Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ကြည်အေး - မောင်ကိုကိုနှင့်မြနန္ဒာ

Regular price 6,000 MMK
Regular price Sale price 6,000 MMK
Sale Sold out

(၁)

ဟော... လိုနေတဲ့အိမ် လာပြီ” ဟု ဒေါ်ယုယုခင်က ပြော၏။ ဦးသန်းတင့် က အကျင့်ပါနေဟန်ဖြင့် သူ့မယား ပြောသည်ကို ခေါင်းညိတ်လိုက်ပြီး လက်ထဲက ဖဲ ၁၃ ချပ်ကို အသစ်ပြန်စီပြန်လေ၏။

ကိုတင်မောင်က “သူ လာပြီလား၊ သူလား” ဟု အနည်းငယ် တုန် ယင်သော အသံဖြင့်မေး၏။

 ပြီးတော့ ဖဲချပ်များကို ပက်လက်စီ၍ စားပွဲပေါ် ချလိုက်ကာ စီးကရက်တစ်လိပ်ကို မီးညှိစပြုလေ၏။

တစ်နေ့လုံး တစ်ခါမျှ မဒေါင်းသေးသော ကိုလှဦးက ခေါင်းယမ်း လိုက်သော်လည်း ပြုံးရယ်ကာ “မျှော်လို့သာ ပန်းရင့်၊ လမ်းဘယ်မမြင်”ဟု အသံနေ အသံထားဖြင့် ဆိုလိုက်သည်။ ။

ဒေါက်တာ ခင်အေးရီက “ဂျိုကာကိုမျှော်တာလား၊ ခုမှ ရောက်လာ သူကလေးကို မျှော်တာလား၊ ရွှေဘိုက ရောက်လာမယ့် ရှင့်ယောက္ခမကြီးရဲ့ သမီးကို မျှော်တာလား.. ဟင်” ဟုပြောပြီး သူ့ဝါသနာအတိုင်း တဟားဟား ရယ်ပစ်လိုက်သည်။

ဒေါက်တာ့ လင်သည် လင်းထင်ကမူ ပျင်းရိမှေးမှိန်သော မျက်လုံး များ ဝင်းလဲ့လာပြီး သက်ပြင်းမသိမသာချကာ “မောင့်နှမမြနန္ဒာ၊ မောင်နှမမြနန္ဒာ”ဟု အသံမထွက်ဘဲ နှုတ်ခမ်းသာ လှုပ်၍ စိတ်တွင်းမှ တသ ရွတ်ဆို နေလေ၏။

မြနန္ဒာ၏ ဗောက်ဝက်ဂွန်ကားသည် ဆင်ဝင်အောက်မှ ဖြတ်ပြီး သစ်ရိပ် သိုသိပ်သော ကံ့ကော်တန်း၌ ရပ်နားသံ ကြားရ၏။ ကလစ်ခနဲ တံခါးဖွင့် ဆင်းသံ၊ ဂျပ်ခနဲ ပြန်ပိတ်သံ ကြားရ၏။ ခုံမြင့်ဖိနပ်သံကို ခပ်အုပ် အုပ် ကြားရပြန်ပြီး မြနန္ဒာ၏ အသံသဲ့သဲ့ကို ကြားရပြန်သည်။ အိမ်ရှေ့တံခါးကို

သော့ဖွင့်ပေးသော ယုယုခင် တစ်သက်လုံး မွေးလာခဲ့သည့် တင်ကြည်က ဖျာပျာသလဲ နှုတ်ဆက်သည်ကို ပြန်ပြီး လိုက်လျောညီထွေ ဖြေတာ ဖြစ်မှာပဲ။ မြနန္ဒာက ဒါလေးတွေ ရှိတယ်။ တင်ကြည် ဆိုတာကလည်း ဟိုမိန်းမချော ဝတ်စားပုံကလေးတွေ၊ ပင်တိုင်စံလို ကြော့မော့တဲ့ဟန်ကလေးကို ငေးရင်းက ထမင်းဝတဲ့ ကောင်မစားပဲ။ မိန်းမချင်းတောင် ကြိုက်ချင်သလား မသိ။ ငါတစ်သက်လုံး ကျွေးလာတဲ့ သူကို မြင်ရင်တောင် သူတစ်ခါမှ ဒီလောက် အူ မရွှင်ဖူးဘူး။ ဒေါ်ယုယုခင်သည် သူ့မျက်နှာ ချက်ချင်း အိုစာသည်ထက် အိုစာလာသည်ကို သိ၏။ သူ့မျက်နှာ ကြည်လင်လာအောင် စိတ်ကို အသစ် ပြန်ပြင်သော ဖဲ၌ ပြောင်းလိုက်၏။ တကယ်တော့ ဆရာဝန်ကြီးကတော် မြနန္ဒာလာမှ သူတို့ဖဲဝိုင်း အိမ်ပြည့်မည်ဖြစ်၏။ သည်တနင်္ဂနွေမှာမှ လူစုရ ခက်လိုက်တာ။ လာနေကျ တရုတ်ကပြား ညီအစ်ကို မလာတာနှင့်ဘဲ ပွဲပျက် ရတော့မလို ဖြစ်သည်။ သူတို့ ညီအစ်ကိုက သည်နေ့မှ သန်လျင်သွားကြ သည်တဲ့။ လူပျိုသိုး နှစ်ယောက် သီတာ စီးလို့ သန်လျင်သွားပြီး ရှင်မွေ့နွန်း ရှာသလား မသိ။ ဒေါ်ယုယုခင်သည် တကယ်ပင် မျက်နှာကြည်လင်လာပြီး အိုစာခြင်း အနည်းငယ်လျော့သွား၏။ တော်သေးရဲ့။ မန္တလေးက ပါလာတဲ့ ကိုလှဦးရဲ့ သူငယ်ချင်း ကိုတင်မောင် တစ်အိမ် ဝင်ပေလို့။ သူက မကစား တာ အနှစ် နှစ်ဆယ်ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူး ကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ် သည်းလိုက်တာ။

ယောက်ျားများ ဒီလိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာ ရှိလို့လဲကွယ်။

ဒေါ်ယုယုခင်သည် လွန်ခဲ့သော အနှစ် နှစ်ဆယ်ခန့်က မြနန္ဒာကို စ၍ မြင်ဖူးခဲ့သည်ကို သတိရမိလေ၏။ အဲသည်တုန်းက ဒေါ်ယုယုခင်သည် ယခုလို ပေါင် ၁၇ဝ ရှိသော ကိုယ်လုံးနှင့်မဟုတ်။ ဆိုးဆေးဖြင့် နီကြန်////

မောင်၊ ကိုကို နှင့် မြနန္ဒာ ကြမ်းကောက်လာသော ဆံပင်နှင့် မဟုတ်။ တကယ်ပါ။ ယုယုခင်တို့လည်း ဖြူဖြူတုတ်တုတ်နှင့် ယောက်ျားတို့အလယ်မှာ ထည်ခဲ့ဖူးပါသေး၏။ ယုခင် တို့ရဲ့ နှင်းဆီဖူးသဏ္ဌာန် သေးငယ်သော နှုတ်ခမ်းကို သူတကာ စွဲမက်ဖူးပါ သေး၏။ သူ့ရဲ့ ကြီးမားဖွံ့ဖြိုးလှသော ရင်သားများကို တင်းကျပ်သော ဘော်လီဖြင့်ပင် ချိုးနှိမ်ခဲ့ရသေး၏။ မြနန္ဒာနှင့်သူ အသက်တူလောက် ရှိမည် ထင်၏။ သို့သော် မြနန္ဒာသည် ဘီအေ နောက်ဆုံးနှစ်၌ စာသင်နေစဉ်မှာ သူက တက္ကသိုလ်သို့ သစ်လွင်ကျောင်းသူအဖြစ် ရောက်ခဲ့ရ၏။ အဲဒီတုန်းက ဆယ်တန်း အကြိမ်ကြိမ် ကျခြင်းသည် ခုခေတ်လောက် ခေတ်မစားလှပေမဲ့ ယုခင် သုံးခါကျခဲ့သည်။ ပြီးတော့လည်း ဘယ်စာမေးပွဲကို တစ်ခါဖြင့် မအောင်တတ်။ စာဖတ်ရတာ ဝါသနာကို မပါဘူး။ သူ့၌ ကျောင်းသူစိတ် မရှိ။ အရပ်သူစိတ်သာ ရှိခဲ့သည် အမှန်ပင်။

ကျောင်းမှာကတည်းက မြနန္ဒာ ကျော်ကြားလှသည်။ တိုင်းမင်းကြီး သမီးဆိုတော့ ကျော်ကြားသင့်သည်ထက် ကျော်ကြားတာ ဖြစ်မှာပဲ။ ဘယ်

လောက်များ လှလို့လဲ။ အို... လှတာတော့ လှတာပဲ။ ရခိုင်မ ဆိုတော့ အသားညိုညို ကုလားဆင်ပေါ့ ။ သူ့နှုတ်ခမ်းကလည်း ယုခင်တို့ နှုတ်ခမ်း လို မသေးငယ်လှပါဘူး။ ခြုံကြည့်ရလျှင် ခုမနက်မှ နိုးထပွင့်သစ်လိုက်သည့် နှင်းဆီလို ကျက်သရေ ရှိတယ်ဆိုတာတော့ မငြင်းချင်ပါဘူး။ ဒါပေမဲ့ ယုခင် တို့လို၊ နယ်ကကျောင်းသူများလို မြန်မာဆန်ဆန် ဣန္ဒနဲ့ နေတတ်တာတွေ မဟုတ်ပါဘူး။ ယောက်ျားရဲ့ အဖက်ခံပြီး တွဲကရတဲ့ ပွဲတွေမှာ နာမည်ကြီး တာပဲ မဟုတ်ဘူးလား။

နာမည်ကြီးသော မြနန္ဒာကို ဟိုတုန်းက မနီးစပ်ခဲ့ရပေမဲ့ ယခု ဒေါ်ယုယုခင်သည် သစ်တောအရေးပိုင် ဦးသန်းတင့်ကတော်အနေဖြင့် တစ် ဖဲဝိုင်းတည်း တန်းတူ ထိုင်ခဲ့ပါပြီ။

ပြန်တွေ့ကြသော် မြနန္ဒာသည် ယုယုခင်ကို ကျောင်းတုန်းက တစ်ခါ မျှ မမြင်ဖူးခဲ့ဆိုသည်ကို သိရသေးသည်။ “အို ယုက ကျောင်းရောက်တာ အများကြီး နောက်ကျတာပဲ၊ မြနန္ဒာတို့က အဲဒီတုန်းက စီနီယာ မမတွေပေါ့။ ယုတို့က ကျစ်ဆံမြီးနှစ်ဖက်နဲ့ ကလေးစိတ် မပျောက်ဘဲ ကစားလို့ ကောင်း တုန်း” ဟု သူက ငယ်ဟန်ဆောင်လိုက်သေး၏။

ဖြစ်နိုင်လျှင် “ယုက ကောလိပ်ကို အသက်မပြည့်သေးဘဲ ရောက်တာ”လို့များ ပြောလိုက်ချင်သေး၏။ သို့သော် သူ့ယောက်ျားကို သူနည်းနည်း ရှက်သည်။ ပြီးတော့ ကိုလှဦးဆိုတဲ့ လူနောက်က ထောက်လိုက်ရင် ခက်မယ်။ ဒေါက်တာခင်အေးရီနဲ့လည်း တစ်ခန်းတည်း တစ်လလောက် နေခဲ့ဖူးတော့ ခင်အေးရီက ဟောဟောဒိုင်းဒိုင်းနဲ့ ပွင့်လင်းစွာ ရယ်မောပြောဆိုတတ်သည်။

မြနန္ဒာက ခင်အေးရီလောက် ကိုယ်လုံးကိုယ်ပေါက် မတောင့်ပါဘူး လို့ သူ တစ်ခါက ခုလို ဖဲဝိုင်းမှာ ပြောဖူးသည်။ (နန္ဒာကို ခုလိုပဲ စောင့်နေကြ စဉ်ပေါ့။ မြနန္ဒာ ဘယ်လိုလှကြောင်းကို မျက်နှာရူး ကိုလှဦးတို့၊ တရုတ်ကပြား လူပျိုသိုး ညီအစ်ကိုတို့ ၊ စိတ်ကူးယဉ် စာရေးဆရာ လင်းထင်တို့၊ အိမ်က လူတောင် ပါလိုက်သေး။ ဟိမဝန္တာ ချီးမွမ်းခန်း ကျနေတာပဲ)။ သည်တော့ ခင်အေးရီဆိုတဲ့ ကာယကံရှင်ကပါ ရောပြီး အားလုံး ဝိုင်းရယ်ကြသည်။ တကယ်ပဲ မြနန္ဒာက ဘယ်လောက်ချောလို့လဲ။

တစ်သက်လုံး လိုတရနေလို့ မိုးလင်းကမိုးချုပ် ကိုယ့်ကိုယ်ကိုယ် သနေရတာတစ်ခုပဲ ပူစရာရှိတဲ့ မိန်းကလေး။ ဒီလောက်တော့ ဖြစ်ရမှာပေါ့။ မြနန္ဒာက ခပ်ပိန်ပိန်ပဲ။ ပေါင် ၁၃ဝ ပဲရှိတယ်လို့တော့ ပြောတယ်။ အရပ်က ၅ ပေ ၄ လက်မ ဆိုတော့ မြန်မာအနေနဲ့ ရှည်မျောမျောပေါ့။ ရေမှန်မှန် ကူးလို့ ပြေပြေပြစ်ပြစ်တော့ ရှိပါရဲ့။ တို့အကြိုက်ကတော့ ဖြူမှ၊ တုတ်တုတ် ခဲခဲကလေးမှ လှတယ် ထင်တာပဲ။ မြနန္ဒာရဲ့ ဆံပင်ကလည်း ကောက်လှ ပါတယ်။ မျက်လုံး၊ မျက်ခုံးကလည်း မှောင်လှပါတယ်။ နှာခေါင်းကလည်း ချွန်လှပါတယ်။

သို့ပေမဲ့ သူ့လက်ဝတ်လက်စားတွေက ပျံနေတာပဲ ဆရာ။ နီလာစုံ၊ ပတ္တမြားစုံ၊ ပုလဲစုံ၊ စိန်စုံ အပြင် ရွှေဒင်္ဂါးမတ်စေ့ပြားကလေးတွေကို ဆွဲကြိုး လက်ကောက်မှာ စည်းပြီး ပတ်တာက အဆန်းပဲ။ ငွေကိုလည်း ကနုကမာ နဲ့ ရောပြီး တစ်ဆင်စာ ပြင်ဝတ်တတ်တော့ အဆန်းပဲ။ ဘိုတော့ အတော် ဆန်တဲ့မိန်းမ။ တတ်လည်း တတ်နိုင်ပေတာကိုး။ ကလေးကလည်း နှစ်ယောက်တည်း။ ။

ဒေါ်ယုယုခင်သည် ကိုယ်ကို ဆတ်ခနဲ တုံ့လိုက်ပြီး မျက်နှာထားကို ပြင်ပြန်၍ ရယ်ရွှန်းကာ “ဟော... မဒမ် မြနန္ဒာကျော်ပါလား၊ ယုတို့ စောင့် နေတာ ကြာပြီ” ဟု နှုတ်ဆက်လိုက်လေ၏။

ကြည့်ပါဦး။ အခန်းထဲ ဝင်လာပုံက ရော်ရွက်တွေ ကြွေလာသလိုပဲ။

မင်းသမီးဟန်ကလေးနဲ့ လေမှာ လွင့်လာသလိုပဲ။ အောက်က သည်လောက် မြင့်တဲ့ ခုံမြင့်ဖိနပ်စီးပြီး သည်လောက် ပေါ့ပေါ့ပါးပါး ဝင်လာတာ အံ့သြဖို့

တော့ ကောင်းတယ်။ ခုခေတ်ကြီးမှာတောင် ရှားနဲလ်ရေမွှေးကို လှိုင်အောင် ဆွတ်တုန်းပဲ။ သူ့လင်က နိုင်ငံခြား ခဏ ခဏ သွားရတာကိုး။ ဒါပေမဲ့ သူ့လင်က မြနန္ဒာကို အရုပ်ကလေးလို ပြင်ပြီး ဧည့်ခန်းမှာ အလှထားတာပဲ။ ဘာမက်စရာတုန်း။

ဒေါ်ယုယုခင်သည် မျက်နှာထား တင်းမာကာ ရင်ပင် ကော့လာလေ ၏။ အိမ်မှာတော့ ကိုတင့်သာအရုပ်ဖြစ်ရမည်။ ကိုတင့်ကို ငါးကျပ်တန်ကအစ ဒီကပေးမှ ကိုင်ရတာ။ ဘယ်ပွေနိုင်မလဲ။ ယုယုခင်တို့လို မြနန္ဒာလို ထားလို့ ဘယ်ရမလဲ။ မြနန္ဒာ ယောက်ျားက နံပါတ် ၂-၃-၄ အပြင် မထင်မပေါ်တွေ က မနည်းဘူးတဲ့။ ပြီးတော့ ဟိုတစ်လောက အဆိုတော် ဟိုဟာမတောင် အိမ်ပေါ် ခြောက်လလောက် ခေါ်တင်ထားသေး ဆိုပဲ။

“မြ လုံချည်လေးက လှလိုက်တာ” ဟု သူ ဆက်ပြောလိုက်၏။ သူ့၌ စိတ်ငယ်ခြင်း စိုးစဉ်း မရှိတော့ဘဲ မြနန္ဒာကို သနားခြင်းပင် ဖြစ်ပေါ်လာ လေ၏။ ကလေး မမွေးသော မိမိဘဝကို သူ ကျေနပ်အားရစရာ မရှိတာ လည်း မေ့ပျောက်သွားလေ၏။ မြနန္ဒာကို လှပသည်လို့ ပြောရမှာလည်း သူ ဝန်မလေးသလိုရှိ၏။ စောစောက နာမည်တောင် မခေါ်ချင်ဘဲ ဖဲ တစ်အိမ်လို့သာ ခေါ်လိုက်သည်ကို သူ့ဘာသာ သတိရ၏။

“လှတဲ့သူ ဝတ်လို့ လှတာပေါ့လေ၊ မြ ဝတ်ရင် ဘာမဆို လှရမှာပေါ့ မဟုတ်ဘူးလား ရီ” ဟု ဒေါက်တာ ခင်အေးရီဘက်သို့ လှည့်ပြောလိုက်သေး ၏။

ဒေါက်တာခင်အေးရီသည် သူ ပြောသည်ကို ကြားဟန်မရှိဘဲ မြနန္ဒာ လွင့်ပါး ဝင်ရောက်လာသည်ကို ငေးမောလျက်ရှိသည်ကို တွေ့ရလေ၏။ ပန်းချီဆရာ ကိုတင်မောင်က ပက်လက်လှန် ချထားသော ဖဲချပ်များပေါ် လက်ထောက်ကာ စီးကရက်ကို အားရပါးရ ရှိုက်ရင်း မီးခိုးများကြားမှ မြနန္ဒာကို တအံ့တသြ ကြည့်သည်။ “လှရက်ပါပေ့ဗျာ” လို့ သူဆိုချင် သလား။ သည့်အပြင် တစ်ခုခု သူ ဆိုချင်သေးသည်။ ဘာလဲ၊ သူ ဘာဆိုချင် သေးသလဲ။ မြနန္ဒာဟာ ဆရာဝန်ကြီးကတော် မဒမ်ဂျော်ပဲ၊ ဒါမှမဟုတ် ၁၆ နှစ်သား ကောလိပ်ရောက်စ ကျောင်းသားရဲ့ အရွယ်တင်သော အမေပဲ။

သည့်ပြင် ဘာဆိုစရာများ ကျန်သေးသလဲ။ ကိုလှဦးကတော့ မိန်းမ မြင်လျှင် တူနွှဲ အိပ်ရာဝင်ချင်တတ်သော သူ့စိတ်ရှိမြဲအတိုင်း တပ်မက်ဟန်နှင့်သာ ကြည့်တတ်သည်။ မြနန္ဒာမှာ ကိုလှဦးလို လူမျိုး တပ်မက်စရာ ဘာရှိသလဲ။ ဘာမှ မရှိလှပါဘူး ထင်သည်။ မြနန္ဒာ၏ ရင်သားများသည် ယခု ပေါင် ၁၇ဝ ကျော်လာသော ယုယုခင်၏ နို့မတိုက်ဖူးသော ရင်သားများအရွယ် တစ်ဝက်သာ ရှိမည်။ လင်းထင်ကတော့ အများသိကြသည့်အတိုင်း မြနန္ဒာကို တစ်သက်လုံး စွဲလမ်းလာသူပီပီ မြနန္ဒာကို မြင်လျှင် လွမ်းအိပ်မက် မက်သည် ပေါ့။ ကြည့်ပါလား။ စောစောက ပျင်းရိပျင်းတွဲဟန်သည် ပျောက်ခဲ့ပြီ။ သူ့မျက်လုံးများ ဝင်းပလှပသည်။ မြနန္ဒာကို သူ တကယ် စွဲတုန်းပဲ။ ဟိုကလည်း စွဲစရာ လုပ်တတ်တုန်းပဲ။ ပြုံးလဲ့လဲ့ကလေးနဲ့ပေါ့။ အေးတိ အေးစက်နဲ့ ခုထိ ကိုယ့်ကိုတစ်ခွန်းမှ ပြန်မပြောသေးဘူး။ ကိုတင့်ကော... ကိုတင့်ကော၊ သူ့ယောက်ျားသည် ကုလားထိုင်မှ တစ်ချက်ထကာ မြနန္ဒာကို ရွှန်းရွှန်းစားစား တစ်ချက်ကြည့်ပြီး ဆက်မကြည့်ရဲသည့်ပမာ မျက်လွှာ ချကာ ဖဲ ၁၃ ချပ်ကို အသစ်ထပ်၍ စီပြန်လေသည်။ ။

“ကဲ... ကိုတင့် ရှင်ထတော့။ မြနန္ဒာ မရောက်သေးလို့ သူ့ တစ်အိမ် ဝင်ခိုင်းထားတာ၊ ဖယ်ပေးလိုက်တော့လေ။ လာ ဒီနားလာ။ ကိုယ့်မယားဖဲ ဂျိုကာ နှစ်ကောင်မှ ပါရဲ့ လားကြည့်” ဟု ဒေါ်ယုယုခင်သည် ရွှန်းပြက်ပြက် ကလေး ပြောပြန်လေ၏။

သို့သော် ဘယ်သူမျှ ဖဲဝိုင်းကိစ္စ ရုတ်တရက် မလှုပ်ရှားကြသေးဘဲ ရှိလေ၏။ ။

ဒေါက်တာခင်အေးရီသာ ခဏနေမှ ဒေါ်ယုယုခင်ဘက် လှည့်လာပြီး “ဘာဆေး စားလို့များ သည်လောက် နုနုနယ်နယ်ကလေး ဖြစ်နေရတယ် ဆိုတာ မသိတော့ပါဘူး။ သူ ဘယ်တော့မှ မအိုတော့ဘူးလား” ဟု မတိုး မကျယ် ပြောလေ၏။

“အဖြူနဲ့ ခရုခွံ ပန်းရောင်နုကလေး တွဲဝတ်ထားပုံကိုလည်း ကြည့်ပါ ဦး။ ပုလဲ ဆွဲကြိုးကလေးနဲ့ ဟပ်လို့၊ ရီလည်း အဲဒီလို ဝတ်ကြည့်ဦးမယ်။ ဘယ်လို ထွက်လာမလဲ မသိဘူး။ ဟား.. ဟား.. ဟား” ဟု ခပ်ကျယ် ကျယ် ရယ်မောပြန်လေ၏။

ဒေါ်ယုယုခင်သည် သူ့ဖဲကို စားပွဲပေါ် ဖုတ်ခနဲ ပစ်ချလိုက်လေ၏။

“ကဲ.. မြနန္ဒာဝင်လာတာနဲ့ ထမင်းမေ့ ဟင်းမေ့ မေ့ကုန်ကြပြီ။ ဟို.. ပန်းချီ ဆရာကလည်း ဖဲတစ်ဆွေလုံး ပက်လက်လှန်ပြီး ချထားတော့ ဘယ်လိုလုပ် ဒီဝိုင်း ကစားလို့ရတော့မလဲ။ ကောင်းတယ် ကိုတင့် ထွက်... ထွက်။ နှစ်အိမ် ကစားရတာ အားကြီးနာတယ်။ ရှင် ဒီလာခဲ့။ ဟောဟိုက ထိုင်ခုံ ဒီဆွဲလာခဲ့။ ပြီးတော့ ကျုပ်ကို ဘေးတိုက်ကြည့်ပြီး ဗိုက်ခေါက်ထူသလေး၊ မေးနှစ်ထပ် ပြူသလေးနဲ့ မကဲ့ရဲ့နဲ့ဦးနော်” ဟုပြောပြီး “ကဲ... ကိုကိုငမ်းတို့ရဲ့ မြနန္ဒာကို ထိုင်ခွင့်ပေးကြဦးမှပေါ့ရှင့်၊ ဟောဒီ ဒေါက်တာကရော ကိုယ့်ယောက်ျား ကိုယ်နိုင်အောင် မထိန်းတော့ဘူးလား” ဟု ကျယ်ကျယ်ကြီး ပြောချလိုက် လေ၏။

ကြည့်လေ။ ဝုန်းခန် ငနဲသား လေးယောက် ထလိုက်ကြတာ သခင်မ ဘုရင်မ ဝင်လာတာ ကျနေတာပဲ။ ကိုယ့်လူတောင် ရောယောင်လို့ ပါသေး တယ်။ ယောက်ျားများ အပေါ်ယံ တပ်မက်တာပဲ။ (မြနန္ဒာဟာ ငါ့လို ယောက်ျားကို ထမင်းကောင်း ဟင်းကောင်း ချက်ကျွေးမယ် ထင်သလား။ သူ့ ပန်းရောင် လက်သည်းချွန်ကလေးတွေ အရောင်မှိန်မှာ ကြောက်လွန်း လို့။ ပြီးတော့ သားကို ကောလိပ်ကျောင်းမှာ ဘော်ဒါထား၊ သမီးငယ်ကလေး နာနီလက် အပ်ပြီး အပျို လုပ်နေတာပဲ။ ကားတစ်စီးနဲ့ လည်နေတာပဲ။ အပျို လုပ်နေတဲ့ ယမင်းရုပ်ကလေးကို အဖိုးတန် နေလိုက်ကြတာ။ ပန်းချီ ဆရာက ကုလားထိုင် အတင်းထိုးပေးတယ်။ စာရေးဆရာက စီးကရက် တည်တယ်။ မြနန္ဒာ စီးကရက်ကို မီးခိုး ထောင်းထောင်းထပါရော။ မြနန္ဒာ ခေါင်းတစ်ချက်ညိတ်ခေါ်ရင် အကုန် ထလိုက်မယ့် လူချည်းပဲနော်။ တစ်ချက် မှ နောက်လှည့်ကြည့်မယ့်သူ မပါဘူး။ ငတင့်ရောပေါ့။ သူက သာဆိုးသေး။ သည်မိန်းမ အုပ်နိုင်ချုပ်နိုင်လွန်းလို့ မတော်လှန်ရဲလို့ နေရတာ။)

ဒါပေမဲ့ အလှပြင်ပြီး ကားတစ်စီးနဲ့ လည်နေတတ်တဲ့ မြနန္ဒာဟာ လှတာကလွဲလို့ ဘာများ အဖိုးတန်လွန်းလို့ပါလိမ့်။ သူ့ကို ပါတီတကာမှာ မြင်ရပါရဲ့။ သူ့ယောက်ျားနဲ့ တစ်ကွဲတစ်ပြားစီပဲ။ လာတုန်း အတူလာပြီး ပြန်တော့မှ အတူ ပြန်ကြတာပဲ။ မြနန္ဒာ နားမှာ နိုင်ငံခြားသားတွေကလည်း အုံလို့။ ဟိုတစ်လောက သူ့မောင်ဝမ်းကွဲဆိုတဲ့ ရခိုင်အင်္ဂလိပ် ကပြားလေးနဲ့ တတွဲတွဲပဲ။ တို့တော့ ကြည့်ရတာ မသင်္ကာလှဘူး။ ကောင်လေးကို နိုင်လိုက် တာ ဆိုတာလည်း ခိုင်းသည့်ကျွန် ထွန်သည့်နွားပဲ။ ခု ဒီကောင်လေး ဘယ်

;မောင်၊ ကိုကို နှင့် မြနန္ဒာ “ကဲ.. မြနန္ဒာဝင်လာတာနဲ့ ထမင်းမေ့ ဟင်းမေ့ မေ့ကုန်ကြပြီ။ ဟို.. ပန်းချီ ဆရာကလည်း ဖဲတစ်ဆွေလုံး ပက်လက်လှန်ပြီး ချထားတော့ ဘယ်လိုလုပ် ဒီဝိုင်း ကစားလို့ရတော့မလဲ။ ကောင်းတယ် ကိုတင့် ထွက်... ထွက်။ နှစ်အိမ် ကစားရတာ အားကြီးနာတယ်။ ရှင် ဒီလာခဲ့။ ဟောဟိုက ထိုင်ခုံ ဒီဆွဲလာခဲ့။ ပြီးတော့ ကျုပ်ကို ဘေးတိုက်ကြည့်ပြီး ဗိုက်ခေါက်ထူသလေး၊ မေးနှစ်ထပ် ပြူသလေးနဲ့ မကဲ့ရဲ့နဲ့ဦးနော်” ဟုပြောပြီး “ကဲ... ကိုကိုငမ်းတို့ရဲ့ မြနန္ဒာကို ထိုင်ခွင့်ပေးကြဦးမှပေါ့ရှင့်၊ ဟောဒီ ဒေါက်တာကရော ကိုယ့်ယောက်ျား ကိုယ်နိုင်အောင် မထိန်းတော့ဘူးလား” ဟု ကျယ်ကျယ်ကြီး ပြောချလိုက် လေ၏။

ကြည့်လေ။ ဝုန်းခန် ငနဲသား လေးယောက် ထလိုက်ကြတာ သခင်မ ဘုရင်မ ဝင်လာတာ ကျနေတာပဲ။ ကိုယ့်လူတောင် ရောယောင်လို့ ပါသေး တယ်။ ယောက်ျားများ အပေါ်ယံ တပ်မက်တာပဲ။ (မြနန္ဒာဟာ ငါ့လို ယောက်ျားကို ထမင်းကောင်း ဟင်းကောင်း ချက်ကျွေးမယ် ထင်သလား။ သူ့ ပန်းရောင် လက်သည်းချွန်ကလေးတွေ အရောင်မှိန်မှာ ကြောက်လွန်း လို့။ ပြီးတော့ သားကို ကောလိပ်ကျောင်းမှာ ဘော်ဒါထား၊ သမီးငယ်ကလေး နာနီလက် အပ်ပြီး အပျို လုပ်နေတာပဲ။ ကားတစ်စီးနဲ့ လည်နေတာပဲ။ အပျို လုပ်နေတဲ့ ယမင်းရုပ်ကလေးကို အဖိုးတန် နေလိုက်ကြတာ။ ပန်းချီ ဆရာက ကုလားထိုင် အတင်းထိုးပေးတယ်။ စာရေးဆရာက စီးကရက် တည်တယ်။ မြနန္ဒာ စီးကရက်ကို မီးခိုး ထောင်းထောင်းထပါရော။ မြနန္ဒာ ခေါင်းတစ်ချက်ညိတ်ခေါ်ရင် အကုန် ထလိုက်မယ့် လူချည်းပဲနော်။ တစ်ချက် မှ နောက်လှည့်ကြည့်မယ့်သူ မပါဘူး။ ငတင့်ရောပေါ့။ သူက သာဆိုးသေး။ သည်မိန်းမ အုပ်နိုင်ချုပ်နိုင်လွန်းလို့ မတော်လှန်ရဲလို့ နေရတာ။)

ဒါပေမဲ့ အလှပြင်ပြီး ကားတစ်စီးနဲ့ လည်နေတတ်တဲ့ မြနန္ဒာဟာ လှတာကလွဲလို့ ဘာများ အဖိုးတန်လွန်းလို့ပါလိမ့်။ သူ့ကို ပါတီတကာမှာ မြင်ရပါရဲ့။ သူ့ယောက်ျားနဲ့ တစ်ကွဲတစ်ပြားစီပဲ။ လာတုန်း အတူလာပြီး ပြန်တော့မှ အတူ ပြန်ကြတာပဲ။ မြနန္ဒာ နားမှာ နိုင်ငံခြားသားတွေကလည်း အုံလို့။ ဟိုတစ်လောက သူ့မောင်ဝမ်းကွဲဆိုတဲ့ ရခိုင်အင်္ဂလိပ် ကပြားလေးနဲ့ တတွဲတွဲပဲ။ တို့တော့ ကြည့်ရတာ မသင်္ကာလှဘူး။ ကောင်လေးကို နိုင်လိုက် တာ ဆိုတာလည်း ခိုင်းသည့်ကျွန် ထွန်သည့်နွားပဲ။ ခု ဒီကောင်လေး ဘယ်

မောင်၊ ကိုကို နှင့် မြနန္ဒာ “ကဲ.. မြနန္ဒာဝင်လာတာနဲ့ ထမင်းမေ့ ဟင်းမေ့ မေ့ကုန်ကြပြီ။ ဟို.. ပန်းချီ ဆရာကလည်း ဖဲတစ်ဆွေလုံး ပက်လက်လှန်ပြီး ချထားတော့ ဘယ်လိုလုပ် ဒီဝိုင်း ကစားလို့ရတော့မလဲ။ ကောင်းတယ် ကိုတင့် ထွက်... ထွက်။ နှစ်အိမ် ကစားရတာ အားကြီးနာတယ်။ ရှင် ဒီလာခဲ့။ ဟောဟိုက ထိုင်ခုံ ဒီဆွဲလာခဲ့။ ပြီးတော့ ကျုပ်ကို ဘေးတိုက်ကြည့်ပြီး ဗိုက်ခေါက်ထူသလေး၊ မေးနှစ်ထပ် ပြူသလေးနဲ့ မကဲ့ရဲ့နဲ့ဦးနော်” ဟုပြောပြီး “ကဲ... ကိုကိုငမ်းတို့ရဲ့ မြနန္ဒာကို ထိုင်ခွင့်ပေးကြဦးမှပေါ့ရှင့်၊ ဟောဒီ ဒေါက်တာကရော ကိုယ့်ယောက်ျား ကိုယ်နိုင်အောင် မထိန်းတော့ဘူးလား” ဟု ကျယ်ကျယ်ကြီး ပြောချလိုက် လေ၏။