Skip to product information
1 of 2

Other Websites

ခင်နှင်းယု - ချစ်လှချည်ရဲ့

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ချစ်လှချည်ရဲ့

ကျွန်မတို့ အမျိုးများသည် သာကီဝင်မျိုးတွေဆိုလျှင် မှားမည် မဟုတ်ပေ၊ အ မျိုးတွေလည်း တပြုံကြီး ဖြစ်သည်။

ဘက်မောင်နှင့် ဒီဘက်မောင်နှမ လက်ထပ်ကြီး ညီအစ် ကိုနှစ်ယောက်လုံးကပင် တူမနှင့် အဒေါ်ကို ယူချင်လည်း ကြသည်။ ယောက်ျားဘက်က အမျိုးများနှင့် မိန်းမဖက်က အမျိုးများသည် ဆက်၍ဆက်၍ ဖလှယ်ယူနေ ကြသောအခါ ကျွန်မတို့အမျိုးများသည် နှစ်ထပ်ကွမ်း သုံးထပ်ကွမ်း ရံဖန်ရံခါ နှစ်ဘက်တော်တော်ကြလေသည်။

ကျွန်မကိုယ်တိုင်ကပင် အမျိုးများကို အမျိုးမစပ်တက် တော့ပေ။ ဒီအသိုက်အမြုံ ထဲရောက်လာ၍ အမျိုးဟု ဆိုလျှင် တော်ပစ်လိုက်ပေသည်။ ဇစ်ဇစ်မြစ်မြစ်ကိုတော့ဖြင့် အရည်အဝေးကြီး လိုက်စစ်မနေတော့ပေ။

စစ်ရန်ကလည်း ခက် ဘီတောင်း၊‌ယောက်ကျ်ားတစ်ယောက်ဆိုပေမယ့် ဦးလေး တော်ချင်လည်းတော်နေသည်။အစ်ကိုတော်ချင်လည်း တော်နေ သည်။ ကျွန်မသည် ဘယ်တော့ မှ ဆွေမျိုးရေးနှင့် ခေါင်းရှုပ်မခံပေ။ ဆွေမျိုးများသည် ဆိုသည်မှာ အင်အားတောင့်တင်း၍ ကောင်းမွန်သလောက် စကား ရှပ်လှသည်။ ကျွန်မကလည်း ထွေလာ-ကေလာ ရှပ်ရှပ် ယှက်ယှက်တွေကို ကြိုက်လည်းမကြိုက်၊ ရှင်းလည်းမရှင်းတတ်။

ဆွေမျိုးထဲက တစ်ယောက်ယောက် စကားလှုပ်လာ၍ အမှုပွေလာလျှင် ကျွန်မဆီ မလာနှင့်တော့၊ အကယ်၍ ရောက် လာပါလျှင် ပို၍ ရုပ်က ထသက်ကြသည့်အဖြစ်သို့ ရောက်မည် ဖြစ်သည်။

ယခုလည်း ကိုကိုမောင်ကို ဘာတော်လဲဟုမေးလျှင် အစ်ကိုတော်ကြောင်းသာ သိလေသည်။ ဘယ်လိုစပ်၍ ဘယ် နှစ်ဝမ်းကွဲ တော်မှန်းတော့ မသိပေ။

ကိုကိုမောင့်အမေက ဆွေမျိုးစုထဲတွင် အသက်လည်း ကြီးသည်၊ ငွေကြေးလည်း ချမ်းသာလှသည်။ ဩဇာတံက္ကမ လည်း ဆွေမျိုးများအပေါ်တွင် လွှမ်းမိုးနေသူ ဖြစ်လေသည်း အားလုံးကပင် မေမေကြီးဟူ၍ ခေါ်ကြသည်။

မေမေကြီးဆိုလျှင် ဆွေစုမျိုးစုတို့သည် မီးသေကြသည်။ ယခုလည်း မေမေကြီး၏ ညွှန်ကြားချက်အရ မြစ်ဝကျွန်းပေါ် ဒေသတွင် ပြန့်ကျဲနေသော ကျွန်မတို့ အမျိုးတစ်သိုက်သည် ရန်ကုန်မြို့ကြီးသို့' ပြောင်းရွှေ့လာကြသည်။

ယခုမင်းပေါင်းဆုံ၍ ဆွေမျိုးစုံကြသောအခါ ပြဿနာများသည် ရှပ်၍လာကြသည်။

“ဘယ်သူက ဘယ်သူ့ကို ဘယ်လိုပြောပြန်ပြီ ။

"ဘယ်သူ လင်ယူမဲ့ဟာကို ဘယ်ဝှာက ဘာပြောပြန်ပြီ  နှင့် အတိုင်အတော ထူလိုက်ကြသည်မှာ မေမေကြီး ရှိပေ၍ သာ တော်တော့သည်။

အမျိုးထဲမှ မိန်းကလေးတစ်ယောက် လင်ယူသည့်ကိစ္စ ကိုပင် အေးအေးချမ်းချမ်းပြီးသွားသည် မရှိ။

ကျွန်မ မိခင်ကိုမူ မေမေကြီးက မရေခဲ ဟူ၍ခေါ်သည်။ သူသည် အမျိုးတသိုက်ထဲတွင် ရေငုံ၍ မတုန်းမလှုပ်နေလွန်း လှသည်း၊ ဒါကြောင့်ပင် မေမေကြီးက သူ့ကို မရေခဲဟူ၍ ခေါ် ခဲ့လေသည်။

ယနေ့လည်း အမျိုးများ ကျွတ်စီကျွတ်စီ ဖြစ်နေ သည်။ ကျွတ်ရခြင်းအကြောင်းမှာ ကိုကိုမောင် အမေရိကမှ ပြန်လာ မည့်နေ့ဖြစ်သဖြင့် ဦးကြီးများ၊ အဒေါ်များ တူ-တူမ၊ ညီ-ညီမ၊ ဘုစုခရု နှင့် သက်ကြီး သက်လတ်တွေပါမကျန် ကြိုဆိုပြင် နေကြသည်။

မေမေကြီးကလည်း      ခေသူမဟုတ်၊ အငြိမ်းစား မင်းကြီးကတော်၊ လယ်မြေများ အမြောက်အမြားပိုင်၍ လက်ရှိ လည်း ရန်ကုန်တွင် ဆန်စက်နှစ်လုံး  လည်နေနိုင်သေးသည့် သတ္တိရှိသေးသည် ထားဝယ်ဘက်တွင်လည်း မိုင်းအလုပ်ကို အစပြုထားလေသည်။

သောင်းကျန်းသူများကြောင့် အစစအဆင်မပြေတွင်ပင် စက်မှဝင်ငွေမှန်၍ သစ္စာရှိသော လယ်သမားများက ယခင်ကလိုပင် သူ့ကိုစပါးအပ်ကြသေးသည်။ လယ်ပိုင်ရှင်များထဲတွင် မှ ကံကောင်းသော အမေကြီးဖြစ်ပေသည်။

မေမေကြီးသည် စီးပွားရေးမှာရော ပေါင်းသင်းဆက် ဆံတွင်ရော ကျွမ်းကျင်ပိုင်နိုင်လှသူ ဖြစ်လေသည်။

 

ဒါကြောင့်လည်း မင်းကြီး ကွယ်လွန်သွားသောအခါ မုဆိုးသူ , သူဌေးတစ်ဦးအဖြစ်နှင့် ဆွေမျိုးတစ်သိုက်ကို လွှမ်းမိုးနိုင်ခြင်း ဖြစ်သည်။

မေမေကြီး သည် သူ့သား ကိုကိုမောင်ကို အစဉ်ဂရုစိုက် ၏၊ သားနာမည်မှာ ကိုတင်မောင် ဖြစ်သည်။ ဒါပေမယ့် သူက ခေါ် သည်မှာ ကိုကိုမောင်ဖြစ်သည်။ ဒါကြောင့် တစ်မျိုး လုံးက ကိုကိုမောင် ဟူ၍ပင် ခေါ်ကြသည်။

ကိုကိုမောင်သည် အမ်အေဘွဲ့ကိုယူပြီး၍ အမေရိကတွင် သတင်းစာလုပ်ငန်းကို သွားရောက်သင်ယူနေခြင်း ဖြစ်လေ သည်။

“သမီး.. ကိုကိုမောင်ကို သွားမကြိုဘူးလား...." မေမေက ကျွန်မကို သွားကြိုစေချင်သည်။

“မကြိုချင်ဘူး . . . မေမေရာ.... ဟိုမှာအမျိုးတွေ ခြေရှုပ်နေမှာ၊

ပြီးတော့ ဘာကစပြီးပြောရမှန်းလဲ မသိဘူး...”

“အေးလေ... ဒီလိုဆိုလဲ ညနေကျတော့ အိမ်သွားပြီး နှုတ်ဆက်ပေါ့ သူက သမီးကို တော်တော်ချစ် ပါတယ်"

ကျွန်မသည် ကိုကိုမောင်က ချစ်သည် ဆိုသောစကားကိုမယုံပေ။ ကျွန်မသိတတ်သော ယခုအရွယ်ရောက်မှ ကိုကိုမောင့်နှင့် မတွေ့ခဲ့ရသည်မှာ ကြာပေပြီ။ ငယ်ငယ်တုန်း ကလည်း တစ်မြို့စီနေကြေ ယခု ကျွန်မရန်ကုန်ပြောင်းလာချိန် တွင်လည်း သူက နိုင်ငံခြားသွားနေပေမည်။ ။

သို့သော် ဘယ်လိုပင်ဖြစ်စေ ဝတ္တရားဆိုသည်မှာ ရှိသေး သည် မဟုတ်ပါလား ဘယ်လိုဖြစ်ဖြစ် ဆွေမျိုးတို့ ဝတ္တရားရှိ သည့်အတိုင်း ညနေတွင်တော့ ကိုကိုမောင်ကိုသွား၍ နှုတ်ဆက် ရပေမည်း

ဆွေမျိုးစုတွင် ကြီးသောသူများက ၀တ္တရားချွတ်ယွင်းခဲ့ သော် ငယ်သောသူများက အပြောရခက်လှ၏။ ဝရဝုဒ္ဓိများ  ဂုဏဝုဒ္ဒိများကို ထောက်ရသည်ကတစ်မျိုး၊ ငယ်သည့်သူက ဆရာလုပ်သည်ဟု အထင်ခံရမည် စိုးရိမ်သည်ကတစ်မျိုးနှင့် အတော်ပြောရခက်၍ ခံကြရပေသည်။ ငယ်သည့်သူက ဝတ္တရား တစ်စုံတစ်ရာ ပျက်ယွင်းခဲ့ပါမူ ... ။

“နင်က အငယ်၊ နင်က ဘာဂုဏ်ခံပြီး သွားမတွေ့ချင်ရ တာလဲ၊ သူတို့က မလာဘူးပဲထား၊ နင်ကသွားရမယ် ဒါနင့် ဝတ္တရား ” ဟူ၍ ကြီးလိုဝိုင်းအာမည့် ဆွေစုမျိုးစု  ပါးစပ်ပေါက်ကိုလည်းကြောက်ရပေသေးသည်။

ဆွေစုမျိုးစုဆုံရာသို့ မသွားချင်သော စိတ်ဝိညာဉ်ဆိုးတစ်ခုမှာ ကျွန်မတွင်ရှိ၏၊ စင်စစ် မသွားချင်သည်မှာ ဆုံကြသည့်အခါ ဟန်ပန်များက အမျိုးမျိုး ဖြစ်၏။ ဟန်လုပ်နေသော စကားတစ်ခုကို ကြာကြာ ကြားနေရလျှင် ကျွန်မသည် မနေတတ်,ထိုင်တက်။ မေမေကတော့ ရေခဲဟူသော အမည်နှင့်လိုက်အောင် ရေငုံနေတတ်သော် လည်း၊ ကျွန်မကတော့ အသက်ရှုကြပ်လာတော့သည်။

တစ်ခါက အမျိုးဘုရားကိုးဆူပွဲတစ်ခုတွင် ကျွန်မတို့ အမျိုးထဲမှ မင်းကြီးကတော် ဒေါ်မမမှာ အပြော အကြွယ်ဆုံး ဖြစ်လေသည်။

သူသည် အမျိုးတို့တွင် ဝတ္တရားအသိတတ်ဆုံး ဆင်းရဲ သော ဆွေမျိုးများကိုလည်း ထောက်ပံ့ရသူအဖြစ် စီးကရက်ကို လက်ကြားညပ်ခါ ဟန်ပါပါနှင့် ပြောနေတော့သည်။ မေမေ ဘက်သို့ မျက်စချီကာ...

“ဘကြီးတာလာကုန်းက ကျွန်မကန်တော့လိုက်ရသေး တယ် ဒေါ်ငြိမ်းခင်း၊

လယ်တွေပိုးကျလို့ ဘကြီးတာ အတော် ပင်ပန်းနေတယ် ဒေါ်ငြိမ်းခင်တို့ကလည်း ထောက်ပံ့ပါဦး” ဟု သူ သည် ကောင်းမှုရေးရာတွင် ဆွေမျိုးတို့အား ဆော်သြပေးသူ အနေနှင့် လေသံမြှင့်ကာပြောလိုက်၏။

ဘကြီးတော်သည် ကျွန်မတို့အမျိုးထဲတွင် အတော်ဆင်းရဲ ရာသူဖြစ်ကြောင်း ကျွန်မသိ၏။

ဒေါ် မမထံမှ ဘကြီးတာ ဘယ်လောက် ရ သွားသည်ကိုလည်း ကျွန်မသိ၏။

"ဒီမှာ ကြီးကြီး... ဘကြီးတာလာတုန်းက ကြီးကြီး ဘယ်လောက် ကန်တော့လိုက်လဲ..."

ကျွန်မတွယ်တော့မည်ကို မေမေသိလေပြီ၊ မေမေက ကျွန်မအား မျက်စောင်းပစ်လိုက်၏၊ ဆွေမျိုးတစ်သိုက်က ကျွန်မကိုစူးစိုက်ကြည့်၏။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)