Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ကြည်နိုင် - နှံစုတ်ငှက်ငယ်ပညာကြွယ်

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

စကားဦး

ကလေးတို့ရေ....... ။

“နှံစုတ်ငှက်ငယ် ပညာကြွယ်” ဆိုတာ ဒီပုံပြင်စာအုပ်ကလေး ထဲက ပုံပြင်လေးတစ်ပုဒ်ရဲ့ အမည် ဖြစ်ပါတယ်။ ဒီပုံပြင်စာအုပ်လေး ဟာ ဦးဦးစုဆောင်း ရေးသားပြုစုတဲ့ မြန်မာစကားပုံ ပုံပြင်စာအုပ် တတိယအုပ် ဖြစ်ပါတယ်။ အမှတ်(၁) ကျားဆရာကြောင်နဲ့ အခြား ပုံပြင်တွေ၊ ပုံပြင် ဒုတိယအုပ် မောင်ကျန်တစ်တို့ စာအုပ်တွေထဲမှာ မပါသေးတဲ့ စကားပုံ ပုံပြင်တွေ ဒီစာအုပ်မှာ အပုဒ် (၃၀)ကျော် ပါတယ် ကွဲ။

ကလေးတို့ အပျင်းလည်းပြေ၊ ပညာလည်းရ၊ အသိလည်း တိုးစေဖို့ ရည်ရွယ်ပြီး ဒီပုံပြင်လေးတွေကို ရှာဖွေစုဆောင်းခဲ့တာပေါ့ ကွယ်။

နှံစုတ်ငှက်ငယ်ဆိုတာ ကလေးတို့ သိကြရဲ့လား၊ နှံပြီစုတ် ငှက်ကို ခေါ်တာပါပဲကွယ်။ နှံပြီစုတ်ငှက်ကို အမည်သာ ကြားဖူးပြီး

တွေ့မြင်လေ့လာဖူးသူ နည်းတယ်လို့ သိရတယ်ကွဲ။ “နှံပြီစုတ်ကို အမြောက်နဲ့ချိန်တယ်”ဆိုတဲ့စကား လူကြီးသူမတွေ ပြောသံကြားဖူးမှာပေါ့။ အဲဒါ နှံပြီစုတ် ငှက်ငယ်ကလေးရဲ့ သေးငယ်ပုံကို တင်စား ကာ သတ္တဝါနဲ့ လက်နက်မမျှပုံ၊ ကွာခြားပုံကို တင်စားပြောဆိုတာ ဖြစ်တယ်ကွဲ။

တကယ်တော့ နှံပြီစုတ်ငယ်ကလေးဟာ အလျား ငါးလက်မ လောက်သာ ရှိတယ်။ အသံကျယ်လောင်စွာ အော်တတ်တယ်။ ၁ဝ စက္ကန့်အတွင်းမှာ ၂၅ ကြိမ်လောက်တောင် အော်နိုင်သတဲ့။ နှံပြီစုတ် ငှက်ဟာ ဥယျာဉ်ပန်းခြံတွေမှာ ကျက်စားလေ့ရှိတယ်။ တောချုံပုတ် တွေမှာ နေလေ့ရှိသတဲ့။ မိုးရာသီဆို ကျွန်းတောတွေမှာ နှံပြီစုတ်ရဲ့ သာယာတဲ့အသံကို ကြားရနိုင်သတဲ့။ နှံပြီစုတ် အော်မြည်သံကို ကြားရရင် စိတ်ရွှင်လန်းသတဲ့။ သူပျံသန်းတဲ့အခါ ရှည်လျားတဲ့ အမြီးဟာ ကျောပေါ်ထောင်တက်နေသတဲ့။ နှံပြီစုတ်ဟာ ကြောက်ရွံ့ ခြင်းမရှိဘဲ အလွန်လျင်မြန် ဖျတ်လတ်တဲ့ ငှက်မျိုးကွဲ ။ အပင်ငယ် အကြိုအကြားတွေမှာ ပိုးမွှားတွေ ရှာဖွေစားသောက်တတ်တယ်။

မေလကနေ ဇူလိုင်လအချိန်ဟာ နှံပြီစုတ် သားပေါက်ချိန် ဖြစ်သတဲ့။ သူ့အသိုက်ကို မြေကြီးက ခြောက်ပေလောက်ကွာတဲ့ ချုံနိမ့်၊ ဒါမှမဟုတ် သစ်ကိုင်းမှာ ပြုလုပ်တတ်သတဲ့။ သစ်ရွက်ကြီးကြီးတွေကို နှုတ်သီးအားကိုးနဲ့ ကြိုးစချည်ထွေးတွေနဲ့ ချုပ်စပ် ဖာထော၊ မြက်နုတွေ၊ အမွေးနုတွေ ခင်းကာ၊ ကာရံကာ အသိုက် လုပ်လေ့ရှိသတဲ့။ သူ့ဥက ရှည်ပြီး ခပ်ချွန်ချွန် ဖြစ်သတဲ့။ ဥခွံက ပါးလွှာနူးညံ့ပြီး ပြောင်လက်ခြင်း မရှိဘူးတဲ့။ အသိုက်တစ်မြုံမှာ သုံးဥကနေ လေးဥအထိ ရှိတတ်သတဲ့။

နှံပြီစုတ်ငှက်ကို မြန်မာနိုင်ငံ တစ်ဝန်းမှာ တွေ့နိုင်ပါတယ်။ ကွင်းပြင်တွေ၊ တောင်ခြေတွေမှာလည်း ကျက်စားတတ်တယ်။ ပေ ၄ဝဝဝ အမြင့်ထိ ကျက်စားနိုင်တယ်လို့ ဆိုပါတယ်ကွယ်။ ပုံပြင် လေးကိုဖတ်ပြီး နှံပြီစုတ်ကို မြင်ချင်တယ်ဆိုရင်တော့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ရှာဖွေကြည့်ကြပေါ့ကွယ်။ ပုံပြင်ဖတ်၊ အပျင်းလည်းပြေ၊ အသိလည်းတိုး၊ လက်တွေ့လည်း လေ့လာနိုင်တာပေါ့ ။

ငှက်နဲ့ပတ်သက်တဲ့ ပုံပြင်လေးတွေ ဆရာမကြီး ဒေါ်ကြည်ဦး ပြုစုထားတဲ့ “ကလေးကြေးမုံ ငှက်မျိုးစုံ”ဆိုတဲ့ ပုံပြင်စာအုပ်လေး ရှိသား၊ ရှာဖတ်ကြည့်ပေါ့ကွယ်။

“နှံပြီစုတ်ငှက်ငယ် ပညာကြွယ်”ဆိုတဲ့ ပုံပြင်လေးမှာ နှံပြီခုတ် ငှက်ကလေးရဲ့ စွမ်းဆောင်ပုံကို ဖတ်ကြရမယ်။ ဒီပုံပြင်လေးဟာ ရှေးဒဏ္ဍာရီလို့ ယူဆရပါတယ်ကွယ်။ ပုံပြင်ထဲမှာ ငှက်ကြီး တုံးစပ်ကို နမ်းပြီးရှုပ်လို့ “နမ်းပြီးရှုပ်ငှက်”ကနေ “နှံပြီစုတ်ငှက်လို့ ခေါ်သတဲ့။ ဒါပေမဲ့ ငှက်ကြီးတုံးစပ်ဆိုတာလည်း အခုတိုင်ရှိနေတာ သိရပြန်တယ်

ဒုံးစပ်လို့လည်း ရေးကြတယ်။ အဲဒီ ငှက်ကြီးတုံးခပ်ဟာ ခြေတံနဲ့ နှုတ်သီးရှည်တယ်။ အတောင်က ပြန့်ကားတယ်၊ တုံးခပ် အဖိုက အလျားငါးပေရှိပြီး၊ အမက လေးပေခွဲ ရှိတယ်တဲ့လူ့အရပ် တမျှ ဖြစ်သတဲ့။ သားပေါက်ချိန်ဆို တုံးစပ်အဖိုရဲ့ ဦးခေါင်းလည် တိုင်တို့ နီထွေးနေတတ်သတဲ့။ စလုတ်ကိုလည်း နဂိုထက် ကြီးအောင် လုပ်နိုင်သတဲ့။ ငှက်ကြီးတုံးစပ်ရဲ့ အသံကို ခပ်ဝေးဝေး . ကပင် ကြားနိုင်သတဲ့။ သူဟာ ကျီးတွေလိုပဲ အပုပ်အစပ်ကို ရှင်းပေး သတဲ့။ မြန်မာနိုင်ငံ ရွှံ့ တော၊ ဗွက်တော၊ ရေအိုင်နဲ့ လယ်ကွက်တွေ မှာ ကျက်စားတတ်သတဲ့။ နှစ်ကောင်၊ သုံးကောင်ကနေ အကောင် နှစ်ဆယ်အထိ အုပ်ဖွဲ့ နေတတ်သတဲ့။ မြေပြင်ကနေ ပျံတက်ရင် နှစ်ပတ် သုံးပတ် လှည့်ပတ်ပြီးမှ ကောင်းကင်ကို တဖြည်းဖြည်း ပျံတက်တတ် သတဲ့။ အစာမျိုးစုံ စားတတ်သတဲ့။ သူ မစားတာ နည်းနည်းပဲ ရှိသတဲ့။ မြေပြင်မှာ ပြောင်လက်တဲ့ အရာဝတ္ထုလေးများတွေ့ရင်လည်း ကောက် ယူတတ်သတဲ့၊ အကောင်ကြီးတော့ သူ့အသိုက်ကလည်း ကြီးတာပေါ့ကွယ်။

သစ်ပင်ကြီးရဲ့ အနိမ့်ဆုံးအကိုင်းမှာ တုတ်တွေနဲ့ အသိုက် - ဆောက်တတ်သတဲ့။ အသိုက်တစ်မြုံမှာ သုံးဥကနေ လေးဥရှိပြီး အရွယ် က အလျားသုံးလက်မသာသာ ဗြက်က နှစ်လက်မခွဲနီးပါး ရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ ဆောင်းရာသီမှာ လာရောက် ကျက်စားတတ်သတဲ့။ အောက်တိုဘာလက ဒီဇင်ဘာလအတွင်း ဥကနေ ပေါက်တတ်သတဲ့။ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှာ ရှာကြည့်ကြ ပေါ့ကွယ်။ ။

ကလေးတို့ရေ....

ပုံပြင်လေးတစ်ပုဒ်ကနေ ဆက်နွယ်ပြီး သိမှတ်စရာတွေ၊ လေ့လာမှတ်သားစရာတွေ အများကြီးပါ။

ဒီပုံပြင်စာအုပ်ကလေးမှာ အခြားမှတ်သားဖွယ် ပုံပြင်တွေ လည်း အများအပြား ပါသား။ ပုံပြင်လေးတွေဖတ်ပြီး ကလေးတို့ ပျော်ရွှင်ကာ စဉ်းစားဉာဏ် ထက်သန်ကြပါစေကွယ်။ ။

ကလေးတို့ရဲ့ ဦးဦး

ကြည်နိုင်

၁၅၊ မတ်လ၊ ၂၀၀၁။