Skip to product information
1 of 2

Other Websites

ခင်ခင်ထူး - ပန်းစည်းကြိုး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အမှာစာ

 ကျွန်မ ရေးဖြစ်ခဲ့သမျှသော မဂ္ဂဇင်းဝတ္ထုရှည်များကိုချည်း တစ်အုပ်တစ်ခါ စုစုစည်းစည်းထုတ်ဝေရန် ပုဂံစာအုပ်တိုက်က စီစဉ်ခဲ့ပါသည်။ ပထမဆုံး မဂ္ဂဇင်းဝတ္ထုရှည်များစုစည်းမှုကို “ကြာဆစ်ကြိုး မဂ္ဂဇင်းဝတ္ထုရှည်များဟု  အမည်ပေးခဲ့ပါသည်။ ထုတ်လည်း ထုတ်ဝေဖြစ်ခဲ့ပါ၏။ သည်တစ်ကြိမ်တွင်လည်း ဒုတိယမြောက်မဂ္ဂဇင်းဝတ္ထုရှည်များ စုစည်းမှုအဖြစ် ထုတ်ဝေ ဖြစ်ခဲ့ပြန်ပါပြီး သည်စာအုပ်ကိုတော့ "ပန်းစည်းကြိုး" မဂ္ဂဇင်းဝတ္ထုရှည်များဟု ကျွန်မ ခေါင်းစီးပေးလိုက်ပါ၏။

"ပန်းစည်းကြိုး"ဆိုသည့်အမည်ကို သည်ဘက်ခေတ် မိန်းကလေးများ အကြားမနာလောက်တော့ပါ။ ခေါင်းစည်းကြို၊ ဆံစည်ကြိုးကလေးတွေက မြန်မာမိန်းကလေးအများစု၏ ဆံဖျားမှာ နေရာမရရှာကြတော့တာလည်း ပါပါလိမ့်မည်။ ခေတ်မီနည်းပညာများဖြင့် ထုတ်လုပ်ထားသော ဆံပင်စည်း၊ ဆံပင်ထိုး၊ ဆံပင်ညှပ် (ကလ်)၊ ဆံပင်ခွ ဆံပင်အုပ်၊ ဆံပင်ဖိ ပစ္စည်းကလေး တွေက ဒီဇိုင်းအဆန်းဆန်း အရောင်အသွယ်သွယ် ရှိကြရုံမက ကျောက် ပွင့်စီ ဖဲပွင့်စီ အသွင်အမျိုးမျိုးက လက်လှမ်းတစ်မီမှာရှိနေပြီဆိုတော့ချည်စ ပန်းဆိုး" ကြိုးကလေးတွေ အသုံးမတွင်ကြတော့ပြီ။ ကျွန်မတို့ ငယ်ငယ်ကတော့ မိန်းကလေးမှန်လျှင် ချည်ခေါင်းစည်းကြိုးရောင်စုံကိုပဲ သုံးခဲ့ကြရသည်။ များသောအားဖြင့် ပန်းဆီရောင်ကလေးတွေ များပါ၏။

မနက်မိုးလင်းသည်နှင့် အမေကြီးကိုယ်တိုင် ကျွန်မဆံပင်ကို ဝါးဘီးဖြင့် ရှင်း၊ အုန်းဆီကလေး ပွတ်ရင်း၊ ဆံပင်နှင့် ဦးရေကို အေးနေအောင် ဆုပ်နယ်ပေးလေ့ရှိသည်။ ပြီးလျှင် ခေါင်းဖြီးပေးကာ ပန်းစည်းကြိုးဖြင့် ကြက်တောင်ရိုက်ထုံးပေးလေ့ရှိတာကို ကျွန်မ မှတ်မိနေပါသည်။ ကျွန်မ “ မဟုတ်ပါ။ တစ်ရွာလုံး တစ်နယ်လုံး တစ်ပြည်လုံးက မိန်းလေးတွေမှာ ပန်းစည်းကြီး ပန်းရောင်ကလေးတွေနှင့် ချည်းဖြစ်နေလောက်ပါသည်။ ကြက်တောင်စည်းနှင့် ပန်းစည်းကြီးသည် တစ်ခါက မိန်းမငယ်ကလေးတို့၏ ဆံပင်ပုံစံဟုပင် ဆိုနိုင်ပါသည်။ ကြက်တောင်းလည်း ရှင်မီးအင်္ကျီနှင့် ဝပ်ထဘီကို မထိမတွေ့လိုက်ရသူ မရှိ။

“ခေါင်းစုတ်ဖွားကြီးနဲ့ မနေရဘူး၊ မိန်းကလေးများဝယ် ဘုန်းကံက ဆံပင်မှာ တည်။ယောက်ျားလေးများကျတော့ လက်ရုံးမှာ တည်သာ။ ဆံပင်ဖားလျားကြီးလည်း မချကောင်းဘူး။ တစ္ဆေ မှင်ဆာ မကောင်း ဆိုးရွာ ဘွယ်တတ်တယ်။ ဆံကလေး ပင့်ထုံးတော့ မျက်နှာကလေး သယ်။ သနပ်ခါးကလေးနဲ့ဆိုတော့ ကျက်သရေရှိသသော်” -

အမေကြီးက မနက်တိုင်း ခေါင်းစည်းကြိုး စည်းပေးရင်း ပါးစပ်က တထွတ်တွတ်ပြောနေတတ်တာကိုလည်း ကျွန်မ မှတ်မိနေပါသည်း ငယံမဆံပင် ကလေး ရှည်လာသည်နှင့် သူငယ်တော်ရုပ်၊ နောက်ချေးခံလုပ်ကလေးတွေလို ပန်းစည်းကြိုးကလေးတွေ ပေါင်”ရ၊ ဖက်” ရပြီ။ ပန်းစည်းကြိုးမှာ ချည် တစ်မျိုးဖြစ်၍ ပန်းရောင်တောက်တောက်ဆိုးကြတာ များပါ၏။

နောက်ပိုင်းမှာတော့ ဖဲကြိုး၊ ဇာကြိုး၊ သိုးမွေးကြိုးကလေးတွေ ဖြစ်လာပါသည်။ ပန်းစည်ကြိုး အလွယ်တကူမရှိတော့လည်း ပူစရာမရှိပါ။စက်ဆိုင်က ပိတ်ဖြတ်စ တစ်ထွာတစ်မိုက်ကလည်း စည်းနှောင်စရာဖြစ်ရသည်။

“ညည်းတို့များ ကလေးပုခက် အောင်ပန်းမယ် ပန်းစည်းကြိုး ချည်ကြပါဟဲ့၊ မနှဲမိ မကြာဥတို့ကို အတင်တော်ဆက်ရင် ပန်းစည်းကြိုး မမေ့နဲ့၊ ရွှေဇင် သီးနစ်လုံး (ကြက်ဥနှစ်လုံ။) ပြုတ်၊ ဂွမ်းပေါက်တဆုပ်၊ ဆန်တစ်ပြည် ငွေတစ်မတ် ပန်းစည်းကြီး တစ်ခင်း မျိုချဉ်များ ဆက်ရသယ်”

ရွာထဲရပ်ထဲ သားသမီးဖွားပြီးဆိုလျှင် အမေကြီးက ပုခက်စစ်ဆေးရေး လိုက်တော့သည်။ ပန်းစည်းကြိုးမရှိသည့် ဆောင်ပုခက်၊ကြိုးပုခက် သစ်သားဆောင်ပန်းပုခက်မှာ တွေ့လို့ကတော့သားသည်မအေကို ငေါက်ပါတော့သည်။ မနှဲမိနတ်သီချင်းကိုလည်း အသံကလေး တုန်တုန်ဖြင့် ဆိုပြပါ၏။

ပန်းကြီးငယ်မ နှီကျာ. ရှင်နှဲမိဆံကေသာ... ခါကြီး ဒွါဒရာ - ဇာတိ ချက်ကြွေး နေရာဟောင်းက တကောင်းက ရွှေပုခက်ကလေးနဲ့ သိပ်ပါ သိပ်ပါ.. ငွေပုခက်ကလေးနဲ့ သိပ်ပါ သိပ်ပါ.. ရွေဘဲဉလေး ဆက်ပါ ဆက်ပါ.. ရွှေထဘီလေး ဆက်ပါ ဆက်ပါ... ပန်းစည်းကြိုးလေး ဆက်ပါ ဆက်ပါ”

ဖန်းကြီးငယ်မှ နှီကျာသည် ပန်းစည်းကြိုးကို ဆိုလိုပါ၏။ ရွာက ဘယ်သူဘယ်တော့ မြို့စျေး (မြင်းခြံ)သွားကြမှာဆိုလျှင် ကျူလယာ ဆိုင်က ပန်းကြိုးတစ်ခင် မှာကြသူတွေ မနည်းကြပြီ။ ဆမိတ်ခုံနတ်ပွဲဆိုလျှ ပန်းစည်ကြိုး”ပ္ပဲတော်ဆိုရမလောက်ပင်။ အခုတော့ လေးနှစ်အရွယ် ကျွန်မသမီးလေးကို ပန်းစည်းကြိုးကလေး "ပေါင်" ချင်လို့ "စည်း" ချင်လို့ မဖြစ်နိုင်တော့ တစ်ရက် သမီးဆံပင်ကို အုန်းဆီပွတ်ရင်း ခေါင်းဖြီးရင်း အမေကြီးကို သတိရမိပါ၏ ။

ပန်းစည်းကြိုးကလေးတွေ ဘယ်များရောက်ကုန်ပါလိမ့်။

ပန်းစည်းကြိုးကလေးတွေကို လွမ်းမိရာက ကျွန်မစာအုပ်ကို “ပန်းစည်းကြိုး” လို့ အမည်ပေးရန် စဉ်းစားထားခဲ့တာ ကြာပါပြီ။ ရိုးရိုးနှင့်ယဉ်ယဉ် ပန်းစည်းကြိုးကလေးတစ်မျှင် နှစ်မျှင်။ ကျွန်မ ဝတ္ထုတွေကို သည်ရိုးဂုဏ်ကလေးနှင့် တင်စားလိုခြင်းသာ ဖြစ်ပါ၏။

ပန်းစည်းကြိုး မဂ္ဂဇင်းဝတ္ထုရှည်များကို စုစည်းထုတ်ပေးသူ ဒေါ်ခိုင်ခိုင်ဦး(ပုဂံစာအုပ်တိုက်ကို ကျေးဇူးစကားဆိုချင်ပါသည်။ သည်ဝတ္ထုများကို ဖော်ပြပေးခဲ့ကြသော မဂ္ဂဇင်းအသီးသီးမှ အယ်ဒီတာများ။ သရုပ်ဖော်ရေးဆွဲပေးခဲ့ကြသော ပန်းချီဆရာများ၊ စာအုပ်တစ်အုပ် ဖြဝ်မြောက်အောင် ဝိုင်းကြရသော ဝန်းကြရသော ပုဂ္ဂိုလ်များနှင့်တကွ ချစ်လှစွာသော ပရတ်သတ် ကိုပါ ကျွန်မ ကျေးဇူးတင်မိပါကြောင်း ဖော်ပြလိုပါသည်။

လျော့ရဲထုံးဖွဲ့ ဆံကေနွဲ့- ပန်ကြိုးလဲ့လဲ့ စည်းနိင်စေ

ခင်ခင်ထူး

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)