Skip to product information
1 of 2

Other Websites

ကျော်မြသန်း - ထောင်သို့အဝင် ထောင်မှအထွက်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type
အခန်း(တစ်)

 

ညဦးပိုင်းကတည်းက တစိမ့်စိမ့် တသိမ့်သိမ့် လှိမ့်လှဲကာ ရွာနေသောမိုးမှာ မိုးလင်းသည့်တိုင် စဲမည့်ဟန်မရှိသေးဘဲ ငြိုးမာန်ဖွဲ့ ကာ သဲသဲမဲမဲရွာနေဆဲပင်။ ယနေ့တစ်မနက်လုံး နေခြည်ပျောက်သော်မှ မထိုးသာ အောင် တစ်မိုးလုံးမှောင်ရိပ်ထိုးနေသည်။

စနေမိုး အငြိုးနှင့်ရွာတတ်သည်ဟု ဆိုစကားရှိသော်လည်း ထိုနေ့ သည် စနေနေ့မဟုတ်ပါလေ။

 ဗုဒ္ဓဟူးနေ့သာ ဖြစ်ပါလေ၏။

မိုးလင်း အိပ်ရာမှ အထ,တွင် အော်သံကြားရလေ့ရှိသော ဈေး သည်များ၏ အသံများပင် တိတ်ဆိတ်နေသည်။ ။

အပြင်သို့မထွက်လျှင် မဖြစ်သူများသာ အိပ်ရာထဲမှ မထ,ချင် ထ,ချင် ထ,လိုက်ရသော်လည်း အပြင်မထွက်ဘဲနေနိုင်သူများမှာမူ နိုးနေသည် တိုင် အိပ်ရာထဲမှ မထ,ကြဘဲ ကွေးကောင်းနေတုန်း၊ တွေးကောင်းနေတုန်း၊ လှိမ့်ကောင်းနေတုန်း၊ လူးကောင်းနေတုန်း၊ နှပ်ကောင်းနေတုန်းရှိနေကြ၏။

နုထားရီ မှာ သွယ်လျလျ သူမ၏ကိုယ်လုံးကလေးကို ဂွမ်းစောင် အိအိနှင့်ထွေးပြီး အိပ်ရာထဲမှာ နှပ်လို့ကောင်းနေဆဲ။

ခါတိုင်းဆို မနက်မိုးလင်းသည်နှင့် နုထားရီ၏ မျက်နှာပေါ်မှာ အလှရောင်စုံပန်းများ ပွင့်လန်းပြီးသား ကြော့ကြော့တင်တင်ကလေး ရှိနေ တတ်သည်သာ။

သည်နေ့တော့ အိပ်ရာထဲကထရမှာ ဝန်လေးနေသည်။ နုထားရီ ၏ခင်ပွန်းသည် ဦးခင်မောင်သန်းမှာမူ အိပ်ရာထဲကထသွားပြီဖြစ်၏။ နုထားရီ မှာ မယားဝတ်ငါးပါးနှင့်အညီ ခင်ပွန်းဖြစ်သူ အရင်ထ၍၊ ခင်ပွန်းဖြစ်သူ၏ ဝေယျာဝစ္စများကို လုပ်ပေးစရာမလို။ အိမ်မှုကိစ္စအဝဝအတွက် အဆင်သင့်လုပ် ပေးထားမည့် အိမ်ဖော်ရှိနေသည်။ ။ပြီး .. သူတို့လင်မယားက မယားဝတ်ငါးဖြာ လင့်ဝတ်ငါးဖြာ ဆိုသည်ကို အလေးမူ အရေးတင်ကြသူများမဟုတ်ပါလေ။

တကယ်တော့ ဦးခင်မောင်သန်းမှာလည်း ဇနီးချောလေးဘေး တွင် `အသာမှိန်းပြီး ကယုကယင်နှပ်နေချင်သေးသည်။ မယားဘေးတွင် စကားကြွယ်၍ သဲသဲမဲမဲ ရွာနေသော မိုးနှင့်အပြိုင် တသိမ့်သိမ့် တငြိမ့်ငြိမ့် လှိမ့်လှဲနေချင်သေးသည်။ ရုံးသွားဖို့တာဝန်ရှိသေးသမို့သာ အိပ်ရာထဲမှ မထချင် ထချင် ထလိုက်ရ၏။

သည်နေ့ အရေးကြီးသော အမှုချိန်းရှိသည်။

လွှတ်တော်ရှေ့နေကြီး ဦးခင်မောင်သန်းမှာ အလုပ်ဂုဏ်အရ ဦးတပ်ခေါ်ရသော်လည်း လူလတ်ပိုင်းမျှသာရှိသေး၏။ သို့စေကာမူ ဥပဒေ နယ်ပယ်ဝန်းကျင်တွင် နာမည်ကြီးနေသူဖြစ်၏။

အာဝဇ္ဇာန်းရွှင်သလောက် ဥပဒေအချက်အလက်များကို ကုတ်ကုတ်ခဲခဲ ရှာဖွေတတ်၍ မေးမြန်းလျှောက်လဲသည့်နေရာတွင် တော်သည် ထက်သည်ဟု သတင်းကြီးနေသူလည်းဖြစ်၏။

အကြောင်းကရှိနေသည်။ '

သည်နေ့ သူလိုက်ရမည့်အမှုတွင် သူက တရားခံရှေ့နေ၊ သူနှင့် "အပြိုင်ကြဲရမည့် တရားလိုရှေ့နေကြီးမှာ နှယ်နှယ်ရရမဟုတ်။ သူ့ထက် ဝါလည်းရင့်သည်။ သညာလည်းရှိသည်။ ထိပ်ထိပ်ကြဲ လွှတ်တော်ရှေ့နေကြီး တစ်ယောက်လည်းဖြစ်သည်။ ဥပဒေနယ်ပယ်တွင် သူတို့ကိုယ်တိုင်က ဆရာ တစ်ဆူအဖြစ် သဘောထား အလေးမူရသော ပုဂ္ဂိုလ်ကြီးဖြစ်နေသည်။

အသေးအဖွဲအချက်ကလေးကအစ ပိုင်ပိုင်နိုင်နိုင် ကိုင်နိုင်စွမ်းရှိ . သည်ဟု ကျော်ကြားနေသူလည်းဖြစ်၏။

တရားခွင်တွင် တစ်ခါမှ မဆုံစည်းခဲ့ဖူးပေ။ သည်နေ့ ရင်ဆိုင်ရတော့မည်။ .

မည်သို့ပင်ဖြစ်စေ ဦးခင်မောင်သန်းမှာ အရှိန်အဝါကြောင့် အနည်း ငယ်သွေးလန့်သလိုရှိနေသည်။ ရွံ့စိတ်ကလေးများလည်း ထင်နေသည်။

အမှုကလည်း ရိုးသယောင်နှင့်ဆန်းသည်။ အလှည့်အပတ်တွေများသည်။

သူ၏တရားခံဘက်ကလည်း အားနည်းချက်တွေ အတော်ရှိ နေသည်။ တရားလိုဘက်က ဘယ်လောက်အထိ ပိုင်နိုင်သော ကိုင်ကွက်များ ရှိနေသည်ကိုလည်း အကဲဖမ်းရခက်လှသည်။ . ။

ယင်းအမှုတွင် ကနဦးကတည်းကပင် ဦးခင်မောင်သန်းက မလိုက် လိုကြောင့် ငြင်းခဲ့သည်။ သို့စေကာမူ ဦးခင်မောင်းသန်း၏ မိဘများနှင့်ပတ် သက်ပြီး မကင်းရာမကင်းကြောင်း အကြောင်းများရှိနေသည့်ပြင် ချစ်ဇနီး “ထားရီကလည်း ကိုကို သည်အမှုကို လိုက်မှဖြစ်မည်ဟု တကျည်ကျည် နားပူနာဆာလုပ်ခဲ့သမို့ လက်ခံခဲ့ရခြင်းဖြစ်ပေသည်။

သူ၏တရားခံသည် ယင်းအမှုကို ကျူးလွန်ဖွယ်ရှိသည်။ ကျူးလွန် (စရာအကြောင်းများရှိသည်ဟု မှုဖြစ်ကြောင်းခြင်းရာက ကြိုတင်ကောက်ချက် ဆွဲရမည်သို့ရှိနေသည့်ပြင် ဦးခင်မောင်သန်း ကိုယ်တိုင်ပင် သူ၏တရားခံသည် ကျူးလွန်လိမ့်မည်ဟု သံသယရှိနေသည်။

- မည်သို့ပင်ဖြစ် ကိုယ့်အမှုသည်အတွက် မိမိတွင် တာဝန်ရှိသည်ကို တော့ ဦးခင်မောင်သန်းက မျက်ခြည်ပြတ်မခံပေ။

ခါတိုင်းလိုက်ရသော အမှုများလို စိတ်ပါလက်ပါ မရှိသည်မှာ တော့အမှန်။ သူ၏တရားခံနှင့် တွေ့ဆုံရာတွင် အားရပါးရမရှိ။ သူ့အတွက် အထောက်အကူဖြစ်သည်မှာလည်း စိတ်မပါမှု၏အကြောင်းတစ်ခု ဖြစ်လိမ့်မည် ထင်သည်။

ဦးခင်မောင်သန်း၏ အတွေးစဉ်များမှာ လက်ဖက်ရည်စားပွဲမှ "ထောင်သို့ ရောက်သွားသည်။

 

အခန်း(နှစ်)

အမှုလက်ခံလိုက်ပြီးသည်နှင့် ဦးခင်မောင်သန်း၏ ပထမတာဝန် မှာ သူ၏ အမှုသည်နှင့် တွေ့ဆုံရေးပင်ဖြစ်သည်။ လက်ရှိအားဖြင့် သူ၏အမှုသည်မှာ အကျဉ်းထောင်ထဲတွင် ရှိနေသည်။

ရှေ့နေတစ်ယောက်အဖို့ တရားခံနှင့် တွေ့ဆုံခွင့်ရရေးမှာ မခက်ခဲ လှသော်လည်း တရားခံနှင့်မတွေ့ခင် တရားခံ၏မိသားစုနှင့် တွေ့ဆုံရလျှင်ကောင်းလေမလားဟု စဉ်းစားခဲ့သည်။ မိမိ၏အမှုသည်နှင့်ပတ်သက်လာလျှင် ထိုအမှုသည်၏ ငယ်စဉ်ကလေးဘဝကစတင်သော ရာဇဝင်ကို စူးစမ်းတတ် သည်မှာ ဦးခင်မောင်းသန်း၏ အလေ့အထဖြစ်ပေသည်။

အမှုအတွက် အရေးပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ဒါကို ဦးခင်မောင်သန်း လုပ်လေ့လုပ်ထရှိ၏။ တစ်ခါတစ်ရံ အမှုအတွက် အထောက် အကူရခဲ့ဖူးသည်များလည်း ရှိပေသည်။ ။

သို့သော် ယခုအမှုတွင် တရားခံကိုယ်တိုင်ပြောသည့် သူ့အတိတ် ဇာတ်ကြောင်းကို ပထမနားထောင်ကြည့်မည်ဟု ဆုံးဖြတ်ပြီး တရားခံရှိရာ အကျဉ်းထောင်သို့ ရောက်ခဲ့ရ၏။

သက်ဆိုင်ရာ ထောင်တာဝန်ခံများထံ တရားခံနှင့် တွေ့ဆုံခွင့် ''ရရေးကို တောင်းခံပြီးနောက် ထောင်မှူးကြီး ရုံးခန်းထဲမှ ထိုင်စောင့်နေခဲ့သည်။

မကြာမီ သူ၏အမှုသည်မှာ အစောင့်ဗာရာတစ်ယောက်နှင့် ထောင်မှူးကြီးရုံးခန်းထဲသို့ ဝင်ရောက်လာသည်။ ထောင်မှူးကြီးကို ရော့ရဲရဲ အပြုံးဖြင့် နှုတ်ဆက်ပြီးနောက် ထောင်မှူးကြီးညွှန်ပြသော ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။ ။ဦးခင်မောင်သန်းက သူ၏တရားခံကို ထောင်မှူးကြီးရုံးခန်းဝင် လာကတည်းက လျှပ်တစ်ပြက် လေ့လာအကဲခတ်လိုက်၏။ ၊

သူ၏အမည်မှာ ဦးလွန်းဝေ။

အစိုးရဌာနတစ်ခုမှ လခ တစ်ထောင်အထက်ရသော အရာရှိကြီး တစ်ဦးဖြစ်၏။

အပြင်တွင် သူ့ကို လူကိုယ်တိုင် လျှပ်တစ်ပြက် တွေ့ဖူးခဲ့၏။ ဓာတ်ပုံထဲတွင်မူ အသေအချာ တွေ့မြင်ခဲ့ဖူးပေသည်။

ဓာတ်ပုံထဲက ဦးလွန်းဝေမှာ လူချောလူခန့်တစ်ယောက်။ ဥပဓိရုပ် ခန့်ညားသည်။ လေးစားအပ်သောအသွင်ရှိသည်။

ယနေ့အမြင်နှင့်မူ တခြားစီသို့ဖြစ်နေသည်။ ဓာတ်ပုံထဲက ရုပ်ရည် ဟန်ပန်နှင့် အကွာကြီးကွာနေသည်။ ဟုတ်ပါရဲ့လားဟု ထင်မှတ်စရာဖြစ် ။ လောက်အောင်ပင် ပြောင်းလဲနေသည်။

သူ၏အရပ်အကောင်းမှာ နဂိုအတိုင်းရှိနေစေကာမူ ပြည့်တင်းသော အသားအရေများမှာ ရော့ရဲသည်သို့ရှိနေ၏။ မျက်နှာမှာ အတော်ကြီးချောင်ကျနေ သည်။ ပြည့်ပြည့်ဝဝ အိပ်စက်ခြင်းမရှိကြောင်းကို သူ၏မျက်လုံးဝန်းကျင်မှ အသားဆိုင်များက ဖော်ပြနေသည်။ မျက်လုံးအိမ်မှာ ကြည်လင်ခြင်းမရှိဘဲ ဖရိုဖရဲဖြစ်နေသော ဆံပင်မှာ သူ၏ရုပ်ရည်ကို ပို၍ အားနည်းစေသည်ဟု ဆိုရမည်ထင်သည်။ အထူးသဖြင့် သိသာထင်ရှားသည်မှာ သူ၏မျက်နှာတစ်ပြင် လုံးတွင် ထင်ဟပ်နေသည့် သွေးရိပ်ပင်။ "

ထောင်မှူးကြီးက သူ့ကို တလေးတစားဆက်ဆံခဲ့သော်လည်း သူ၏ ညှိုးရိပ်မှာ လန်းဆန်း၍မလာပေ။

“ဦးလွန်းဝေနဲ့ တွေ့ရတာ ဝမ်းသာပါတယ်" “ဟုတ်ကဲ့” “ကျွန်တော် ခင်မောင်သန်းပါ၊ ဦးလွန်းဝေရဲ့ အမှုအတွက်လိုက်ဖို့ . ဦးလွန်းဝေရဲ့ မိခင်က ကျွန်တော့်ကို ငှားထားပါတယ်” “ဟုတ်ကဲ့”“ဦးလွန်းဝေရဲ့ သဘောထားကို ကျွန်တော် သိပါရစေ” “ဟုတ်”

ဦးခင်မောင်သန်း ပြောသမျှကို သူက “ဟုတ်ကဲ့”တစ်လုံး တုံ့ပြန်နေသည်။ ဝမ်းသာရိပ်လည်းမပြ၊ အားတက်ရိပ်လည်းမပြ၊ သူ့က ကောင်းသည် ဆိုးသည်ဟုလည်း စကားလုံးမှထွက်မလာ။ အမေးအမြန်းလည်း မရှိ။ သူ၏အမူအရာမှာ အေးတိအေးစက်။

ဦးခင်မောင်သန်းနှင့် မျက်လုံးချင်းဆိုင်ရမည့်အစား သူ၏ မျက်လုံးများမှာ ရုံးခန်းနံရံများဆီသို့ ပျံ့လွင့်နေသည်။ “ဒါဖြင့် ဦးလွန်းဝေ သဘောတူတယ်ပေါ့”

သည်တော့မှ တုံ့ပြန်စကားသံထွက်လာသည်။ : “ဆောရီးပဲဗျာ၊ ဘာကို သဘောတူရမှာလဲ”ဟု အမေးပြပြန်ထုတ်ခဲ့၏။ သူ၏စိတ်များ မထိန်းနိုင်အောင် ပျံ့လွင့်နေသည်မှာ သေချာသည်။

“ကျွန်တော် ဦးလွန်းဝေ အမှုအတွက်လိုက်ပါဖို့ ဦးလွန်းဝေရဲ့ ဆန္ဒ မေးတာပါ”

 “ဪ..ဟုတ်ကဲ့”

နောက်ဆက်တွဲစကား ထွက်မလာဘဲ ငေးကြည့်နေပြန်သည်။ ပြီး .. စားပွဲကို 'လက်ညှိုးနှင့် တဒေါက်ဒေါက် ခေါက်နေသည်။ ' ' ထိုမှ မေးစေ့ကို နှစ်ခါသုံးခါလောက် ပွတ်ပြီး “ဒါဆို ကျွန် ဇနီးနဲ့ တိုင်ပင်ဦးမှထင်တယ်”ဟု တစ်လုံးချင်း ဖြည်းဖြည်းလေးလေးပြောလိုက် သော တုံ့ပြန်အဖြေထွက်လာသည်။ ။

ဦးခင်မောင်သန်းမှာ အာမေဋိတ်သံ ထွက်မသွားအောင် မနည် ကြီး ထိန်းလိုက်ရ၏။ ဘာဆက်ပြောရမှန်းမသိအောင် အံ့သြတကြီးဖြစ်သွားရသည်။ ..

ဦးခင်မောင်သန်းမှာ ဦးလွန်းဝေတို့ အိမ်ထောင်ရေးနှင့် ယခ့ မူခင်းဖြစ်အကြောင်းကို အကြမ်းဖျင်းသိထားရသမို့၊ ဦးလွန်းဝေ၏ အဖြေစကား ကြားရသောအခါ အံ့သြတကြီးဖြစ်သွားရသည်။

ယခု အမှုဖြစ်ခြင်းအကြောင်းရင်း ခံမှာ သူတို့အိမ်ထောင်ရေး အဆင်မပြေမှုမှ မြစ်ဖျားခံလာသည်မဟုတ်ပါလား... ပြီး ... သူ၏ဇနီးကိုယ်တိုင်က သူ့ကို တရားခံအဖြစ် စွပ်စွဲ ထားသည်ကိုမှ ဦးလွန်းဝေ သတိမူမိပါလေစ။ ။

ဒါတော့ ဦးလွန်းဝေ သဘောအတိုင်းပါ"

“မဟုတ်ပါဘူး၊ ကျွန်တော်က တိုင်ပင်ဖို့ လိုမလို မေးတာပါ ခင်ဗျာ။

ကျွန်တော့် အတွေးအခေါ်တွေ ကဘောက်တိကဘောက်ချာဖြစ်နေရင်လည်း ခွင့်လွှတ်ပါနော်”

သည်တော့မှ ဦးခင်မောင်သန်း ခမျာ 'ဦးလွန်းဝေအပေါ် အံ့သြ ရသည်ထက် သနားသွားရပြန်သည်။

နောက်ဆုံးကျမှ “ဦးခင်မောင်သန်းကို ကျွန်တော် ယုံကြည် အားကိုးပါတယ်ဗျာ။

"ဦးခင်မောင်သန်း သဘောအတိုင်း ဆောင်ရွက်နိုင်ပါတယ်” ဟု

 သူ၏ နှုတ်ဖျားမှ ဆိုစကားထွက်လာ၏။

“အမှုနဲ့ပတ်သက်ပြီး ဦးလွန်းဝေနဲ့ ကျွန်တော်တို့ အပေးအယူ မျှတပွင့်လင်းဖို့

လိုပါလိမ့်မယ်၊ ဒါမှလည်း ကျွန်တော့်အနေနဲ့ အမှုအတွက် - ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

 ဒီအမှုမှာ ဦးလွန်းဝေအနေနဲ့ တကယ်ကျူးလွန်၊ မကျူးလွန်ဆိုတာ သိဖို့လိုပါတယ်”

 '' သူက အတန်ကြာ စဉ်စားနေသည်။

ပြီးမှ ... “ဦးခင်မောင်သန်းကကော ဘယ်လိုများ ထင်မြင်ပါသလဲ”

“ကျွန်တော့်ရဲ့ ထင်မြင်ချက်က အရေးကြီးတာမဟုတ်ပါဘူးလေ၊

 ဦးလွန်း ဝေရဲ့ ပြောပြချက်ကသာ အရေးပါမှာပါ"

“ဟုတ်ကဲ့ .. ကျွန်တော် မကျူးလွန်ခဲ့ပါဘူး၊ ဒါပေမဲ့ ..”

“ဟုတ်ကဲ့ .. ဆိုပါဦး” - ,

 “မကျေနပ်တဲ့ ခံစားမှုရှိတာတော့ အမှန်ပါ”

 “ဒါဖြင့် ..” “သူတို့အကွက်ဆင်တဲ့ကိစ္စပဲလို့ ကျွန်တော် ပြောရမလား၊

 ကျွန်တော် ကျူးလွန်ပါတယ်လို့ ဝန်ခံချက်ပေးလိုက်ရမလားဆိုတာ

ခုထက်ထိ ဆုံးဖြတ်လို့မရသေးပါဘူး”

 “ဒါဆို ကျွန်တော့်ဘက်က အတော်လေး အခက်အခဲတွေ့နိုင်စရာရှိပါ တယ်”

.“ဟုတ်ကဲ့ .. ကျွန်တော် တောင်းပန်ပါတယ် ဦးခင်မောင်သန်း၊

ကျွန်တော့်ကိုယ်ကျွန်တော် ကာကွယ်ဖို့အတွက် တရားရုံးပေါ်မှာ ထွက် ဆိုရမယ့် ထွက်ဆိုချက်တွေဟာ မေရဲ့ သိက္ခာကို အတော်လေးထိခိုက် စေရတော့မှာပါ၊

 ကျွန်တော် ပွင့်ပွင့်လင်းလင်းဝန်ခံရရင် မေ့ကို ကျွန်တော် ခုထက်ထိ ချစ်နေတုန်းပဲလေ”.. “ဒါဆိုလည်း ဒီအမှုမှာ ကျွန်တော်ပါဝင်ဖို့ လိုအပ်ပါဦးမလား”

“အို .. အို ... ဒီလိုလည်းမဟုတ်ပါဘူးလေ၊

ကျွန်တော့်ရဲ့ ခံစားချက် • ကို ဘာဖြစ်လို့များ ပြောနေမိပါလိမ့်၊

ကျွန်တော် ထပ်လောင်းတောင်း ပန်ပါတယ် ဦးခင်မောင်သန်း၊

 ဦးခင်မောင်သန်းရဲ့ စေတနာကို တန်ဖိုးထားလေးစားပါတယ်” ။

“ဦးလွန်းဝေရဲ့ ခံစားချက်ကို ကျွန်တော် ကိုယ်ချင်းစာပါတယ်၊

 မမေးမဖြစ် လို့ မေးရတာပါ။

နောက်ပြီး ဦးလွန်းဝေရဲ့ တိကျတဲ့ ဆုံးဖြတ်ချက် ကသာ အမှုအတွက် အထောက်အကူဖြစ်မှာမို့ပါ"

“ဦးခင်မောင်သန်း စိတ်ချလက်ချ ယုံကြည်စေချင်တာကတော့ ဒီအမှုကို . ကျွန်တော် မကျူးလွန်ဘူးဆိုတာပါပဲ” '

ဦးခင်မောင်သန်းမှာ သူ၏အမှုသည်နှင့် ပထမဆုံးအကြိမ် တွေ့ ဆုံခဲ့ရာ၌ အတော်လေး ဦးနှောက်ခြောက်ခဲ့ရသည်။ စိတ်လေးခဲ့ရသည်။ ၊ ဘာမှ ရေရေရာရာမရှိဘဲ ပဟေဠိတထွေးကြီးကို ပိုက်ပြီး ပြန်ခဲ့ရသည်။

အိမ်ရောက်သည့်အခါ ချစ်ဇနီး နုထားရီကို ပြန်ပြောခဲ့ရသည်။ .: နုထားရီကတော့ တအံ့တဩမဖြစ်။ ဦးလွန်းဝေတို့အကြောင်းကို ဦးခင်မောင်သန်းထက် ပို၍သိထားသောကြောင့်ပင်။

“ကိုကို ဦးလွန်းဝေတို့ဇာတ်ကြောင်းကို လိပ်ပတ်မလည်သေးလို့ပါ။ ဦးလွန်းဝေ သူ့မိန်းမအပေါ် ချစ်ပုံမျိုးကတော့ ဥပမာတင်စားစရာ မရှိလောက်အောင်ပဲဆိုပါတော့။ ယောက်ျားတိုင်း ခွင့်မလွှတ်နိုင်တာမျိုးကို ခွင့်လွှတ်ပြီးချစ်တဲ့အချစ်ပဲ၊ တယူသန်အချစ်လို့ပဲပြောရမလား၊ တဇောက်ကန်းအချစ်လို့ပဲဆိုရမလား မသိဘူး” . . . . ဟု နုထားရီက မှတ်ချက်ပေးခဲ့၏။

ဥပဒေရှုထောင့်က ကြည့်မြင်ရသော ဦးခင်မောင်သန်းမှာမူ ဦးလွန်းဝေ၏ သဘောထားကို လက်မခံနိုင်အောင် ဖြစ်ခဲ့ရပေသည်။

သည်အခြေအနေ၊ သည်အနေအထားမျိုးနှင့် တရားခွင်မှာ ဘယ် လိုရင်ဆိုင်ရမှာပါ။