Skip to product information
1 of 2

Other Websites

ကြယ်စင်မှူးဝေ - အချစ်တေလေ_အချစ်နွေ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း (၁)

“ရေစက်ဆိုတာ ယုံရမှာလား။ ရေစက်ရှိသူတွေပဲ လောကမှာလာပြီး စုကြ၊ ဆုံကြသတဲ့လား။

မြယွန်းစံမှီ နှင့် သက်နုမြတ်မို။ ။

ပညာရေးတက္ကသိုလ်ဆင်း ဆရာမပေါက်စလေး နှစ် ယောက်။ အသစ်ချပေးလိုက်သည့် အထက်တန်းကျောင်းတစ်ခုမှာ အတူတာဝန်ကျလာသည့်အခါ ရေစက်လို့ပဲ ပြောရတော့မှာပေါ့။

တစ်ယောက်တစ်နယ်စီမှ လာကြတာကိုး။ မြယွန်းစံမှီက ဟင်္သာတသူ။ သက်နုမြတ်မိုက ရန်ကုန်သူ။ နှစ်ယောက်အတူ အလုပ်ကျတော့ ကြံခင်းမြို့နယ်ထဲမှာ။ကျောင်းအသစ်ဆိုပေမယ့် ဝန်ထမ်းအိမ်ရာတွေ၊ ဘာ တွေနှင့် ပြည့်ပြည့်စုံစုံ။ ကျောင်းကလည်း နှစ်ထပ်ကျောင်း။

ကျောင်းသားက တစ်ထောင်နီးပါး။ ရွာကလည်း ရွာကြီးမို့ အစား အသောက်ပေါကာ နေပျော်သည့်ရွာ။ ဘက်ရဲတဲ့။

မြယွန်းစံမှီကတော့ “ရောက်သည့်အရပ်မှာ ပျော်အောင် 'နေ' ဆိုသည့်စကားလိုပဲ အားလုံးနှင့် အဆင်ပြေအောင် နေတတ် ပါသည်။ ကိုယ့်ကိုယ်ကိုယ်လည်း ကျန်းမာ၊ ချမ်းသာအောင် နေပါသည်။

အဲ ... သက်နုမြတ်မိုကတော့ ရန်ကုန်သူပီပီ တောမှာ အထာမကျလေဘူးထင့်။ တစ်နေ့တစ်နေ့ တညည်းညည်း တကြူကြူ။ ခိုသေလို့ ဝင်စားလာသည့်အတိုင်း။

မြယွန်းရော သက်ခုပါ မိန်းမချောလေး၊ မြယွန်းစံမှီ က မြန်မာဆန်ဆန် ချောမောလှပပြီး သက်နုမြတ်မိုကတော့ ဗိုလ်မလေးတစ်ယောက်လို လှသည်။

မြယွန်းစံမှီ၏ပုံစံက ရှေးမင်းသမီးလေးတစ်ယောက်လို လှပယဉ်ကျေးသည်။ ဆံပင်ရှည်လေးကိုလည်း အမြဲတမ်း ထုံးဖွဲ့ ထားတတ်၏။ တင်ပါးထိသည့် ဆံနွယ်တွေက ပိုးသားနှယ် အိအိ လက်လက်။ကောင်းခြင်း (၅) ဖြာနှင့် ပြည့်စုံသည်၊ စိတ်နှလုံး အေးချမ်းပြီး တည်ငြိမ်သူ၊ ဣရှင်လေး။ ဘဝကို အသင့်အတင့် နှလုံးသွင်းတတ်ပြီး လူ့ပတ်ဝန်းကျင်တစ်ခုလုံးကို စိတ်ချမ်းသာ စေချင်သူ။ ပြီး

သက်နုမြတ်မိုကတော့ အမေရိကန်မင်းသမီးပေါ့။ အရာ - ခေတ်ရှေ့ပြေးပြီး မာနကလည်း ခေါင်ခိုက်လို့။

ဗိုလ်မလေးလို ဖြူဖြူ ပါးပါး လှလှလေးမှာ အပြင်အဆင် အခြယ်အသနှင့် ပေါင်းလိုက်တော့ မြင်သူငေးရလောက်အောင် | အလှပိုင်ရှင်။

ဆံပင်၊ ဆံနွယ်တွေကလည်း ပုံစံအမျိုးမျိုး အိဖတ်နေ အောင် ဖယောင်းထည့်ပြီး ဆေးဆိုးထားသည့် ဆံပင်လေးတွေက သူမလမ်းလျှောက်လျှင် အိအိလှုပ်လှုပ်၊ တလက်လက်။

ပခုံးသာသာဆံပင်ကို ကျောင်းသွားမှ ဖဲပြားအုပ်ပြီး ထုံးအတုလုပ်သည်။

တစ်ယောက်နှင့်တစ်ယောက် အသွင်အပြင်၊ အကျင့် ခက်တွေ၊ လားရာတွေ လာရာတွေ မတူညီပေမယ့် နှစ်ယောက် တ်ခန်း နေရသည်မို့ သူတို့နှစ်ယောက်က အခန်းဖော်တွေ။

ကျောင်းတက်ချိန်တွေမှလွဲလျှင် အတူနေရသူတွေမို့တစ်ယောက်အကြောင်း တစ်ယောက် တဖြည်းဖြည်းသိလာရ တာလည်း မဆန်း၊

အသက် (၂၂) အရွယ် ဘွဲ့ရ အလုပ်အကိုင်နှင့် မိန်းမ ချောလေးတွေမို့ ချစ်သူရှိတာ မဆန်းဘူးလို့ ယေဘုယျပြောဆိုနိုင် ပေမယ့် -

. အကျင့်စရိုက်ချင်းမတူညီကြသည့် မိန်းမလှလေး (၂) ဦး၏အဖြစ်က ဆန်းကြယ်နေခဲ့ပြီ။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)