Skip to product information
1 of 2

Other Websites

ခင်ဆွေဦး - မိုးပန်းဝေဝေ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

[၁]

စိန်တုံးကြီးကို ရိုက်ခွဲ၍ ကွဲသွားသည် ဆိုပါစို့၊ ရောင်လျှံတင့်ဖြိုး သည့် စိန်ပွင့်မျိုးတို့သည် ပြိုးပြက်ကာ အမြွှာမြွှာအစိတ်စိတ် ပြန့်ကျဲပေ လိမ့်မည်။

ထို့အတူ မိုးအခါကာလတွင် တဝုန်းဝုန်းသွန်းချသော မိုးရေမိုး ပေါက်တို့သည်လည်း ကွဲပြီ၊ ကြွေလွင့်လာသော စိန်ပွင့်များပမာသာ တည်း။ ထိုအချိန်၌ ဝင်းလက်တောက်ပသော လျှပ်ပန်းလျှပ်နွယ်တို့ သည်လည်း ခဲရင့်ရောင် မိုးသားကို တန်ဆာဆင်လျက် ရှိနေသေး၏။

မိုးကောင်းကင်တွင် ပန်းပွင့်များပမာ ဝေဝေဆာဆာ၊ မြိုင်မြိုင်ဆိုင် ဆိုင် မိုးပန်းပွင့်တို့ ကြွေလာသည်နှင့်တစ်ပြိုင်နက်၊ မြေပေါ်၌ မိုးဆန်းပန်း တို့သည်လည်း ပွင့်ခဲ့ရပေသည်။ စကားရွှေဝါ၊ စံပယ်၊ ချရား(ခရေ)၊ ဇွန်၊ ဇီဇဝါ၊ ခတ္တာ၊ ပုန်းညက်၊ ဇလပ်၊ ကသစ် စသည် စသည်တို့သည် မိုးရေကို သောက်သုံးကာ ဖူးငုံပွင့်အာလာခဲ့ကြလေသည်တကား။

သို့လျှင် မိုးပန်းဝေပြီဆိုမှဖြင့် "မီမီညို"တို့ ကျောင်းဝင်းတစ်ခုလုံးမှာ စိမ်းလန်းစိုပြည်မြဲ ဖြစ်ပေသည်။

ကျေးတောင်ကဲ့သို့ စိမ်းဖန့်ဖန့်မြရွက်တို့ လူးလွန့်လှုပ်ရှားလာသော အခါ၊ ကျောင်းဝင်းတစ်ခုလုံးရှိ ခရေပင်မှ ပွင့်ဖြူးဖြူတို့သည် ဖွေးဖွေးလှုပ် ပွင့်လာကြသည်။ ခရေနံ့ တကြူကြူသင်းပျံလာသည်နှင့်အတူ၊ မရန်းပင် နှင့် သရက်ပင်တို့သည် ပြွတ်သိပ်နေသော အသီးရွမ်းပြင်း အသီးမှည့် ဝင်းဝင်းတို့ တွဲလွဲခိုလျက် ဝင့်ကြွားနေဟန် ရှိမြဲပင်တည်း။

ကံဘဲ့လမ်းထောင့်တွင် တည်နေရာဖြစ်သော ဤကျောင်းဝင်းကား သာတင့်ဆုံးဖြစ်လျက်၊ သူများနှင့်မတူ တစ်မူထူးသော စိန်ပန်းပင်မှ လိမ္မော်ရောင်အပွင့်များသည် ပင်လုံးကျွတ်မျှထိန်ဝါ၍၊ မိုးသားအပြာကို ဦးတိုက်ကာ လည်တံချီမြဲပင်တည်း။

အများအားဖြင့် စိန်ပန်းပွင့်တို့သည် နီနီရဲရဲသာ ဖြစ်၍ ပတ္တမြား ရောင်လွှမ်းသည်ဟု အများသူငါက တင်စားဆိုစေကာမူ မျက်စိကျိန်း စေသည်ဟု မီမီညိုက ထင်မိ၏။ ကံဘဲ့ ဆရာဖြစ်အတက်သင်ကျောင်း ဝင်းတံခါးဝတွင် ပွင့်လေသော လိမ္မော်ရောင် စိန်ပန်းပွင့်များသာလျှင် အယဉ်ထူး၍ ယစ်မူးစေသောအလှဟု ထင်မိ၏။

ဤသို့ယဉ်စစနှင့် အသွင်လှသော လိမ္မော်ရောင်စိန်ပန်းပွင့်သော နေရာသည်ကား .... မိခင်မြေ၊ အနာဂတ်ကာလ၏ သားကောင်းသမီးကောင်းများကို မွေးဖွားစေရန် မျိုးစေ့ချရာနယ်မြေ၊ ပညာရေးမဏ္ဍိုင် ခိုင်ခိုင်စိုက်မည့် နယ်မြေ၊ မိုးပန်းတွေပွင့်၍ မိုးပန်းဝေသော တည်နေရာ  မြေသာတည်း။

[၂]

 “ဪ .. လွမ်းတယ်ဆိုတာ စကားလုံးလေး လှသလောက် အခံရခက်ပါလား နော်...”

မီမီညိုသည် ပြုံးမြမြ မျက်နှာနှင့် ညည်းလိုက်သော်လည်း၊သူ့မျက်လုံးအိမ်တွင် မျက်ရည်ရစ်ဝိုင်းနေသည်ကို တွေ့ရသည်။

အဆောင်(၁)၏ အပေါ်ထပ် အိပ်ခန်းဆောင်တွင် ခုတင်အချို့မှာ ဟာလာဟင်းလင်း အရှင် ကင်းမဲ့သည်နှင့် ခြောက်ခြောက်သွေ့သွေ့ ဖြစ်နေသည်။ မပြန်ရသေးသော သူအချို့ကလည်း သေတ္တာ ပြင်သူပြင်၊ အိပ်ရာလိပ်သူလိပ်၊ ပစ္စည်းသိမ်းသူသိမ်းဆည်းနှင့် ပျားပန်းခပ် လူးလာ အလုပ်ရှုပ်နေကြသည်။

အခန်းကြီးတစ်ခုလုံးတွင် အလျားလိုက် နှစ်လုံးစီ ခြေချင်းဆိုင်ခင်း ထားသော ခုတင်အလုံး ၂၀ ကျော်အနက် ၁၀လုံးမှာ လူမရှိတော့ပေ။

မီမီညိုသည် လက်မှ ပလတ်စတစ်ကြိုးများ ရစ်ပတ်ထိုးနေရင်း ခေါင်းအုံးဆင့်ကာ ခပ်မှီမှီ ထိုင်နေရာမှ ပစ္စည်းသိမ်းဆည်းနေသူများကို ငေးမောနေသည်။

ရာသီအားဖြင့် သဇင်တို့ သင်းပျံ့လေသော နတ်တော်လဖြစ်၍ မြောက်ပြန်လေညင်းသည် တိုက်ခတ်လာလေရာ အအေးဓာတ်သည် နှလုံးသားအထိ စိမ့်၍ အေးစေသည်။

“နင် မပြန်ဘူးလား မီမီညို...”

မီမီညိုနှင့် ကပ်လျက် အဝတ်များခေါက်နေသူ မေစမ်းက မေးလိုက် ၏ ။ မီမီညိုက ပြုမဲ့မဲ့နှင့် ခေါင်းကို ခါယမ်းကာ...

“မီမီညို မပြန်နိုင်ပါဘူး မေစမ်းရယ်...”

“ဘာဖြစ်လို့....”

 “ဪ...အကြောင်းကြောင်းတွေပေါ့...”

“အေးလေ...နင်က ဝေးလည်းဝေးတယ်၊ ဟုတ်ပါရဲ့...ဒီတစ်ခါ ကျောင်းပိတ်ရက်ကလည်း နည်းသလိုပဲ ၂၃ ရက်နေ့ပိတ်ပြီး ဇန်နဝါသ ၂ ရက်နေ့ ပြန်ဖွင့်မယ်ဆိုတော့ တွက်ကြည့်စမ်း ... ၂၄-၂၅-၂၆”

“၉ ရက်ပဲ ပိတ်တယ်.....”

မီမီညိုက ကြားဖြတ် ဝင်ထောက်လိုက်လေသည်။ မီမီညို၏ ခုတင် အနီးသို့ ကုလားဆင်လိုလို အသားညိုစိမ့်စိမ့်နှင့် ကျောင်းသူတစ်ယောက် ကပ်လာကာ...

မီမီညို..မပြန်ဘူးလား...”ဟု ပလတ်စတစ်အိတ် ထိုးလက်စကို ကိုင်ကြည့်ရင်း မေးလိုက်လေသည်။ . “မပြန်ဘူး မစောဝေ ... မစောဝေကော ....”

 “ပြန်မယ် .... ကိုယ်က သံလျင်ပဲ ပြန်ရမှာမဟုတ်လား ...”

သံလျင်ဆိုတော့ ခဏလေး ရောက်သွားမှာပဲနော် ...”

 “ခဏပဲ ... မီမီညိုက ပြန်ရင် ဘယ်အထိ ပြန်ရမှာလဲ ..”

“မြင်းခြံလေ ... ပြန်မယ်ဆိုရင်လည်း သွားတာ ပြန်တာနဲ့ပဲ အချိန် ကုန်မှာ ....”

“ကိုယ်တို့ အဆောင်သုံးကတော့ အပြန်ချည်းပဲ၊ တချို့က ဒီည အင်ဗွိုင်းမှာ ကပြီး ပြန်ကြမှာ၊ နက်ဖြန် ၂၅ ရက်နေ့ဆိုရင် လူတောင် ရှိမှာမဟုတ်ဘူး ..။

မစောဝေသည် မီမီညို၏ ခုတင်ခြေရင်းတွင် ထိုင်ချကာ မီမီညို ထိုးနေသော ပလတ်စတစ်ကြိုးများကို ဆွဲကိုင်ရှင်းလင်းရင်း ပြောလိုက် လေသည်။

“ဒီမှာနေတော့လည်း ကိုယ့်နေရပ်ကို အမောတကော ပြန်ချင်ကြ တာပဲ၊ ကိုယ့်အိမ်ပြန်ရောက်တော့လည်း ကျောင်းကိုသတိရလိုက်တာ လေ၊ ဪ...လူ့အလို နတ်မလိုက်နိုင်တဲ့၊ ဒီကျတော့လည်း အိမ်လွမ်း၊ အိမ်ရောက်တော့လည်း ကျောင်းကိုပြန်လွမ်းနဲ့ လွမ်းချည်းနေရ တာပဲ....”

မီမီညိုက ခပ်ညည်းညည်းလေး ပြောလိုက်လေသည်။

 “ ဒါတော့ ဒီနေ့ ကျောင်းစ ပိတ်လို့ပါ ... ခါတိုင်းဖြင့် လွမ်းဖို့တောင် အချိန် မရပါဘူး။ အလုပ်နဲ့လူနဲ့ နပန်းသတ်နေရတာ”

မေစမ်းက ဝင်ပြောလိုက်လေ၏။ ။

 “အလုပ်မအားလည်း ညအိပ်ရာဝင်ခါနီးကျတော့ အိမ်ကို သိပ်သတိ ရတာပဲ၊ သူကတော့ ပြောမှာပေါ့ ... ချေးကျရာ ပျော်တဲ့ကြက်လိုပဲ"

 မီမီညိုက မေစမ်းအား မျက်စောင်းတစ်ချက်ထိုးကာ ပြောလိုက်လေ သည်။

“ကိုယ်ကတော့ဆရာ .. အိမ်ရောက်ရင် ကျောင်းကို ဘယ်တော့မှ သတိမရဘူး ..... ကျောင်းမှာ ကျပ်တည်းလိုက်တာ လွန်ပါရော၊ အိမ်မှာ ဆိုရင် သိပ်လွတ်လပ်တာ ....”

 မစောဝေက အားရပါးရ ပြောနေမိသည်။

“နင် လွတ်လွတ်လပ်လပ်နေတတ်တာ ငါသိပါတယ် မိစောဝေ၊ မနေ့ကတောင် ပဒေသာကပွဲမှာ ကဗျာလွတ် ကရင်း ထဘီကျွတ်တာသာ ကြည့်...”ဟု မေစမ်းက ပြက်လုံးထုတ်သော် ....... “မသာမ...”ဟု မစောဝေက မေစမ်းအား ထောမနာပြုလေ၏။

မီမီညိုသည် ပြုံးရယ်မိလေ၏။ မေစမ်းကား အသားမည်းမည်း ဝဝတုတ်တုတ်၊ မျက်နှာပြားပြားနှင့် အကျည်းတန်သလောက်၊ စိတ်နှလုံး ကောင်းလှသူလေး ဖြစ်လေသည်။ ဟင်္သာတသူဖြစ်သည်။

မစောဝေကား အသားညိုစိမ့်စိမ့်၊ အရပ်ပျပ်ပျပ် မျက်လုံး၊ မျက်ဖန် ကောင်းကောင်းနှင့် ကုလားဆင်လေးဖြစ်သည်။

မီမီညိုကား ဘုရားစူးရစေ့ အညာသူဖြစ်သည်။ သူ့အသားမှာ - ဖြူသည်မဟုတ်စေကာမူ အသားဆောင်ကာ အမြဲလိုပင် ဝါ၍ ဝင်း၍ အသွေးအရောင် တက်နေတတ်သည်။ မည်းမှောင်သောဆံကေသာ၊ ထူထဲ စိမ်းမှောင်သော မျက်ခုံးမွေး၊ ရှည်လျားကော့ပျံသော မျက်တောင်များနှင့် သူတို့ အစဉ်အမြဲ ကြည့်နေချင်သောဆန္ဒကို လှုံ့ဆော်ပေးသော ရုပ်မျိုးသာတည်း။

အရပ် ၅ ပေ ၂ လက်မခန့် ခပ်သွယ်သွယ် ကိုယ်ဟန် လုံးလုံး ကျစ်ကျစ်၊ ရှည်လျား သွယ်ပျောင်းသော လက်၊ ခြေများနှင့် မီမီမြို့ကို ကြည့်ရသည်မှာ အမြဲလိုလိုပင် ကြော့ကြော့ရှင်းနေသည်။ သူ့ကိုယ်ဟန် နှင့် လိုက်လျောအောင် နူးနူးညံ့ညံ့ သိမ်သိမ်မွေ့သော အသွင်အပြင် လည်းရှိလေသည်။

မီမီညိုသည် ပလတ်စတစ်ကြိုးစများကို ခုတင်ပေါ်ချကာ ပြတင်း ပေါင်တွင် အမှတ်မထင် ရပ်လိုက်လေသည်။

နံနက် ၈ နာရီဖြစ်၍ နေ၏ ရွှေဇာခြည်မျှင်သည် မြသင်တိုင်းပေါ် တွင် လွှမ်းခြုံလိုက်လေသည်။ အဆောင်(၁)၏ရှေ့မှ မြက်ခင်းပြင်သည် နှင်းဥများဖျန်း၍ ရွှန်းစိုတောက်ပနေသည်။ ထင်ရူးပင်ငယ်လေးများ သည် စိမ်းရင့်ပြာမှောင်သော အသွေးနှင့် နှင်းရည် သောက်သုံးနေသည်။

အဆောင်၏ဘေးတွင် အိုရင့်သလောက် ခံ့ထည်သော ခရေပင် ကြီးသည် ဣန္ဒြေကြီးစွာ မားမားကြီး ပေါက်ရောက်နေ၏။

မိုးတွင်းတုန်းကဆိုလျှင် ဤခရေပင်ကြီးသည် အရိပ်မြိုင်မြိုင်၊ အကိုင်းအခက်တွေ ဝေဝေဆာဆာနှင့် ခရေဖြူပွင့်များ လေ မနိုင်အောင် ပွင့်၍ မြေတွင် တဖြုတ်ဖြုတ်ကြွေကျကာ သင်းသင်းပျံ့ပျံ့မွှေးခဲ့သည်ကို သတိရမိလေသည်။

မိမိ ဤအဆောင်သို့ရောက်ခဲ့သည်မှ လက်ရေတွက်ကြည့်လျှင် (၇)လခန့်ပင်ရှိသေး၏။ စိတ်ထဲတွင် အကြာကြီးလိုပင် အောက်မေ့ ခဲ့၏ ။ အိမ်နှင့် တစ်ခါမှ ဒါလောက်ကြာကြာ မခွဲခဲ့ဘူးပေ။

မက်ထရစ် အောင်သည်အထိ မြင်းခြံ အစိုးရ အထက်တန်းကျောင်း တွင် နေခဲ့၍ မန္တလေးတက္ကသိုလ်တွင် နေခဲ့စဉ်အခါကလည်း ကျောင်းပိတ်ရက်များတွင် အိမ်ပြန်ခဲ့လေသည်။ ဥပစာ သိပ္ပံ ပထမနှစ်မှာပင် အဘ ဆုံးသဖြင့် တက္ကသိုလ်မှနုတ်ထွက်ကာ၊ အစိုးရအထက်တန်းကျောင်းတွင် အလယ်တန်းပြဆရာမအဖြစ် ဝင်ရောက်အမှုထမ်းခဲ့ရ သည်။ သည်တုန်းကလည်း အမေတို့နှင့် ဥမကွဲ သိုက်မပျက် နေခဲ့ရ၏။

ယခုတော့မူ ..

[၃]

၂၄-ရက်၊ ဒီဇင်ဘာလ

အမေ.....

ဒီနေ့ဟာ ကျောင်း စပိတ်တဲ့နေ့ပဲ၊ အင်ဗွိုင်းပညာရေး ပြပွဲမှာ တာဝန်ကျတဲ့သူကလွဲပြီး အားလုံးလိုလိုပဲ အိမ်ပြန်ကြတယ်၊ တာဝန်ကျသူတွေကလည်း နက်ဖြန်၊ သန်ဘက်ဆိုရင် ပြန်ကြတော့မှာ။

ကျောင်းကြီးဟာ ခြောက်သွေ့ ကျန်ရစ်တော့မှာပဲ။ သိပ်ပြီးဝေးတဲ့ နယ်ကလာတဲ့လူတွေလောက်ပဲ ကျန်ရစ် မှာ။ ဥပမာ ကချင်ပြည်နယ်၊ ကယားပြည်နယ်က အမျိုး သမီးလေးတွေလိုဟာမျိုးတွေပါပဲ ..........

သူတို့ အလျှိုလျှို ပြန်တာမြင်ရတော့ မီမီလည်း သိပ် ပြန်ချင်တာပဲ အမေရယ်။ တတ်များတတ်နိုင်ရင် အတောင်တပ်ပြီး အမေတို့ဆီကို ပျံလို့သာ လာချင်တော့ တယ်။ ဒါပေမဲ့ ကံကြမ္မာက မီမီကို အခွင့်မပေးဘူးဆို တာ မီမီစကတည်းက သိခဲ့ပါတယ် ...... ။

ခု မီမီရတဲ့စတိုင်ပင် ၇၅ ကျပ်ဟာ တစ်လတစ်လ အလျင်မှီရုံတင်ပဲ၊ ကျောင်းကို ၄ဝ ကျပ်ပေးပြီး ပိုတဲ့၃၅ ကျပ်နဲ့ ကြည့်နေ ရတာပဲ။ အမေ့အနေနဲ့လည်း ဘေးကျပ် ရင်ကျပ် မထောက်နိုင်တော့ ဒီလိုပဲ မှိတ်နေ ရတာပဲ အမေ။ ဒါပေမဲ့ မီမီမှာ တခြား သုံးစရာမရှိတော့ မီမီ နေသာပါတယ် အမေ ..

ပြန်လိုက်တယ်ဆိုရင် ဘာပဲဖြစ်ဖြစ် စရိတ်စက ထွက်ဦးမှာ၊ အို... နွေရာသီ ကျောင်းပိတ်ရက်တွေ

ဦးမှာပဲ အမေ၊ ဒီတော့မှပဲ ပြန်လာတော့မယ်။ ကြား ထဲမှာ ရက်တွေလည်း သိပ်မရှိတော့ပါဘူး အမေရယ် ... နော် ....... အမေ့မှာ အလွမ်းဖြေ စရာ ကိုလတ်ရယ်၊ ညီထွေးရယ်၊ စီစီညိုရယ် ရှိနေသေးတာပဲ ....

သူတို့ အားလုံး အမေ့အနား အမြဲရှိသရွေ့ အမေ ဟာ တအားတက်မှာပါပဲ .....

မီမီ စိတ်မကောင်းတာက “ညီထွေး’ အတွက်ပဲ၊ ညီထွေးရဲ့ ဇွဲမျိုးခံနိုင်တာက မီမီတစ်ယောက်ပဲ၊ ကိုလတ် ကလည်း အမြဲ အော်ငေါက်နေတာပဲ၊ စီစီဆိုတာလည်း ညီထွေးကို အစ်ကိုတစ်ယောက်လို သဘောထားဟန် မတူဘူး။ နောက်လိုက် ပြောင်လိုက်နဲ့။

ညီထွေးတစ်ယောက် မမြင်မကန်းနဲ့ အမေ တည် ထားတဲ့ မလိုင်အိုး၊ သကြားရေ ပွက်ပွက်ဆူတဲ့ထဲများ လိမ့်ကျနေ မလားရယ်လို့တွေးတိုင်း စိတ်ပူရတာ နည်း နည်းမှ မအေးနိုင်ဘူး။ အမေ ...... ညီထွေးကို သတိ ထားကြည့်ပါ အမေရယ် .... ။

အရင်တစ်ပတ်က ညီထွေးအတွက် မီမီ ထိုးပေး လိုက်တဲ့ ဆွယ်တာကော ညီထွေးနဲ့ တော်ရဲ့ လားဟင်....။ ကိုလတ်ကြီးက သဘောကျတယ်ဆိုပြီး အတင်းယူ ဝတ်သေးလား၊ မဝတ်စေနဲ့ အမေ။ ကိုလတ်က အင်မ တန် အနိုင်ကျင့်ချင်တာ ... လောကကြီးမှာ ဘဝဆုံး ရှုံးနေရှာတဲ့ ညီထွေး စိတ်ဆင်းရဲနေပါ့မယ်။

မီမီလည်း ပြန်မယ့်သာပြန်ချင်တာပါ .... မအားလှ ပါဘူး။ ၂၈-ရက်နေ့ကျရင် ပဒေသာကပွဲမှာ မီမီပါတယ်။ မီမီပါရမယ့်အခန်းကတော့ “ကိုယ်ဟန် ပျော့ပျောင်း သွယ်နွဲ့နှောင်း”တဲ့၊ တစ်ပင်တိုင် ယိုးဒယားအကပါပဲ။

ဒီအကကို အမေစိန့်က ဝီရိယစိုက်ပြီး မီမီကို သင်ပေးတယ်။ ခုတလော အမေစိန့်ကို မြင်တိုင်း မြင် တိုင်း မီမီ အမေ့ကို သိပ်အမှတ်ရတာပဲ။ ဘာလို့လဲဆိုတော့ အမေစိန်ရဲ့ ပြေပြစ်တဲ့နဖူး၊ ကားတဲ့ နားရွက်၊ ပြူးကျယ်ဝိုင်းစက်တဲ့ မျက်လုံးတွေဟာ အမေနဲ့ တစ်နေ့ တခြား တူတူလာသလိုလိုပဲ ...

ပါးပြီး တင်းတင်းစေ့နေတတ်တဲ့နှုတ်ခမ်းက အစ အမေနဲ့ သွားတူနေပြန်တော့ အမေ့ကို သတိမရဘဲ မနေ နိုင်ဘူး အမေရေ ...... အမေ့ကို အထူး အောက်မေ့တော့ တာပဲ။

ဒါထက် မမသီနဲ့ ကိုဦးတို့ဆီကကော စာမှန်မှန် လာရဲ့နော် ....... လွန်ခဲ့တဲ့အပတ်က မမသီ့ဆီကစာ မီမီ

ရတယ်။

သားတွေ၊ သမီးတွေဆီက စာတွေလာတိုင်းလည်း ငိုချည်းမနေနဲ့ဦးနော် အမေ။ စိတ်ထောင်းရင် ကိုယ်ကြေ - သတဲ့။ အမေ အသက်လည်းကြီးပြီ။ ကျန်းမာရေး ဂရု

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)