Skip to product information
1 of 2

Other Websites

ကြယ်စင်မှူးဝေ - အလွမ်းသင့်ရောင်ခြည်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း ( ၁ )

လွှမ်းညီညီ ..

အရပ်က (၆)ပေလောက်မှာ ခပ်ဖြောင့်ဖြောင့်ကိုယ်ဟန် နှင့် စမတ်ကျလှသည့် ဝတ်ပုံစားပုံတို့ကြောင့် သူတို့လောကမှာ တော့ သူဟာ ရွှေမင်းသားတစ်ပါး။

ရုပ်ကလည်း အချောဆုံးထဲမပါတောင်မှ ယောက်ျားပီသ တဲ့အထဲပါပြီး မျက်ခုံးမျက်လုံးထင်းထင်း၊ နှာတံပေါ်ပေါ်နှင့် ပိရိ သည့်နှုတ်ခမ်းတွေကြောင့် လူချောစာရင်းမှပယ်လို့မရ။

ငယ်စဉ်ကတည်းက မိဘအမွေရထားတာချင်းအတူတူ အစ်ကို လွှမ်းကိုကိုက အသုံးအဖြုန်းဝါသနာပါပြီး သူကတော့ အိမ်၊ ခြံ၊ တိုက်တာဝယ်တာ ဝါသနာပါသူ။ညီအစ်ကိုနှစ်ယောက်စလုံးက အသက်တစ်နှစ်ပဲကွာပြီး ဆယ်တန်းအောင်သည်မှာအတူတူ၊ အစ်ကိုက အားတက်ပြီး သူ ကတော့ အင်ဂျင်နီယာဘွဲ့ကိုယူခဲ့သည်။

သူ ဆောက်လုပ်ရေးအလုပ်တွေ၊ အိမ်ခြံမြေတိုက်တာ တွေနှင့် တော်တော်အခြေကျနေကာမှ အစ်ကိုဖြစ်သူ လွှမ်းကိုကို မှာ ဒေါက်တာပေါက်စအဖြစ် မြို့လေးတစ်မြို့မှာ တာဝန်ကျသည်။

ဆိုပါစို့ သူ့အသက် (၂၆)နှစ် အစ်ကို့အသက် (၂၅)နှစ်။ ယခုအရွယ်မှာ အစ်ကိုက အိမ်ထောင်တွေဘာတွေ သမီးလေး တစ်ယောက်ရပြီး ဘဝကိုရိုးရှင်းစွာ ဖြတ်ကျော်ချိန်မှာ.....

သူကတော့ ဟိုက်ဘော့သူဌေးတစ်ဦးဖြစ်ဖို့ရာ အလား အလာကောင်းတွေနှင့် ဘဝကို ချီတက်နေပေပြီ။ “လွှမ်းညီညီ

ဆောက်လုပ်ရေး ဆိုတာလည်း တော်တော်ထင်ရှားနေပြီမဟုတ် ပါလား။

သူ့မှာ မိဘတွေထားခဲ့တဲ့ ညီအစ်ကိုနှစ်ဦးပိုင် တိုက်ကို လည်း အမ်းပေးနိုင်ခဲ့ပြီ။ အစ်ကိုက သူနေသည့်မြို့မှာ တိုက်ဝယ် ချင်တယ်ဆိုလို့ သူ အမ်းပေးခဲ့ရတာပါ။ အစ်ကိုလည်း အခုတော့ တိုက်နှင့်ကားနှင့် လုပ်ငန်းနှင့်ပေါ့။

ညီအစ်ကိုနှစ်ယောက် အနေဝေးကြပေမယ့် သွေးကနီးမြဲ။ ပြေးကြည့်မှ ဒီညီအစ်ကိုနှစ်ယောက်ပဲရှိတာလေး သူ့ရဲ့ တစ်ဦးတည်းသောတူမလေး “ယမုန်ယုယ ́ကိုလည်း သူချစ်ပါ သည်။ ယခုမှ လေးနှစ်သမီးလေးရှိပေမယ့် ခေတ်ကလေးပီပီ လည်လိုက်တာ လွန်ပါရော။

တစ်နှစ်တစ်ခါလောက် သူရှိရာရန်ကုန်သို့လာတိုင်း လို ချင်တာ ပူဆာတတ်သည့်တူမလေးဟာ လူကြီးတွေများ သင်ထား သလားမှတ်ရ၏။

“ဦးဦး... မီးမီးတို့ကားနဲ့ ဦးဦးကား လဲပေး၊ ဦးဦးကား က ပိုမိုက်တယ်"

“ဦးဦးတိုက်ကို မီးမီးကြိုက်တယ်၊ မီးမီးတို့တိုက်က တိုက် ကြမ်းကြီး၊ လဲပေးနော်”

သူအသက်ရှူကျပ်သွားအောင် ပြောဆိုပူဆာတတ်သည့် တူမလေးအား...

“မီးမီး စာကြိုးစား၊ မီးမီး ဆယ်တန်းကို ဘာသာစုံ ဂုဏ်ထူးထွက်ရင် ကားလဲပေးမယ်။ ဆရာဝန်မကြီးဖြစ်လာရင် တိုက်ပါ ဆောက်ပေးမယ်”

“ဟာ ဆယ်တန်းအောင်ဖို့က အဝေးကြီးပဲ၊ ခုတောင် မီးမီးက ကျောင်းမှမနေရသေးတာ။ အခုပေး.... အခုပေး၊ ဦးဦး

က ကပ်စေးနှဲကြီး"

အရွယ်နှင့်မလိုက် ပူဆာနေလိုက်တာများ သူ့မအေက သင်ပေးထားသလားမှတ်ရသည်။ ပြောနိုင်တာတော့မဟုတ်။ သူ့ မအေမြခွန်းဆက်ချိုဟာ လောဘတွေတဝေါါ။

 လွန်ခဲ့သောခြောက်နှစ်က အစ်ကိုတောင်းဆိုမှုကြောင့် ရှေ့နေရှေ့ရပ်တွေရှေ့ မှာ တန်ဖိုးဖြတ်ပြီး အမ်းပေးခဲ့ရသည့် မိဘဘိုးဘွားပိုင် တိုက်ကြီး ကိုကြည့်ပြီး ရင်ထုမနာဖြစ်နေတာလည်း မြခွန်းဆက်။

“မောင်ဟာလေ သိပ်ညံ့တာပဲ၊ ဒီလောက်နေရာကောင်း ထုထည်ကောင်းတဲ့တိုက်ကြီးကိုများ သူ့ညီကို ပေါပေါလောလော ပေးခဲ့ရသတဲ့။ ညီကလည်း အစ်ကိုနုံမှန်းအမှန်း  သိတော့ မှိန်းချ နေတာပဲ။ သူကတော့ တန်ဖိုးသိမှာပေါ့။ ဆောက်လုပ်ရေးအင် ဂျင်နီယာကြီး၊ ကန်ထရိုက်တာကြီးပဲလေ”

သူ့ခေတ်နဲ့သူ တန်ဖိုးဖြတ်ပေးခဲ့ အစ်ကို့အလိုလိုက်ပေး ခဲ့ရတဲ့သူ့ကိုပင် အပြစ်တွေဖို့လိုအစ်ကို သူ့မြို့မှာ တိုက်ဝယ်မယ် ဆိုတုန်းကလည်း သူသဘောတူခဲ့တာမဟုတ်။

“အစ်ကိုရာ၊ လောလောဆယ် ငှားနေလိုက် ပြီးရော။ အစ်ကို အရပ်တကာလှည့်နေလည်း နောက်ဆုံးကျ ကိုယ့်မိဘ တွေခေါင်းချခဲ့တဲ့ ဒီရန်ကုန်မှာပဲ ပြန်နေမှာမဟုတ်လား။ ဝယ်မနေစမ်းပါနဲ့”

“ဟာ! ညီလေးကလည်း အခု အစ်ကိုနေတဲ့တိုက်က ဈေးချောင်တယ်ကွ သူတို့က  ရောင်းတော့မှာဆိုတော့ အစ်ကို ဆွဲထားလိုက်ချင်တယ်။ နောက် ဆရာဝန်ဖြစ်ပြီး ကားလေးတစ်စီးမှ မရှိတာလည်း အောက်ပါတယ်ကွာ"

“အစ်ကိုစီးနေတဲ့ကား ရှိသားပဲ”

““အဲဒါ အစ်ကို့ကိုယ်ပိုင်မှမဟုတ်ဘဲ၊ ညီ့ ကားကိုယူပြီး စီးနေရကာ လိပ်ပြာမလုံပါဘူးကွာ။ နောက်ပြီး အစ်ကို ဒီနှစ် မိန်းမယူတော့မှာလေးတိုက်ပိုင်ကားပိုင်နဲ့ အခြေကျချင်ပါပြီကွာ။ ညီလေး အဖိုးဖြတ်ပြီး အမ်းပေးစမ်းပါး လုပ်ပါ... မင်းက ကြံ တတ်ဖန်တတ်ပါတယ်”

ငယ်ငယ်တည်းက တစ်ဇွတ်ထိုး တဇောက်ကန်းအစ်ကို ကို လွှမ်းညီညီ ဘယ်လိုမှတရားချလို့မရသည်တော့ လုပ်ငန်း ထဲမှငွေကို လှည့်ထုတ်ပြီး အမ်းပေးလိုက်ရတာပါပဲ။

“ကိုယ့်ညီလက်ထဲမှာ မိဘပစ္စည်းရှိနေတာ ဘာနှမြော စရာလိုမလဲကွာ။ သူစိမ်းလက်ထဲရောက်သွားမှာသာ အစ်ကိုက နှမြောတာပါ”

နောက်တော့ တာဝန်ကျရာမြို့မှာပဲ အစ်ကိုတစ်ယောက် အိမ်ထောင်ကျ အခြေကျနေသလို သူလည်း ကိုယ့်ရဲ့ကြံရည်ဖန် ရည်တွေနှင့် လုပ်ငန်းတွေ တိုးတက်အောင်မြင်လာလိုက်တာ ယခု ဆို သူဟာ တော်တော်လူသိများလာကြသည်အထိ။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)