Skip to product information
1 of 2

Other Websites

ကျော်ဝင်း - အင်တာဗျူး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အဗျူး (စာရေးသူ၏အမှာ)

“အင်တာဗျူးစာပေ၊ စာပေဝေါဟာရတစ်ရပ်အနေနှင့် ရှိ၊ မရှိ ကျွန်တော် မသိပါ။ မိမိ ဖတ်ဖူး၊ ကြိုက်ဖူးသော အင်တာဗျူးများကို စဉ်းစား မိ၍ ချရေးကြည့်လိုက်ခြင်း ဖြစ်သည်။ ဤအချက်ကို ပထမဆုံး ကြိုတင် ဝန်ခံထားလိုပါသည်။

စင်စစ်၊ ကျွန်တော်သည် ဘာမှမဟုတ်။ ဘာမှမဟုတ်သူတစ်ဦး ကို ဘယ်ဗျူးဆရာကမှလည်း စိတ်ဝင်စားလိမ့်မည်မဟုတ်ရာ၊ ကိုယ်တိုင် ဗျူးခံဖို့ ကိစ္စမှာ စဉ်းစားစရာမလိုဟု ထင်ထားခဲ့သည်။ ဒီကြားထဲ “ဗျူးချင် လို့ပါ” ဟု ဆိုလာသူ တစ်ယောက်နှစ်ယောက်နှင့် တွေ့ရာ၊ တကယ်ပင် အံ့ဩမိ၍ စိတ်ထဲရှိသည့်အတိုင်း ရိုးရိုးသားသား မေးလိုက်မိသည်။ “နေပါ ဦး၊ ခင်ဗျားတို့က ဘာကြောင့် ဗျူးချင်တာတုန်း”...။ ဗျူးဆရာများက ဘာမှ ပြန်မဖြေ။ ကျွန်တော့်ကိုသာ ထူးထူးဆန်းဆန်း သတ္တဝါတစ်ကောင် လို ခပ်ကြောင်ကြောင် ပြန်ကြည့်ကြသည်။စိတ်ထဲက အားနာသလို ဖြစ်သွား၍ ကျွန်တော့်မေးခွန်းကို တစ်မျိုး ပြင်ကြည့်လိုက်သည်။ “ထားပါတော့ဗျာ.. ဘာတွေဗျူးကြမှာလဲ”။ ဒီတော့မှ သူတို့က စဉ်းစဉ်းစားစား အဖြေပေးပါသည်။ “အထူးအထွေတော့ မဟုတ်ပါဘူး၊ ဘယ်လို စာဖတ်ဝါသနာပါလာတာလဲ၊ ဘယ်လို စာဖတ်သလဲ၊ ဘယ်လို စာရေးဖြစ်သလဲ စသဖြင့်ပေါ့..”။ မိမိကိုယ်ကို တစ်ခါမှ ပြန်မမေးဖူးသော “ဘယ်လို” များ ဖြစ်နေသည်။ “မေးဖို့ကော.. လိုပါသလား၊ ဒါတွေသိလို့ စာဖတ်သူမှာ ဘာအကျိုးရှိမှာလဲ၊ ငါကကော ဆရာကြီးလုပ်ပြောရအောင် ဘာကောင်မို့လဲ...” ဗျူးဆရာများကို ပြန် ဗျူးချင်စရာ မေးခွန်းတွေ တသီကြီး ခုန်ထွက်လာသည်။

သို့နှင့်တိုင်၊ ဘာတစ်ခုမှ ပြန်မမေးလိုက်တော့ပါ။ ကိုယ့် အခြေ အနေကို ရိုးရိုးပဲ ဖွင့်ဟ၍ ငြင်းလိုက်ရပါသည်။ “ခင်ဗျားတို့ မေးခွန်းတွေ ဖြေရလောက်အောင် ကျွန်တော်က ဘာကောင်မှ မဟုတ်ပါဘူးဗျာ၊ မဖြေ ပါရစေနဲ့”၊ ထိုဆရာများကတော့ ကျွန်တော့်ကို ဘယ်လို ထင်ကြမည် မသိပါ။ ကျွန်တော်ကတော့ သူတို့ ကို အမှန်ပင် ကျေးဇူးတင်မိသည်။ သူတို့နှင့်တွေ့မှ “အင်တာဗျူး” ဆိုသည်ကို တလေးတနက် စဉ်းစားမိသော ကြောင့် ဖြစ်ပါသည်။

ကျွန်တော့်အထင် “အင်တာဗျူး” နှစ်မျိုး ရှိလေမည်လား တွေးမိ သည်။ ပထမအမျိုးအစားက အောင်မြင်ကျော်ကြား လူသိများသူများကို ဗျူးခြင်း ဖြစ်သည်။ “ဆယ်လစ်ဘရစ်တီ အင်တာဗျူး” (Ce1ebrity Interview) ဆိုပါစို့. . ။ အထူးသဖြင့်ပရိသတ်စိတ်ဝင်စားသော အနုပညာ ရှင်များကို ဗျူးလေ့ရှိကြသည်။ အဗျူးခံပုဂ္ဂိုလ်၏အယူအဆထက် သူ့ဘဝ သူ့အကြောင်း သူ့ရုပ်ပုံလွှာကို သိချင်သည်က အဓိကဖြစ်မည် ထင်ပါ သည်။ ကျွန်တော်တို့ ဆီက မဂ္ဂဇင်း ဂျာနယ်များတွင် အတွေ့ရများသည့် အင်တာဗျူးမျိုး ဖြစ်သည်။

          ဒုတိယအမျိုးအစားမှာ ပြဿနာတစ်ရပ်၊ အယူအဆတစ်ခု၊ အကြောင်းအရာ တစ်မျိုးမျိုးကို “တည်” ၍ ဗျူးခြင်းဖြစ်သည်။( CaseOrientate Interview ) ဟု နားလည်ရပါမည် ..။ လုပ်ငန်းရှင်များ၊ နိုင်ငံရေး စစ်ရေးခေါင်းဆောင်များကို ဗျူးကြသည်များ ရှိသလို၊ လမ်းပေါ်မှ အညတရများကို ဗျူးကြသည်များလည်း ရှိနိုင်သည်။ အဗျူးခံပုဂ္ဂိုလ်မှာ ဆယ်လစ်ဘရစ်တီ ဖြစ်မဖြစ်ဆိုသည်ထက် မေးလိုသည့် အကြောင်းအရာနှင့် အဟပ် ညီမညီကို အဓိကကြည့်ပြီး ရွေးကြဟန်ရှိ သည်။ နာမည်ကျော် ဗျူးဆရာ “လာရီကင်း” ၏ အင်တာဗျူးများမှာ ဤ အမျိုးအစားတွင် ပါလိမ့်မည် ထင်သည်။ “ဒက္ခိဏစွန်း စာအုပ်တိုက်” (south-end Press) နှင့် New Perspectives Quarterly (N.P.Q) မဂ္ဂဇင်းတို့မှ အင်တာဗျူးများမှာလည်း ဤသဘောပင် ဖြစ်ပါလိမ့်မည်။

ပြောကြစတမ်းဆိုလျှင်၊ ပထမအမျိုးအစား အင်တာဗျူးမှာ ကျွန်တော်နှင့် မနီးစပ်လှပါ။ ဘာမှမဆိုင် ဟူ၍ပင် ဆိုရပါလိမ့်မည်။ ကျွန်တော် ကြုံခဲ့ရသော ဗျူးဆရာများမှာ ဤအမျိုးအစားကို အာရုံကျ သူများ ဖြစ်လိမ့်မည်ထင်၍ ငြင်းလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော်သည် ကျော်ဟိန်းမဟုတ်၊ ထက်ထက်မိုးဦးမဟုတ်၊ ဘာမှမဟုတ်...။ ။

ဒုတိယအမျိုးအစား အင်တာဗျူးများကိုမူ ကျွန်တော်ကိုယ်တိုင် တခုတ်တရ ရှာဖတ်ဖြစ်သည်။ အလွှာစုံမှ လူမျိုးစုံ၏ သဘောထားအမြင် မျိုးစုံကို သိခွင့် ဖတ်ခွင့်ရသည်မှာ ဦးနှောက်ဆွစရာများ၍ အရသာရှိ လှသည်။ တစ်ခါတလေ. . ၊ ဗျူးဆရာမေးခွန်းများကို ကိုယ်တိုင် ဝင်ဖြေ ကြည့်ရင်း ဦးနှောက်လေ့ကျင့်ခန်း ယူလို့လည်းရသည်။ သူက ဆယ်လစ် ဘရစ်တီ ဖြစ်စရာမလို။ ထိပ်ဆုံးမှ အောက်ဆုံးထိ လူပေါင်းစုံ ဖြစ်နိုင် သည်။ ကိုယ်မြင်တာ ကိုယ်ပြောခွင့်ရှိသည်။ လွတ်လပ်သည်။

ဒီလိုနှင့် အင်တာဗျူး စာဖတ်ပရိသတ်ကိုယ်တိုင် အဗျူးခံဘဝ ရောက်ခဲ့ရခြင်း ဖြစ်ပါသည်။ တရားခံမှာ “ဗျူတီ” မဂ္ဂဇင်း အယ်ဒီတာ ကိုရဲမိုး...။“ဗျူတီမှာ အင်တာဗျူး ပြန်ထည့်မလားလို့” “ဟာ... ကောင်းတာပေါ့”

ကိုရဲမိုး စပြောတော့ မြားဦးက ကိုယ့်ဘက် လှည့်လာမည်မှန်း မသိ။ တစ်ခါက ဗျူတီအင်တာဗျူးများကို စွဲစွဲလမ်းလမ်း ဖတ်ခဲ့သူဖြစ်ရာ အားတက်သရော ထောက်ခံမိသည်။ ။

“ကျွန်တော်က ဆရာနဲ့ စဖွင့်ဖို့ စိတ်ကူးထားတာ” | ကျောချမှ ဓါးပြမှန်း သိရတော့သည်။ သို့ဖြင့် အကြောက် အကန် ငြင်းရသည်။

“ဟာ... ဒါတော့ မဖြစ်ဘူးဗျ။ ကျွန်တော်က ဘာကောင်မှ မဟုတ်ဘူး”

“မဟုတ်ဘူး။ ကျွန်တော်က အကြောင်းအရာတစ်ခုကို ရွေးပြီးမှ ဘယ်သူနဲ့ ဗျူးမလဲ စဉ်းစားထားတာ။ မငြင်းပါနဲ့ ဗျာ”

ကျွန်တော် နှစ်ခြိုက်သော အင်တာဗျူး အမျိုးအစားဖြစ်ရာ နည်းနည်းတော့ စိတ်ဝင်စားလာသည်။ လူချင်း ရင်းနေ၍ ငြင်းရမှာ အားနာတာလည်း ပါသည်။

“ဘာအကြောင်းအရာလဲ” “ငြိမ်းချမ်းရေး..”

ကျွန်တော် မငြင်းချင်တော့ပါ။ မငြင်းနိုင်တော့ပါ။ အသံကြားရုံ နှင့်ပင် နှုတ်ခမ်းတပြင်ပြင် ဖြစ်လာရပါသည်။ အချိန်မှာ အီရတ်စစ်ပွဲ ကာလဖြစ်ရာ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ငြင်းခုံမဆုံးခဲ့သော စစ်နှင့်ငြိမ်းချမ်းရေး ပြဿနာမှာ တစ်ကျော့ခေတ်စားလာချိန် ဖြစ်သည်။ တစ်ခုပဲရှိသည်။ ဤမျှအရေးကြီးသော အကြောင်းအရာကြီးကို ကျွန်တော့် လို စာတိုပေစရေးသူတစ်ဦးက ပြောသင့် မပြောသင့်။ နောက်ဆုံး ဖတ်ဖူး

သော ဗျူးများနှင့်ယှဉ်ပြီး ကိုယ့်ကိုယ်ကို အားတင်းယူ ရသည်။ ကျွန်တော် ဖတ်ဖူးသော အင်တာဗျူးများထဲတွင် သေဒဏ်ကျ တရားခံနှင့် ဗျူးတာလည်း ပါသည်။ လမ်းဘေးဈေးသည်လည်း ပါသည်။ ပြောရလျှင် အရူးနှင့် ဗျူးသည်ပင် ပါသည်။ ကိစ္စမရှိ..။

“လုပ်မယ်ဗျာ။ တစ်ခုတော့ ခွင့်ပြုပါ။ စာရေးဆရာတစ်ယောက် အနေနဲ့ ဖြေတာမျိုးတော့ မလုပ်ပါနဲ့။ ကိုယ့်ကိုယ်ကို စာရေးဆရာလို့ မခံယူရဲလို့ပါ။ ဒီတော့ လူလတ်ပိုင်းတစ်ယောက်ရဲ့ ငြိမ်းချမ်းရေးအပေါ် သဘောထားပေါ့။ ဖြစ်မလား..”

“ဆရာ ဖြေချင်သလို ဖြေပါ”

ဒီလိုနှင့် ကိုရဲမိုးနှင့်အတူ ငြိမ်းချမ်းရေးစကားတွေ ပြောဖြစ်လိုက် ခြင်း ဖြစ်သည်။ ဖတ်ဖူး မှတ်ဖူးတာတွေ တစ်ဆင့် ပြန်ဖောက်သည်ချသည် က များပါသည်။

နောက်အင်တာဗျူးတစ်ခုမှာ ကျွန်တော်၏ ရှားရှားပါးပါးစာဖတ် ပရိသတ်တစ်ဦးဖြစ်ရာ ကိုယ့်ဘက်မှ သူသိချင်တာ ဖြေဖို့ တာဝန်ရှိသည် ထင်၍ လက်ခံခဲ့ခြင်း ဖြစ်သည်။ ပြောရလျှင် ကျွန်တော် အဗျူးခံအနေနှင့် ပါဝင်ခဲ့သော အင်တာဗျူးနှစ်ခုလုံးမှာ အင်တာဗျူး ပီပီသသ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။ စကားစမြည် သဘောမျိုး ပို၍ဖြစ်လိမ့်မည် ထင်သည်။ မည်သို့ပင်ဆိုစေ၊ ကျွန်တော့်ထက် အသက်နှစ်ဆယ်ဝန်းကျင်မျှငယ်မည် ဟု ထင်ရသော လူငယ်များနှင့် စကားပြောခွင့်ရသည်ကို ကျွန်တော်

ကျေနပ်ပါသည်။ ပျော်လည်း ပျော်သည်။ သူတို့ကို ကျေးဇူးတင်သည်။ ထားတော့..။

ကမ္ဘာကျော် ဗျူးဆရာကြီး “လာရီကင်း”၏ အယူအဆတစ်ခုနှင့် ယခုစာစုကို နိဂုံးချုပ်ပါမည်။ ။

တစ်ခါသော် ဗျူးဆရာ ကင်းကို တန်ပြန် ဗျူးဆရာတစ်ဦးက ဤသို့ မေးခွန်းထုတ်သည် ဆိုသတတ်။“ခင်ဗျား ဗျူးဖူးတဲ့ထဲမှာ ဘယ်သူတွေနဲ့ ဗျူးရတာ သဘော အကျဆုံးလဲ” )

“ဆယ်လစ်ဘရစ်တီမဟုတ်တဲ့ သူတွေ” “ဘာ့ကြောင့်လဲဗျ”

“ဆယ်လစ်ဘရစ်တီတွေက ကိုယ့် “အမှတ်အသား သရုပ်” (Identity) ကို မထိခိုက်အောင် ထိန်းပြီးဖြေတယ်ဗျ။ဆယ်လစ်ဘရစ်တီ မဟုတ်တဲ့သူတွေကတော့ စိတ်ထဲ ရှိတဲ့အတိုင်း ဖြေတာ”

ကိုရဲမိုးတို့ကတော့ မသိ။ “လာရီကင်း’ ဆိုလျှင်တော့ ကျွန်တော့် ကို သဘောကျလိမ့်မည် ထင်သည်။ (သည်းခံပါ။) ဆယ်လစ်ဘရစ်တီ မဟုတ်သော ကျွန်တော်မှာ ဘာ အမှတ်အသားသရုပ်မှ စဉ်းစားဖို့မလိုရာ စိတ်ထဲရှိသည့်အတိုင်း ဖြေချလိုက်သည်။ စာဖတ်သူအတွက် ကျွန်တော် ပေးနိုင်သည်မှာ “ရိုးသားမှု' မှလွဲ၍ ဘာမှမရှိ။

ကျော်ဝင်း ၇. ၁. ၂၀၀၄ကလည်း ဖြစ်နေတယ်။ အဲဒီတော့ ဒီလှုပ်ရှားမှုထဲမှာ စစ်အေးရဲ့ ဂယက် တွေကလည်း ပါလာတယ်။ ပါလာတော့ ကမ္ဘာစစ်ကြီးကို တားဆီးမယ် ဆိုတဲ့ ဒီလှုပ်ရှားမှုကြီးကိုယ်တိုင်က စစ်အေးရဲ့ Ideology အငြင်းပွားမှုတွေနဲ့ မကင်းဘူးဖြစ်လာတယ်။ ပထမဦးဆုံး စကွဲခဲ့တာ ကျွန်တော် မှတ်မိ သလောက်တော့ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာလုပ်တဲ့ ငြိမ်းချမ်းရေး ကွန်ဖရင့်မှာ။ ငြိမ်းချမ်းရေးလှုပ်ရှားမှုထဲမှာကိုပဲ အယူအဆ ၂ ခု ကွဲကြ တယ်။ ရုရှားနဲ့ နီးတဲ့ လိုင်းက လက်နက်ဖျက်သိမ်းရေးကို တင်တယ်။ တရုတ်နဲ့နီးတဲ့ လိုင်းက အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို တင်တယ်။ ဒီနေရာမှာ နောက်ခံအယူအဆတွေကိုလည်း နည်းနည်း ပြောဖို့လိုမယ်။ လက်နက်ဖျက်သိမ်းရေးကလည်း ၂ မျိုးဗျ။ တစ်ခုကတော့ အနုမြူလက်နက်တွေအားလုံးကို ဖျက်သိမ်းဖို့ အထွေထွေလက်နက် ဖျက် သိမ်းရေးဆိုပြီး အဆိုတင်တယ်။ ဒါပေမဲ့ အဲဒီအဆိုကို အနုမြူလက်နက်ပိုင် ပြီးသားနိုင်ငံတွေက လက်မခံဘူး။ သူတို့ က ရှိပြီးသားကိုး။ အစတုန်းက

တော့ အမေရိကန်တစ်ဦးတည်း ပိုင်တာ။ နောက်တော့ ဆိုဗီယက်ကပါ ပိုင်လာတယ်။ အဲတော့ သူကလည်း လက်မခံဘူး။ ကိုယ့်ရှိပြီးသားကျတော့ မဖျက်ချင်ဘူး။ သူများရှိလာမှာလည်း မလိုလားဘူး။ အဲဒီတော့ သူတို့က လက်နက်လျှော့ပေါ့ရေးဆိုပြီး ပြောင်းပြောလာတယ်။ အဲဒါကိုလည်း ကျန် တဲ့ အနုမြူလက်နက်မပိုင်တဲ့ နိုင်ငံတွေက မလိုလားကြဘူး။ ဒီလို အနုမြူ လက်နက်ကို လက်ဝါးကြီးအုပ်ထားလို့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အာမခံ ချက်မရှိဘူးပေါ့။ အဲဒီတော့ အထွေထွေလက်နက်ဖျက်သိမ်းရေး လုပ်ပါ။ အဲလိုမှမဟုတ်ရင် ကျုပ်တို့ လည်း အနုမြူလက်နက်လုပ်မှာပဲဆိုတဲ့ အငြင်း ပွားမှု ဖြစ်လာတယ်။ ။

အဲဒီအချိန်မှာက နိုင်ငံအားလုံး လွတ်လပ်ရေး မရသေးဘူး။ လွတ်လပ်ရေးအတွက် ဆက်တိုက်နေတဲ့ နိုင်ငံတွေက ရှိနေတယ်။ ဥပမာ ဗီယက်နမ်ဆိုရင်လည်း တောင်ပိုင်းက လွတ်လပ်တယ်ဆိုပေမယ့် အမေ

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)