စိတ်ကူးချိုချိုစာပေ
ကြည်ကြည်မာ - စိတ်၀င်စားဖွယ်ညာဏ်စမ်းဖြင့်တစ်မိနစ်အတွင်းအမှုဖေါ်
Couldn't load pickup availability
သူလျှိုနှစ်ယောက်
တနင်္ဂနွေနေ့ တစ်နေ့မှာ စီးပွားရေးသူလျှို A နဲ့ B ဟာ သုတေ သနအခန်းထဲကို ရှေ့ဆင့်နောက်ဆင့် ဝင်လာတယ်။ နောက်မှ ရောက် လာတဲ့ သူလျှိုက အာမခံသေတ္တာထဲ ဘာမှမရှိတော့တာ တွေ့ရတယ်။ “ဟာ... နောက်ကျသွားပြီ” နောင်တရစွာနဲ့ပြောတယ်။
သူတို့နှစ်ဦးစလုံးဟာ ပြတင်းပေါက်တစ်ခုတည်းက ဝင်လာတဲ့ အတွက် လျှို့ဝှက်တပ်ဆင်ထားတဲ့ ရုပ်ဖမ်းစက်က သူတို့နှစ်ဦး အခန်းထဲ | ဝင်တဲ့ အခြေအနေကို ရိုက်ယူထားလိုက်တယ်။ ပြီး ဒါဖြင့်ရင် အရင်ဝင်လာတဲ့ သူလျှိုဟာ A လား၊ B လား။
(အဖြေကို နောက်ဆက်တွဲတွင်ကြည့်ပါ)
မှုခင်း - ၂
အဖိုးတန် တံဆိပ်ခေါင်းကို ဘယ်မှာဝှက်ထားသလဲ
တံဆိပ်ခေါင်းပြခန်းထဲ ပြထားတဲ့ ဂျပန်ယန်းငွေသိန်း ၃ဝဝ တန် ကမ္ဘာ့ရှားပါးတံဆိပ်ခေါင်းတစ်လုံး အခိုးခံရတယ်။
တရားခံဟာ တံဆိပ်ခေါင်းကို ခိုးပြီးတာနဲ့ အနီးရှိ တိုက်ကြီးတစ် လုံးထဲက အခန်းတစ်ခန်းထဲ ဝင်ပြေးတယ်။ ရဲများ ချက်ချင်းလိုက်လာ တယ်။ ။
“ခိုးလာတဲ့ တံဆိပ်ခေါင်း ထုတ်ပေး” ရဲက လက်ထဲကပစ္စတိုကို ယမ်းပြီး အမိန့်ပေးတယ်။
“ဟင်း...ခင်ဗျားတို့ ရှာချင်သလိုရှာလေ” တရားခံက အရှက်မရှိ ဖြေတယ်။
ဒါနဲ့ ရဲက တရားခံကို လက်ထိတ်ခတ်လိုက်တယ်။ တရားခံကိုယ် ပေါ်ကို ရှာတယ်။ တံဆိပ်ခေါင်းကို မတွေ့ဘူး။ အင်္ကျီတို့၊ ခြေအိတ်တို့၊နပ်တို့ကိုချွတ်ပြီး သေချာရှာတယ်။ ဒါလည်း မတွေ့ဘူး။
အဲဒီအခန်းထဲမှာက စတီးရုံးစားပွဲတစ်လုံးနဲ့ မြေစိုက်ပန်ကာ တစ်လုံးသာ ရှိတယ်။ ဒါတွေမှအပ အိမ်ခန်းအလွတ်အတိုင်းပဲ။ ပန်ကာ
လည်နေတယ်။ ရုံးစားပွဲတော့ မပြောနဲ့တော့။ ကြမ်းခင်း၊ မျက်နှာကြက် | တွေ အားလုံးကို အသေအချာ ရှာပြီးပြီ။ ဘာမှမတွေ့ဘူး။
“ဟေ့... မင်း ဘယ်မှာဝှက်ထားသလဲ”
ရဲက ဘယ်လိုမေးမေး တရားခံက သရော်ရယ် ရယ်နေတယ်။ မဖြေဘူး။
တံဆိပ်ခေါင်းဟာ အလွန်တန်ဖိုးကြီးတဲ့အတွက် ပြတင်းပေါက်က နေ အပြင်ကို လွှင့်ပစ်တာ မဖြစ်နိုင်ဘူး။ အနီးအနား တစ်နေရာရာမှာ ဝှက်ထားတာ ဖြစ်လိမ့်မယ်။ သေချာအောင် ရဲက လည်နေတဲ့ပန်ကာကို ရွှေ့ ကြည့်တယ်။ ပန်ကာအောက်ကို စစ်ဆေးကြည့်တယ်။ ဒါလည်း တံဆိပ်ခေါင်းကို မတွေ့ဘူး။
ရဲက စိတ်ပျက် လက်မှိုင်ချတော့မယ့် အချိန်မှာ ပုဂ္ဂလိကစုံထောက် ဒန်းအိုရိုး ရောက်လာတယ်။ သူဟာ အခိုးခံရတဲ့ တံဆိပ်ခေါင်းပိုင်ရှင်က ဖိတ်ခေါ်လို့ လာရောက်စုံစမ်းတာ။ သူက အခန်းကို တစ်ချက်ဝေ့ကြည့် | လိုက်ပြီး
“ရဲမျက်စိကို ဘယ်မှာအသုံးချရမလဲ။ တံဆိပ်ခေါင်းက မျက်စိ ရှေ့မှာပဲဟာ” လို့ပြောပြီး တံဆိပ်ခေါင်းရှိရာကို ညွှန်ပြလိုက်တယ်။ ဒါဖြင့်ရင် တံဆိပ်ခေါင်းကို ဘယ်မှာဝှက်ထားသလဲ။
(အဖြေကို နောက်ဆက်တွဲတွင်ကြည့်ပါ)
ချောမောတဲ့သူလျှိုမ
ချောမောလှပ ဆွဲဆောင်အားရှိတဲ့ သူလျှိုမဟာ မှန်ကြီးနှစ်ချပ် ကြားမှာရပ်ပြီး စိတ်ကြိုက်ဟန်ပန် ပုံအမျိုးမျိုး လုပ်ကြည့်နေတယ်။
ဒါဖြင့်ရင် မှန် A ပေါ်မှာ ပေါ်တဲ့အရုပ်ဟာ ပုံ (1) နဲ့ (2) ဘယ် ဟာ မှန်ကန်သလဲ။
(အဖြေကို နောက်ဆက်တွဲတွင်ကြည့်ပါ)
![- Books](http://mgyoe.com/cdn/shop/products/1_4bdf0fba-b007-4f4a-8ff3-eaa212984b6c_1445x.jpg?v=1730263235)
![- Books](http://mgyoe.com/cdn/shop/products/2_adf59196-6e00-4671-b638-efdeaf09ee17_1445x.jpg?v=1730263238)
![- Books](http://mgyoe.com/cdn/shop/products/3_982fa5d6-91c1-407f-86f7-10297107de82_1445x.jpg?v=1730263242)
![- Books](http://mgyoe.com/cdn/shop/products/4_917a40b7-f1ec-46cc-8a8b-7464efabf054_1445x.jpg?v=1730263246)
![- Books](http://mgyoe.com/cdn/shop/products/5_2d57d430-c9d4-4324-90ed-8ed1d819ebfa_1445x.jpg?v=1730263249)
![- Books](http://mgyoe.com/cdn/shop/products/6_51b2b1e8-4e1f-4f10-8f0d-aad0359aa393_1445x.jpg?v=1730263253)
![- Books](http://mgyoe.com/cdn/shop/products/7_41f6d73f-88c4-4465-a986-f7cca26df443_1445x.jpg?v=1730263257)
![- Books](http://mgyoe.com/cdn/shop/products/8_4c322b8c-5c21-4e72-bc6a-2f14b943a20b_1445x.jpg?v=1730263260)
![- Books](http://mgyoe.com/cdn/shop/products/9_8233809a-4f11-4157-9a9c-d586d36f39b1_1445x.jpg?v=1730263264)
![- Books](http://mgyoe.com/cdn/shop/products/0_9819b6fb-0e5d-4a72-8e05-f987b6ce695f_1445x.jpg?v=1730263269)