Skip to product information
1 of 2

Other Websites

ခင်နှင်းယု - ကျွန်တော်တင်အောင်ထွန်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း (၁)

ပန်းများမွေးည

ဒေါ်ခင်နှင်းယုခင်ဗျား -

ကျွန်တော်ကတော့ နပိုလီယံမဟုတ်ပါဘူး။

နပိုလီယံဗိုနာဘတ်ဟာ ဥရောပရာဇဝင်မှာ စစ်တိုက်ပွဲတွေ ကြောင့် ကျော်ကြားခဲ့ရုံမက အချစ်ပွဲတွေမှာလည်း ကျော်ကြားခဲ့တဲ့ သူတစ်ယောက်ဖြစ်ခဲ့ပါသည်။ တစ်နည်းပြောရရင်တော့ မိန်းမတွေနဲ့ အသည်းခွဲတမ်းကစားတဲ့ နေရာမှာ ကမ္ဘာကျော်ကြီးပေါ့ခင်ဗျာ။

ဒါကြောင့်လည်း နပိုလီယံကနေ ပေးတဲ့ ချစ်သဝဏ်လွှာ၊ မေတ္တာဘွဲ့၊ ရှင်းရှင်းအရပ်သုံးနဲ့ ရေးရင်တော့ ရည်းစားစာတွေဟာ စာတစ်စောင် ပေတစ်ဖွဲ့ ကျစ်ရစ်တာပေါ့။ ။

သူပဲစာရေးတော်လို့လား၊ သာမန်စစ်ဗိုလ်လေးဘဝကနေ ဧကရာဇ်ဘုရင်မင်းမြတ်ကြီး ဖြစ်လာလို့လား၊ နပိုလီယံ ဗိုနာဘတ် မင်းဆက်မင်းနွယ်ကို ပထမဆုံး စတင်တည်ထောင်သူရဲ့ စာမို့လို့

လား၊ ဂုဏ်ကိုလိုက်ပြီး သူ့စာတွေဟာ ကမ္ဘာကျော်ခဲ့ရတာလား။ ဒါကိုတော့ ကျွန်တော်မသိ။ ရာဇဝင် သုတေသီတွေ ကျွန်တော့်ထက်ပိုသိမှာပေါ့။ အမှန်တော့ အသည်းစားဘုရင်ကြီးပေါ့။

လူ့လောကများ သိပ်အံ့သြဖို့ကောင်းတာပဲ။ ဧကရာဇ် မင်းမျိုး မင်းနွယ်၊ မင်းဆက်တွေက ပြင်သစ်လူထုကို ညှဉ်းပန်း နှိပ်စက်လို့ ပေါ်ပေါက်လာရတဲ့ ပြင်သစ်တော်လှန်ရေးကြီး၊ ဒီကမ္ဘာ

ကျော် ပြင်သစ်တော်လှန်ရေးက ပေါက်ပွားလာတဲ့ စစ်ဗိုလ်လေး နပိုလီယံက ဘယ့်နှယ် ဘယ့်နှယ့်၊ တော်လှန်ရေး လမ်းစပျောက်ပြီး သူကိုင်တိုင် ဧကရာဇ်ဘုရင်အဖြစ် သူ့ကိုယ်သူ ကြေညာပြီး အသက်ဦးဆံပိုင်ဘုရင်ခေတ်ကိုပဲ ပြန်လည် အသက်သွင်းခဲ့တယ်။ ဂျိုးဇက်ဖင်းကို မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်တဲ့ နေရာမှာ ဂိုဏ်းချုပ်ကြီးတွေကသာ ဘုရင်မိဖုရားတွေကို သရဖူဆောင်း ခဲ့ပေမယ်လို့ သူဧကရာဇ်ဖြစ်တော့မှ သူကိုယ်တိုင် ဆောင်းပေးခဲ့ တယ်လို့ ကျွန်တော်ဖတ်ဖူးပါတယ်။ ။

“ ဒါပေမယ့်လည်း ဂျိုးဇက်ဖင်းကို မတွေ့ခင်က အရပ်သူကအစ သူစစ်တိုက်လို့နိုင်တဲ့ တိုင်းပြည်ငယ်လေးတွေက မင်းသမီးတွေ အဆုံး၊ မိန်းမတွေရဲ့ အသည်းအမျိုးမျိုးကို ကင်လိုကင် ဖုတ်လိုဖုတ်ပြီး ပြင်သစ် အရက်ချိုနဲ့ မြည်းခဲ့တဲ့ နပိုလီယံ အသည်းစားဘုရင်ကြီးကို ဘယ်သူမှ မမေ့ခဲ့ကြဘူးနော်။

ကျွန်တော်ကိုတော့ မေ့ကြပါပြီ။ ကျွန်တော်က နပိုလီယံမှ မဟုတ်ဘဲကိုး။

ဒါပေမယ့် နပိုလီယံလိုကမ္ဘာကျော် မဟုတ်သော်လည်း မိန်းမ တွေကို အသည်းခွဲတမ်း ကစားတဲ့ နေရာမှာတော့ နပိုလီယံ မသာ သော်လည်း တန်းတူလိုက်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို ဖော်ကောင် လုပ်ပါရစေ ဒေါ်ခင်နှင်းယုခင်ဗျား။ ။

ဟုတ်တယ်။ ကျွန်တော် ဖော်ကောင်လုပ်ရမယ်၊ ကျွန်တော် ဝန်ခံရမယ်၊ အသည်းနာနာနဲ့ ဖွင့်ဟ ထုတ်ဖော် ဝန်ခံရတော့မယ်။တကယ်လည်း ကျွန်တော်အသည်းတွေဟာ အရက်ကြောင့် အသည်းကြွပ်ရောဂါ၊ အသည်းကျွမ်းရောဂါဖြစ်ခဲ့ပြီကိုး။ ခုခေတ် မြီးကောင် ပေါက်တွေလို အသည်းကွဲစာရေးရတော့မယ်လို့ အထင် မသေးပါနဲ့နော်။ ဆုံးအောင်လည်းဖတ်ပါ။ စာရေးလေ့မရှိတော့ တောင်းပန်ရသေးတယ်။ ထပ်မံပြီး ပြောပါရစေ။ ။ ဒီစာရေးသူ ကျွန်တော်ဟာ တင်အောင်ထွန်းပေါ့။

ဒေါ်ခင်နှင်းယုကိုယ်တိုင် မွေးထုတ်တဲ့ ဇာတ်ကောင် အသီး သီးမှာ မွေးထုတ်သူကိုယ်တိုင် ပစ်ပယ်ခံရ၊ အမေ့ခံရ၊ ဝိုင်းပယ်ခံရတဲ့ တင်အောင်ထွန်းပါပဲ။

“မွှေး” ၊ “ကုသိုလ်ကြမ္မာမှီပါခဲ့” ၊ “အတွတ်ရေ” ဒီစာအုပ်သုံးအုပ်စလုံးကို ကျွန်တော်ဖတ်ခဲ့ပြီးပါပြီ၊ ဒီသုံးအုပ် ကိုဖတ်ပြီးတော့မှ ဒီစာကို ဒေါ်ခင်နှင်းယုဆီ ကျွန်တော်ရေးမိတာပဲ။

ဒေါ်ခင်နှင်းယုဟာ ဇာတ်ကောင်အသီးသီးဖြစ်ကြတဲ့မွှေး။ ကိုကိုနိုင်၊ အတွတ်တို့ကို ပွဲထုတ်ပြီးခဲ့ပေမဲ့ ကျွန်တော် တင်အောင် ထွန်းကိုတော့ မေ့ကျန်ရစ်ခဲ့လို့လား၊ စိတ်နာကြည်းလွန်းလို့လား၊ ဗီလိန်သို့မဟုတ် ငမိုက်သား၊ မုဆိုး၊ အသည်းစားကောင်ကို မုန်းလွန်း လို့လား ဒေါ်ခင်နှင်းယုရယ်။ တင်အောင်ထွန်းဆိုတဲ့ အကောင်ကို

အေမီနဲ့ လက်ထပ်ပြီးတဲ့နောက် ဒေါ်ခင်နှင်းယုရဲ့ မွန်မြတ်တဲ့ ဇာတ်စင်ပေါ်ကို ဆွဲတင်မပြတော့ဘူး။

မတရားဘူးလို့တော့ မစွပ်စွဲလိုပါဘူး။ ဒါပေမင့် လောကရဲ့ ဇာတ်သဘင်ကို အညီအမျှ ရှုတတ်သူသာ ဒေါ်ခင်နှင်းယု ဖြစ်ခဲ့ရင်

တော့ ကျွန်တော် တင်အောင်ထွန်းကို ငယုတ်မာကြီး ဘဝအနေနဲ့ပဲ ဖြစ်ဖြစ်၊ အသည်းစား မုဆိုးအခန်းကပဲဖြစ်ဖြစ် ကျွန်တော့ကို ကပြခွင့် တစ်နေရာတော့ ပေးသင့်ပါတယ်။

| ကျွန်တော်လျှောက်လဲပါရစေဦး။အီဂျစ်ဘုရင် ဖာရောက်လို အသည်းစားဧကရာဇ် ဖြစ်ရုံမက တိုင်းပြည်ရဲ့ ရေနံတွင်းတွေကို ကိုယ်ကျိုးအတွက် ရောင်းစားတဲ့ ဘုရင်တွေကျတော့ ဘုရင်ရင့်မာကြီးမို့လိုလားဗျာ၊ သူတို့အကြောင်းကို တခမ်းတနားပွဲထုတ်ခွင့် ကမ္ဘာ့စာပေမှာ ရခဲ့ပါတယ်။

ကျွန်တော်ကတော့ သာမန်လူတစ်ယောက် ဖြစ်ပါတယ်။ ဒေါ်ခင်နှင်းယုဟာ ဘက်မလိုက်စာရေးဆရာ ဖြစ်ခဲ့ရိုးမှန်ရင် ကျွန်တော့်ကို ဒေါ်ခင်နှင်းယုရဲ့ တခြားဇာတ်ကောင်များနဲ့ အတူ အသိ အမှတ်ပြုစေ ချင်တယ်။

ဒီစာကို မွှေးရဲ့ အပါးမှာ ကျွန်တော်ရောက်နေရင်းကနေ ရေးတယ်ဆိုရင် ဒေါ်ခင်နှင်းယု အံ့ဩမှာပဲ။

“အတွတ်ရေ ဝတ္ထုတစ်အုပ်လုံးမှာ များသောအားဖြင့်ဇနက္က ဇာတ်တော်လာ စကားလုံးတွေကို အများဆုံးသုံးခဲ့တယ်။ ကျွန်တော် လည်း ရင်ထဲကလှုပ်ရှားလာလို့ စာရေးချင်လွန်းလို့သာ ရေးရတယ်။ မွှေးတို့ ကိုကိုနိုင် အတွတ်တို့လိုတော့ စာရေး မကျွမ်းကျင်ပါ။

ကျွန်တော်ဆိုတာကတော့ ဇနက္ကမင်းသား ဥဒါန်းကျူး သလို လောကများ “ မကြံဘဲနဲ့လည်း ဖြစ်တတ်တယ်၊ ကြံလျက်နဲ့ ပျက်တတ်၏” ဆိုတဲ့ စကားသိပ်မှန်တာဘဲနော်။

“မွှေး” ဝတ္ထုကိုဖတ်ရင်း ဒေါ်ခင်နှင်းယုဆီ စားရေးဖို့ ကျွန်တော် ကြိုးစားပါတယ်။

“ကုသိုလ်ကြမ္မာမမှီပါခဲ့ ဝတ္ထုကို ဖတ်ပြီးတော့လည်း စာရေး မယ်လို့ ထပ်မံကြိုးစားပါတယ်။

“အတွတ်ရေ” ဝတ္ထုဖတ်ပြီးတော့ဖြင့် ကျွန်တော် မနေနိုင် တော့ဘူး၊ ရေးဖြစ်အောင်ရေးချင်တဲ့ အသည်းနှလုံးက၊ ဆန္ဒက တိုက်တွန်းလာတဲ့အခါ ကျွန်တော် ကလောင်ကိုင်ပြီး ရေးဖြစ်လာပြီ၊

ဒေါ်ခင်နှင်းယုရဲ့ စာပေစဉ်မှာ “ကျွန်းဧကရီ” နဲ့ “မိန်းမရိုင်း”ဝတ္ထုဟာ ထင်ရှားတဲ့ မှတ်တိုင်တစ်တိုင်အဖြစ် နေရာယူခဲ့တယ်။

“ကျွန်းဧကရီရဲ့ ဇာတ်ကောင်ဗိုလ်တင်မောင်ဟာ သူဖွင့်ဟ ချက်ကို ကျွန်းဧကရီမှာ တင်ပြခဲ့တယ်။ “မိန်းမရိုင်း” မှာတော့ ဦးကျော်မင်းရဲ့ ဖွင့်ဟဝန်ခံချက်ကို ဒေါ်ခင်နှင်းယု တင်ပြခဲ့တယ်။

ခုလည်းမွှေးရဲ့ အကြောင်းကို “မွှေးတည့်လေ” ဆိုတဲ့ ဝတ္ထုရှည်ကြီး အနေနဲ့ စာတစ်စောင် သီးသန့် စင်တင်တဲ့နေရာမှာ ကျွန်တော် တင်အောင်ထွန်းပါမှ ပြီးပြည့်စုံခြင်းအဖြစ်သို့ ရောက်မယ် ဆိုရင် ဒေါ်ခင်နှင်းယုက ကြီးကျယ်တယ်ထင်မှာပဲနော်။

ပထမတော့ ဖြစ်သမျှ အကြောင်းစုံတွေကို ရင်မှာမျိုသိပ်ပြီး ကိုယ့်စခန်းကို သိမ်းတော့မလို့ပါပဲ။

ဒါပေမဲ့ ..

ယခုလိုအချိန်သို့ ရောက်ပြီဆိုလျှင် အတွတ်နှင့်မွှေးတို့အတူ တကွ မွေးဖွားခဲ့သော ဝါးခယ်မမြို့ပြင်ရှိ လယ်ကွင်းများထဲတွင် စပါး စေ့လေးတို့သည် အိပ်ပျော်ရာမှ နိုးကြပေတော့မည်။ ။

အဲဒီစာတန်းလေးကို ဒေါ်ခင်နှင်းယု မွှေးရဲ့ ဝတ္ထု အစာ ရေးခဲ့တယ်။

ကျွန်တော်ဟာ တခြားအချိန်တွေမှာ မအေမီရဲ့ ရင်ခွင်ကြား မှာ လူးလှိမ့်ပျော်ပါးနေရခိုက်၊ တခြားတခြားသော ကျွန်တော်ရဲ့ သားကောင်း သမင်လေးတွေရဲ့ အသည်းကို အရက်နဲ့ မြည်းနေခိုက် ဆိုရင်တော့ မွှေးကို မေ့နေရိုးအမှန်ပါ။

ခုလို မိုးစက်ငွေမျှင်နဲ့ ပိတောက်ရွှေပွင့်လွှာတို့ နှုတ်ခမ်းချင်း ဆက်ချိန်ရောက်ရင်ဖြင့် ကျွန်တော့်ချစ်ဦး သော်ကရွာ ကျေးတော်သူ မွှေးကို ကျွန်တော် ဘယ်မေ့ပါလိမ့်မလဲ ဒေါ်ခင်နှင်းယုရယ်။

ငတွတ်ကြီး စခဲ့တဲ့ဇာတ်လမ်းလေ။

 တက္ကသိုလ်မှာ နေခဲ့တဲ့ ရက်တွေလေ။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)