Other Websites
ကြယ်စင်မှူးဝေ - မာယာကုဋေ လျှာကုဋေ
ကြယ်စင်မှူးဝေ - မာယာကုဋေ လျှာကုဋေ
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
အခန်း (၁)
မြယွန်းမိုရ်
ရွာမှာတော့ ပွဲဆူအောင်လုပ်သည့်မိန်းကလေး။
ရုပ်ကလေးချောသလို စာဖတ်သည့်မိန်းမလေးမို့ လူကုန် ကူးတာတွေ၊ ဘာတွေကို သူမ သေသေချာချာ ဂဃဏန ဖတ် ဖူးသည်။
လူကုန်ကူးသည့်နည်းလမ်းတွေ၊ လမ်းကြောင်းတွေကို ဆောင်းပါးတွေထဲမှာ စာတွေထဲမှာ သူမ ဖတ်ရသည်။
သို့သော် တစ်ရွာလုံးနှင့်တစ်ယောက် ဆိုသလိုပါပဲ။ မူလတန်းကျောင်းလောက်သာ ရှိသည့် သူမတို့ရွာမှာ အပြော ကောင်းလျှင်၊ ယုတ္တိရှိလျှင် ယုံလိုက်ကြသူက ခပ်များများ။
မြယွန်းမိုရ်တစ်ယောက်သာ ရွာကို ဆွမ်းဆန်လာခံတတ်ယခုဆို ဆယ်တန်းဖြေပြီးခဲ့ပြီပေါ့။ အောင် မအောင် တော့ မသိသေး။
‘တောသူမလေးမို့ အသက်ကတော့ (၁၈) နှစ်ပြည့်ခဲ့ပြီ။ ကျောင်းထားနောက်ကျတာကိုး။
သူမတို့ရွာက လုပ်ငန်း၊ ကိုင်ငန်းကတော့ ခပ်ရှားရှား။ လယ်ပိုင်၊ ကိုင်းပိုင်က ခပ်နည်းနည်း။ အလုပ်သမားတွေ၊ လူသား အရင်းအမြစ်တွေကပဲ အလျှံပယ်။
သည်တော့ ပိုနေသည့်လူတွေက ရန်ကုန်ထက် အလုပ် လုပ်ကြ။ ထိုင်းတို့၊ စင်ကာပူတို့သို့ ထွက်ပြီးအလုပ်လုပ်ဖို့ ကြံစည် စိတ်ကူကြတာ မဆန်း။ ။
“မုဒုံဘက်မှာ ရော်ဘာစေး ခြစ်ရမယ် ငါးကန်စောင့်ရ မယ်။ လယ်တွေ၊ ကိုင်းတွေ လုပ်ရမယ်” ။
ဆိုပြီး ထွက်သွားကြသူတွေလည်း မနည်း။ အဆင်ပြေ လေလား၊ မပြေလေလားတော့မသိ။ သည်လိုပဲ ထွက်သွားလိုက် ကြတာ သူမတို့ရွာမှာ လူဦးရေပင် တော်တော်လျော့သွားပေ၏။ဒါကြောင့် မြယွန်းမိုရ်တို့ဆရာမက စာသင်ရင်းနှင့် ပြော ပြခဲ့ဖူးတာ။
“မြန်မာနိုင်ငံမှာ လူဦးရေ သန်း (၆၀) လို့ ခန့်မှန်းထား တာ။ တကယ်လည်း သန်းခေါင်စာရင်းကောက်ရော (၅၁) သန်း ပဲ ရှိတော့တယ်။ ကျန်တဲ့ ၉) သန်း ဘယ်ရောက်သွားတယ် ထင်ကြလဲ”
“မသိပါဘူး ဆရာမ”
“သားဆက်ခြားတွေလုပ်လို့ မှန်းထွက်နဲ့နှမ်းချက်မကိုက် တာနေမှာပါ ဆရာမ”
“တစ်ယောက်တစ်ပေါက်နှင့် ခပ်နောက်နောက်အဖြေ ကို ဆရာမက တည်ငြိမ်စွာ ဖြေကြားပြောဆိုခဲ့ပါသည်။
. “မှတ်ထား၊ နိုင်ငံရပ်ခြား၊ ရေခြားမြေခြားတွေကို ထွက် ပြီး ကျွန်ဖြစ်ကုန်ကြတာ။ ဟိုတုန်းက “သခင်မျိုးဟေ့ တို့ဗမာ”လို့ ကြွေးကြော်ခဲ့ကြတယ်။ အခုတော့ “ကူလီမျိုးဟေ့ တို့ဗမာ တွေ ဖြစ်ကုန်ကြပြီ”
“သူများနိုင်ငံမှာ သူများမလုပ်ချင်တဲ့အလုပ်ကို တို့ မြန်မာနိုင်ငံသားတွေလုပ်ကြရတယ်။ ဘယ်လောက်ရင်နာစရာစီးဆင်းသွားကြရတယ်”
“ဒီကြားထဲမှာ သူတစ်ပါးလှည့်ဖြားပြီး ဖမ်းရောင်း၊ လူ ကုန်ကူးခံရတဲ့ ဘုမသိ ဘမသိ ဒုက္ခသားကောင်တွေလည်း အများကြီးပဲ”
“အရှင်လတ်လတ် ငရဲခံရသလို ခံစားနေရတဲ့ လူကုန် ကူးခံရတဲ့ဘဝမျိုး မင်းတို့လည်း ဘယ်တော့မှ မရောက်စေနဲ့။ မင်းတို့ပတ်ဝန်းကျင်ကိုလည်း အသိပညာပေးပါ။ စည်းရုံးပါ။ တားဆီးပါ” ,
“လူကုန်ကူးခံရတဲ့သူလေးတွေကိုကြည့်ရင် အသိ၊ ပညာ ဗဟုသုတမရှိလို့ တချို့လည်း လောဘကြီးမိလို့ ဟုတ်နိုး နိုးနဲ့ သူတစ်ပါးလှည့်စားတဲ့ မာယာကုဋေ လျှာကုဋေကို အဟုတ် ကြီး ထင်ပြီးယုံစားကြတာ”
ဆရာမ၏စကားများကို ပြန်ပြီးကြားယောင်ရင်း မြယွန်း မိုရ် လောလောဆည် ရွာမှာဖြတ်နေသည့်အဖြစ်အပျက်ကို မသင်္ကာဖြစ်မိသည်။
ရွာထဲမှ ဒေါ်ကြီးမူမူက ရန်ကုန်နှင့် ရွာကို အိမ်ဦးနှင့်မှကောင်မလေးတွေကို ရန်ကုန်မှာ အလုပ်ရှာပေး၊ အလုပ်သွင်းပေးတာမျိုး လုပ်ပေးသည့်အဒေါ်ကြီးပါပဲ။ရွာထဲ
အများအားဖြင့် အလုပ်ကြမ်းတွေပေါ့ကြမ်းပြင်သဖွယ် အရောင်းအဝယ်လုပ်နေသည့်အမျိုးသမီးကြီးပါ။
။ အထည်ချုပ် စက်ရုံမှာ၊ အထည်ဆိုင်ကြီးတွေ၊ စားသောက်ဆိုင်တွေ၊ နောက် အလှပြင်ဆိုင်တွေကအစ သူက တစ်ဆင့်ပို့ပေးသည်။
အဲ သူ့ကိုတော့ တစ်လစာပွဲခပေးရပါသတဲ့။
ယခု ဒေါ်ကြီးမူမူနှင့် မိန်းမနှစ်ယောက်ပါလာခဲ့သည်။ လူတွေကတော့ လက်ဝတ်လက်စားအပြည့်အစုံနှင့် ရှိုးကောင်း ကောင်း။
. . ။ ကားတောင်ပါလာလိုက်သေး။ တကယ့်လူကြီး လူ ကောင်း လူကုံတန်ပုံစံ။
ရာ့ထုံးစံအတိုင်း ဧည့်သည် (၃) ယောက်တည်းခိုနေ သည့် ဒေါ်ပုကြီးအိမ်မှာဆိုတာ လူမစဲ။
အလုပ်လုပ်စရာရှိတာ လုပ်ကြသည်။ ပြီးတာနှင့် ဒေါ်စု ကြီးအိမ်သို့ ရောက်သွားပြီး ဧည့်သည်မိန်းမ (၂) ယောက်၏ ထိုင်းတရားကို နာကြသည်။ကျွန်မသမီးနဲ့သမက်က မဲဆောက်မှာ အထည်စက်ရုံ ပိုင်တယ်။ စက်ရုံက ခုမှဖွင့်စဆိုတော့ အလုပ်သမား (၂၀)လောက် လိုတယ်။ ဟိုမှာက ထိုင်းအလုပ်သမားတွေရှိပေမယ့် အလုပ်လုပ် တာလည်း လက်ကြောမတင်းဘူး။ လစာကျတော့လည်း အများ ကြီးလိုချင်ကြတာ။ ဒီတော့ ကိုယ့်မြန်မာနိုင်ငံသားတွေပဲ အလုပ် သမား ခေါ်ချင်တယ်ဆိုလို့ ကျွန်မ ဒီဘက် မမူနဲ့လိုက်လာတာ”
“ထိုင်းအလုပ်သမားတစ်ယောက်ဆို တစ်ပတ်ကို ဘတ် ငွေ (၅၀၀)လောက်ပေးရတ။ မြန်မာငွေဆို တစ်သိန်းခွဲ၊ နှစ်သိန်း။ တစ်လဆို သူတို့ကို ဘတ် (၂၀၀၀) လောက်ပေးရတယ်။ မြန်မာ ငွေ (၈) သိန်းလောက်ပေါ့” .
“(၈) သိန်း ဟုတ်လား”
မြယွန်းမိုရ်က ဒေါ်ပုကြီးသမီး သီတာဇော်နှင့် သူငယ် ချင်းမို့ အိမ်ချင်းလည်းကပ်နေတာမို့ ဒေါ်ပုကြီးအိမ်ရောက်နေခြင်း
பிட
သူတို့ရွာသားတွေခမျာ မျက်လုံးတွေ လှည်းဘီးလောက် ပြူးကျယ်ကုန်ကြပါ၏။ ရွာမှာ တစ်နေ့လုံး ကိုင်းကောက်မှ နှစ် “ထောင် သုံးထောင်ရတာ။တစ်လလုံးလည်း လုပ်စရာမရှိ၊ ကိုင်းကနည်းပြီး အလုပ် သမားကများနေတာမို့ အလုပ်နှင့်လက် မပြတ်ရေးအတွက် အလုပ်ရှင်ကို မျက်နှာချိုသွေးရ ဖားရတာ။
ယခု အထည်စက်ရုံမှာ ထိုင်းတွေ တစ်လကို (၈) သိန်း ရသည်ဆိုတော့ မျက်လုံးတွေ ပြူးကျယ်ကုန်ကြရပါ၏။
ဒေါ်ကြီးမူနှင့်ပါလာသည့် အမျိုးသမီး (၂) ယောက်မှာ သက် (၅၀) ခန့်အရွယ်တွေ၊ ရုပ်တွေလည်းမဆိုးပါ။ ဖြူးဖြူးခန့်ခန့် နှင့် သူဌေးရုပ်တွေ။
နာမည်တွေကလည်း ဒေါ်ပုလဲနှင့် ဒေါ်သီသီတဲ့။ ဒေါ် ပုလဲက ရှင်းပြနေပြီး ဒေါ်သီသီက လိုအပ်တာ ထောက်ပေးသည်။
“သမီးတို့က စက်ရုံဖွင့်ခါစဆိုတော့ ငွေအရင်းအများ ကြီးမရှိဘူး။ ဒီတော့ ထိုင်းအလုပ်သမား မငှားနိုင်ဘူး။ မြန်မာ အလုပ်သမားလာရှာတာ”
သည်လိုလည်းပြောလိုက်ရော သူလိုက်မယ်၊ ငါလိုက် မယ်နှင့် အလုပ်သမားဆိုတာ ချက်ချင်းပင် လူကရာကျော်တော့ မတတ်။
“အသက်ကြီးကြီးတွေမခေါ်ဘူး။ အသက်(၂၀)အောက်ပဲငွေ (၁) သိန်းရပါမယ်”
“အင်”
တစ်နေ့လုပ်မှ တစ်နေ့စားရသည့်အလုပ်သမားနင်းပြား တွေကိုလာပြီး လမ်းစရိတ် (၁) သိန်းပါရမည်ဆိုတော့ အားလုံးပင် ဖင်ထိုင်သွားကြသည်။ ဒေါ်ပုလဲက ဆက်ရှင်းပြ၏။
“ထိုင်းကို အပေါ်လမ်းကသွားရင် လေယာဉ်ခ၊ ပတ်စ ပို့စ်၊ ဗီဇာတွေနဲ့ တစ်ယောက်ကို (၁၀) သိန်းလောက်ကုန်မှား ကျွန်မတို့က အောက်လမ်းကသွားမှာမို့ (၁) သိန်းပဲကုန်တား ရှင်တို့က များတယ်ထင်သလား။ ဟိုကျ တစ်လကို (၈) သိန်း မရအောင် တစ်ဝက်တော့ အနည်းဆုံးရမှာပဲ။ သေချာစဉ်းစား ပေါ့”
မြယွန်းမိုရ် မျက်မှောင်ကုတ်သွား၏။ လိမ်နည်းအဆန်း တော့မဟုတ်။ တစ်ယောက် (၁) သိန်းဆိုတော့ အယောက်(၂၀) သိန်း (၂၀)။
ဟ သိန်း (၂၀) လည်းယူမယ်။ လူတွေလည်း ရောင်း စားမယ်။ လူကုန်ကူမယ်လား။ ရိုက်ချက်က ပြင်းလှချည်လား၊ဒေါ်ပုလဲကိုမယုံကြည်တာ မြယွန်းမိုရ် တစ်ယောက် တည်း။ ရွာသူ ရွာသားတွေကတော့ သူ့ထက်ငါဦး ကြိတ်ကြိတ် တိုးလျက်။
ဒေါ်ပုလဲက စည်းကမ်းချက်တွေ ပြောနေသေး၏။
“ကျွန်မတို့ ဒီကနေ ကားငှားသွားရမယ်။ လူတွေ (၂၀) လောက် စုသွားနေရင် လူကုန်ကူးတယ်ဆိုပြီး ရဲက မျက်စိစပါး မွေးစူးဦးမယ်။ ခေတ်ကြီးကလွယ်တာမဟုတ်ဘူး။ လူကောင်း လူဆိုးထင်၊ လူဆိုးကို လူကောင်းထင်နေကြတဲ့ခေတ်”
“ဒီတော့ ကားခွဲစီးရမယ်။ လိုင်းကားနဲ့လိုက်တဲ့သူက လိုက်။ ကျွန်မတို့ကားနဲ့လိုက်တဲ့သူကလိုက်ပေါ့။ လူကြီးတွေက လိုင်းကားနဲ့လိုက်။ ကျွန်မကားနဲ့ လူငယ်တွေလိုက်။ ရှင်တို့မှာ မှတ်ပုံတင်ရှိရမယ်။ ငွေ (၁) သိန်းပါရမယ်။ အဲဒါ အရင်လုပ်ကြ”
ရွာသားတွေအားလုံး ပျားအုံတုတ်နဲ့ထိုးခံရသလို ဆူဆူ ညံညံ။ တိုင်ပင်ကြ ဆွေးနွေးကြနှင့်။
တောသူတောင်သားတွေမို့ မှတ်ပုံတင်ဆိုတာလည်း လူစေ့မရှိ။ လုပ်ကောင်းတဲ့အရာလို့တောင် ထင်ကြတာမဟုတ်။
မျက်စိပွင့်၊ နားပွင့်သည့်သူတွေလောက်သာ မှတ်ပုံတင်
