင် နေတယ်။ တစ်ယောက်တည်းပါ”

          “ ဒါလောက်အိမ်ကျယ်ကြီးထဲမှာ သူတစ်ယောက်တည်းနေတယ်”

          ထိပ်စုဖုရား မဗျိုင်း

          မင်းရွှေဇံသည် တအံ့တသြမေးလိုက်သည်။

          “ဒီလိုပါ မောင်ရင်၊ သူတို့ဘိုးဘွားမိဘတွေလက်ထက်ကတော့ အိမ်နဲ့ လူနဲ့တစ်လုံးပေါ့ ။ ခုတော့ သူ့အပါးမှာ သူ့ကိုပြုစုဖို့ သူနာပြုဆရာမလေး တစ်ယောက်ထားတယ်။ ထမင်းချက်တဲ့သူငယ်မနဲ့ အိမ်မှာသန့်ရှင်းဖို့ သူငယ်မလေးကတော့ အောက်ထပ်မှာနေပါတယ်။ ကားမောင်းတဲ့ ကုလား လင်မယား မိသားစုကတော့ ကျုပ်တို့နဲ့ အတူနေပါတယ်။ ဟိုဒင်းပါ ဒီအိမ်ကို အကြောင်းတစ်ခုခုကြောင့် သူ မနေတာပါ ငှားစားဖို့ မရည်ရွယ် ပါဘူး”

          “ဟုတ်ကဲ့”

          “မောင်ရင့်ဆီကရတဲ့ လခကလည်း ဒီအိမ်ကြီးကို မွမ်းမံပြုပြင်ဖို့ပဲ”

          ဦးကျီးမြိုင်ပြောပုံက သူ၏အိမ်ရှင်သည် ဤအိမ်ကြီးကို ငှားစားရ သည့်အဖြစ်ထိ စီးပွားရေး ယိမ်းယိုင်ခြင်းမရှိကြောင်းကို တစ်စွန်းတစ်စ ဖော်ပြလျက်ရှိ၏။

          “ဟုတ်မှာပေါ့ ဗျာ၊ ခုနေခါ အိမ်ဈေးတွေကလည်း ကောင်း၊ ခုလို ရှေ့က မျက်ခင်းကျယ်ကြီးတွေနဲ့ လမ်းမပေါ်မှာ ခြံကျယ်ကြီးနဲ့ အိမ်ကြီးတွေ ဆို သံရုံးငှားစားဦးတော့ တစ်လနှစ်ထောင်တော့ အေးအေးလေးပဲ”

          သူသည် ပြတင်းမှ မြင်ရသော မြက်ခင်းစိမ်းပျံ့ပျံ့ကြီးကို မျှော်ကြည့် ရင်း ပြောလိုက်၏။

          “မှန်ပါတယ် ခင်ဗျာ၊ ဆရာ့ကို ကျုပ် တစ်ခုပဲ တောင်းပန်ရမယ်။ မြက်ခင်းကတော့ ကျယ်ကျယ်ပျံ့ပျံ့မို့ ကြိုက်မှာပဲ။ ဒီမြက်ခင်းခေါင်းရင်း ဘက်က ဟိုဘက်ခြံနား ကပ်နေတဲ့နေရာမှာ နှစ်ယောက်ထိုင်ခုံတန်းဖြူလေး တွေ့ လား”

          ဦးကျီးမြိုင်သည် သစ်သားခုံတန်းလျားကိုလက်ညှိုးညွန်ပြ၏။

           “ဟုတ်ကဲ့ တွေ့ပါတယ်”