Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ကြည်သာထွန်း - ပညာရှင်ဂုရုကြီးတို၏လူတိုကိုစီမံခန့်ခွဲရေးဆိုင်ရာအတွေးအခေါ်နှင့်ဆောင်ရွက်ချက်များ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out
အခန်း(၁)
လူတို့ကို စီမံခန့်ခွဲခြင်းဆိုင်ရာ စိန်ခေါ်မှုများ

“ကိုယ်ဘာဖြစ်နိုင်သလဲဆိုသည်ကို သိမြင်ဖို့ ကိုယ်ဘာလဲဆိုသည်မှ စတင်ပါ”

အမည်မသိ

ဂလိုဘယ်လိုက်ဇေးရှင်း၊ လုပ်ပိုင်ခွင့်အာဏာအပ်နှင်းခြင်း၊ အပြန် အလှန် အမှီသဟဲပြုသောအဖွဲ့များ၊ အောက်ခြေအထိဆင်းခြင်း၊ ပြန် လည်တည်ဆောက်ခြင်း၊ သင်ယူနေသောအဖွဲ့ အစည်းများ၊ အသိပညာ လုပ်သားများဆိုသည့် စကားလုံးများသည် ကျယ်ကျယ်လောင်လောင် ပေါ်ထွက်နေကြသည်။ ထိုစကားလုံးများနှင့် ရင်းနှီးပါသလား။ ရင်းနှီး ကျွမ်းဝင်မှုမရှိဟုဆိုလျှင် ထိုစကားလုံးများသည် စာဖတ်သူ၏ဘဝနှင့် လူတို့အပေါ် စီမံခန့်ခွဲသည့် နည်းလမ်းတို့ကို ပြောင်းလဲပေးနေသည့် စကားလုံးများဖြစ်ပါသည်။

မန်နေဂျာတို့သည် လူအများကို စီမံခန့်ခွဲကြရမည်။ စာရေးသူ ပြောလို သည်မှာ မန်နေဂျာတစ်ယောက်၏လုပ်ငန်းဆောင်တာများတွင် လူတို့ကို စီမံခန့်ခွဲခြင်းသည် ၈ဝ ရာခိုင်နှုန်း ပါဝင်နေသည်ဆိုသော အချက်ဖြစ်သည်။

ယင်းမှာ အခက်ခဲဆုံးအလုပ်ဖြစ်သလို အကျိုးအရှိဆုံး အလုပ်လည်းဖြစ် သည်။ လူတို့ကိုစီမံခန့်ခွဲခြင်းသည် အရေးကြီးသလောက် မန်နေဂျာအများ စုသည် ၎င်းတို့ထံတွင် ထိုအရည်အချင်းမျိုး အပြည့်အဝမရှိကြသည့် အချက်ကို လက်မခံလိုကြ။ လုပ်ငန်းအဖွဲ့ အစည်းအချို့ ကိုယ်ကပင် မန်နေဂျာအားလုံးကို စဉ်ဆက်မပြတ် လေ့ကျင့်ပေးရန်လိုအပ်ပြီး မန်နေဂျာ များ၏ လူတို့အပေါ်စီမံခန့်ခွဲခြင်းနှင့် ဆက်နွယ်သည့်လုပ်ငန်းကိစ္စများကို ထောက်ပံ့အားပေးရန် လိုအပ်သည်ဆိုသည့်အချက်ကို လက်မခံချင်ကြပေ။

ဘရပ်ဆဲလ်မြို့ရှိ ဥရောပစီမံခန့်ခွဲရေးစင်တာတွင် စာရေးသူ စီနီယာ ဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ် ၁၉၈၇ ခုနှစ်က “လူတို့ကို စီမံ ခန့်ခွဲခြင်း”ဟု အမည်ပေးထားသည့် သင်တန်းတစ်ရပ်ကို ရေးဆွဲပြီး တင်ပြခဲ့သည်။ စာရေးသူ၏ အထက်အရာရှိအပါအဝင် လုပ်ဖော်ကိုင်ဖက် အထက်တန်းအရာရှိကြီးများကိုယ်တိုင်က ထိုစိတ်ကူးကို ငြင်းပယ်ခဲ့ကြ သည်။ လုပ်ငန်းအဖွဲ့ အစည်းများအနေဖြင့် ၎င်းတို့၏ မန်နေဂျာများကို ယင်းကဲ့သို့ သင်တန်းများတက်ခိုင်းမည်မဟုတ်ဟု သူတို့ခံစားမိကြသော

ကြောင့်ဖြစ်သည်။ ထိုသင်တန်းကို အတည်ပြုဖြစ်ခဲ့ပြီး တစ်နှစ်လျှင် တစ် ကြိမ် ဖွင့်လှစ်ခဲ့သည်။ ဥရောပစီမံခန့်ခွဲရေးစင်တာကို စာရေးသူကျောခိုင်းခဲ့ သည့် ၁၉၈၉ ခုနှစ်တွင် ထို သင်တန်းကို တစ်နှစ်လျှင် အကြိမ်များစွာ ဖွင့်လှစ်ရန် ဇယားချထားပြီဖြစ်သည်။ ယခုအချိန်တွင်မူ ထိုသင်တန်းသည် ဥရောပစီမံခန့်ခွဲရေးစင်တာ၏ ရေပန်းအစားဆုံးအစီအစဉ် တစ်ရပ်ဖြစ်နေပြီ ဟု စာရေးသူနားလည်ထားပါသည်။ များမှ ကို စာရေးသူ၏ အမြင်အရ ထိုသင်တန်း ရေပန်းစားလာရခြင်းမှာ လုပ်ငန်းအဖွဲ့အစည်းများနှင့် မန်နေဂျာများသည် လူတို့ကိုစီမံခန့်ခွဲခြင်း၏ အရေးကြီးပုံကို စတင်သဘောပေါက်လာခြင်းကြောင့်ဖြစ်ပြီး ထိုအရည် အသွေးကို ထက်မြက်နေအောင် အမြဲမပြတ်သွေးပေးဖို့လိုကြောင်း သိမြင် လာသောကြောင့်ဖြစ်သည်။ စာရေးသူတို့ ကမ္ဘာကြီး၏ပြောင်းလဲမှုနှုန်းများ သည် အရှိန်အဟုန်ဖြင့် ချီတက်လျက်ရှိရာ ရည်မှန်းချက်များသည် ပို၍များ ပြားရှုပ်ထွေးလာပြီး စီးပွားရေးတွင် အောင်မြင်မှုရရှိဖို့ အသိပညာသည် မဟာဗျူဟာမြောက် အဓိကသော့ချက်တစ်ခု ဖြစ်လာခဲ့သည်။

 

ပညာရှင်ဂုရုကြီးတို့၏ လူတို့ကို စီမံခန့်ခွဲရေးဆိုင်ရာ အတွေးအခေါ်နှင့် ဆောင်ရွက်ချက်များ

လူတို့သည် ကျွန်ုပ်အတွက် အကြီးမားဆုံး ပိုင်ဆိုင်မှုဖြစ်သည်။ ထိုစကား သည် ကြော်ငြာသက်သက်လား၊ အစစ်အမှန်လား။ ကိုယ့်လူများကို စစ်စစ် မှန်မှန်ယုံကြည်ကြသော အဖွဲ့ အစည်းများအတွက် လူတို့ကို စီမံခန့်ခွဲခြင်း သည် အရင်းအမြစ်အကျဆုံး စီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေးဖြစ်လာ သည်။

          လူတို့ကို စီမံခန့်ခွဲခြင်းသည် လိမ်ညာလှည့်ဖျားပြီး သြဇာညောင်း အောင်လုပ်ရသောကိစ္စမျိုးမဟုတ်ပေ။ အဖွဲ့ အစည်း၏ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြည့်ဝစေရန် ကိုယ့်ဝန်ထမ်းနှင့် အရာရှိများအကြားတွင် လုပ်ဖော်ကိုင်ဖက်အဖြစ် သဘောထားပြီး အလုပ်လုပ်ရခြင်းဖြစ်သည်။ အဖွဲ့အစည်းတစ်ခု၏ အောင်မြင်မှုသည် မျှော်လင့်ချက်ကြီး သုံးခုအား စီမံ ခန့်ခွဲသည့်အပေါ်တွင် မူတည်လျက်ရှိသည်။ ယင်းတို့မှာ -

  • အဖွဲ့ အစည်း၏ မျှော်လင့်ချက် • ဝန်ထမ်းများ၏ မျှော်လင့်ချက်
  • စားသုံးသူ၏ မျှော်လင့်ချက် တို့ဖြစ်သည်။ ။

          ဝန်ထမ်းများ၏ မျှော်လင့်ချက်အပေါ် စီမံခန့်ခွဲခြင်းတွင် ဘာအချက် တွေ ပါဝင်ပါသလဲ။ နားလည်မှုနှင့် အောက်ဖော်ပြပါ နောက်ဆက်တွဲ လုပ်ငန်းဆောင်တာများ ပါဝင်ပါသည်။ • လူသားတို့၏ လိုအပ်ချက်နှင့် အမူအကျင့်တို့ကို နားလည်

သဘောပေါက်ခြင်း။ ။ • လူတို့ကို ဘာတွေက လေးကန်သွားစေသလဲ။ ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးတစ်ရပ် ဘယ်လိုတည်

ဆောက်မလဲ။ ဝန်ထမ်းကို ဘယ်လိုစုဆောင်းပြီး ရွေးချယ်မလဲ။ ။ • ဝန်ထမ်းများအကြား စွမ်းဆောင်ရည်ဆိုင်ရာ ရည်မှန်းချက်ကို

ဘယ်လို ဖော်မြူလာထုတ်မလဲ။ • ဝန်ထမ်းများ၏ လုပ်ရည်ကိုင်ရည်ကို ဘယ်လို စောင့်ကြည့်ပြီး

တိုင်းတာမလဲ။

  • ဝန်ထမ်းများကို ဘယ်လိုဦးဆောင်ပြီး စိတ်ဓာတ်တက်ကြွအောင် လယ်လုပ်မလဲ။ • ဝန်ထမ်းများနှင့် ထိထိရောက်ရောက် ဆက်ဆံနိုင်အောင် ဘယ်

လိုလုပ်မလဲ။ • ကိုယ့်အဖွဲ့ အစည်းထဲတွင် အရည်အသွေးရှိသူဖြစ်လာအောင် တို့ ဘယ်လိုပျိုးထောင်မလဲ။

  • ဝန်ထမ်းများ အဖွဲ့လိုက် ထိထိရောက်ရောက် လုပ်တတ်အောင် က ဘယ်လိုလုပ်မလဲ။

ဝန်ထမ်းများနှင့် ရင်ဘတ်ချင်းချိတ်မိအောင် ဘယ်လိုလုပ်မလဲ။ လမ်းညွှန်သူတစ်ယောက် သို့မဟုတ် နည်းပြတစ်ယောက်အနေ

ဖြင့် ဘယ်လိုလုပ်မလဲ။ သူ • ပြောင်းလဲတတ်သည့် သဘာဝ။

အလုပ်နှင့်မိသားစု သဟဇာတဖြစ်ခြင်း၏ ထူးခြားမှု။ • ဝန်ထမ်းများထံမှ ကတိကဝတ် ရအောင် ဘယ်လိုလုပ်မလဲ။ • အောင်မြင်သည့်လုပ်ငန်းပတ်ဝန်းကျင်တစ်ခုဖြစ်အောင် ဘယ်လို

ဖန်တီးမလဲ။ • အထက်ပါအချက်များထက်ပို၍ ကိုယ့်ကိုယ်ကိုယ် နားလည်

ခြင်း။

................................စသည်တို့ဖြစ်သည်။

                   ထိုအလုပ်မှာ နောက်တွန့်သွားစေနိုင်သည့်အလုပ်မျိုးဖြစ်သည်။ သို့သော် ထိရောက်စွာ စီမံခန့်ခွဲနိုင်ရေးအတွက် ထိုအချက်များကို ကောင်းကောင်းလုပ်နိုင်ဖို့ လိုပါသည်။ လက်တွေ့တွင် လူတို့ကို စီမံခန့်ခွဲခြင်းကဏ္ဍ၌ များပြားလှသော အတိုင်းအတာများနှင့် လုပ်ငန်းအောင်မြင်ရေးအတွက် လူတို့၏အရေးပါမှုကို ထည့်သွင်းခြင်းတို့သည် မတူညီသောပုံစံများဖြင့် အတူတကွ ရောက်လာတတ်ကြသည်။

 

ပညာရှင်ဂုရုကြီးတို့၏ လူတို့ကို စီမံခန့်ခွဲရေးဆိုင်ရာ အတွေးအခေါ်နှင့် ဆောင်ရွက်ချက်များ

 

ဖြစ်နိုင်ခြေများကို နားထောင်ပါ

            အကယ်၍ သင်သည် ကျွန်ုပ်ကို နားလည်ဖို့ ကြိုးစားမည်ဆိုလျှင်

သင်၏ အတွေ့ အကြုံ မျက်လုံးများကို ဖြတ်သန်း၍ ကြည့်ပါ။ ဒီ ကိုယ်တစ်ယောက်တည်း နားလည်မှုသည် နားလည်မှုလွဲခြင်း ဖြစ်တတ်ပါသည်။ ) ကျွန်ုပ်တို့ သည် မတူညီသော လမ်းကြောင်းများကို ဖြတ်သန်း လာကြသည်ဖြစ်ရာ သည်။ မတူညီသော ကြောက်ရွံ့မှုများကို သိထားကြသည်။ သင့်ကို ရယ်မောစေနိုင်သော အရာသည်.............

ကျွန်ုပ်ကို မျက်ရည်ကျစေနိုင်သည်။ ဒါကြောင့် အကယ်၍ သင်သည် ကျွန်ုပ်ကို လက်ခံဖို့ သင်ယူနိုင် သည်ဆိုလျှင် ကျွန်ုပ်၏ ထူးဆန်းသော အပြောအဆိုနှင့် လုပ်ပုံကိုင်ပုံတို့ကို သင်၏လက်ခံနိုင်စွမ်းမှတစ်ဆင့် သင်သည် နားလည်မှုကို ရကောင်းရနိုင်ပါသည်။

...........အမည်မသိ

                     စဉ်ဆက်မပြတ် တိုးတက်မှု

          လက်ရှိအချိန်တွင် ဘယ်လောက် အောင်မြင်နေသလဲဆိုသည်နှင့် မပတ်သက်ဘဲ လုပ်ငန်းအဖွဲ့ အစည်း၏ လုပ်ဆောင်ချက်များ ထိထိရောက် ရောက်ဖြစ်စေဖို့ မွမ်းမံရန်လိုအပ်သည့် စိတ်ဓာတ်မြှင့်တင်ရေးနှင့်ခေါင်း ဆောင်မှုဆိုင်ရာအချက်အလက်များကို ပုံမှန်သုံးသပ်ခြင်းသည် အရေးကြီး သည့်ကိစ္စဖြစ်သည်။ ဒဲလ်(Dell) ကဲ့သို့ အောင်မြင်နေသည့်လုပ်ငန်းအဖွဲ့ အစည်းတစ်ရပ်သည်ပင်လျှင် ထိုသို့လုပ်ဆောင်ရန်လိုအပ်ကြောင်း တွေ့ရှိ ထားသည်ဖြစ်ရာ အခြားအဖွဲ့ များလည်း လုပ်ဆောင်သင့်လှပေသည်။

သို့ဆိုလျှင် ဒဲလ်က ဘယ်လိုလုပ်ပါသလဲ။ အောက်ဖော်ပြပါ ဆောင်း ပါးသည် ဥရောပစီမံခန့်ခွဲရေးစင်တာ၏ အီလက်ထရွန်းနစ် သတင်းစာတွင် စာရေးသူ ရေးသားခဲ့သော ဆောင်းပါးဖြစ်သည်။

 

 

စည်းမျဉ်းများဖြင့် စီမံခန့်ခွဲခြင်း-ဒဲလ်၏နည်းလမ်း

၂၀၀၃ ခုနှစ် နိုဝင်ဘာ ၃ ရက်ထုတ် ဘီးဇနက်စ်ဝိခ် စာစောင်တွင် ဒဲလ်အကြောင်း ရေးထားသော “သင်မသိသေးသည့် ဒဲလ်အကြောင်း (What You Don't Know About Dell) a opa qoşoa:caos€: ပါးကို ဖော်ပြခဲ့သည်။ ထိုဆောင်းပါးတွင် ဆောင်းပါးရှင်များက ဒဲလ် အသုံးပြုနေသည့် အောက်ဖော်ပြပါ စီမံခန့်ခွဲမှု စည်းမျဉ်းခြောက်ချက် ကို ဖော်ပြထားပြီး ယင်းတို့ကို နည်းပညာလောကတွင် အကောင်းဆုံး ခရီးနှင်နေသည့် ကုမ္ပဏီ၏ စီမံခန့်ခွဲမှု လျှို့ဝှက်ချက်များ ဟု သုံးနှုန်း ထားသည်။ ထိုစည်းမျဉ်းများမှာ

  • တိုက်ရိုက်တွေ့ ပါစေ။
  • အတ္တကို တံခါးဝမှာ ထားခဲ့ပါ။
  • ဆင်ခြေမရှိ။
  • လွယ်ကူသော ပစ်မှတ်မရှိ။
  • အောင်ပွဲခံမှုမရှိ။
  • ငွေစုပါ၊ နောက်မှာမနေပါနှင့်

.................... ဆိုသည့် အချက်များဖြစ်သည်။

ကိုယ့်လုပ်ငန်းအဖွဲ့ အစည်းမှ အရည်အသွေးရှိသူများကို ဖော် ထုတ်ရန်နှင့်စီမံခန့်ခွဲရန် အရည်အသွေးမြှင့်တင်ရေး မဟာဗျူဟာ တစ်ရပ်ကို ကိုယ်ကိုယ်တိုင် ဖော်မြူလာထုတ်နိုင်ရန်တို့အတွက် အထက် ပါ စည်းမျဉ်းများကို မည်သို့ အဓိပ္ပာယ် ဖော်ဆောင်ရပါမည်နည်း။

                       တိုက်ရိုက်တွေ့ ပါစေ

ဆောင်းပါးရှင်များ၏အလိုအရ အလုပ်သမားများကို အထက် အရာရှိများနှင့် တိုက်ရိုက်တွေ့ပြီး အရာရာတိုင်းနှင့် ပတ်သက်၍ မေးခွန်းများမေးရန် အားပေးထားသည်ဟုဆိုသည်။ ထိုအချက်မှ လုပ်ငန်းအတွက် မည်သည့် သင်ခန်းစာ ရနိုင်ပါသနည်း။

လက်တွေ့အားဖြင့် ထိုအချက်သည် လူသစ်ခေါ်ယူရာတွင် လည်းကောင်း၊ မွမ်းမံရာတွင်လည်းကောင်း အကျုံးဝင်သည်။

လူသစ်ရှာဖွေသည့်အဆင့်တွင် လုပ်ငန်းအဖွဲ့ အစည်းများသည် စိန်ခေါ်လိုသည့်စိတ်ဓာတ်ရှိသော အလားအလာ ကောင်းသည့်ဝန်ထမ်း များကို ရှာဖွေသင့်သည်။ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်သူ များကို ခေါ်ယူခြင်းမှာ ကောင်းပါသည်။ သို့သော် လူမှုဆက်ဆံရေးကို စမ်းသပ်ရန်မှာလည်း အရေးကြီးလှသည်။ မည်သို့ပင်ဖြစ်စေ စိန်ခေါ် လိုစိတ်ရှိသူတစ်ယောက်ကို ရွေးချယ်ဖို့ ရည်မှန်းချက်ထားသင့်သည်။ စိန်ခေါ်လို စိတ်မှာ တစ်ဦးတစ်ယောက်ချင်းတွင် ရှိရမည့် သဘော ထားဖြစ်သည်။ ထိုသဘောထားကို ပူးပေါင်းဆောင်ရွက်သည့် ယဉ် ကျေးမှုထဲ၌ ဝင်ဆံ့ရန် တိုက်တွန်းအားပေးရမည်။ ပူးပေါင်းဆောင်ရွက် သည့် ယဉ်ကျေးမှုသည် ထိုကဲ့သို့ သဘောထားမျိုး တိုးတက်ကောင်း မွန်လာစေရန် ပညာပေးစည်းရုံးနိုင်သည်။

                         အတ္တကို တံခါးဝမှာထားခဲ့ပါ

ဘီးဇနက်ဝိခ်တွင်ပါဝင်သည့် အဆို ပါဒဲလ်ဆောင်းပါးတွင် “ထုတ်ကုန်အတွက်၊ ဒေသအတွက် သို့မဟုတ် ကုမ္ပဏီလုပ်ငန်းအတွက် အမှုဆောင်အရာရှိနှစ်ဦးကို တာဝန်ခွဲဝေယူစေသည့် နှစ်ယောက် တစ်သေတ္တာ” စီမံခန့်ခွဲမှု နည်းလမ်းကို အသုံးပြုပါဟုဆိုထားသည်။

ယင်းမှာ အဖွဲ့လိုက် အလုပ်လုပ်ခြင်းနှင့် အဖွဲ့ဝင်တစ်ယောက် အဖြစ် အလုပ်လုပ်ခြင်းကို ဆိုလိုသည်။ သင်ယူနေသော လူ့အဖွဲ့ အစည်း ၏ ဂုရုကြီး ပီတာဆန်ဂီက အဖွဲ့ လိုက်အလုပ်လုပ်ခြင်းသည် စုပေါင်း အသိဉာဏ်ကို ဖန်တီးနိုင်သည်ဟုဆိုသည်။ မည်သို့ပင်ဖြစ်စေ အဖွဲ့ ဝင် တစ်ယောက် ဖြစ်ရုံမျှနှင့် မလုံလောက်ပါ။ တစ်ဦးတစ်ယောက်ချင်းစီ ၏ သဘောထားများကို အဖွဲ့လိုက်အလုပ်လုပ်သည့်သဘော တရားဆီ သို့ ရှေးရှုသွားစေရန် ဘာလုပ်ရပါမလဲ။ အဖွဲ့ လိုက်လှုပ်ရှားမှု၏ အရေးကြီးပုံကို တစ်ဦးတစ်ယောက်ချင်းစီသဘောပေါက်နားလည်ရန် သင်တန်းပေးရမည်ဖြစ်ပြီး အကျိုးရှိသည့် စကားဝိုင်းများ၊ ဆွေးနွေးပွဲ များတွင် ပါဝင်စေရမည်ဖြစ်သည်။ “ကျွန်တော်က အရေးကြီးတယ်”၊ “ကျွန်တော်ကကျွမ်းကျင်သူ ဆိုသည့် သဘောထားများသည် အဖွဲ့ လိုက်သင်ယူမှုနှင့် စုပေါင်းအသိဉာဏ် ဖန်တီးမှုတို့ကို ဟန့်တားသည့် အတ္တစွဲများ ဖြစ်ပေါ်လာစေနိုင်သည်။

                                ဆင်ခြေမရှိ

            ယင်းမှာ ကိုယ့်ကိုယ်ကိုယ်တာဝန်ယူမှု၊ တစ်စုံတစ်ယောက်၏ လုပ်ဆောင်ချက်အပေါ် တာဝန်ယူမှုနှင့် သက်ဆိုင်သည်။ ဝန်ထမ်းများ သည် ကိုယ့်အားနည်းချက်ကို ကိုယ်တိုင်ဝန်ခံဖို့ သတ္တိရှိရမည်ဖြစ်ပြီး ထိုအားနည်းချက်များကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင်၊ သို့မဟုတ် ပျောက်ပျက်သွားအောင် လုပ်ဆောင်ရမည်ဖြစ်သည်။ သူတို့ ကိုရ ဆိုသည့်ရောဂါ” စွဲကပ်မနေစေသင့်။ အခုကြုံနေရတဲ့ ပြဿနာကို ရှင်းဖို့ ကျွန်တော်ဘာကူညီရမလဲ”ဆိုသည့် မေးခွန်းမျိုး မေးနိုင်သင့် သည်။ ထိုအချက်တွင်လည်း တစ်ဦးချင်းစိတ်ဓာတ်နှင့် လုပ်ပိုင်ခွင့်ပေး သည့်ယဉ်ကျေးမှုတို့ လိုအပ်လာပြန်ပါသည်။ ယင်းမှာ လုပ်ပိုင်ခွင့် အာဏာအပ်နှင်းခြင်း၏ စစ်မှန်သောသဘာဝပင် ဖြစ်သည်။

                            လွယ်ကူသော ပစ်မှတ်မရှိ

ဝန်ထမ်းများသည် အကျိုးအမြတ်ရရှိရန်နှင့် ကြီးပွားတိုးတက် ရန် ပါဝင်ထမ်းဆောင်ရမည်။ လက်တွေ့တွင် ယင်းမှာ လုပ်ငန်းအောင် မြင်ဖို့ ချမှတ်ထားသော အစီအစဉ်များထဲရှိ ရည်မှန်းချက်များ ဖြောင့်

ဖြောင့်တန်းတန်းအောင် မြင်နိုင်ရန် ပူးပေါင်းလုပ်ဆောင်ကြရမည်ဟု ဆိုလိုသည်။ ယခုကိစ္စ (ဒဲလ်၏ စီမံခန့်ခွဲမှု)တွင် S.M.A.R.T ဆိုသည့် ရည်မှန်းချက်များကို ချမှတ်ထားသည်။ S ကို သီးခြားဖြစ်သော၊ တစ်ဆက်တစ်စပ်တည်းဖြစ်သောဟု အဓိပ္ပာယ်ရသည့် Specific and stretch ဟုလည်းကောင်း၊ Mကို အတိုင်းအတာရှိသော၊ အဓိပ္ပာယ်ရှိ GWO2 sadyuus quopo Measurable and meaningful on လည်းကောင်း၊ A ကို ရရှိနိုင်သော၊ နှိုင်းချိန်နိုင်သောဟု အဓိပ္ပာယ်ရ သည့် Attainable and aligned ဟုလည်းကောင်း၊ R ကို အစစ်အမှန် ဖြစ်သောဟု အဓိပ္ပာယ်ရသည့် Realistic ဟုလည်းကော