Skip to product information
1 of 2

Other Websites

ကြယ်စင်မှူးဝေ - မာယာနေခြည်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း (၁)

မြပုန်းညက်ဟာ မိန်းမချောလေးတစ်ယောက်ပါ။

ကိုယ့်ရွာက တောင်ခြေတောစပ်မှာရှိပေမယ့် ဟိုင်းဝေး လမ်းနှင့် မဝေးလှတာ စိတ်ပျက်စရာ။ ။

မနှစ်ကတင် သူ့သူငယ်ချင်းမလေးတစ်ယောက်ဟာ ကားလမ်းမကိုဖြတ်ပြီး ယာထဲသို့ ထမင်းပို့သွားလိုက်တာ ပြန် မလာနိုင်တော့ပါ။

သတင်းအစအနကို မရတော့။ ။

ယခုခေတ်ကလည်း မိန်းကလေးတွေကို ကျွဲလို နွားလို လူကုန်ကူးနေကြသည့်ခေတ်မို့ သူကလေးကို ဖြတ်သွား ဖြတ်လာကားတစ်စီးစီးကများ ခေါ်တင်သွားပြီး ရောင်းစားလေသလား မသိရ။

သည်တော့ သာယာလှပသည့် ရွာကလေးရဲ့ပုံရိပ်တွေ ပျောက်ဆုံးရတာပေါ့။ ။

မြပုန်းညက်တို့ မိန်းကလေးတွေ အသွားအလာ ဆင်ခြင် ရမည်။ အနေအထိုင် ဆင်ခြင်ရမည်။

ဘယ်နေရာကိုမှ တစ်ယောက်တည်း မသွားနဲ့။ နေဝင် ရီတရောအချိန် လူပြတ်သည့်နေ့လယ်နေ့ခင်းတွေမသွားနဲ့။

သိလျက်နှင့် ဝိပါတ်ကြမ္မာငင် ဆိုသလိုပဲ တစ်ခါတလေ ကျတော့ ပရိယေသနဝမ်းစာ ရှာဖွေရင်း တစ်ယောက်တည်း သွားရ လာရတာတွေလည်း ရှိလာတတ်ပါ၏။

သဗ္ဗေသတ္တာ ကမ္မသကာပါပဲလေ။

ကံယုံပြီး ဆူးပုံနင်းတယ် မဟုတ်ပေမယ့် သည်ကနေ့ တော့ မြပုန်းညက် အဖော်မပါ ဘာမပါနှင့် အရေးပေါ်ခရီး ထွက်လာရပါသည်။

စက်ဘီးလေးနှင့် တစ်ဖက်ရွာသို့ ဆေးမှူးပြေးပင့်ရမှာ။ အိမ်မှာ အမေက အသည်းအသန်အောင့်နေ၏။ချွေးသီးချွေးပေါက်တွေပင်ကျလို့။

ဆေးမှူးဆီ လွှတ်ရမည့်သူမရှိ။ အမေတစ်ခု သမီးတစ်ခု နှစ်ယောက်တည်းနေရသည့်ဘဝမှာ။

ရွာထဲမှ လူငယ် လူလတ်တွေဆိုတာလည်း တောင်ယာ ထဲမှာ အလုပ်လုပ်နေကြတာ များသဖြင့် ခိုင်းစရာလူမရှိ။

သည်တော့ မြပုန်းညက် ကိုယ်တိုင်စက်ဘီးလေးစီးပြီး တစ်ဖက်ရွာရှိ ဆေးမှူးထံပြေးရသည်။

အချိန်က ညနေ (၅) နာရီလောက်ရှိသေးပေမယ့် ဆောင်းနေဖို့ မှောင်ချင်ချင်။ တောရိပ်၊ တောင်ရိပ်နှင့်မို့ မြူခိုး တွေလား၊ တောင်ခိုးတွေကလည်း ဝေချင်ချင်။

ကားလမ်းမကြီးကို ဖြတ်ရတော့ မြပုန်းညက် သွေးခပ်လန့် လန့်၊ မသူတော်ကားတစ်စီးစီးက ဖမ်းခေါ်သွားမှာ ကြောက်လို့ပါ။

လက်နက်အဖြစ် စက်ဘီးနောက်မှာ နွားကန် (နွားရိုက် ကြိမ်လုံး) တစ်ချောင်းတော့ တင်လာလေရဲ့။ ကြိမ်လုံးအဖျားမှာ ဇာဝီ (သံချောင်း) လေးစွပ်ထား၏။

ရွာထဲမှ အစ်ကိုသံချောင်းပေးတဲ့ လက်ဆောင်ပါ။ “နင်တို့မိန်းကလေးတွေ အန္တရာယ်များတယ်။ ဒီဇာဝီတပ်ထားတဲ့ ကြိမ်လုံးတော့ဆောင်ထား။ ကပ်လာတဲ့ကောင် ဆို အသေသာဆော်ပစ်။ အဲ ဇာဝီအားကိုးနဲ့ ရွာရိုးတော့ လျှောက် မနေနဲ့ဦး။ တကယ့်တကယ်ရင်ဆိုင်လာရရင် နှင့် ဇာတုတ်လည်း မကယ်နိုင်ဘူးနော်”

ဘာပဲဖြစ်ဖြစ် လက်နက်ရှိတော့ တော်သေးတာပေါ့။

ကားလမ်းနှင့် မလှမ်းမကမ်းမှာ ရွာသင်္ချိုင်းကလည်း ရှိသေး။ ခေတ်ကြီးကိုက လူရှင်ကြောက်ရ လူသေကြောက်ရ။

လူရှင်နှင့်လူသေဆို လူသေကမှ တော်ဦးမည် ထင်ပါ သည်။ ကြောက်တော့ကြောက်တာပေါ့နော်။

ဆေးမှူးရှိသည့်ရွာက သင်္ချိုင်းဘေးမှလမ်း။ မွေးသမိခင် ကြီး၏ ကျန်းမာရေးကြောင့်သာ ဆေးမှူးပြေးပရမှာ၊ လူကတော့ ဘာကိုကြောက်မှန်းမသိ ကြောက်လှပါပြီ။

သင်္ချိုင်းကို ရဲရဲပင်မကြည့်ဘဲ စက်ဘီးကိုနင်းနေ တုန်း ဖောင်းခနဲမြည်သံကြောင့် လေတင်းနေသည့်စက်ဘီး တာယာကွဲထွက်သလား၊ လေလုံးကွဲထွက်သလားမသိ။ ခေါင်း နားပန်းစားရင်း သင်္ချိုင်းဘေးမှ စက်ဘီးကို တွန်းပြေးရတော့မည့် ဘဝ။သည်စဉ် သူ့နားထဲမှာ ကလေးငိုသံလေး။ ငိုသံသဲ့သဲ့ လေးက ညည်းတွားသံလေးလိုလို။ မြပုန်းညက် ခေါင်းနားပန်း ကြီးသွား၏။ ဒါ တစ္ဆေခြောက်တာပေါ့။

မင်စာလေးတွေ၊ ကြပ်တွေက လူကိုအသံပေးပြီး ခြောက် လှန့်တာပေါ့။

မြပုန်းညက် စက်ဘီးကို တွန်းပြီးပြေးဖို့ ကြံစည်လိုက်စဉ် ကလေးညည်းသံလေးက ထပ်ပြီးပေါ်ထွက်လာသည်မှာ ထင်ထင် ရှားရှား။

မြပုန်းညက် တွေဝေသွားရ၏။ ။

သင်္ချိုင်းထဲမှာ ဘယ်သူကများ ကလေးတစ်ယောက်ကို ပစ်ထားခဲ့သလဲ။ ဒုက္ခရောက်နေသည့်ကလေးတစ်ယောက်ဆို လျှင် သူမ ကူညီသင့်တာပေါ့။

သူမ အခြေအမြစ်မရှိဘဲ သရဲကြောက်နေရတာနှင့် ကလေးတစ်ယောက်သာဆိုလျှင် မကူညီလိုက်ရဘဲနေရော့မည်။

ထို့ကြောင့် စက်ဘီးကို ဒေါက်ထောက်ခဲ့ပြီး လက်ထဲမှာ ကြိမ်လုံးကိုကိုင်ကာ မြပုန်းညက် အသံကြားရာသို့ တဖြည်းဖြည်း တိုးကပ်သွားမိသည်။တစ္ဆေဆိုလည်း ကြိမ်လုံးနှင့်ရိုက်ထည့်လိုက်မည်။ ဒုက္ခ ရောက်နေသည့်ကလေးတစ်ယောက်ဆိုလျှင်လည်း ကိုယ်တတ် နိုင်သမျှ ကူညီပေးလိုက်မည်။

တဖြည်းဖြည်း ငိုညည်းသံလေး တအီအီက ပျောက်လု လု။ နေကလည်း ဝင်လုလု။ တောရိပ် တောင်ရိပ်အောက်မှာ အအေးဓာတ်နှင့် အမှောင်ဓာတ်ကလည်း ကြောက်ခမန်းလိလိ။

မြပုန်းညက် အသံပေးလိုက်ပါသည်။

“ကလေးရေ မင်းဘယ်မှာလဲ။ ကလေးရေ မမကို အသံ ပေးပါဦး ကလေးရေ”

မြပုန်းညက်၏အသံလေးက ကရုဏာသံအပြည့်။ သူမ အသံပေးရင်း လှည့်ပတ်ရှာနေတော့မှ ချုံပုတ်တစ်ခု၏ဘေးမှာ လဲကျနေသည့်ကလေးလေးတစ်ယောက်ကို အမှောင်ထုအောက် မှာ လှမ်းမြင်လိုက်ရသည်။

ကလေးဘေးမှာ ခွေးအ (၂) ကောင်။ သင်္ချိုင်းမှာ မြေပုံ တွေကို တူးဖော်ယက်တ်ပြီး စားတတ်သည့် ခွေးတွေ။

သည့်ထက်အမှောင်ကြီးစိုးလာလျှင်တော့ သည်ကလေးလေး ခွေးစာဖြစ်တော့မှာမလွဲ။

မြပုန်းညက်၊ ကလေးအနားသို့ စိုးရိမ်တကြီး ပြေးကပ် သွားလျှင် ခွေးအ (၂) ကောင် ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာသွား ၏။

မြပုန်းညက် လက်ထဲမှာပါလာသည့် ကြိမ်လုံးနှင့် ရမ်း လိုက်တာတောင် ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေတုန်း။

သူမ ကလေးကို အပြေးပွေ့ချီလိုက်မိသည်။ အသက် ၃-၄ နှစ်အရွယ်ခန့် ဖြူဖြူချောချော မိန်းကလေးငယ်လေး။

“အမလေးကွယ်”

ကလေးခမျာ ဘယ်လိုအဖြစ်ဆိုးတွေနှင့် တိုးခဲ့သည်မသိ သတိလစ်လုမတတ်၊ မေ့မြော မိန်းမောလုမတတ်။

မြပုန်းညက် ကောက်ပွေ့လိုက်သည်နှင့် ကလေးက စိတ် လျှော့လိုက်လေသလားပင်။ သူမ၏လက်ပေါ်မှာ ပျော့ခွေ၊ သတိ လစ်သွားပါလေတော့သည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)