Skip to product information
1 of 2

Other Websites

ခင်နှင်းယု - ကျွန်မ၏ ချစ်သူ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

နိဒါန်း

စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေးသည် သူ့အသက် ခြောက်ဆယ်ပြည့်သောအခါ ‘နှစ်ပေါင်းခြောက်ဆယ်” စာအုပ်ကိုရေးခဲ့၏။

စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးသည် သူ့ အသက် ၂၉နှစ်တွင် “သူလိုလူ'ကို ရေးသားခဲ့သည်။

ဒဂုန်ခင်ခင်လေး၏စာပေများကို ကျွန်မ စတင်ဖတ်ရှုစက ကျွန်မသည် ဆံရစ်ဝိုင်းလေးနှင့်၊ ရောင်ပေစူးလေးနှင့် ဖြစ်ခဲ့သည်။ အခြားဝတ္ထုများနှင့် ဒဂုန်မဂ္ဂဇင်းတွင်ပါသော “စာဆိုတော်ရာဇဝင် ဝတ္ထုရှည်ကို ဖတ်ခဲ့၏။ စာဆိုတော်ကို ငယ်ငယ်တုန်းက ဖတ်သာ ဖတ်သည်၊ စွဲစွဲလမ်းလမ်း မရှိခဲ့ပါပေ။ စစ်ပြီးနောက်ပိုင်း လုံးချင်းသုံး အုပ်တွဲ ထုတ်ပြီးသောအခါမှ ပြန်၍ပြန်၍ ဖတ်ရင်း သူ၏ရေးသား ဟန်ကိုရော၊ အချက်အလက် စုဆောင်းပုံကိုရော ဝတ္ထုသွားကိုပါ ကျွန်မ နှစ်သက်၍ မဆုံးနိုင်ပါပေ။ သူ့ကို မိန်းမ စာရေးဆရာမကြီး တစ်ယောက်အနေဖြင့် ကြည်ညိုလေးစားစိတ်၊ ချီးမွမ်းစိတ်များသည် ကျွန်မရင်ထဲတွင် ပြည့်သိပ်လာခဲ့၏။

“ဒါကြောင့်လဲ သူ့ တစ်ခေတ်မှာ ပေါ်ခဲ့ကြတဲ့ စင်ပြိုင် ယောက်ျားစာရေးဆရာတွေကို ထိုးဖောက်ပြီး ဒဂုန်ခင်ခင်လေး ဆိုတဲ့ ကလောင်ကျောက်တိုင်တစ်ခုကို သူ စိုက်နိုင်တာကိုး” ဟူသော အသိမှာ ကျွန်မ ဦးနှောက်ထဲသို့ ဝင်ခဲ့ပါသည်။ ထို့ကြောင့်ပင် ထို စာဆိုတော် ဝတ္ထုသုံးအုပ်တွေကို သေချာစွာဝယ်၍ ကျွန်မသမီးကြီး “မိ"ကိုလက်ဆောင်ပေးရ၏။ ဖတ်ခိုင်းရ၏။ ဆွေးနွေးရ၏။'မြန်မာ စာရေးဆရာဟန်မှာတော့ စုစု မေမေရဲ့ ရေးဟန်ထက် ဒီစာရေး . ဆရာမကြီး ဒဂုန်ခင်ခင်လေးက မြန်မာဟန်ပို၍ပီသတယ်”ဟု သမီး ကို ပြောပြခဲ့ရပါသည်။ ဒဂုန်ခင်ခင်လေးက သူ၏ စာအုပ်နိဒါန်း တွင် ရေးသားခဲ့သလိုပင် သူ့စာအုပ်ကိုဖတ်ပြီး မြန်မာဘုရင်မိဖုရား များကို အထင်သေးစိတ် စာဖတ်သူတွင် ဝင်သွားမှာစိုးသည့်အတွက် သမီးဖြစ်သူအား အင်္ဂလန်ရာဇဝင်ပါ (Bloody Mary) နှင့် အန်နီ ဘုရင်မ၊ ရုရှားရာဇဝင်ရှိ ကက်သရင်းသည် ဂရိတ်၊ တရုတ်ဘုရင်မ စူစီအကြောင်းတို့ကိုလည်း အနည်းအကျဉ်း ပြောပြခဲ့ရ၏။

ငယ်ငယ်တုန်းကတော့ ကျွန်မသည် ကလေးဖြစ်သည့် အ တိုင်း စုန်းတစ္ဆဝတ္ထုဖြစ်သည့် မှော်ဆရာမှတ်တမ်းကို အလွန်ကြိုက် ၏။ (ဘယ်သူပြောမှန်းတော့ မသိ၊ မှော်ဆရာမှတ်တမ်းကို ရေးသူ ကိုကိုလေးမှာ ဒဂုန်ခင်ခင်လေး ဖြစ်သည်ဆိုသည်ကိုတော့ ငယ်ငယ် ထဲကပင်သိခဲ့၏။)ကလေးစိတ်ဝယ် စုန်းတစ္ဆေယုံကြည်စိတ်များ ဝင် သွားမှာ စိုးရိမ်စရာ ကောင်းသည်ကလွဲ၍ အသေအချာ တွေးကြည့် လျှင် မှော်ဆရာမှတ်တမ်းလို ဝတ္ထုမျိုးရေးဖို့ရာမှာ အချက်အလက် စုဆောင်းဖို့၊ ခိုင်မာဖို့၊ ဆေးဝါးအသုံးအနှုန်း အသုံးချပုံ စသည်များ ကို ယုတ္တိရှိရှိ ပိပိရိရိ ရေးနိုင်ဖို့ လွယ်ကူလှသည် မဟုတ်။ နောက်ပိုင်း ယောက်ျားစာရေးဆရာများပင် စုန်းတစ္ဆေ၊ ကဝေဝတ္ထုများကို ရေး သော်လည်း ဒဂုန်ခင်ခင်လေးလောက် ပိပိရိရိ သေသေသပ်သပ်နှင့် ကျွန်မစိတ်ကို မဆွဲနိုင်ပေ။ (တခြားစာဖတ်ပရိသတ်တော့ မပြော တတ်ပါ) စစ်ဖြစ်စနှင့် စစ်အတွင်းမှာလည်း သူ၏ ဘာသာပြန်ဝတ္ထု များကို ကျွန်မအတော်ဖတ်ခဲ့သည်။ အင်္ဂလိပ်ဝတ္ထုများကိုမှီး၍ ရေး သားသော်လည်း ဖတ်ရင်း စိတ်ထဲမှာ အင်္ဂလိပ်ဝတ္ထုကိုမေ့၍ သူ့ ကိုယ်ပိုင်ဟန်ရောက်အောင် မြန်မာ့အခြေအနေအစစ်ကဲ့သို့ ဖတ်သူ စိတ်ထင်အောင် ရေးသားနိုင်ခြင်းမှာ ဒေါ်ဒဂုန်ခင်ခင်လေး၏ အရည်အချင်းတစ်ရပ်ပင်တည်း။

ဝင်ဒါမီယာတွင် ဝန်ကြီးချုပ်အတွင်းရေးအတွင်းဝန်အဖြစ်ကျွန်မလုပ်ခဲ့စဉ်က ဦးအုန်းခင်သည် ဦးနု၏ မိတ်ဆွေဟောင်းကြီး အနေဖြင့် ဝင်ဒါမီယာသို့ ဝင်ထွက်သွားလာခဲ့သည်။ ဒေါ်ဒဂုန်ခင် ခင်လေးအား ကျွန်မ မကြာခဏ ဦးအုန်းခင်နှင့်အတူ မြင်ဖူး၏။ သို့သော် ကျွန်မက ကလေးလိုပင် အေးအေးနေခဲ့၍ သူနှင့်ရင်းရင်း နှီးနှီး မရှိခဲ့ပေ။

လွန်ခဲ့သောခြောက်နှစ်က ကျွန်မ၏ခင်ပွန်းသည် မှော်ဘီ ဗိုလ်သင်တန်းကျောင်း၌ တာဝန်ထမ်းဆောင်နေရဆဲပင် ခင်ပွန်း ဖြစ်သူ နေထိုင်မကောင်းသည့်အခါ ကျွန်မ သွားရောက်ချက်ပြုတ် ကျွေးရ၏။ ထမင်းချက်ချိန်မှတစ်ပါး နေ့လယ်ပိုင်းတွင် အားလပ်နေ ၍ စာဖတ်ချိန်ရ၏။ တစ်နေ့တွင်တော့ ကျွန်မ၏ခင်ပွန်းက ဒေါ် ဒဂုန်ခင်ခင်လေး ရေးသော နှစ်ပေါင်းခြောက်ဆယ် ́ကို ဝယ်ယူလာ ၍ နေ့လယ်အားလပ်ချိန်တွင် ဖတ်ရန်ပေး၏။

ဖတ်ရင်းဖတ်ရင်း ဆုံးသောအခါ “ဪ.. ဒါကြောင့် သူ ဟာ စာရေးဆရာမကြီး ဖြစ်လာခဲ့တာကိုး'ဟူ၍ မှတ်ချက်ချမိပြန် ပါသည်။

ကျွန်မ၏ အယူအဆတစ်ခုမှာ “ဘဝတွင် ကျိန်စာမိသော သူများ၊ ကျိန်စာသင့်သောသူများသည် ကျော်ကြားသော စာရေး ဆရာကောင်းများဖြစ်တတ်သည်ဟု ယူဆခဲ့မိပါ၏။ သူ ဖွင့်ဟဝန်ခံ ခဲ့သလို သူ ငယ်ငယ်က ရွှေထီးဆောင်းခဲ့ရသောဘဝကိုလည်း သူ ဖော်ပြခဲ့၏။ သူ အလူးအလိမ့် ခံခဲ့ရသောဘဝကိုလည်း ဖော်ပြခဲ့၏။ သူချစ်သောဦးအုန်းခင်၏ အကြောင်းကိုလည်း သူသည် ပွင့်ပွင့် လင်းလင်းပင် ရေးသားခဲ့၏။ ဘယ်သို့ပင်ဆိုစေ ဦးအုန်းခင်ကို သူ တစ်ခါက လှိုက်လှိုက်လှဲလှဲ ချစ်ခဲ့သည်ဆိုသည်ကိုတော့ သူ့ စာ ကြောင်းများ၏နောက်ပိုင်းတွင် ကျွန်မ မြင်ရပါသည်။

သို့သော် ဘဝအကြောင်းပင်တည်း။ ရေစက်ကုန်သော အခါ သူတို့နှစ်ယောက် ပြန်လည် မတွေ့ဆုံကြတော့ပြီ။ တချို့က စာရေးဆရာအချင်းချင်း ရင်းနှီးသည်ထင်၍ ဒေါ်ဒဂုန်ခင်ခင်လေးနေထိုင်ရာကို ကျွန်မအားမေးသောအခါ ကျွန်မ လုံးဝမသိ။ ဘာသာ ရေးကိစ္စတစ်ခုနှင့် ကျွန်မ ကိုယ်တိုင်တွေ့လို၍ပင် ကြိုးစားမိသေး သည်။ သူ့ကိုမတွေ့ပါ။

‘သည်ခင်ခင် ပူသရွေ့ကိုတော့ လူအတွေ့ ကြောက်တယ်” ဟူသောတေးထပ်လိုပင် ဒေါ်ဒဂုန်ခင်ခင်လေးသည် ဤလူတို့ ပတ် ဝန်းကျင်မှ ဖယ်ခွာ၍ သွားလေပြီလော ကျွန်မ မသိပါပေ။

ဘယ်လိုပင်ပြောပြော သူ့ချစ်သူ ဦးအုန်းခင်မှာ ပင်ကို စာရိတ္တကောင်းသည် မကောင်းသည် ကျွန်မ မသိပေ။ ကျော်ကြား၍အောင်မြင်သော သတင်းစာဆရာတစ်ယောက် မြန်မာပြည်၌ ဖြစ်ခဲ့ သည်ကိုတော့ ကျွန်မတို့ ဝန်ခံရမည်။ သူ၏ ထက်မြက်သော ကလောင်၏ရဲဝံ့ခြင်း၊ ပြောင်မြောက်ခြင်း၊ စကားလုံး အရွေးကောင်း ခြင်းများအတွက် စာပေရှုထောင့်မှကြည့်လျှင်တော့ ဦးအုန်းခင် သည် အောင်မြင်သော သတင်းစာဆရာတစ်ယောက် ဖြစ်ခဲ့၏။ သူတို့၏ ကိုယ်ရေးကိုယ်တာကိုတော့ ကျွန်မ မသိခဲ့ပါ။

သို့သော် ဒေါ်ဒဂုန်ခင်ခင်လေးသည် သူ့ချစ်သူအကြောင်း ရေးရာ၌ စာဖတ်သူစိတ်တွင် “အချစ်ကံမကောင်းခဲ့သူ” ဟူ၍ ထင် မြင်လာခဲ့ရပေသည်။ အိမ်ထောင်ရေးက မကောင်းခဲ့ပါပေ။

ထို့အတူ ဂျာနယ်ကျော်မမလေး၏ သူလိုလူဝတ္ထုကို ကျွန်မ ဖတ်ခဲ့၏။ သူက ထိုဝတ္ထုကို သူ အသက်ငယ်ရွယ်စဉ်ကပင် ရေးခဲ့၏။ ဂျာနယ်ကျော်မမလေးသည် အသက်၂၈ နှစ်ကပင် ခင်ပွန်းသည် ကွယ်လွန်ခဲ့၏။ သူနှင့်တော့ ဒေါ်ဒဂုန်ခင်ခင်လေးထက် ပို၍ ရင်း နှီးသည်ဟု ဆိုရပေမည်။ ကျွန်မ၏အစ်မကြီးတစ်ယောက်ဖြစ်ခဲ့သူ တခြား (ဒေါ်မမလေး)နှင့် ပတ်သက်၍ ဆက်ဆံရာမှ ဂျာနယ်ကျော် မမလေးအကြောင်း အတွင်းအပြင် အတော်လေး သိရှိခဲ့ရပါသည်။

သူ့ဝတ္ထုများကို ဂျာနယ်ကျော်တွင်ဖတ်ရစဉ်က ကျွန်မ ဆံရစ်ဝိုင်းနှင့် မဟုတ်တော့ပြီ။ ဆံတောက်နှင့် အပျိုပေါက်ဘဝကို ရောက်ခဲ့ပြီ။ ဂျပန်ခေတ်တွင်လည်း “သူမနှင့် တခြားဝတ္ထုတိုများကိုဖတ်ခဲ့ရ၏။

သူသည်လည်း ဘဝတွင် “ငယ်ငယ်က ရွှေထီးဆောင်းခဲ့ရ သည့်အဖြစ်လည်း ရှိခဲ့သည်။ ရွှေဘုံပေါ်တစ်လှည့်၊ ပလက်ဖောင်း တစ်လှည့်ဆိုသလို'သူ၏ ကြင်သူမဲ့ခဲ့သောဘဝကလည်း အတော် အထိ နာခဲ့သည်။

ကျွန်မ အထက်ကဖော်ပြခဲ့သည့်အတိုင်း သူသည်လည်း “ဘဝကျိန်စာသင့်လာခဲ့သူ၊ ဘဝကျိန်စာမိခြင်းခံခဲ့ရသူ” ဖြစ်၍ ကျော် ကြားသော စာရေးဆရာမကြီးတစ်ယောက်ဖြစ်လာသည်ဟု ကျွန်မ တွေးထင်ယူဆမိသည်။

သူ့ဘဝကျပြန်တော့လည်း “ဦးချစ်မောင်” ဆိုသည့်သူမှာ သူလိုလူ ဝတ္ထုရေးထိုက်လောက်အောင်ပင် တော်သောလူတော်လူကောင်းတစ်ယောက်၊ အောင်မြင်သော စာရေးဆရာတစ်ယောက်၊ တိုင်းပြည်ကို ခေါင်းဆောင်နိုင်သော သတင်းစာဆရာတစ်ယောက် ဖြစ်ခဲ့သည်ကို ကျွန်မ အထူးဖော်ပြဖို့ မလိုတော့ပါ။ မြန်မာတစ်ပြည် လုံး သိရှိပြီးဖြစ်သည်။ လူတော်လူကောင်းနှင့် လက်ထပ်ပြန်ပါတော့ လည်း ဘဝက ဘယ်လိုဖန်သည်မသိ။ ဂျာနယ်ကျော်မမလေးသည် သူ့ချစ်သူကို ကြာရှည်စွာ မပေါင်းလိုက်ရပေ။ ဗေဒင်စကာလုံးနှင့် ရေးရလျှင် ဤစာရေးဆရာမကြီးနှစ်ယောက်စလုံးတွင် အင်္ဂါဂြိုဟ် ရပ်တည်နေပုံသည် မကောင်း ဆိုရမည်။ သူတို့ဇာတာကိုတော့ ကျွန်မ မသိပါ။

သူတို့နှစ်ယောက်သည် “သူတို့၏ချစ်သူများအကြောင်းကို ရေးသား၍ ပြီးခဲ့ကြပေပြီ။ သူတို့၏ ချစ်သူများသည်လည်း ပြောင် မြောက်သော စာရေးဆရာများ၊ အောင်မြင်သော သတင်းစာဆရာ များ ဖြစ်ခဲ့ကြ၏။

ဤစာရေးဆရာမကြီးနှစ်ယောက် ကိုယ်တိုင်ကလည်း မိမိ တို့ ပုံနှိပ်တိုက်အပိုင်နှင့် မိမိတို့ကိုယ်တိုင် သတင်းစာများ ဦးစီးထုတ် ဝေနိုင်ခဲ့သောသတ္တိ၊ အရည်အချင်းရှိသူများဖြစ်ခဲ့၍ သူတို့ ထုတ်ဝေချင်သော စာအုပ်များကိုလည်း လျင်လျင်မြန်မြန် ထုတ်ဝေနိုင်ခဲ့ကြ သည်ဟု ထင်ပါသည်။

ကျွန်မကတော့ ဖဆပလ ပြန်ကြားရေးဌာနတွင် အလုပ် လုပ်စဉ်ကတည်းက အတွင်းရေးမှူးများက ပုံနှိပ်တိုက်ကို ဆင်းကြည့် ခိုင်း၏။ “ရှိခိုးပါရဲ့၊ ပုံနှိပ်တိုက်အလုပ်ကို ဝါသနာပါသွားမှာစိုးလို့ မကြည့်ပါရစေနဲ့” ဟု တောင်းပန်ခဲ့၏။

လွန်ခဲ့သော ငါးနှစ်ခန့်ကလည်း ကျွန်မ၏ခင်ပွန်းက “ကို ပင်စင်ယူသွားလို့ပဲဖြစ်ဖြစ်၊ ကိုယ်သေသွားရင်ပဲဖြစ်ဖြစ်၊ မိချို အခြေ တကျ ဖြစ်အောင် ပုံနှိပ်စက်ထောင်မလား'ဟု ဇနီးသည်၏ နောင် ရေးကို စိုးရိမ်၍ မေးခဲ့ပါသည်။ ။

“ရှိခိုးပါရဲ့၊ စီးပွားရေးဆန်သွားမယ့်အလုပ်၊ စီးပွားရေးစိတ် ဝင်သွားမယ့်အလုပ်ဆိုရင် ဘာမှ မလုပ်ပါရစေနဲ့။ ကိုယ့်ဘာသာ ကိုယ်ပဲ အေးအေးနေပါရစေ။ အစ်ကိုကြီး ဝါသနာပါလို့ ပင်စင်ယူတဲ့ အခါ ပုံနှိပ်စက်ထောင်ချင်ရင်တောင် ဒီခြံဝင်းထဲမှာတော့ မလုပ် ပါနဲ့” ဟူ၍ ကျွန်မ တောင်းပန်ခဲ့သည်။

ကျွန်မသည် “ကျွန်မ၏ချစ်သူများ” စာအုပ်ကိုလွန်ခဲ့သော ငါးနှစ်ကတည်းက ရေးရန်ရည်မှန်းထားခဲ့၏။ သို့သော် အခြေအနေ က မပေးခဲ့။

“များ'ဟူသော ဗဟုဝုစ်ကိန်းကိုဖြုတ်၍ “ကျွန်မ၏ချစ်သူ” ဟူသော ဧကဝုစ်အဖြစ် တစ်ယောက်တည်းသော သူအကြောင်းကိုရေးမည်ကြံခဲ့ပါသော်လည်း ကျန်းမာရေးချို့တဲ့မှုကြောင့် အခွင့် မသာခဲ့ပါပေ။ ဒေါ်ခင်ခင်လေးလို နှစ်ပေါင်းခြောက်ဆယ် စာအုပ် မျိုး ရေးခွင့်ရအောင် အသက်က ရှည်ချင်မှရှည်မည်။ အဇ္ဇသူဝေးဝ၊ ပရသူဝေးဝ ဆိုသလို ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင် သေခြင်းတရားကလည်း ကျရောက်လာတတ်၏။

“သို့ကြောင့်ပင် တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မတုံး”ဟူသော ဇွဲနှင့် တစ်နေ့တစ်ရွက်တော့ ရေးရပေမည်။ဒီလိုရေးပြန်တော့ မေးစရာရှိသည်။ “ဒေါ်ခင်နှင်းယုရဲ့၊ ခင်ဗျားရဲ့ချစ်သူ(ဝါ) “ကျွန်မ၏ချစ်သူ”က ဒဂုန်ခင်ခင်လေးတို့၊ ဂျာနယ်ကျော်မမလေးတို့ရဲ့ ချစ်သူတွေလို ပြောင်မြောက်အောင်မြင် တဲ့ သတင်းစာဆရာကြီးလား၊ တိုင်းပြည်ကို ခေါင်းဆောင်နိုင်တဲ့ စာရေးဆရာကြီးများလား၊ ဒါမှမဟုတ်လည်း ကျောက်တိုင်စိုက် ကမ္ပည်းထိုးရမယ့် အာဇာနည် တပ်မတော်သားကြီးများလားဟု မေးကောင်းမေးကြပေမည်။

မဟုတ်ပါ။ သို့သော် “ကျွန်မ၏ချစ်သူမှာ...

*              *              *

အဏ္ဏဝါရှင်၊ အိုသခင်ငဲ့

 သခင့်အင်အား ကြီးမားပျံ့ကျယ်၊ အံ့ဩဖွယ်တည့်။

ကျွန်းကိုရစ်ဝိုင်း၊ ရေငန်လှိုင်းလည်း

 အတိုင်းမသိ၊ မျှော်ကြည့်မဆုံး၊ မိုးစပ်ကုန်းသို့

 ထိဖုံးအသွင်၊ အကျွန်မြင်၏။

အကျွန့်တွက်မူ

 သက်ဆက်ကြည်လင်၊ မှီခိုရှင်ကား

 ငယ်ပင်ငယ်စွ၊ ဤကျွန်းမ၏

ချမ်းမြသန့်ရှင်း၊ ရေချိုတွင်းတည့် ။ ။

                                                ခင်နှင်းယု

 ကျွန်မ၏ချစ်သူ

အခန်း (၁)

ပါရမီဖြည့်စမို့

၁၃၃၀ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်သည်။

ကျွန်မတို့ခြံထဲ၌ ပိတောက်ပန်းတို့သည် ယခုနှစ်တွင် နှစ် ကြိမ်တိုင်တိုင် စောစီးစွာ ပွင့်ခဲ့ပြီးပေပြီ။ ယခု နောက်ဆုံးတစ်ကြိမ် ပွင့်ခြင်းမှာ ညကရွာသောမိုးနှင့် ပွင့်ခြင်းဖြစ်၏။

မိုးသက်လေသည် နံနက်စောစောတွင်အေးမြနေ၍ တစ်ခြံ လုံးသည်လည်း ပိတောက်ရနံ့ဖြင့် သင်းနေ၏။ ထိုနေ့က ခြံထဲတွင် ကံ့ကော်ကလည်း အခိုင်တိုင်းတွင် ညွှတ်အိ၍ မြေသို့ကျမတတ် တွဲရရွဲ ပွင့်နေကြသည်။

ဪ... ပန်းတို့ အထူးတလည် ပွင့်သောနေ့ပါတကား။

နံနက်စောစော ဘုရားဆောင်တွင် ကျွန်မ၏ နေ့စဉ်လုပ် နေကျ ပန်းလဲ၊ သောက်တော်ရေကပ်၊ ဆွမ်းကပ် စသောကိစ္စများ ကား ပြီးပေပြီ။ နောက်ဆုံးပရိတ်များပင် ရွတ်ဖတ်ပြီး၍ မေတ္တာပို့ အမျှဝေခဲ့၏။ ဘုရားဆောင်အဝမှ ဝင်းဝါသော ပိတောက်ပွင့်များ ရှိရာသို့ မျှော်ကြည့်နေမိ၏။

ဝတ်လွှာဖြူဝိုင်းရံကာ အဝါဝတ်ဆံများဖြင့် သင်းနေသော ပန်းကံ့ကော်တို့ကလည်း သူတို့ကိုပါ ကြည့်စေလိုဟန် လည်တိုင်မော့မော့နှင့် နံနက်လေတွင် ခပ်ကြော့ကြော့နေပုံသည် နှစ်ဆန်းတစ် ရက်နေ့၏မင်္ဂလာကို တန်ဆာဆင်နေကြပုံရသည်။

ကိုက်နှစ်ဆယ်မျှဝေးသော ကျွန်မ၏တိုက်အဝါလေးသည်လည်း နံနက်ခင်းတွင်ငြိမ်သက်နေသည်။ ကျွန်မ၏ဘုရားဆောင်မှာ တော့ အထူးငြိမ်သက်နေသည်။

ကျွန်မသည် တိုက်ငယ်ဘက်သို့ ပန်းများဆီမှ မျက်လွှာ ရုပ်ကာ မျှော်ကြည့်နေမိပြန်သည်။

ကျွန်မ မျှော်လင့်နေသူသည် ဘုရားဆောင်ရှိရာသို့ ဖြည်း ညင်းစွာ လျှောက်လာ၏။ ဝိပဿနာအမှတ်တရားဖြင့် လှမ်းလာ သော သူ့ခြေလှမ်းသည် အထူးသဖြင့် သိမ်မွေ့ညင်သာသည်။

သူကား ကျွန်မ၏ ချစ်သူတည်း။ သင်္ကြန်ရက်အတွင်းသာ မက၊ ကိုးပါးသီလကို နှစ်ဆန်းတစ်ရက်နေ့အထိ ဆောက်တည်နေ ဆဲဖြစ်၏။ ကျွန်မသည်လည်း ဥပုသ်မှ မထွက်သေး။

သူ ဘုရားဆောင်လှေကားသို့ တစ်လှမ်းချင်းတက်လာ သောအခါ ကျွန်မသည် ဘုရားဆောင်ဖိနပ်ချွတ်မှ အသာအယာပင် ဘုရားဆောင် အတွင်းသို့ဝင်ကာ သူ့ကို ခေါင်းရင်းဘက်သင်ဖြူး ပေါ်၌ နေရာပေးလိုက်ပါသည်။

ကျွန်မကတော့ သူ့ရှေ့တည့်တည့် ကြမ်းပြင်ပေါ်တွင်ပင် ညင်သာစွာ ထိုင်လိုက်၏။ ကျွန်မတို့နှစ်ဦးစလုံး စောင့်ထိန်းထားသော သီလများမှာ ရိုးရိုးကိုးပါးသီလ ဖြစ်သော်လည်း ဝိပဿနာ ကိုပါ ရှုမှတ်ပွားများနေရ၍ ကျွန်မတို့ လှုပ်ရှားမှုများသည် အမှတ် တရားနှင့် မကင်းသောကြောင့် ညင်သာနေကြခြင်းဖြစ်သည်။

ကျွန်မရှေ့တွင် သူ တင်ပျဉ်ခွေ၍ ထိုင်ချလိုက်သောအခါ ကျွန်မ သူ့ကိုလက်အုပ်ချီ၍ ရှိခိုးလိုက်၏။ သူသည် ကျွန်မဟန်ကို အံ့ဩနေလေသလား၊ ကျွန်မပြောမည့်စကားကို မျှော်လင့်နေသလား၊သူ့ဟန်ပန်ကို ကျွန်မ မသိပေ။ အဘယ်ကြောင့်ဆိုသော် လက် နှစ်ဖက်ကိုယှက်၍ မျက်လွှာချထားကာ ကျွန်မသည် သူ့ မျက်နှာ ကို လုံးဝမကြည့်သောကြောင့်ပါပင်တည်း။

ကျွန်မပြောချင်သော စကားကိုစတင်၍ ကျွန်မပြောသော အခါ ကျွန်မ၏အသံကို တုန်တုန်ယင်ယင် မဖြစ်အောင်၊ အထူး

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)