ကြပ်ကလေး - ကိုယ်ပျောက်ကြက်တောင်နှင့်ပျော်ရွှင်ဖွယ်ရာပုံပြင်များ(၇)
ခြေမဲ့လက်မဲ့နားရွက်မဲ့
“မွာနဆွေကြီး ဖွတ် .. ဖွတ် .. ဟာလန့်လိုက်တာ၊
လက်စ သတ်တော့ မန်ကျည်းငုတ်တိုကိုး”
သူသည် စိတ်ဆိုးသွားကာ ပုဆိုးစကိုဆွဲဖြုတ်၏။ တော်တော် နှင့်ကျွတ်ပါမလာသဖြင့် မန်ကျည်းငုတ်တိုကို ဖနောင့်ဖြင့်ပေါက် သည်။ ထို့နောက်မှ ဆောင့်ဆွဲဖြုတ်ပြီး ထွက်သွား၏။
“အင်း .. သည်အကောင်တော့ ဒါလောက်ဒေါသကြီးတာ မြွေ ကြီးတွေက ဆုံးမတော့မှာပဲ”
မန်ကျည်းငုတ်တိုက ခပ်တိုးတိုးသည်းပြောသည်။ ။
မကြာမီပင် ဗလွတ်သည်ရှေ့က ကျောက်တုံးတစ်တုံးပေါ်၌ အဘိုးကြီးတစ်ယောက်ထိုင်နေသည်ကို တွေ့ရ၏။ သူသည် ဆံပင်၊ မျက်ခုံး၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတွေပါ ဆွတ်ဆွတ်ဖြူနေသည်။ လက်တံကြီးများကား အလွန်ရှည်၏။ ကျောက်တုံးပေါ်တွင် ဆောင့်
ကြောင့်ထိုင်နေရာကပင် လက်တံကြီးများသည် မြေကြီးပေါ်က မြက်တွေကို နုတ်နေနိုင်၏။ ဗလွတ်သည် လက်တံရှည်အဘိုးအိုကြီးကို တစ်ချက်မျှသာ ကြည့်ကာ သူ့ဇောနှင့်သူခပ်သုတ်သုတ်ပင်ဖြတ်သွားလေ၏။
“ဟေ့ ဟေ့ကောင် နေစမ်းပါဦး” အသံထွက်လာသဖြင့် ဗလွတ်သည် လှည့်ကြည့်၏။
“ဪ .. လူကိုး” ။ “ဟ .. လူပေါ့ကွ၊ လူမှမင့်အဖေထက်တောင်ကြီးသေးတယ်”
“သိပါဘူး ကျွန်တော်က မျောက်မှတ်လို့”
“မင့်အဖေထက် ကြီးပါတယ်ဆိုတာတောင်မှ မျက်မှတ်နေ တယ်ဆိုရင် မင့်အဖေကကော ပျောက်ပဲလားကွ ဟေ”
ဗလွတ်သည် ဒေါသထွက်သွားသဖြင့် မျက်နှာကြီးနီမြန်းသွား
“ကျုပ်အဖေက လူဗျ၊ ခင်ဗျားလို ကျက်သရေမရှိတဲ့ ရုပ်ကြီး မဟုတ်ဘူး။ နေစမ်းဗျာ ကျုပ်အချိန်မရှိလို့ နို့မဟုတ်ရင် နပမ်းကိုင် ပစ်လိုက်လို့ ခင်ဗျားကြီးပျော့ပျော့လေး ကျန်နေမှာ” ၊
ဗလွတ်သည် ဆောင့်ဆောင့်နှင့် ခြေသံပြင်းပြင်းနင်းပြီး ထွက် သွား၏။ အဘိုးကြီးသည်တစ်ယောက်တည်း ကျန်ရစ်သောအခါတွင် ရယ်မောမိသည်။
“ဟီဟီ.. ဒီကောင်ကများ ငါ့ကို နပမ်းကိုင်မလို့တဲ့။ တယ်.. ငါက ငါးဖယ်တေ တေပစ်လိုက်ရ သိသိ ညက်ညက်ကြေသွားမယ်။ ဟီဟိ” .
များမကြာမီဗလွတ်သည် လိုဏ်ခေါင်းကြီးရှိရာသို့ ရောက်သွား လေ၏။ ပထမအခန်းကိုဝင်လိုက်မိသည်နှင့်တစ်ပြိုင်နက် မြွေကြီး သည် ခေါင်းထောင်ကြည့်၏။ သူ့မျက်နှာမှာ ရှုံ့မဲ့နေသည်။
“ဟေ့ .. ဝင်လာတာဘယ်သူလဲကွ”
“ဗလွတ်”
“ငါမေးတာမဖြေဘဲနဲ့ ဘာဖြစ်လို့ရေထဲကို ခဲပစ်ချနေရတာလဲ”
“ဖြေနေတာပဲဗျ၊ ကျွန်တော့်နာမည်ဗလွတ်” ။
“ဟယ် .. မင့်ဟာ လူနာမည်မှ ဟုတ်ရဲ့လားကွ”
“လူနာမည်မို့လို့ ဗလွတ်ဖြစ်နေတာပေါ့၊ ခွေးနာမည်ဆိုရင် အောင်နက်တို့၊ ဂုတ်ကျားတို့ ဖြစ်နေမှာပေါ့၊ ကြောင်နာမည်ဆို ရင်လည်း တိုးရွှေတို့ ပူစီတို့” ။
“တော်စမ်းပါ ငါ့နာမည်ကော မင်းသိသလား”
“ကြံကြံဖန်ဖန် မြွေမှာ နာမည်ရှိပါ့မလား”
“ဟေ့ ငါက ရိုးရိုးမွေမဟုတ်ဘူးကွ”
“ဒါဖြင့် တိုက်မြွေပေါ့”
“မင်းနဲ့ငါနဲ့ စကားပြောမတည့်ဘူး။
ကဲ..ငါလိုချင်တာ ပြော မယ်၊ ငါလိုချင်တာရရင် အဆုံးစွန်က အခန်းထဲမှာ ငါပိုင်တဲ့ငွေ အိုးကိုယူ”
“ခင်ဗျားက ဘာကိုလိုချင်တာလဲ”
“ငါဝမ်းချုပ်နေတာ တစ်ပတ်ရှိပြီ”
“ဒါဖြင့် မန်ကျည်းမှည့်ကို ဆားကလေးနဲ့တေပြီး စားပါလား”
“ဟေ့ကောင် ငါမြွေကွ၊ ရှုပ်ရှုပ်ယှက်ယှက် မန်ကျည်းသီးတွေ ဘာတွေစားပါ့မလား”
ထိုအခါ ဗလွတ်သည် စိတ်ကူးပေါက်သွား၍ ဂူပြင်ပြန်ထွက်ခဲ့ ၏။ မနီးမဝေးတွင်တွေ့သော ဖားသေကလေးတစ်ကောင်ထဲသို့ ဝမ်းနုတ်ဆေးများသွင်းကာ မြွေကြီးကိုလာပြန်၏။ မြွေကြီး သည် ဖားကိုမြင်သည်နှင့်တစ်ပြိုင်နက် မျက်နှာပို၍ ရှုံ့သွားလေ၏။
“တယ် .. ဒီကောင် ငါ့ကို ဖားပုပ်ကြီးလာကျွေး တယ်။
အစာ အဆိပ်ဖြစ်ပြီး မြန်မြန်သေအောင်လုပ်တာ။
ကဲ.. မင်းကို ဆုံးမမှ ဖြစ်တော့မယ်”
မြွေကြီးသည် ပါးစပ်ထဲမှ အခိုးအငွေ့များကို မှုတ်ထုတ်ရာ အခိုးအငွေ့များသည် ဗလွတ်ကိုထိသည်နှင့်တစ်ပြိုင်နက် ဗလွတ် သည် မြေပေါ်သို့ ပက်လက်လန်ကျကာ ဆန့်ဆန့်ကြီးဖြစ်သွားလေ၏။
ဗလွတ်ထွက်သွားသည်မှာ တစ်ပတ်ခန့်ကြာပြီဖြစ်သဖြင့် သူ့ ညီ ရွတ်တသည် ဘုရင်ကြီးထံမှ ငွေငါးရာထုတ်ကာ ရိက္ခာပစ္စည်း ဝယ်၍ လိုက်လာခဲ့လေသည်။
များမကြာမီ သူသည်လည်း ပုဆိုးစနှင့် မန်ကျည်းငုတ်တို ငြိမ် ပြန်လေသည်။ ရှေ့သို့ဇောနှင့်သွားနေခြင်းဖြစ်၍ လုံချည်ကတုံး သဖြင့် ကော့လန်သွားရသည်။ “ဟယ် .. လက်စသတ်တော့ မန်ကျည်းငုတ်တိုကိုး”
ရွတ်တသည် ပုဆိုးစကိုအသာ ဆွဲဖြုတ်၏။ ဖြုတ်၍မရ၊ ထို အခါ စိတ်တိုလာသည်။
“အရေးထဲမှာဖြုတ်လို့ကလည်းမရသေးဘူး၊ တယ်ဂွကျပါလား”
သို့သော် သူသည် မန်ကျည်းငုတ်တိုကို ဒုက္ခမပေးဘဲ ထိုင်၍ ဖြုတ်၏။ ဤတွင်မှ ပြုတ်ထွက်လာသည်။
“ဟေ့ .. မင်းက ဘယ်သွားမလို့လဲ”
“အလို.. မန်ကျည်းငုတ်တို့ကစကားပြောသလား၊
ကျွန်တော် က မြွေကြီးသုံးကောင်ဆီသွားမလို့” ။
“ဪ .. ခြေမဲ့လက်မဲ့နားရွက်မဲ့တို့ဆီသွားမှာကိုး”
“အဲဒါဘာလဲဗျ”
“မြွေကြီးတွေရဲ့ နာမည်လေ၊ တစ်ကောင်က ခြေမဲ့တဲ့၊ တစ် ကောင်က လက်မဲ့၊ နောက်ဆုံးတစ်ကောင်က နားရွက်မဲ့တဲ့၊ ခြေမဲ့ က ငွေအိုးပိုင်တယ်၊ လက်မဲ့က ရွှေအိုးပိုင်တယ်၊ နားရွက်မဲ့က ဆေး အိုးပိုင်တယ်”
“ဟုတ်ကဲ့ ကဲ ကျွန်တော်သွားမယ်”
“နေပါဦးကွ၊ ငါ့ကို ရေလောင်းပေးခဲ့ပါ”
“ဟာ .. မအားဘူးဗျာ၊ ပြန်လာမှလောင်းမယ်”
“မင်း ပြန်လာတဲ့အခါ ငါက ရှင်နေဦးမှကိုးကွ”
“မတတ်နိုင်ဘူးဗျာ၊ ကျုပ်အရေးကြီးနေတယ်”
“မင့်အစ်ကိုဗလွတ်တော့ ခြေမဲ့ကိုဖားပုပ်ကျွေးမိလို့ဆန့်နေတယ်”
“အို .. ကျွန်တော်ရောက်ရင် ခြေမဲ့ရော လက်မဲ့ရော နား ရွက်မဲ့ကော အားလုံးဆန့်သွားမယ်”
သူထွက်သွားသောအခါ မန်ကျည်းငုတ်တိုက မဲ့၏။
“အေးလေ၊ မြွေတွေက ခွေနေရတော့ ညောင်းလို့ ဆန့်အောင် ဆန့်ချင်ဆန့်မှာပေါ့”
တစ်ဖန်ရွှတ်တသည် လက်တံရှည်အဘိုးအိုနားသို့ ရောက်ပြန် လေ၏။
“ဟေ့ .. ဟေ့ကောင် နေပါဦးကွ”
“ဟာ .. မျောက်ဝံကြီးပါလား” “လာပြန်ပြီကော နောက်တစ်ကောင်”
ရွတ်တသည် နောက်သို့လှည့်ကြည့်၏။
လက်တံရှည်အဘိုးကြီး က မျက်နှာရှုံ့သွားသည်။
“အာ... သူ့ပြောလို့လည်း ပြောမှန်းမသိပါလား။
ဟေ့ ငါ ထမင်းဆာနေတယ်ကွ။
မင်းမှာ ထမင်းပါရင် ကျွေးခဲ့စမ်းကွာ”
“အသာနေစမ်းပါဗျာ၊ ကျုပ်သွားစရာရှိသေးတယ်”
ရွတ်တသည် ချက်ချင်းပင် စကားကို ဖြတ်၍ နှောင့်နှောင့်နှင့် ထွက်သွားလေ၏။
သူထွက်သွားသောအခါတွင် အဘိုးအိုသည် ရယ် မောမိ၏။
“ဟီဟီ ... နောက်တစ်ကောင်လည်း စန့်ချင်ဦးတော့မယ်”
မကြာမီ ရွှတ်တသည် မြွေနဂါးကြီးခြေမဲ့ထံသို့ ရောက်ရှိလေ၏။
ခြေမဲ့သည် ဦးခေါင်းကို ထောင်ကြည့်သည်။
“ဟေ့ .. ဘယ်သူလဲကွ”
“ရွှတ်တ”
“ဘာတွေကိုရွတ်ပြီး ဘာတွေတ,နေတာလဲကွ” “ရွတ်တဆိုတာ ကျွန်တော့်နာမည်ပါ”
“ဪ .. လူသတ္တဝါတွေဟာ နာမည်တွေကို ရွေးတဲ့နေရာ မှာ တော်တော်လည်း ဦးနှောက်အပင်ပန်းခံပါကလားနော်။ ဒါ ထက် ငါ့နာမည်က ဘာလဲကွ”
“ခြေမရှိလေ” ကို
“ခြေမဲ့ပါကွ၊ မင်းက ငွေအိုးနဲ့တော့နီးစပ်တယ်။
ဟေ့ .. ငါ ဝမ်းချုပ်လို့ ဒုက္ခရောက်နေတယ်”
ထိုအခါ ရွှတ်တသည် ဂူပြင်သို့ထွက်၍ ဖားကလေးတစ်ကောင် ကို သတ်ကာ ဝမ်းနှုတ်ဆေးထည့်၍ ကျွေး၏။ ခြေမဲ့သည် ဖား လတ်လတ်ဆတ်ဆတ်ကို စားရသော် ရွတ်တကို အတွင်းခန်းသို့ လွှတ်လိုက်၏။