Skip to product information
1 of 2

Other Websites

ကျော်ရင်မြင့် - ပညာရှင်များ၏ နှစ်ဆယ့်တစ်ရာစု အတွေးသစ်အမြင်သစ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ကျစွာဆရာတော် ဘဒ္ဒန္တ လက္ခဏ

အဂ္ဂမဟာ ကမ္မဌာနာစရိယ၊ ဓမ္မာစရိယ ပါဠိပါရဂူ

 

          ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကို အကျိုးများအောင် ဆောင်ရွက်ပေးနေသူတိုင်းဟာ အလွန် ကြည်ညိုလေးစားစရာ ဖြစ်ပါတယ်။

         ဆရာတော် ဦးလက္ခဏကို စစ်ကိုင်းတောင်ရိုးက ချောင်ကျတဲ့ ဝါးချက်ရွာမှာ ဇီဝိတဒါန သံဃာ့ဆေးရုံကို ဖွင့်လှစ်ပေးထားတဲ့ ဆရာတော်ဆိုတာလောက်ပဲ ကျွန်တော် သိခဲ့တာပါ။

         ဝါးချက်ဆေးရုံမှာ အချိန်ပြည့် ဆရာဝန် ဆရာမတွေရှိပြီး ပတ်ဝန်းကျင် တစ်ခွင်လုံး က ရဟန်းရှင်လူ ဘယ်သူ့ကိုမဆို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်။ ဆရာတော်ရဲ့ အမြော်အမြင်ကြီးတဲ့ အစီအမံတွေကို အားပေးတဲ့အနေနဲ့ မန္တလေးမှာရှိတဲ့ အထူးကု ဆရာဝန်ကြီးတွေ၊ တိုင်းရင်းဆေးသမားတော် ကြီးတွေက ဝါးချက်ဆေးရုံကို ပုံမှန်သွားပြီး ပညာဒါနပြုကြတယ်။ ဒီဆေးရုံဟာ အသွားအလာခက်ခဲတဲ့ ဒေသတစ်ဝိုက်အတွက် အလွန် အကျိုးပြုတယ်လို့ ကြားသိခဲ့ဖူးတယ်။ ဒါလောက်နဲ့တင် ဆရာတော် ဦးလက္ခဏကို ကြည်ညိုလေးစားနေခဲ့ပါပြီ။

          အမေ လူထုဒေါ်အမာရဲ့ သား မြေးတွေကို ရဟန်းခံ ရှင်ပြုတဲ့ အလှူပွဲမှာ ကျွန်တော်လည်း ရဟန်းဘောင် ခေတ္တဝင်ခဲ့တယ်။ ကျွန်တော်တို့ ရဟန်းတွေ သာမဏေ တွေအားလုံး ဆရာတော် ဦးလက္ခဏရဲ့ ကျစွာချောင်မှာ သီတင်း သုံးရတယ်။ ဝိပဿနာ အလုပ် အားထုတ်ရတယ်။

          နေ့စဉ် ဆရာတော်တရားပြတာကို နာယူရတယ်။ ဆရာတော်ရှင်းပြပုံက ခေတ်မှီတဲ့အမြင်ကို အခြေခံတယ်။ ဝိပဿနာကို လွယ်ကူစွာ နားလည်သိမြင်အောင် ရှင်းလင်းဟောပြနိုင်တယ်။ ဒါကြောင့်လည်း ဆရာတော်ရဲ့ ကျောင်းကို နိုင်ငံတကာက ဝိပဿနာတရားအားထုတ်သူတွေ လာနေကြတယ်ပဲလို့ နားလည်လာတယ်။ ဆရာတော် ကိုယ်တိုင်လည်း ပြည်ပကို မကြာခဏကြွပြီး ဝိပဿနာစခန်းတွေ ဖွင့်ပေးနေရတာကို သဘောပေါက်လာပါတယ်။

          တစ်ညနေမှာတော့ ဆရာတော်ရဲ့ စံကျောင်းကို ကျွန်တော်တို့ ရောက်သွားတော့ ဆရာတော့် အခန်းထဲမှာ ကွန်ပျူတာကိုတွေ့ရပြန်တယ်။ ခေတ်မှီပြီး အဆင့်မြင့်တဲ့ ကွန်ပျူတာတစ်လုံး။ ဒီကွန်ပျူတာနဲ့ ဆရာတော်က အလုပ်လုပ်တယ်။ ဦးပဉ္စင်း စိန္တာယ (ဒီဇိုင်းပညာရှင် ကိုစိုးဝင်းငြိမ်း)နဲ့ ဆရာတော်က ကွန်ပျူတာ နည်းပညာတွေအကြောင်း ဆွေးနွေးနေတာကြားရတော့ ကျွန်တော့်အတွက် ဆရာတော် ဦးလက္ခဏဟာ အထင်ကြီး သည်ထက် ကြီးစရာပုဂ္ဂိုလ်တစ်ဦး ဖြစ်နေတော့တယ်။

          တစ်နံနက်ခင်းမှာတော့ ဆရာတော်နှင့်အတူ ကျွန်တော်တို့ ဝါးချက်ရွာထဲကို လမ်းလျှောက်သွားတယ်။ ရွာသားတွေအတွက်သောက်သုံးရေကန်တွေတည် ပေးနေတာ တွေ့ရတယ်။ တစ်နေရာမှာတော့ ရွာအတွက် စာသင်ကျောင်းတစ်ကျောင်း ဆရာတော်က ဆောက်ပေးနေတာ တွေ့ရပြန်တယ်။

          ဟိုး စစ်ကိုင်းတောင် မြောက်ဖျား ပတ္တမြားမြေစေတီခြေရင်းက အသွားအလာ မလွယ်တဲ့ချောင်မှာ သီတင်းသုံးနေသူ ရဟန်းတော်တစ်ပါးဟာ လောကကောင်းကျိုးကို နည်းမျိုးစုံနဲ့ ဆောင်ရွက်ပေးနေတာ တွေ့ရတယ်။ နေထိုင်ရာနေရာက ချောင်ကျတာ မှန်ပေမယ့် အတွေးအခေါ်နဲ့ လုပ်ရပ်က ဆန်းသစ်ခေတ်မီနေတာ တွေ့မြင် ရတယ်။

          ၂၁ ရာစုမှာ ဆရာတော်ရဲ့ အတွေးစကားကိုလည်း နာယူကြည့်ပါဦး။

လူ့အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး လူတွေမှာ အများဆုံး လိုအပ် တာကတော့ ကိုယ်ချင်းစာတရား ဖြစ်ပါတယ်။ လူအချင်းချင်း ကိုယ်ချင်းစာတရားရှိလာပြီဆိုရင် လူအချင်း ချင်း အပေါ်မှာ မေတ္တာတရားဆိုတာလည်း အလိုလို သက်ရောက် လာမှာပါပဲ။

          ဘုန်းကြီးက ပြည်ပရောက်တဲ့အခါလည်း အဲဒါကိုပဲ အမြဲ တမ်း ဟောခဲ့ပါတယ်။ ပြည်ပနိုင်ငံတွေမှာ မြန်မာနိုင်ငံကနေ ပြီးတော့ ရောက်သွားတဲ့ မြန်မာ အမျိုးသား အမျိုးသမီးတွေ မိသားစုတွေ တော်တော်များများ ဘုန်းကြီးတွေ့ခဲ့တယ်။ရောက် သွားကြရာမှာ သူတို့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ရောက်သွားကြ တာပေါ့လေ။ ရောက် သွားတဲ့အခါ ဟိုမှာ အချင်းချင်း တစ်ဦးနဲ့တစ်ဦး ကိုယ့်အမျိုးသား စိတ်ဓာတ်နဲ့၊ ကိုယ်ချင်းစာနာ စိတ်ဓာတ်နဲ့  ရိုင်းပင်းကူညီတာတွေ့ရသလို တချို့ကျတော့လည်း ရိုင်းပင်းကူညီတာ မရှိဘဲနဲ့ သူကတော့ ဘယ်လိုပုဂ္ဂိုလ်ပဲ၊ သူကတော့ ဘယ် ပါ ပုဂ္ဂိုလ်ပဲဆိုပြီး ရှုသောအမျိုးမျိုးနဲ့၊ အမြင်နဲ့ တစ်ယောက်နဲ့ တစ်ယောက် မေတ္တာကင်းပျောက်နေတာ ဘုန်းကြီး တွေ့ခဲ့ရတယ်။

          ဘုန်းကြီး ဖြစ်စေချင်တာကတော့ ကိုယ့်အမျိုးသား အချင်း ချင်း ရိုင်းပင်းကူညီမှု ဘယ်နေရာပဲရောက်ရောက် ရှိစေချင် ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ကိုယ်ချင်းစာနာတဲ့စိတ်နဲ့ မေတ္တာဓာတ်အပြည့်အဝနဲ့ ရိုင်းပင်းကူညီပြီးတော့ ကြီးပွားချမ်းသာ ရေးတွေမှာ ကူညီပေးစေချင်တယ်။ မြန်မာအမျိုးသားအချင်းချင်း တစ်ဦးနဲ့တစ်ဦး တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းကူညီပြီး တော့ မေတ္တာစိတ်အပြည့်အဝနဲ့ ဆောင်ရွက်ပေးကြမယ်ဆိုရင် အားလုံး ချမ်းသာမယ်။

          ပြည်တွင်းမှာလည်း ထို့အတူပဲ။ တစ်ယောက်နဲ့တစ်ယောက် တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီခြင်းနဲ့ ကိုယ်ချင်းစာနာစိတ်နဲ့ မေတ္တာစိတ်ဓာတ်တွေ အပြည့်အဝနဲ့ ဆောင်ရွက်ကြမယ်ဆိုရင် တစ်ဦးပေါ်တစ်ဦး အာဃာတဆိုတာတွေ အလိုလို ပြေပျောက် သွားမှာ ဖြစ်ပါတယ်။

          ဘုန်းကြီးဖြစ်စေချင်တာကတော့ ၂၁ ရာစုနှစ် အစပိုင်းက စပြီးတော့ လူသားအချင်းချင်း ကိုယ်ချင်းစာနာတဲ့စိတ်ထားပြီးတော့ မေတ္တာစိတ် မေတ္တာဓာတ်အပြည့်အဝနဲ့ ဒေါသ အာဃာတ တွေ ပယ်ဖျောက်ပြီးတော့ ရိုင်းပင်းကူညီ ဆောင်ရွက်သွားမယ် ဆိုရင် ဘုန်းကြီးတို့ရဲ့ လူသားလောကကြီးဟာ ဒါထက်ပိုပြီးတော့ ငြိမ်းချမ်းရေးရသွားမှာ ဖြစ်ပါတယ်။

          ဘုန်းကြီးတို့ ပြည်ပနိုင်ငံတွေ ရောက်သွားတဲ့အခါ ဘုန်းကြီး တို့ နိုင်ငံကို သူတို့ ဘာကိုအထင်ကြီးသလဲဆိုရင် ဗုဒ္ဓတရားတော် စည်ပင်ပြန့်ပွား ထွန်းကားနေတာကို သူတို့ အင်မတန်အထင်ကြီး ပါတယ်။ မြတ်နိုးကြပါတယ်။ သူတို့ အထင်ကြီးမြတ်နိုးတဲ့ မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ ရဟန်းရှင်လူ၊ အထူးသဖြင့် အမျိုးကောင်းသား အမျိုးကောင်းသမီးတွေဟာ ခုနက ဒေါသ အာဃာတစိတ်ဓာတ်တွေ မခက်ထန်ဘဲနဲ့ ဘုရားရဲ့ အဆုံးအမတွေကို ရိုသေစွာ လိုက်နာကျင့်သုံးသောအားဖြင့် မေတ္တာတရားတွေထားပြီး ဆောင်ရွက် သွားကြမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ ပိုပြီး ဂုဏ်ရှိလာမှာဖြစ်ပါတယ်။

          ဆရာတော် ဦးလက္ခဏကို ၁၉၃၅ခုမှာ မယ်တော် ဒေါ်ဖွားစော၊ ခမည်းတော် ဦးသာဌေးတို့က မြင်းခြံမြို့နယ်၊ ကတော ရွာမှာ ဖွားမြင်တယ်။ ကတောရွာ ဒက္ခိဏာရာမ ကျောင်းတိုက်မှာ ငယ်စဉ်ကတည်းက သာမဏေပြုခဲ့ပြီး စစ်ကိုင်း၊ မန္တလေး တို့မှာ စာပေ ပရိယတ္တိ ဆည်းပူးခဲ့တယ်။ ဓမ္မစရိယ ပါဠိပါရဂူဘွဲ့ ရတော်မူတယ်။ ၁၉၆၂ ခုနှစ်က စပြီး စစ်ကိုင်းတောင်ရိုး ကျစွာချောင်မှာ သီတင်းသုံး နေထိုင်ပါတ

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)