Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ကြည်အေး - ကေဖွဲ့ဆိုသီဖူးငုံပွင့်သစ်

Regular price 7,500 MMK
Regular price Sale price 7,500 MMK
Sale Sold out

ကေဖွဲ့ဆိုသီ ဖူးငုံပွင့်သစ်

 ကြည်အေး

ကေသည် တက္ကသိုလ်ပြန်ဖွင့်မည့်နေ့မတိုင်မီ ၂ ရက်အလိုမှာမှ အင်းလျားဆောင်သို့ ရောက်လာသည်။ အင်းလျားဆောင်တွင်းသို့ သူ တစ်ခါမှ မရောက်ဖူးပေ။ သူ့ဆွေမျိုး ကလေးတစ်သိုက်မှာ သူ ပထမဆုံးကောလိပ်

ရောက်သူဖြစ်သည်။ မေမေ ကျောင်းသူဘဝက နေခဲ့ရာ ကျောင်းဆောင် ဖြစ်သော်လည်း မေမေက သူ့မောင်ငယ်၊ ညီမငယ်များနှင့် အလုပ်ရှုပ်မြဲမို့ လိုက်ပြမည်ပြောပြီး တစ်ခါမှ မပြဖြစ်ခဲ့။ သူ့အရင်တစ်နှစ် စောအောင်သွား သည့် သူငယ်ချင်း မြင့်ဆီလည်း မလာဖြစ်ခဲ့။

အင်းလျားဆောင်သို့ရောက်ရောက်ချင်း မြင့်အခန်းကို အရင်ရှာရ ပါဦးမည်။ ပြီးမှ အဆောင်မှူးဆီသွားပြီး ကိုယ့်အခန်း တောင်းရမည်ပေါ့။ မြင့်အခန်းနံပါတ် ၂၁၁ ပါ ဟုတ်ပါသည်။ မမေ့ပါဘူး။ ပြီးတော့ သူ ဒီနေ့ စောင့်နေမယ်လို့ဆိုသည်။ အောက်ကနေ ဆင်းပြီးတော့ဖြင့် စောင့်မနေပါရ စေနဲ့တဲ့၊ စုံတွဲတွေကို အားနာသည်တဲ့။ သူတို့ကောလိပ်က ဒီလိုတဲ့လား ကွယ်။

မြင့်အခန်းကို လွယ်လွယ်ကူကူတွေ့သည်။ မြင့်ကို အိပ်ရာပေါ်မှာ ခပ်တောင့်တောင့်လှဲနေတာ တွေ့ သည်။ ပြီးလိမ်းကြော့မော့နေကာ ဆံပင် ပျက်မည်စိုးလို့ အိပ်ရာပေါ်လှဲလည်း ခေါင်းမလှုပ်ဝံ့ဘဲ နေရသည်ကို တွေ့ လေသည်။

“ဟေ့ .. ကေ၊ ကိုယ်စောင့်နေတာ ကြာပြီ” ဟု ဆီးပြောသည်။

“ဘာဖြစ်လို့ အကြာကြီးစောင့်နေရတာလဲ၊ သုံးနာရီကျော်မှ လာ နိုင်မယ်ပြောထားသားနဲ့”

“ခု လေးနာရီပဲ ခွဲတော့မယ်။ ကိုယ့်ဧည့်သည်တောင် ဒီနေ့မလာ ပါနဲ့လို့ ပြောထားရတယ်။ ပြီးတော့ စောစောလည်း မလာဘူး။ တစ်ညနေ လုံး ကိုယ်ပျင်းလိုက်တာ”

မြင့်က ရယ်နေသော ကေကို မျက်စောင်းထိုး၍ပြသည်။ ပြီးတော့ မှန်ထဲကြည့်လိုက်၏။ မကြေသော အင်္ကျီထဘီများကို ဆန့်သေး၏။ လက် ကိုင်ပဝါဖြင့် နှာခေါင်းကို တို့သေး၏။ ခေါင်းမှ ဆံပင်ကို ဖွရွလိုက်သေး ၏။ ပြီးတော့ “လာ သွားမယ် ... အဆောင်မှူးဆီ၊ မင့်မေမေကော” ဟု ပြောသည်။

“မေမေ မောလို့ မတက်လာဘူး၊ ကားထဲမှာ။ သူ့ဝင်ခေါ်ပြီးတော့ အဆောင်မှူးဆီသွားတာပေါ့။ တကယ်တော့ မေမေနဲ့ အဆောင်မှူးက ဟို တုန်းက ရည်းစားလုဘက်လား မသိဘူး။ မေမေက ဖေဖေကို နိုင်အောင် ဖမ်းနိုင်တော့ မင်းတို့အဆောင်မှူး အပျိုကြီးဖြစ်ကျန်ခဲ့တာနဲ့တူတယ်”

“အဲဒီလိုဆို မင်းတော့ အိမ်သာနားကအခန်း ရမှာ သေချာတယ်”

ကေနှင့် မြင့်တို့သည် ခိခနဲ ရယ်မိပြီးမှ မျက်နှာပိုးသတ်ကာ ကော့ မေမေဆီ ရောက်လာသည်။ ။

မေမေက ထုံးစံအတိုင်း “ဟင်း” ဟု အရင်ကြိမ်းလိုက်၏။ ပြီးမှ “ကောလိပ်ပဲရောက်နေပြီ၊ ကလေးလိုလုပ်တုန်းရှိသေးတယ်။ ဣနြေနဲ့ကို မနေနိုင်ဘူး၊ ထဘီကလည်း တိုလိုက်တာ ပြင်ဝတ်စမ်း။ လျှောချစမ်း”

“မေမေက သားသမီးကို ကလေးလိုဆက်ဆံနေတာကို၊ လူကြီးလို နေစေချင်ရင် ခုလို မကြိမ်းရဘူး မေမေရဲ့။ သူငယ်ချင်း ရွယ်တူလိုပြောရ တယ်။ အများအားဖြင့် ဘာမှမပြောဘဲ အသာလေး ကြည့်နေရတယ်”ဟု ကေက ပြောလိုက်ရာ မြင့်က မအောင့်နိုင်အောင်ရယ်ဆဲ မေမေသည် ဟန် မလုပ်ဘဲ ပြုံးရလေ၏။

အဆောင်မှူးနှင့် မေမေတို့သည် တွေ့ကြုံကြပြန်သည့်အခါမှာတော့ ဖက်လှဲတကင်း နှုတ်ဆက်လျက်နေကြသည်။ သူတို့လောက်ချစ်တဲ့ သူငယ်ချင်းတောင် ရှိပါ့မလား အောက်မေ့ရသည်။ ကေသည် ပြုံးစိစိလုပ်နေကာ သူ့ကိုကြည့်လိုက်လျှင် မသိသလိုဟန်ဆောင်သည်။ ပြီးတော့ မြင့်ကို လက် တို့သည်။

“အစန်းရဲ့ သမီးက ဖအေနဲ့ပိုတူတယ်ထင်တယ်။ ဖြူလည်း ဖြူတယ်။ ထွားလည်း ထွားတယ်” ဟု အဆောင်မှူးကပြောဆဲ မေမေက မျက်နှာပင့် ကာ။

“ဟုတ်တယ်.. သူ့အဖေလိုပဲ အိမ်လည်း အင်မတန်ခင်တတ်တယ်။ အိမ်ကလွဲရင် ဘယ်မှာမှမပျော်ဘူး။ သူငယ်ချင်း မိတ်ဆွေတောင် သတိ မရဘူး”ဟု ဖြေလေသည်။

အဆောင်မှူး မျက်နှာပျက်သည်ကို ကေက မကြည့်ရက်ဖြစ်ကာ “အိမ်ကပ်ပြီး မေမေနဲ့ ရန်ချည်းဖြစ်နေတာချင်းတော့ မတူပါဘူးမေမေရယ်။ မေမေနဲ့ သမီးက သိပ်တည့်တာမဟုတ်လား”ဟု ပြောပြီး မြင့်ကို အဖော် ညှိ၍ ရယ်လိုက်သည်။

“ကဲ .. အစန်းရဲ့ သမီးကတော့ ကလေးစိတ်မပျောက်သေးဘူး။ ကြည့်သာ ဆုံးမလိုက်ပါတော့၊ ပြောမရရင်တော့ ဖုန်းသာဆက်လိုက်နော်။ ခုတစ်ခါတည်း အပြီးအပ်ခဲ့တာ သိလား”ဟု မေမေက စကားမျိုးစုံ ရောပစ် သည်။ ။

“ကေတော့ မောင်လေး ညီမလေးတွေ အောက်မေ့နေမှာပဲ။ အိမ်နဲ့ တစ်ခါမှခွဲဖူးတာမဟုတ်ဘူး” ဟုပြောရင်း ကေသည် တကယ်ဝမ်းနည်းသွား သည်။ ပြီးတော့ ရင်ထဲမှာ တိတ်တဆိတ် သီချင်းတစ်စ ဆူညံလာသည်။

နာဝါလှေကလေးတွေရယ် ဆွေးသူကို ဖေးကူပါလှဲ့ လမ်းကြုံရင် ခေါ်စေချင်တဲ့ ပြာရီလဲ့ ဆည်းဆာညချမ်းဝယ်

နေညိုညို မောင့်ကိုလွမ်းမိတယ် ..။ ချက်ချင်းပင် အင်းလျားစောင်း ပတ်လည်မှ စိန်ပန်းရွက်များ လှုပ် ရှားလာသည်။ လေမှာ ပျောင်းနဲ့ ကြသည်။ နီရဲသော အဝါပျောက်သည့် ပွင့်ဖတ်များ ကြွေလျောကြသည်။ “လွမ်းစရာပင် သည်မှာရှိ၏။ ညှိနှင့်လှည့်သို့”ဆိုတာ ဒါပဲ။ ကွေကို အဖော်စပ်စရာမလိုပါ။ သို့လျှင် သစ်ရွက်လှုပ် သည်ကိုပင် ရယ်တတ် ငိုတတ်သောအရွယ်မှာ ကေသည် ကောလိပ်ရောက် လာသည်။ ကောလိပ်မှာ သူ့ကြမ္မာသူဖန်တီးဖို့ တစ်စခန်းစပြီဆိုတာတော့ မရိပ်မိသေး။ မေမေ ဖေဖေ့ကိုစလိုက်၊ မောင်ငယ် ညီမငယ်လေးများကို စလိုက်နှင့် ပျော်စရာမဆုံးသောအိမ်မှ ဘယ်သူမှ မရိပ်မိ မသိလိုက်ဘာ သာ သူ ထွက်ခွာလာခြင်း စတင်တယ်ဆိုတာလည်း မသိသေး။

ကေသည် ကျောင်းသူရှစ်ဦး စုနေရမည့်အခန်း၏ အလင်းဆုံး ထောင့် မှနေရာ ရသည်။ အားလုံး နေရာချပြီးသော် မြင့်နှင့်လိုက်သွားပြီး စကား များနေသည်။ ပြီးတော့ ထမင်းစားချိန်ရောက်လာသည်။ ထမင်းစားခန်းသို့ ဆင်း၍ ထမင်းစားသော် အိမ်မှာလို မြန်ချေ။ ရွယ်တူမိန်းကလေးများ စုဝေးနေသည်ကို မီးရောင်အောက်မှာ မြင်သည်။ စိတ်ဝင်စားစရာ ကောင်း လှသည်ထင်၏။ ထမင်းကို နှစ်ယောက် ဟင်းတစ်ပွဲ စပ်စားရပြီး တစ် စားပွဲမှာ ရှစ်ယောက်ထိုင်ရသော် စိတ်ကျဉ်းကျပ်လာသည်။ ထမင်းစားခန်း မှာ မြင့်နှင့်လည်း ကွဲသွားသည်။ သူနှင့် မျက်နှာချင်းဆိုင်ဆုံစားရသည့် မိန်းကလေးမှာ ဝဝတုတ်တုတ် ဖြူဖြူမို့ မော်လမြိုင်သူများလေလားမသိ။

“ကျွန်မနာမည်က မြကေခိုင်ပါ။ ကေတစ်လုံးတည်းခေါ်ရင်တော့ တိုတာပေါ့။ ကျွန်မ ၁၀၃-၁၀၄ အခန်းကျယ်မှာ နေပါတယ်”ဟု ကေက စကားစသည်။

“ကျွန်မက မြစ်ကြီးနားကပါ၊ ယုလို့ ခေါ်ပါတယ်”ဟု သူ့ကို ပြန် ပြောပြီး ဆံဖျားမှ ခြေဖျားအထိကြည်သည်ကို သည်းညည်းခံရလေ၏။

“ယုက ဘယ်ဘာသာယူမှာလဲ” “မြန်မာစာပေ၊ အင်္ဂလိပ်စာပေ၊ ပြီးတော့ ရာဇဝင်” “ဟာ .. ကေနဲ့တူတူပဲ၊ အတန်းတူတူတက်ရမှာပေါ့။ ဘယ်အခန်းမှာနေလဲ”

“ဆက်ရှင် အတူကျမှာ သေချာပါတယ်။ ယုက ဖေဖေ့နာမည် တင် ကြိုင်နဲ့ဆုံးတာမို့ နာမည်ချင်းနီးတယ်။ နံပါတ်ချင်းလည်း နီးမှာပဲ။ သန် ဘက်ခါကျရင် အတူတူ အတန်းတက်ရအောင်”

“ကေ သိပ်ဝမ်းသာတာပဲ။ ကေက ဘယ်မှ သွားတတ်တာမဟုတ်ဘူး။ သူငယ်ချင်းတွေနဲ့လည်း မဆုံမိသေးဘူး။ ယုနဲ့ တူတူသွားချင်ပါတယ်”

ယုက ဝါရင့်ပြီး ကျောင်းသူပမာ စာသင်ခန်းများအကြောင်း ပြော ပြသည်။ တစ်ခါမှ မရောက်ဖူးသေးသော ကေက ဘယ်နားလည်နိုင်မည် လဲ။ သို့သော် ယု၏ တစ်ဖက်သောမျက်လုံးက မသိမသာ ကျဉ်းမြောင်း သည်ကိုသာ ကြည့်နေရလေ၏။ ယု၏အသားရောင် လှတာကိုလည်း သဘောကျ၏။ သို့သော် အရေထူအမ်းအမ်းနေသည်ကို မကြိုက်။ ကိုယ်လုံး ကိုယ်ပေါက်ကတော့ ဖိုးဉာဏ်၏ကာတွန်းရုပ်ထက် နည်းနည်းပိုလှသည် ဟု သူတင်စားမိပြီး အားနာသွားကာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရလေ သည်။

ယုသည် ဟောလစ်ပုလင်းဟောင်းများနှင့် ထည့်လာသော ငါးပိ ကြော်၊ ဝက်စဥကြော်၊ မုန်ညင်းချဉ်၊ ကြက်သွန်ချဉ်၊ ဆီတို့ဟူးစသည်တို့ကို အနှံ့ကော်၍ ထည့်ထားသည်။ ကေကိုလည်း အတင်းကျွေးသည်။ ကေအဖို့ ငါးပိကြော်နှင့် ဝက်စဥကြော်သာ စားဖူး၍ စားလို့ရသည်။

ထမင်းစားပြီး၍ တက်လာကြသော် ယုသည် ထက်ကြပ်လိုက်လာ သည်။ စကားတတွတ်တွတ်ပြောလာသည်။ အရာရာမှာ နှံ့စပ်လည်ပတ် ဟန်ရှိသည်။ မေမေက ကွေကို ကလေးလိုပဲ ဘာမှမသိဘူးဆိုတာ မှန်သင့် သလောက် မှန်သည်ဆိုတာကို ယခုမှ ဝန်ခံမိလေ၏။ ဒါမှမဟုတ် တတ်သိ နားလည်ခြင်းကတစ်မျိုး၊ လောကမှာ နှံ့စပ်လည်ပတ်ခြင်းက တစ်မျိုးဖြစ်ရ မည်လို့ ဆင်ခြေတက်မိပြန်လေသည်။

ယုကိုကြည့်လေ၊ သူဟာ ပိတောက်ကိုင်း၊ ပိတောက်ရွက်မှာ ဖြန့် ကျင်း ဖူးပွင့်လာတဲ့ ရွှေပွင့်ဝါများရဲ့ အလှက နှစ်ဦးမှာ ဘယ်လိုပျော်မြူးဖွယ် ဂီတမျိုးကို ဖြစ်ပေါ်စေတယ်ဆိုတာကို ဥဩကို လွမ်းဖွယ်တေး ဘယ်လိုသီ စေတယ်ဆိုတာကော သိမြင်တတ်မယ်ထင်သလား။ ကေ မထင်ဘူး။ သို့

သော် အခန်း ၅ မှာ သင်သည့် မြန်မာစာပြဆရာသည် သဘောကောင်း သည်ဆိုတာ၊ အစ်အောက်နိုင်လျှင် မေးခွန်းတစ်ခုတလေ ထွက်အန်တတ် တယ်ဆိုတာ၊ သီတင်းကျွတ်လျှင် ကန်တော့ထိုက်သောဆရာဆိုတာကို ကေ ဘယ်တော့မှ သိမယ်မဟုတ်ပေမဲ့ ကျောင်းမဖွင့်ခင် ယု သိနှင့်ပေပြီ။

| ဘယ်လို ကိုယ့်စိတ်ကိုယ် ဆုံးမပေမဲ့ ကေသည် ယုကို မနှစ်သက်လှတာမှာ ချိုးနှိမ်လို့မရသော စိတ်အမှန်ပင်။ ယုကို သူ့အခန်းသူ သွားစေ ချင်သည်။ သို့သော် ကေနောက်သို့ လိုက်လာသည်။ ကေရဲ့ ရှစ်ယောက် ခန်းမှာလည်း လူစုံနေပေပြီ။ သည်တော့ ယုကိုအကြောင်းပြုပြီး အားလုံး စကားဝိုင်းဖွဲ့ ရလျှင် ကောင်းမည်ထင်သည်။

သို့သော် ယုနှင့်သိနှင့်နေကြပြီး မိမိသာ ကိုယ့်အခန်းမှာ သူစိမ်း ဖြစ်နေတာကို တွေ့၏။ အေးလေ ... ကေက ကျောင်းဖွင့်ခါနီးမှ ကပ်ပြီး လာခဲ့တာကို သူတို့က နယ်ကလူတွေဖြစ်လေတော့ ရန်ကုန်မှာနေသူထက် ပူပင်ရပေမပေါ့ ။ ကေတို့က အခန်းမရလည်း အိမ်က တက်နိုင်သည်။

ကေနှင့် အိပ်ရာချင်းကပ်နေသော တရုတ်ကပြားမကလေး ဘက် တီချန်းက ဆရာဝန်လိုင်းလိုက်ချင်သော်လည်း တစ္ဆေကြောက်တတ်သူမို့ ဘယ်လိုဖြေရှင်းရမည်မသိသော ပြဿနာနှင့်ဖြစ်သည်တဲ့။ ဘာပဲဖြစ်ဖြစ် လက်ဖက်သုပ်စားကြရအောင်ဟု ဘက်တီက အဆိုတင်လိုက်ရာ အမှောင် ဆုံးထောင့်က အမြွှာညီအစ်မသည် စကားတစ်လုံးမှ ဝင်မပြောဘဲနေသော် လည်း ထ၍ တစ်ယောက် ပန်းကန်ဆေးသည်ကို တစ်ယောက်က ရေ လောင်းပေးလေ၏။ သူတို့က သိပ္ပံပညာကို ယူကြသူများပင်။ အလွန်အေး ဆေးတည်ကြည်သော မျက်နှာဆင်တူကလေးနှစ်ခုမို့ နှစ်လိုစရာပင်။ ကေ ကိုလည်း သူတို့က လိုလားဟန်ပြသည်။ သူတို့အခန်းမှာ အကြီးဆုံးဖြစ်ပြီး အသက်လျှော့ပြောတတ်သော မမပန်းကမူ စွာနေအောင် ထောင်းကြိတ်ထား သည့် ပုစွန်ခြောက်မှုန့်ပုလင်းကိုထုတ်သည်။ သူက ပါဠိကို အဓိကထား ယူသူပင်။ စစ်မဖြစ်ခင်ကတည်းက ဆယ်တန်းအောင်ပြီး ကျောင်းထွက်နေ သူဆိုတော့ အဒေါ်ခေါ်ဖို့ကောင်းသည်ဟု ကေက ခပ်ရွှင်ရွှင်ကလေး တွေး ၏။ အကြောင်းမှာ နုချင်သော မမပန်းက မမခေါ်သည်ကိုပင် မကြိုက်။ သို့သော် ငယ်ရွယ်သူကလေးများက နှုတ်ကျိုးနေသည့် မမဆိုသော စကား လုံးကို အတင်းသုံးသည်မို့ မမပန်း မဖြစ်ချင်ဘဲဖြစ်ရလေသည်။

ကျန်သုံးယောက်နာမည်ကို ကေ မသိသေး။ တစ်ယောက်မှာ အင် မတန်လှပသော မျက်လုံးဝိုင်းကြီးများ၊ မျက်တောင်ကော့ကြီးများ ရှိသည်ကို တွေ့ရ၏။ သူက ဆရာဝန်လုပ်ဦးမည်တဲ့။ ဆရာဝန်ဖြစ်မယ့်ရုပ်တော့ မဟုတ် ပါဘူး။ မင်းကတော်လုပ်ပြီး ဖဲလည်ရိုက်ချင်တဲ့ ရုပ်မျိုးပဲ။ စကားပြောပုံကိုက ခု ကျောင်းသူဘဝမှာတောင် တမင်လုပ်သောလေသံနှင့်ပင် ညနေစာပွဲ သဘင်များမှာ ကြားရတတ်သော ဗမာစကားကို အင်္ဂလိပ်သံပေါက်အောင် ပြောသော ကတော်အသံပေါ့။ တစ်ခါတလေ မေမေတောင် အားကျမခံ ဒီအသံနှင့် ပြောတတ်လေသည်ကို သတိရမိလေသည်။ ပြီးတော့ ကြည့်ပါ ဦး။ သူက ကြားချင်ဟန်တူတယ်။ အိပ်ချိန်မရောက်သေးဘဲနဲ့ ပန်းထိုးလည် ဝိုက် ညအိပ်အကျီရှည်ကို ဝတ်နှင့်လို့ပေါ့။

“သူသာ ညဝတ်အင်္ကျီဝတ်တတ်တယ်ထင်လို့ ထင်ပါရဲ့”ဟု အတွေး ချင်းဆုံသော ယုက ကေကို တိုးတိုးအတင်းပြော၏။

“ကေလည်း ညဝတ်အင်္ကျီ ဘယ်လိုဝတ်အိပ်ရမယ်ဆိုတာ စဉ်းစား လို့မရဘူး။ တခြားလူတွေနဲ့ ရောနေရတာ ခက်တာပဲ။ ရော့အင်္ကျီတွေက အပါးလေးတွေ။ မီးမှိတ်ပြီး အကုန်အိပ်ရာဝင်မှ လဲရတော့မှာပဲ”

ညဝတ်အင်္ကျီနှင့် မိန်းကလေးက “ကိုယ်တော့ လက်ဖက်မစားတတ် ဘူး။ မစားပါရစေနဲ့” ဟု ငြင်းသည်။

ယုက “ကဲ ... လက်ဖက်စားရအောင်” ဟု ဝိုင်းထဲဝင်မည်ပြုဆဲ “နေပါဦး ... ဆီလည်းမထည့်ရသေးဘူး။ သံပရာတော့ ညှစ်ပြီး “ငံပြာရည်ကော”

“ငံပြာရည်ထည့်ပြီးပြီ၊ ငံပြာရည်မရှိရင် ထမင်းမစားတတ်လို့ ကိုယ် တစ်ပုလင်းကြီး ချက်ယူလာတယ်” ။

“ဆီ ဘယ်မလဲ၊ ဆီ”

မမပန်းက ဘာမှမပြော ထပြီး သူခေါင်းလိမ်းသော အုန်းဆီပုလင်း ကို ယူသည်။ ပြီးတော့ လက်ဖက်ထဲ အိုင်အောင်လောင်းကာ နယ်ဖတ်သည်။

“ကဲ စားကြစို့ ၊ မြည်းပြီးသား ... အတော်ပဲ စပ်တော့ စပ်တယ်”

ကေသည် မျက်နှာပျက်စပြုသည်။ သူသည် လက်ဖက်ကို အင် မတန် ကြိုက်ပါ၏။ အိမ်မှာ လက်ဖက်စားလွန်းလို့ မေမေဆူရသည်ကို သတိရသေး၏။ စားလို့ကောင်းအောင် သူ့မေမေထက် လက်ဖက်သုတ် တတ်သည်မှာလည်း အမှန်ပင်။ သို့သော် လက်ဖက်သုတ်ခါနီး မမပန်း လက်ကို ဆပ်ပြာနဲ့မှ ဆေးရဲ့ လားမသိ။ ဆေးဦးတော့ သူ့ဆံပင်မှာ သုတ်လိမ်းလိုက်၊ ပုလင်းဝမှာ လက်ဖဝါးခံလိုက်ဖြင့် မမပန်း သုံးမြဲသော အုန်းဆီ ပုလင်းမှ ကျသည့်ဆီကို သူ စားလို့မကျနိုင်ချေ။ ဘယ်လိုငြင်းရမည်လဲ။

“ကေလည်း မစားပါဘူး၊ စားကြပါ” ဟုသာ သူပြောနိုင်၏။ “ဘာဖြစ်လို့လဲ၊ ကစ်တီလိုပဲ လက်ဖက်မစားတတ်ဘူးလား”

ကေသည် ညဝတ်အင်္ကျီရှည်ဘက်သို့ မကြည့်အောင် ထိန်းချုပ်ကာ “မဟုတ်ပါဘူး၊ ကေ လက်ဖက်ကြိုက်သားပဲ။ ခု မစားချင်လို့ပါ” “ရွံလို့လား”

မရွံပါဘူးဆိုရင်တော့ ညာပြောတာပဲဟု ကေက တွေး၏။ ရွံတယ် ဆိုရင်တော့ စော်ကားတာပဲ၊ ဒီတော့ ကေသည် ဘာမှမပြောဘဲ မျက်နှာသာ နီ၍နေသည်။ သူသည် မိတ်ဆွေမဖြစ်ခင် ရန်သူရှာခဲ့ပြီလားမသိဟု စိတ် မကောင်းဖြစ်သည်။

“ကေ မစားချင်လို့ပါ” ဟုသာ အမှန်ဆုံးစကားကို ဆိုသည်။ ပြီး တော့ “ယု စားပါ၊ သွားစားပါ” ဟု အမ်းနေသော ယုကို တိုက်တွန်းမိလေ သည်။

လက်ဖက်ဝိုင်းသည် ဆူညံနေရာမှ တိတ်ဆိတ်နေဆဲ။ ကေသည် ဝရန်တာသို့ ထွက်ခဲ့သည်။ အပြင်၌ လမင်းဝင်းဝါဝန်းစက်လျက်ရှိ၏။ သည့် ထက်မြင့်သွားလျှင် ပြာလဲ့လာမည်။ ညိုမည်းရိပ်တို့တော့ ထင်မြဲ ထင်လေ မည်။ ဖြူဆွတ်သော တိမ်ခဲစိုင်တို့ကို ငေးမော၏။ အဲဒီမှာ သွားထိုင်ရရင်

ကောင်းမည်။ တစ်ယောက်တည်းမို့ ဘေးအန္တရာယ်လည်း ကင်းရှင်းမည် ထင်မည်။

လက်ဖက်ဝိုင်းသိမ်း၍ စကားပြောနေကြလျှင်တော့ ကေသည် အခန်းထဲ ပြန်ဝင်ချင်သည်။ ခုနတုန်းကလို သူ့ကို ဝိုင်းကြည့်ကြမည့် မျက် လုံးများကို ဆိုင်ရမည်တော့ ကြောက်သည်။ အပြစ်ကျူးလွန်မိသလို မဝံ့ မရဲရှိသည်။ ဘယ်သူ့ကိုမှ ရန်မပြုလိုပါဆိုတာလည်း လူတိုင်း နားလည်စေ ချင်သည်။ ကေ ဘာလုပ်ရမည်လဲ။

ပါးနပ်သော ယုက စကားဖြတ်၍ ထွက်လာသည်ကို ကြားရ၏။ အနားရောက်လာပြီး “အိမ်လွမ်းနေသလား” ဟု မေးလေ၏။

“အိမ်မလွမ်းပါဘူး”

 

“ဘယ်သူ့ကို လွမ်းသလဲ၊ ဆိုစမ်း” “လကိုကြည့်ရင် လွမ်းတာတစ်ခုခုပဲ ရှိသလား” “ကဲ ... ကေ ဘာဖြစ်သလဲ”

“ကဗျာဆရာ ရှယ်လီလိုပဲ စိတ်မောတယ်” ဟု ဆိုကာ ကေသည် အင်္ဂလိပ်ကဗျာကို ရွတ်စပြုသည်။ ။

ယုက “ဟား ... ဟား” ဟု ရယ်၏။ “ကေက သိပ်ဟုတ်ပါလား။ စာရေးဆရာမအထွေးနဲ့ ဆုံပေးဦးမှပ်” ဟု ပြော၏။

“အထွေး ... ဟုတ်လား၊ ကေ သူ့ဝတ္ထုတွေ ဖတ်ဖူးတယ်။ ကြိုက် သားပဲ၊ သူနဲ့ ယု သိသလား”

“သိပါတယ်၊ လာ .. ခုသွားရအောင်။ သူလည်း ဒီနှစ်မှ ကောလိပ် ရောက်လာတာ။ သူက ခပ်ဆန်းဆန်းပဲ ဗိသုကာအတတ်ယူတယ်။ သူ့ ဝါသနာက အိမ်ပုံစံဆွဲတာမို့လို့တဲ့ ဆရာရေ့”

ကေရဲ့ စိတ်ကို လန်းဆန်းအောင် ပြောင်းလဲပေးသည်မို့ ယုကို ကျေးဇူး တင်ပါသည်။

သူတို့ အထွေးရဲ့ အခန်းကိုရောက်လျှင် ကျောင်းသူများ ပြည့်ညပ်နေ သည်ကို တွေ့သည်။ အထွေးက နှစ်ယောက်ခန်းရပြီး သူ့ညီမနဲ့ နေသည် တဲ့။ အထွေး၏ အခန်းမှ ကျောင်းသူတွေ သီချင်းဆို၊ လက်ခုပ်တီးနေကြ သည်မို့ ကေရော၊ ယုပါ ဝိုင်းဝန်းသီဆိုကြ၊ လက်ခုပ်တီးကြသည်။ ရခိုင်မ ကလေး မြနန္ဒာက ကျကျနန ထပြီးကသည်။ ပြီးလျှင် မယ်တက္ကသိုလ်လုပ်ဖို့

ကောလိပ်ကို လာခဲ့သည်ဆိုသော ရတနာမိုးဆိုသည့်နာမည်ရှင် ကျောင်းသူက စီးကရက်တစ်လိပ်ကို စွပ်တံမှာစွပ်ပြီး “ဒါက ဘယ်သူ့ဟန်၊ ဒါက ဘယ်ဝါ ဟန်” စသည်ဖြင့် ရုပ်ရှင်မင်းသမီးတို့ဂိုက် ဖမ်းကြသဖြင့် ရယ်မောကြသေး ၏။ ပြီးတော့ ဖက်ရှင်မယ်လမ်းလျှောက်ပုံတွေကို ထဘီသစ်များ တစ်ထည် ပြီးတစ်ထည် ကိုယ်မှာကပ်ရင်း ပြ၏။ နောက်ဆုံး၌ စိတ်ကောင်းစွာ မအောင် သူရယ်လို့ အများက စွပ်စွဲသော သဘောကောင်းအာကျယ် မာဂျော်ရီက ထ၍ အင်္ဂလိပ်ခြေကကို က၍ တအုံးအုံးညံဆဲ ကေသည် အထွေးနား ရောက် လာသည်။

“ကျွန်မနာမည် ကေပဲ” ဟု တိုးတိတ်ညင်သာ ပြောလိုက်လျှင်