Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ကြပ်ကလေး - တစ်သိုက်တစ်မြုံတစ်ထွေး

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out
Type

ကြောက်ပါသည်။ ထို့ကြောင့်...

 ဒေါ်စန်းရှင်၏မျက်နှာကလေးမှာ ဆီးရွက်လောက်ငယ်နေသည်။

ဆီးရွက်သည် အဘယ်မျှလောက် ငယ်သနည်းဆိုသော် ဒေါ် စန်းရှင်၏ မျက်နှာလောက်ငယ်နေ၏။

ဤသို့ပင် ဒေါ်စန်းရှင်၏မျက်နှာနှင့် ဆီးရွက်တို့သည် အပြန် အလှန် ငယ်နေကြသည်။

“အခုမမိသေးဘဲ လွတ်နေတယ်ဆိုတဲ့ လူဆိုးဖိုးဂျမ်းပဲ။

ကိုမြတ်သာကို သတ်သွားတာ။ ဒီတော့ ... ငါသိပ်ကြောက်နေတာပဲ”

ဒေါ်စန်းရှင်က စကားပြောရင်း စိုက်ကြည့်နေသော မူမူသွယ် သည် အသက်နှစ်ဆယ်ခန့်ရှိသော ဖြူဖြူဝဝကလေး ဖြစ်၏။

မူမူသွယ်သည် မျက်ခုံးကိုပင် လွန်၍ အထက်မျက်ခမ်းစပ် ဆီသို့ ကျူးကျော်ရောက်ရှိလာသော နဖူးမှ ဆံစများကို လက်ချောင်း ကလေးဖြင့် ရွရွကလေး ဖယ်တင်လိုက်သည်။

“ဒီလိုဆိုလည်း မေမေရယ်၊ သမီးတို့ အိမ်ပြောင်းသွားကြ ရအောင်လေ။ ဒီအိမ်ကြီးကို ငှားထားလိုက်တာပေါ့ ”

သူ့မေမေက သဘောမတူသလို ခေါင်းကို ခါယမ်းလိုက်၏။

“အို ... ညည်းဖေဖေ အသက်ပျောက်သွားတဲ့အိမ်က ငါ ဘယ် ကိုမှ မသွားတော့ဘူး။ သေတာတောင် ဒီမှာပဲ သေမယ်”

လူကြီးတွေသည် အစွဲကလေးတစ်မျိုးစီ ရှိကြသည်။ ခင်ပွန်း သည် သေသောအိမ်မှာပဲ သေချင်သည်။ ခင်ပွန်းသည် မြှုပ်နှံသော သချိုင်းမြေတွင် ပူးယှဉ်၍ အမြှုပ်ခံချင်ကြသည်။

လူကြီးမဖြစ်သေးသောကြောင့် ဘာအစွဲကလေးမှ မရှိသော မူမူသွယ်ကမူ သွယ်တန်းသော မျက်ခုံးကလေးများပင် တွန့်လိမ်ကောက် ကွေးသွားအောင် စိတ်ရှုပ်သွားမိတော့သည်။ ။

“ဒီလိုဆိုရင်လည်း မကြောက်နဲ့ပေါ့ မေမေရဲ့”

မူမူသွယ်က လမ်းနှစ်လမ်းတွင် တစ်လမ်းကို အတင်းရွေ့ခိုင်း ခြင်းပင် ဖြစ်၏။ မူမူသွယ်၏ စိတ်ထားအတိုင်းပင် အိမ်ဖော်ကြီး မဂွမ်းပုံ ကလည်း ထားရှိ၏။

“ဟုတ်တာပေါ့ .... မမကြီးရဲ့။ ကိုကိုကြီး ခေါင်းချခံရတဲ့ အိမ် မှာပဲ ...”

“ဟဲ့ ... ခေါင်းချတဲ့ အိမ်လို့ပြောပါ့ မဂွမ်းပုံရဲ့”

ဒေါ်အေးသာက မဂွမ်းပုံ၏ စကားကို ကြားဝင် ပြင်ဆင်ချက် ထုတ်လိုက်သည်။

“မထူးပါဘူး မမအေးသာရယ်၊ ဓားပြဖိုးဂျမ်းက ကိုကိုကြီးရဲ့ ခေါင်းကို သေနတ်လက်ကိုင်ကြီးနဲ့ ချလိုက်လို့ ကိုကိုကြီး ခေါင်းချသွား ရတာပဲ မဟုတ်ဘူးလား” ဆိုပြီး

ခင်ပွန်းသည် သေဆုံးရပုံကို ပြန်လည်၍ သတိရချင်ပုံ မရသော ဒေါ်စန်းရှင်က ..

“အို ... ဒါတွေ ပြောမနေပါနဲ့တော့ မဂွမ်းပုံရယ်၊ ညည်းပြော ချင်တာသာ ပြောစမ်းပါ”

“ညည်း ပြောမလို့ မဟုတ်ပါဘူး။

 မူမူပြောတာ မှန်ကြောင်း ကို ရိုးရိုး ပြောမလို့ပါ။

ဖိုးဂျမ်းကို ကြောက်လွန်းအားကြီးရင်လည်း တခြားကို ပြောင်းပါ။ ကိုကိုကြီး ခေါင်းအချ.. အဲလေ ... ဒီအိမ်မှာပဲ ဆက်နေမယ်ဆိုရင်လည်း မကြောက်နဲ့ ပေါ့ ” ။

“ညည်းတို့က မကြောက်နဲ့လို့ ပြောတာ လွယ်တာပေါ့ ။ ငါ့ စိတ်ထဲကကြောက်တာ ဘာတတ်နိုင်မှာလဲ”

ဤတွင် ခပ်တွေတွေကလေး စဉ်းစားနေသော ဒေါ်စန်းရှင်၏ ယောက်မဖြစ်သူ ဒေါ်အေးသာက ဝင်ပြောလိုက်၏။

“အခု ကျွန်မတို့အိမ်မှာ ယောက်ျားမရှိလို့ မမကြီးက ကြောက်နေ တာပါ။ ဟုတ်တယ် မဟုတ်လား”

ဒေါ်စန်းရှင်က ခေါင်းကို ညိတ်ပြလိုက်၏။ ဒေါ်အေးသာက ဆက်ပြောသည်။

“တကယ်လို့ ယောက်ျားသာရှိရင် မကြောက်နိုင်ဘူး”

ဤတွင် မဂွမ်းပုံက ရယ်မောလိုက်ပြီး ခေါင်းလေးတဆတ်ဆတ် ညိတ်၍ ဝင်ပြောလေ၏။

“ ဒီတော့ မမအေးသာက ယောက်ျား ယူလိုက်မယ်ဆိုပါတော့”

“တယ်.... ဒီကောင်မဟာ၊ ငါနောက်ထပ်အိမ်ထောင်မပြု တော့ ဘူးတဲ့”

“အောင်မယ် ... ကျွန်မတို့ဘက်မလှည့်ပါနဲ့၊ မူမူနဲ့ ကျွန်မတို့ ဟာ အပျိုတွေချည်းပဲ။ ကျွန်မ အပျိုကြီး၊ မူမူက အပျိုလေး။ မမအေးသာ နောက်ထပ်အိမ်ထောင်မပြုချင်နေပေါ့။ ကျွန်မတို့တော့ ပထမ အိမ်ထောင် ကို မပြုနိုင်ပါဘူးတော် ...”

ဒေါ်အေးသာသည် သူနှင့် မဂွမ်းပုံတို့ နှစ်ယောက်အကြားတွင် ရှိသော လေထုကို ရုတ်တရက် ကုတ်ချလိုက်၏။

“အို .. ငါပြောတာက ဘယ်သူမှ ယောက်ျားယူဖို့မဟုတ်ပါဘူး”

“ဒါဖြင့် ဘယ်ယောက်ျားက ဘာစိတ်ကူးနဲ့ တက်လာမှာလဲ” သူတို့နှစ်ယောက် အချီအချ ပြောနေစဉ် ဒေါ်စန်းရှင်က ဝင်၍...

“ဟုတ်တယ်၊ ဒီအိမ်မှာ ယောက်ျားရယ်လို့ အားကိုးစရာရှိရင် ငါ ကြောက်တော့မှာ မဟုတ်ဘူး။ ဒီတော့ ခဏတစ်ဖြုတ် တစ်လတန် သည်၊ နှစ်လတန်သည် လာနေပေးမယ့် ယောက်ျားတစ်ယောက်ယောက် ရှိရင်ကောင်းမှာပဲ”

မူမူသွယ်သည် စဉ်းစားသွားသလို ခပ်ငိုင်ငိုင်ဖြစ်သွားရာမှ

“အားထားနိုင်တဲ့ ယောက်ျားတစ်ယောက်ယောက်တွေ့ရင် ခဏတစ်ဖြုတ်လာပြီး စောင့်ရှောက်ပေးဖို့ ပြောသေးတာပေါ့”

“အေးပေါ့ .. ခဏပါပဲ။ လူဆိုးတွေက အကုန်လွတ်သွားတာမှ မဟုတ်တာ။ ဖိုးဂျမ်းတစ်ယောက်တည်း လွတ်နေတာလို့ ရဲက ပြော တယ်။ သူ့ကိုလည်းလိုက်နေပါပြီ။ မကြာခင် မိမယ်ထင်တာပဲလို့ ပြော - ယ်။ ခဏတစ်ဖြုတ် လာစောင့်ရှောက်ပေးရင် ပြီးတာပါပဲ။ ဒီကြား သတိဝီရိယနဲ့ အိပ်ကြနေကြရမှာပဲ။ ငါပူတာက ဖိုးဂျမ်းဟာ ပစ္စည်းရမသွားဘဲနဲ့ သူ့လူတွေ မိလိုက်တာကို မကျေနပ်လို့ ငါ့ကိုလာ ပြန်သတ်မှာ ကြောက်တာပဲ”

မဂွမ်းပုံသည် လုပ်စရာရှိသည်ကိုလုပ်ရန် စကားဝိုင်းမှထ၍ အောက်ထပ်သို့ ဆင်းသွားလေ၏။

အချိန်မှာ ည ခုနစ်နာရီခွဲခန့် ရှိနေပြီဖြစ်သည်။

မဂွမ်းပုံ ထသွားသောအခါ မူမူသွယ်က ဒေါ်စန်းရှင်ကို ဆက် လက် နှစ်သိမ့်၏။

“ဒါလောက်လည်း ကြောက်မနေပါနဲ့ မေမေရယ်၊ စိတ်ကိုတင်း ပြီး ထားပါဦး။ သမီးလည်း ကြံစည်ပါဦးမယ်”

“ဒါပေါ့ မမကြီးရဲ့ ၊ ကျွန်မတို့လည်း ရှိပါသေးတယ်လေ”

ဒေါ်အေးသာကလည်း ဝင်ရောက်အားပေးပြီး စကားဝိုင်းမှ ထလိုက်၏။ မူမူသွယ်ကလည်း အိပ်ရာခင်းရန် ထလိုက်၏။

ထိုခဏတွင် အောက်ထပ်မှ...

“အောင်မလေး.. လာကြပါဦးတော်၊ အတင်းပဲ တွန်းနေတာပဲ” ဟု အော်လိုက်သော မဂွမ်းပုံ၏အသံကို ကြားကြရလေ၏။

သုံးယောက်သားသည် ပထမသော် တစ်ယောက်မျက်နှာကို တစ်ယောက် မျက်လုံးကလေးများ အဝိုင်းသားနှင့် ကြည့်လိုက်မိကြ၏။

သုံးယောက်အနက်တွင် ထိုင်လျက်သားဖြစ်နေသူတစ်ယောက် တည်းသော ဒေါ်စန်းရှင်သည် တင်ပါးကို အပ်ချွန်ချွန်နှင့် ဆတ်ခနဲ ထိုးလိုက်သလို ဝုန်းခနဲ ခုန်၍ ထလိုက်မိတော့၏။

ထို့နောက်တွင်ကား သုံးယောက်သားသည် ခလုတ်နှိပ်လိုက် သော စက်ရုပ်များကဲ့သို့ အောက်ထပ်သို့ဆင်းရန် ပြိုင်တူပြေးသွား မိကြလေသည်။

လှေကားမှာ လူနှစ်ယောက် ဆင်းလောက်ရုံသာ ကျယ်ဝန်း ၏။ လှေကားထိပ်သို့ ရောက်သောအခါ လူကြီးနှစ်ယောက်က ဘယ် တစ်ဖက်၊ ညာတစ်ဖက် အကပ်မိတွင် မူမူသွယ်က အလယ်မှ အတင်း ဝင်တိုးမိသောအခါ သုံးယောက်သားမှာ လှေကားထိပ်တွင် ပြွတ်ညှပ်၍ အတောင့်လိုက်ကြီး ဖြစ်သွားလေသည်။

တစ်ယောက်မှ အရှိန်ကို မလျှော့မိ။ ရှေ့လောကြီးကြီးနှင့် နင်းကန်၍သာ စွတ်တိုးနေလေရာ တစ်ဖက်မှ ဒေါ်စန်းရှင်မှာ..

“အမလေးတော် .. နံရိုးတွေတော့ ကျိုးတော့မှာပဲ”

ဟု အော်ညည်းမိသည့်နည်းတူ အခြား တစ်ဖက်မှ ဒေါ်အေး သာမှာလည်း..

“ဟဲ့ ... တဲ့ ... ငါ ညပ်နေပြီ။ ငါညပ်နေပြီ။ အည်း အည်း” နှင့် ညှစ်အော်လိုက်မိလေ၏။

အလယ်မှ မူမူသွယ် ခမျာမှာလည်း စားသာလှသည်တော့ မဟုတ်ပါ။ သူက အတင်းတိုးလိုက်မိရာတွင် ဘေးနှစ်ဖက်မှ မပိန်လှ

သော အဘွားကြီးနှစ်ယောက်၏ ကိုယ်လုံးများသည် စပရိန်သံကြိုး ခွေကို ဖိလိုက်ရသည့်နှယ် ... ပြန်ကန်၍ကြွတက်လာ မူမူသွယ်မှာလည်း မျက်လုံးကလေးများ အပြူးသားနှင့် “အို .. အို” နှင့် ကလေးကို အတင်းမုန့်ပေးနေသလို ဖြစ်နေရလေသည်။

“လာကြပါဦးလေ ... ဒီမှာ အတင်းပဲ တိုးနေတာပဲ”

အောက်ထပ်မှ မဂွမ်းပုံ၏အသံထပ်မံ၍ ပေါ်ထွက်လာပြန်ရာ အပေါ်ထပ်လှေကားမှ သုံးယောက်သားမှာ ဖိတိုးကြပြန်သည်နှင့် အမျှ တအည်းအည်း ... တအင်းအင်း ဖြစ်ကုန်ကြပြန်လေ၏။

ဒေါ်အေးသွယ်မှာ မူမူသွယ်နှင့် လှေကားလက်ရန်းထိပ်တိုင်နှင့် ညပ်နေ၏။

“ဟယ် .. သေးတွေ ချီးတွေတော့ ပါကုန်တော့မှာပဲလေ”

ဤတွင်မှ မူမူသွယ်က အရှိန်လျှော့လိုက်မိ၏။ လူကြီးနှစ် ယောက်မှာ ယခုမှ ဆင်းသွားနိုင်ကြတော့သည်။ မူမူသွယ်ကလည်း သူတို့နှစ်ယောက်၏ နောက်မှ အသာလိုက်၍ ဆင်းသွားရလေ၏။

မဂွမ်းပုံကိုလည်း ကြည့်ကြပါဦး။ ။

အိမ်မကြီးနှင့် နောက်ဖေးမီးဖိုဆီသို့ ကူးသော စကြံသို့ထွက် သည့်တံခါးကို ပိတ်လိုက်ခြင်းဖြစ်သည်။ သို့သော် စောစောက ဒေါ်စန်းရှင် ၏ ကြောက်စကားများကြောင့် ယနေ့ညအဖို့ မဂွမ်းပုံပင် ကြောက်သလို လို ဖြစ်လာခဲ့မိသည်။ နမော်နမဲ့ ဖြစ်ရ၏။

တံခါးရွက်ကို ပိတ်လိုက်ရာတွင် ညနေစောင်းက ချထားမိသောဆန်ချိန်သည့် နို့ဆီခွက်ကို သူ မမြင်မိ။ ထို့ကြောင့် တံခါးရွက်သည် နို့ဆီခွက်လွတ်၏ ထိပ်ပိုင်းကို တိုက်မိလေရာ နို့ဆီခွက်သည် လဲသွားပြီး တံခါးအောက်ပေါင်နှင့် တံခါးရွက်အကြား ခေါင်းစင်းခံလိုက်သည်။

မဂွမ်းပုံက ကန့်လန့်ထိုးရန် တံခါးရွက်ကို အားကလေးနှင့် ဖိလိုက်သောအခါ တံခါးရွက်သည် ပြန်ကန်လာတော့၏။ ဤသည် ကိုပင် မဂွမ်းပုံက တစ်စုံတစ်ယောက်သည် အတွင်းသို့ အဓမ္မ ဝင်ရောက် ရန် တံခါးကို ပြန်တွန်းသည်ဟု ထင်သွား၏။ ( သူကတွန်း တံခါးက ပြန်ကန်လေ ဖြစ်လာတော့သည်။

ထို့ကြောင့် တံခါးရွက်ကို ခြေကန်တွန်းနေရင်းက ကိုယ်များ ဆတ်ဆတ်တုန်ကာ အော်နေခြင်းဖြစ်သည်။

သူတို့နှစ်ယောက် အားလျော့သွားသောအခါ တံခါးသည် ပြန် ၍ကန်၏။

ဤသို့ဖြင့် သူတို့နှစ်ယောက် တွန်းနေသည့်ကြားက တံခါးရွက် ကြီးသည် အတင်းအတင်း ကြွတက်နေတော့သည်။

ဤတွင် ဒေါ်အေးသာနှင့် ဒေါ်စန်းရှင်တို့သည် မရဲသော်လည်း ပြေးခဲစေ .... ဟူသော သဘောဖြင့် ရရာလက်နက်များကို ကောက်ကိုင် လိုက်ကြ၏။

ဒေါ်အေးသာသည် တံမြက်စည်းကြီးကို ပြောင်းပြန်ဆုပ်ကိုင်ထား ၏။ ဒေါ်စန်းရှင်သည် ထွေးခံအလွတ်ကြီးကို ကိုင်မြှောက်ထားလိုက်၏။

လက်နက်ကိုင် အမျိုးသမီးကြီးနှစ်ဦးသည် ခြေဖျားထောက် ၍ ရွခန် ရွခနဲ ရှေ့သို့ လှမ်းတက်လာကြသည်။ သူတို့၏မျက်လုံးများ သည် အနည်းငယ် ဟတတဖြစ်နေသော တံခါးရွက်ကြားဆီသို့ တည့်မတ် စွာ ချိန်ဆ၍ ချဉ်းကပ်လာကြသည်။

ဒေါ်အေးသာက တံမြက်စည်းကြီးကို ရှေ့က၊ ဒေါ်စန်းရှင်ကထွေးခံကြီးမြှောက်၍ နောက်က။ ဤသို့ဖြင့် ကြွခနဲ၊ ရွခနဲ ခြေဖျား ထောက်၍ သတိကြီးစွာနှင့် လျှောက်လာကြသော အဘွားကြီးနှစ်ယောက် မှာ ဘဲလေးအက ကနေသလိုလို ထင်မှတ်ရသည်။

တံခါးကို ဖိ၍တွန်းထားရသော မဂွမ်းပုံနှင့် မူမူသွယ်တို့မှာလည်း ရင်ထဲတွင် မသက်သာလှ။ တဒိတ်ဒိတ်နှင့် ရင်ခုန်နေလျက်ကပင် ကြောက် ကြောက်နှင့် ဖိတွန်းနေကြရ၏။

အနားသို့ရောက်လာသည်နှင့်တစ်ပြိုင်နက် ဒေါ်အေးသာသည် တံမြက်စည်းကြီးကို တံခါးကြားထဲသို့ ထိုးသွင်းလိုက်ပြီးလျှင် အဖျား ဘက်က လက်ကြီးနှစ်ဖက်နှင့် ဆုပ်ကိုင်၍ မျက်စိများကို စုံပိတ်ကာ အပေါ်မှအောက် အောက်မှအပေါ်သို့ အကြိမ်ကြိမ်အဖန်ဖန် လျင်မြန်စွာ လှုပ်ရှားလိုက်သည်။

သူတို့ ထင်မှတ်ထားသည့်အတိုင်း အပြင်တွင် လူသာရှိမည် ဆိုလျှင် ဒေါ်အေးသာ လုပ်ပုံနှင့်ကား တဖုန်းဖုန်း အရိုက်ခံနေရပေမည်။

သို့ရာတွင် အပြင်ဘက်မှ တစ်စုံတစ်ယောက်သော အခုအခံ ကို တံမြက်စည်းနှင့် မစမ်းမိလေရကား ဒေါ်အေးသာသည် ယမ်းခါ နေသော တံမြက်စည်းကြီးကို တစ်နေရာတည်းတွင်ပင် တန်းလန်းကြီး ရပ်ထားလိုက်၏။ မျက်စိများကိုလည်း ပိတ်ထားရာမှ ဖွင့်၍စူးစမ်း သလိုအသွင်နှင့် တံခါးကြားကလေး ဟနေသလောက် မြင်ရသော အပြင်ဘက်ဆီသို့ ပြူးကြည့်လိုက်၏။

ဤတွင် လှုပ်ရှားမှုရပ်ကာ လက်ကြီးများဆန့်၍ ရပ်လိုက်သော ဒေါ်အေးသာ၏ ပြုမူပုံကို စိတ်တိုင်းမကျသလိုနှင့် မူမူသွယ်သည် တံခါးရွက်ကို ဖိထားရာမှ ခွာလာခဲ့ပြီး ဒေါ်အေးသာ၏ လက်နှစ်ဖက်ကို စုံကိုင်လိုက်ကာ...

“လုပ်လေ ... ဒေါ်ဒေါ်ရဲ့။ ဘာကြောင်နေတာလဲ။ ချပါ...”

ဟု ပြောပြောဆိုဆို သူ့လက်က ဒေါ်အေးသာ၏ လက်များကို ကိုင်၍ အထက်အောက် လျင်မြန်စွာ လှုပ်ယမ်းလိုက်လေသည်။

“ဟဲ့ ... နေစမ်းပါဦး။ အပြင်မှာ ဘာမှမရှိဘူး ထင်တယ်”

အတင်းဆွဲလှုပ်နေသော မူမူသွယ်ကြောင့် ဒေါ်အေးသာ၏အသံ ထွက်လာလေသည်။

“ဟင် ... ထွက်ပြေးသွားပြီ ထင်တယ်”

မဂွမ်းပုံကိုလည်း တံခါးရွက်ကို ယခုမှ ပိတ်ရသဖြင့် ကန့်လန့် ထိုးရင်း “ဘယ်သိပါ့မလဲ မမကြီးရဲ့ ။ အပြင်ဘက်က ဖိချည်း တွန်းနေ တယ် ထင်တာကိုး” ဟု ပြုံးဖြဲဖြဲနှင့် ပြောပြီး တံခါးကို ပိတ်ပြီးသွား လေတော့သည်။

အားလုံး တံခါးဆီမှ ကွေ့ ထွက်လာကြရာတွင် ခြေလှမ်း ငါးလှမ်းပင် မလှမ်းရသေး “ဂေါက်ဂလွမ်”ဟုသော သတ္တုကပြောသော ဘာသာစကားသံမျိုးကို ကြားလိုက်ရပြီး..

“ဟယ် .. သောက်ပလုတ်တုတ်။ လုပ်ကြပါဦး”

ဟူသော ဒေါ်အေးသာ၏ အလန့်တကြားသံ ထွက်ပေါ်လာ သဖြင့် ရှေ့က ကော့ကော့ ... ကော့ကော့နှင့် ထွက်သွားသော ဒေါ်စန်းရှင် က ခုန်၍လှည့်လိုက်မိ၏။ မူမူသွယ်လည်း ချာခနဲလှည့်လိုက်ရ၏။

နောက်ကလိုက်လာသော မဂွမ်းပုံလည်း ဒေါ်အေးသာကို မျက်လုံးများ ဝိုင်း၍ကြည့်မိသည်။

ဒေါ်အေးသာသည် ကြမ်းပေါ်သို့ ထိုင်ဆင်းသွားသည်။ သူ၏ လက်ယာခြေထောက်သည် စောစောက ဒေါ်စန်းရှင် ချထားခဲ့သော ထွေးခံအလွတ်ထဲသို့ အပြားလိုက် တည့်တည့်မတ်မတ် ဆင်းသွားသည်။

ထွေးခံသည် ဒေါ်အေးသာ၏ ခြေထောက်နှင့်တိုင်း၍ လုပ် ထားသလားဟု ထင်မှတ်ရသည်။

အားရပါးရဖိ၍ လှမ်းလိုက်သောခြေထောက်သည် ထွေးခံကို စွပ်မိလေသောအခါ တော်တော်နှင့် ပြန်ထုတ်၍မရချေ။

“ဟဲ့ .. ကောင်မတွေ ကြည့်ကောင်းလို့ ကြည့်နေကြသလား

ဒေါ်အေးသာသည် သူ့အားသူကိုး၍ ခြေတစ်ဖက်မြှောက်ကာ အတင်း ဆွဲချွတ်နေပါသော်လည်း သူ့ခြေထောက်ကိုမှ သစ္စာနှံပါ လေသော ထွေးခံကြီးသည် ကျွတ်ထွက်မလာ။ ။

မူမူသွယ်နှင့် မဂွမ်းပုံတို့သည် မျက်ရည်ထွက်အောင် ဝိုင်းရယ် မိကြလေ၏။

“ကဲ .. ရယ်ဦး ... ရယ်ဦးဟယ်” ။

စိတ်ထန်လာသော ဒေါ်အေးသာသည် ဒေါနှင့်မောနှင့် ထ၍ တစ်လှမ်းနှစ်လှမ်း လှမ်းလိုက်ကာ မဂွမ်းပုံ၏ ခေါင်းကို ခေါက်၏။ သို့ရာတွင် ခြေတစ်ဖက်က ထွေးခံကြီးစွပ်ပြီး လှမ်းရခြင်းဖြစ်သဖြင့်

ထော့နင်းထော့နင်း ဖြစ်နေလေရာ မဂွမ်းပုံမှာ လက်ကလေးနှင့် သူ့ခေါင်းကို ကာကွယ်ရင်းက ဆက်၍ ရယ်မိပြန်လေသည်။

“ဟယ် .. လုပ်ပေးလိုက်ကြပါလေ”

ဒေါ်စန်းရှင်ပင် စပ်ဖြဲဖြဲ ဖြစ်လာရာက လူကြီးပီပီ ဝင်ပြော လိုက်မှ မူမူသွယ်က ဒေါ်အေးသာနားသို့ ကပ်သွား၍ ခြေတစ်ဖက်ကို အတင်း ဆွဲမလိုက်၏။

ဘာမပြော ညာမပြောနှင့် ရုတ်တရက် ခြေထောက်တစ်ဖက် အဆွဲခံလိုက်ရသည်ဖြစ်သောကြောင့် ဒေါ်အေးသာမှာ ဟန်ချက်ပျက် သွားကာ “အယ်..သေပေါ့..သေပေါ့”ဟု နှုတ်မှ မြည်တမ်းရင်း မဂွမ်းပုံ ကို ပစ်ဖက်လိုက်ရာ အမှတ်တမဲ့ဖြစ်သွားသော မဂွမ်းပုံမှာ ယိုင်သွားပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်၏။ မဂွမ်းပုံကို တွယ်ဖက်လိုက်