Skip to product information
1 of 2

Other Websites

ကြည်နိုင် - မြန်မာ့သမိုင်းပုံပြင်ပုံရိပ်များ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          စာရေးသူ၏ အမှာ 

ကျွန်တော်သည် သမိုင်းပညာရှင်တစ်ဦးမဟုတ်ပါ။ သို့သော် သမိုင်းကို စိတ်ဝင်စားပါသည်။ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းတို့ထဲတွင် စိတ်ဝင်စားဖွယ် စိတ်လှုပ်ရှားဖွယ်များစွာ ပါဝင်နေပါသည်။

သမိုင်းထဲတွင် အတုယူစံပြုစရာ ပုဂ္ဂိုလ်များ၊ လုပ်ဆောင်ချက်များ ပါဝင်သကဲ့သို့၊ သင်ခန်းစာယူဖွယ်များလည်း ပါဝင်ပါသည်။ အနော်ရထာ ကျန်စစ်သားတို့ကဲ့သို့ မင်းကောင်းမင်းမြတ်များအကြောင်း၊ နိုင်ငံအတွက်ဆောင်ရွက်ချက်များ ပြည်သူ့အရေး ရှေးရှုလုပ်ဆောင်ချက်များ တွေ့ရသကို သို့ စလေမင်းခွေးတို့လို ပြည်သူကို နှိပ်စက်သော မင်းဆိုးမင်းညစ်များကိုလည်း တွေ့ရပါသည်။ ရှင်အရဟံကဲ့သို့ ကြည်ညိုဖွယ်သာသနာပြုပုဂ္ဂိုလ်များကိုတွေ့ရပြီး သိုဟန်ဘွား၊ ဒီဗရစ်တို (ခေါ်) ငဇင်ကာတို့လို သာသနာဖျက်များအကြောင်းလည်းသင်ခန်းစာယူဖွယ်၊ ရှုတ်ချဖွယ် တွေ့ရပါသည်။ ။

သမိုင်းရာဇဝင်ထဲတွင် ရာဇကုမာရ သားကောင်းသားမြတ်များကို တွေ့သိကြည်နူးရသကဲ့သို့ နရသူမင်းလို ထီးနန်းစည်းစိမ် အာဏာရမ္မက် ငမ်းငမ်းတက်ကာ ဖခင်ကိုပင် သတ်ဖြတ်လုပ်ကြံခဲ့သော သားဆိုးသားညစ်မျိုး ကိုလည်း ရှုတ်ချဖွယ်၊ သင်ခန်းစာယူဖွယ် တွေ့ရပါသည်။

မိမိအရှင်အတွက် မိမိအသက်ကို မငဲ့ကွက်ဘဲ သစ္စာတရားစောင့်ထိန်း သူများကို တွေ့ရသကဲ့သို့ ချီးမြှင့်မြှောက်စားကာ စောင့်ရှောက်ခဲ့သည့်ကျေးဇူးကိုမထောက်ဘဲ မိမိကိုယ်ကျိုးကိုသာ ကြည့်တတ်သည့် သစ္စာမဲ့သူများကိုလည်း တွေ့ရတတ်ပါသည်။ ထို့ပြင် စစ်တိုက်ရမှ နေသာထိုင်သာရှိသောမင်းခေါင်နှင့်ရာဇာဓိရာဇ်တို့လို ပြည်တွင်းစစ်မီးမွှေးသူ စစ်ဘုရင်များကိုတွေ့ရသကဲ့သို့ ပင်းယစကြိုသူမြတ်လို၊ ရှင်ဒိသာပါမောက္ခလို တိုင်းပြည်ငြိမ်း ချမ်းရေးအတွက် စွမ်းဆောင်ကြသော ရဟန်းပုဂ္ဂိုလ်များကိုလည်း ကြည်ညို ဖွယ်တွေ့ရပါသည်။ ။

ဝန်ဇင်းမင်းရာဇာလို၊ အမတ်ဒိန်လို၊ မဟာပညာကျော်လို ရာဇသင်္ကြန် တို့လို ပညာရှိပုဂ္ဂိုလ်များ၏ စကားများ၊ အကြံဉာဏ်များ၊ သြဝါဒများကိုလည်း မှတ်သားဖွယ် ထိတွေ့ရပါသည်။

“သမိုင်းသင်တာ မအအောင်လို့”” ဆိုသည့် ဆရာကြီးဒေါက်တာ သန်းထွန်း၏ စကားတစ်ခွန်းကိုလည်း နားထဲစွဲနေပါသည်။

ကျွန်တော်ငယ်စဉ်က အဘွားရင်ခွင်တွင် သမိုင်းပုံပြင်များကို ညစဉ် နားဆင်ကြည်နူးခဲ့ရ၊ အားတက်ဝမ်းမြောက်ခဲ့ရပါသည်။ ကျွန်တော်ကဲ့သို့ မြန်မာ့သမိုင်း ရာဇဝင်ကို ပုံပြင်သဖွယ်၊ ပုံရိပ်သဖွယ် ဖတ်ရှုကာ သုတပွားစေ လိုသော ဆန္ဒ၊ စိတ်ဓာတ်ရင့်ကျက်စေလိုသော ဆန္ဒဖြင့် ကလေးသူငယ်၊ လူငယ်များအတွက် ရည်ရွယ်ကာ ဤစာအုပ်ကို ရေးသားပြုစုရခြင်း ဖြစ်ပါ သည်။

ဤစာအုပ်တွင် သမိုင်းပုံရိပ်ရှေ့ပိုင်းခေတ်များကို မြန်မာသက္ကရာဇ် ဖြင့် ဖော်ပြထားပြီး ကုန်းဘောင်ခေတ်ပုံရိပ်ကို ခရစ်နှစ်ဖြင့် ဖော်ပြထားပါ သည်။ (မြန်မာသက္ကရာဇ်အား ခရစ်နှစ်ပြောင်းလိုသော် (၆၃၈) ကို ပေါင်း ထည့်ပါက ခရစ်နှစ်ကို သိနိုင်ပါသည်။)

ကျောင်းသူကျောင်းသားများ မြန်မာ့သမိုင်းကို စိတ်ဝင်စားကာ အကျယ်ဖတ်ရှုလိုသူများအတွက် စာကိုးစာရင်းကိုလည်း ဤစာအုပ်အဆုံးတွင် တင်ပြထားပါသည်။ မိမိရင်သွေးများအား တစ်ဆင့်ပြန်ပြောပြနိုင်ဖို့ မိဘ ကိုလည်း ဖတ်ကြည့်စေချင်ပါသည်။ ဤစာအုပ်ကို ဖတ်မိလျှင် မြန်မာ့သမိုင်း ရာဇဝင်ကို တီးမိခေါက်မိရှိလာကာ သုတပွားများနိုင်ကြောင်း ယုံကြည်စွာ တင်ဆက်လိုက်ပါသည်။

အစဉ်လေးစားလျှက်

ကြည်နိုင် 

၈-၉-၂ဝ၁၅

 

အဘိရာဇာနှင့် သားနှစ်ပါး 

ကလေးတို့ရေ...

မြန်မာနိုင်ငံမှာ တကောင်းပြည်ကို စတင်တည်ထောင်တဲ့ အဘိရာဇာ မင်းကြီးဆိုတာ ရှိခဲ့လေတယ်။ “တကောင်းဘိရာဇာ” လို့လည်း အမည် တွင်သတဲ့။ တကောင်းမြို့ဆိုတာ မြန်မာပြည်မြောက်ဖျားမှာ ရှိလေတယ်။ မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်သွားရင် မြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ ရှိသတဲ့။ ။

တကောင်းမှာ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတို့ နေထိုင်ခဲ့ ကြတယ်။ ။

အဘိရာဇာမင်းကြီးဟာ သာကီဝင်မင်းမျိုး ဖြစ်တယ်။ အနောက်ဘက် အိန္ဒိယနိုင်ငံ ကပိလဝတ်ပြည်ဘက်ကနေ စစ်ရှောင်ရင်း မြန်မာနိုင်ငံတွင်းရောက်လာတယ်လို့ဆိုတယ်။ အဘိရာဇာမင်းကြီးမှာ ကံရာဇာကြီးနဲ့ ကံရာဇာ ငယ်ဆိုတဲ့ သားတော်နှစ်ပါး ရှိလေတယ်။

အဘိရာဇာမင်းကြီး အနိစ္စရောက်တဲ့အခါ သားတော်နှစ်ပါး ထီးနန်းကို သူရထိုက်၊ ရထိုက် ငြင်းခုံကာ နန်းလုကြသတဲ့။ အဲဒီ အခါ ကံရာဇာကြီးဘက်က ရဲမက်စစ်သည်တွေကလည်း ဓားလှံလေးများ လက် နက်ပြင်ကြတယ်။ ကံရာဇာငယ်ဘက်က စစ်သည်ရဲမက်တွေကလည်း အလားတူ လက်နက်ပြင်ပြီး နှစ်ဖက်တိုက်ဖို့ ပြင်ကြလေတယ်။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)