ကျော်တင့်ဆွေ - ကျားမစွယ်စုံတိုင်းရင်းအားတိုးဆေးများ
အစားအစာနှင့် အား
အားတိုးစေခြင်း၊ အားယုတ်စေခြင်း အစရှိသည့်အချက်အလက်များ ကို အခြေခံကာ ရေးသားပြုစု တင်ပြရာတွင် အာယုဗ္ဗေဒဆေးပညာနှင့် သိပ္ပံဆေးပညာကို အခြေခံ၍ ခန္ဓာဗေဒ၏ လုပ်ဆောင်ချက်များကို စာဖတ်သူ ပရိသတ်များ သဘောမျှ နားလည်သိရှိထားသင့်သည်ဟု စာရေးသူ ယူဆ ထားချက်ကို ဤစာအုပ်တွင် ဖော်ပြထားပါသည်။
အစားအစာ အမျိုးအမည်များ
ကျွန်တော်တို့နှင့် အစားအစာများမှာ မကင်းနိုင်ကြပေ။ ဆေးပညာ အရ ဆေးသုတေသနပြုကြည့်လျှင် ကမ္ဘာသူကမ္ဘာသားတို့ နေ့စဉ်စားသုံး နေကြသည့် အစားအစာများမှ အာဟာရဓာတ်ကို ရရှိနေခြင်း ဖြစ်ကြပါ သည်။ ထိုအာဟာရများသည် ကျန်းမာခြင်း၊ အသက်ရှည်ခြင်း၊ ရောဂါ ဘယကင်းဝေးခြင်း၊ အင်အားတိုးပွားခြင်း၊ ကြံ့ခိုင်စေခြင်း၊ ခန္ဓာကိုယ်ကို ဖွံ့ဖြိုးထွားကျိုင်းစေခြင်း အစရှိသည့် အကျိုးအာနိသင်ပြဆိုချက်များသည် အစားအစာ များမှရရှိစေသော “အားတိုးဆေးအစားအစာများ” အဖြစ် သတ်မှတ်နိုင်ပါသည်။ အဆိုပါအစားအစာများကို ကိန်းဂဏန်းများဖြင့် ရေတွက်ရလျှင် အဘိဓာန်ကြီးတစ်အုပ်မျှရှိသောစာပေများကို ဖတ်ရှုရခြင်း ဖြင့်သာ သိရှိစေနိုင်ပေလိမ့်မည်။ သို့သော် ဆေးပညာအခြေခံအရ ခံယူထားချက်တွင်
၁။ ခန္ဓာကိုယ်တွင်းမှ သဘာဝလုပ်ဆောင်မှုဖြင့်ရရှိသော အစားအစာများ
၂။ သဘာဝသီးနှံများမှရရှိသော အစားအစာများ၏အာဟာရဓာတ်များ
၃။ မိမိအတွက် လိုအပ်နေသော အာဟာရဓာတ်များကို အစားအစာတွင် ပါရှိလာသော အာဟာရဓာတ်များကို ရွေးချယ်ရှာဖွေစားသောက်ခြင်း
အထက်ပါအစားအစာများအနက် သဘာဝသီးနှံများအပြင် ရေဓာတ်၊ လေဓာတ်၊ အပူဓာတ်များလည်း ပါဝင်ကြပေသည်။
တိုင်းရင်းဆေးအမြင် အာဟာရဓာတ်အသွင်
တိုင်းရင်းဆေးပညာအရ အခြေခံအားဖြင့် ဆေးပညာဘာသာခွဲ အရပ်ရပ်တွင် ပြဋ္ဌာန်းအတည်ပြုချက်များအရ အောက်ပါအတိုင်း ခွဲခြား တင်ပြထားပါသည်။ စာဖတ်ပရိသတ်များ သိထိုက်မှတ်သားထိုက်ပါသည်။ ချိုသောအစားအစာများမှ ရရှိနိုင်သော အာဟာရဓာတ်၊ ငန်သော အစား အစာများမှ ရရှိနိုင်သော အာဟာရဓာတ်၊ ခါးသောအစားအစာများမှ ရရှိစေနိုင်သော အာဟာရဓာတ်၊ ဖန်သောအစားအစာများမှ ရရှိစေနိုင်သော အာဟာရဓာတ်၊ စပ်သောအစားအစာများမှ ရရှိစေနိုင်သော အာဟာရ ဓာတ်များပင် ဖြစ်ပါသည်။
အစားအစာနှင့် အရသာတိုင်းရင်းဆေးဘုတ်ဆိုသည်မှာ -
ဘုတ်ငါးမျိုးကို တိုင်းရင်းဆေးပညာတွင် ခွဲခြားထားပါသည်။ ထိုအချက်တို့သည် အာကာသလွန်ကဲသောအစားအစာများမှရရှိသော အာဟာရဓာတ်၊ ပထဝီလွန်ကဲသော အစားအစာများမှရရှိသော အာဟာရ ဓာတ်များ၊ ဝါယောလွန်ကဲသော အစားအစာများမှရရှိသော အာဟာရ ဓာတ်၊ တေဇောဓာတ်လွန်ကဲသော အစားအစာများမှရရှိသော အာဟာရ ဓာတ်များ ဖြစ်ကြပါသည်။ ကျန်းမာကြံ့ခိုင်စေရန်၊ အင်အားတိုးပွားစေရန် အထက်ပါဘုတ်ဖြင့် ဖွဲ့စည်းရာတွင် အစားအစာများကို မျှမျှတတ ခန္ဓာကိုယ်မှရရှိစေရန် စားသုံးရပေသည်။ အထက်ပါအစားအစာများကို လူတိုင်းလွယ်ကူစွာ သိရှိစေရန်၊ မှတ်မိလွယ်စေရန် ပူသောအစားအစာ များမှရရှိသော အာဟာရဓာတ်နှင့် အေးသောအစားအစာများမှရရှိသောအဟာရဓာတ်ပင် ဖြစ်ပါသည်။
အစားအစာနှင့် ဂုဏ်သတ္တိများ
အားတိုးဆေးဟူသော ဝေါဟာရသည် နက်ရှိုင်းကျယ်ပြန့်ကြီးမား သောဂုဏ်ကို ဆောင်နေပါသည်။ အားတိုးစေသောအစားအစာ၊ အားတိုး စေသော တိုင်းရင်းဆေးဝါးများ ဆက်စပ်နေခြင်းကြောင့် တိုင်းရင်းဆေး ပညာဆိုင်ရာ ဝေါဟာရအနက်အဓိပ္ပာယ်ကို ဖွင့်ဆိုတင်ပြရန် အထူးလိုအပ် လျက်ရှိပါသည်။ နေရောင်ခြည်ဓာတ်သည် တေဇောဓာတ်၊ ရေသည် အာပေါဓာတ်၊ လေသည် ဝါယောဓာတ်ပင်ဖြစ်ပါသည်။ ထို ဓာတ်ကြီးသုံးပါး သည် အစားအစာများ၏ ဆေးဝါးအာနိသင်မြင့်မားခြင်း၊ လျော့နည်းခြင်း အပေါ် မူတည်နေကြပေသည်။ အဆိုပါဓာတ်များအပြင် အရပ်ဒေသ၊ အချိန်ကာလ၊ ရာသီဥတုအလိုက် စိုက်ပျိုးဖြစ်ထွန်းနေသောအပင်များ၊ သဘာဝအလျောက် ပေါက်လေ့ရှိသော စားသုံးသီးနှံများအပြင် သားငါးများ၊ ဥများ၊ နို့ရည်များ အပါအဝင် မဟာဘုတ်ငါးပါးတို့၏ ပါဝင်ကိန်းသည် မတူညီကြပေ။ ထို မဟာဘုတ်ဆိုသည်မှာ သာမန်လူတိုင်းသိရှိနေကြသည့် အာကာသဓာတ်၊ ပထဝီဓာတ်၊ ဝါယောဓာတ်၊ အာပေါဓာတ်၊ တေဇော ဓာတ်တို့ပင် ဖြစ်ပေသည်။
အာဟာရဓာတ်နှင့် တိုင်းရင်းဆေးဂုဏ်စွမ်းအင်များ
တိုင်းရင်းဆေးနှင့် အရသာများတွဲစပ်ပုံများကို ထပ်မံခွဲခြားတင်ပြ ရလျှင် သီးနှံတို့တွင်ပါဝင်သော အချိုအရသာတွင် ရေဓာတ်နှင့် ပထဝီဓာတ် လွန်ကဲစေသည်။ အဖန်အရသာတို့တွင် လေဓာတ်နှင့် ပထဝီဓာတ် လွန်ကဲ စေသည်။ အချဉ်အရသာတွင် အပူဓာတ်နှင့် ပထဝီဓာတ်တို့ လွန်ကဲစေ သည်။ အစပ်အရသာတွင် တေဇောဓာတ်နှင့် လေဓာတ်တို့ လွန်ကဲစေ တတ်၏။ အငန်အရသာတွင် တေဇောဓာတ်နှင့် ရေဓာတ်တို့ လွန်ကဲစေ တတ်သည်။ အခါးအရသာတွင် (အပွင့်) အာကာသဓာတ်နှင့် လေဓာတ်တို့ လွန်ကဲစေတတ်သည်။ အာယုဗ္ဗေဒ မြန်မာပြန်ဆေးကျမ်းတို့တွင် အစား အစာတို့၏ အရသာကိုလိုက်၍ ယေဘုယျအားဖြင့် မဟာဘုတ် တရားငါးပါးတို့သည် အထက်ပါအတိုင်း တည်ရှိကြပေသည်။
ဂုဏ်နှင့် စွမ်းအင်အစားအစာ
စားသောက်လိုက်သော သီးနှံများနှင့် စားစရာတို့ကို တိုင်းရင်းဆေး ပညာအမြင်နှင့် လေ့လာလျှင် အောက်ပါအတိုင်း ခွဲခြားသတ်မှတ်နိုင်ပေ သည်။ အစားအစာတိုင်းတွင် အရသာတည်ရှိကြပေသည်။ ဆေးပညာ ဝေါဟာရများ တစ်မျိုးချင်းကို ဆက်လက်ရှင်းလင်းတင်ပြပါမည်။ ဂုဏ၏ အဖွင့်သည် အကျိုးပေးနိုင်သောဂုဏ်သတ္တိကို ဆိုလိုပါသည်။ သတ္တိ ဆိုသည်မှာ အစွမ်းသတ္တိဟု အဓိပ္ပာယ်သက်ရောက်စေပါသည်။ ဝီရိယဟု သုံးနှုန်းထားချက်သည် အပူ၊ အအေးကို ဆိုလိုရင်းဖြစ်ပါသည်။ ဝိပါကဟု ဆိုထားချက်သည် အစားအစာကြေညက်မှုဟု ပြန်ဆိုထားပါသည်။ သဘာဝ သည် တန်ခိုးနှင့်ပြည့်စုံကြောင်းပင် ဖြစ်ပါသည်။
တိုင်းရင်းဆေးပညာအရ ခန္ဓာကိုယ်တည်ဆောက်ပုံ တစ်
အစားအသောက်များသည် ခန္ဓာကိုယ်ကျန်းမာရေးကို တည်ဆောက် ပေးရာတွင် အဓိကအကျဆုံးဖြစ်ပါသည်။ သို့ရာတွင် အစားအသောက်များ ကိုမှီဝဲ၍ အသက်ရှည်နေရခြင်းအကြောင်းတရားတို့ကို ဤစာအုပ်တွင် ဖော်ပြရန် အထူးလိုအပ်ပေသည်။ အဘယ်ကြောင့်ဆိုရလျှင် ခန္ဓာကိုယ်ကြီး သည် အစားအစာများမှတစ်ဆင့် ရရှိသော အာဟာရဓာတ်များဖြင့် အထောက်အပံ့ အကူအညီများကြောင့် ဖွံ့ဖြိုးစည်ပင်နေရခြင်းပင်ဖြစ်ပါ သည်။ အာယုဗ္ဗေဒ မြန်မာဘာသာပြန်ဆရာများ၏ အဆိုအရ အောက်ပါ အတိုင်း ဖော်ပြခဲ့ပါသည်။
၁။ လေ၊ သလိပ်၊ သည်းခြေ ဟူသော ဒေါသသုံးပါး။
၂။ ရသာရည်၊ သွေး၊ အသား၊ အဆီ၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ သက်
ဟူသော ဓာတ် (၇) ပါး ၃။ ကျင်ကြီး၊ ချွေး၊ ကျင်ငယ် အစရှိသော မာလဓာတ်ခေါ် အညစ် အကြေးများဖြင့် တည်ဆောက်ထားသည်ဟု ဆေးကျမ်းများတွင် ဖွင့်ဆိုထားကြပါသည်။
လူ့ခန္ဓာကိုယ် စက်ရုံကြီး
လူ့ခန္ဓာကိုယ်ကြီးသည် စက်ရုံကြီးတစ်ခုပမာ တည်ဆောက်ထား၏။ စက်ရုံဟူသည် အစိတ်အပိုင်းများစွာနှင့် တည်ဆောက်ထားခြင်းဖြစ်ပြီး အစိတ်အပိုင်းတချို့ လည်ပတ်နေရာမှ ရပ်ဆိုင်းသွားခြင်းဖြင့် ထိုစက်ရုံကြီးမှ ထုတ်ကုန်များ ဆိုင်းငံ့သွားနိုင်ပေသည်။ အလားတူပင် လူ့ခန္ဓာကိုယ်ကြီးတွင် ကုန်ကြမ်းများဖြစ်သော အစားအစာများကို ချက်ထုတ်ပေးခြင်းဖြင့် ပထမဆုံးချက်၍ရရှိသည်မှာ အရည်ပင်ဖြစ်၏။ ထိုအရည်ဓာတ်ကို တိုင်းရင်းဆေးပညာအရ ရသာရည်” ဟုခေါ်တွင်စေပါသည်။ ထိုအရည်ကို ခန္ဓာကိုယ်ကြီးအတွင်းမှ အဆင့်ဆင့်ပြောင်းလဲပေးလိုက်ရာတွင် ပထမဆုံး (၁)ရသာရည် (၂) သွေး၊ (၃) သား (၄) အဆီ (၅) အရိုး (၆) ရိုးတွင်းခြင်ဆီ (၇) သုက် ဟူ၍ ခုနစ်မျိုးကို ရရှိစေနိုင်ပါသည်။ ဤသို့ အစားအစာများမှ ရရှိသော အာဟာရဓာတ်ကို ချက်လုပ်ရာတွင် ခန္ဓာကိုယ်မှပိုလျှံသော မလ ဓာတ်များ (ဝါ) အညစ်အကြေးများကို ခန္ဓာကိုယ်ပြင်ပသို့ စွန့်ပစ်ရသော တာဝန်နှင့် လုပ်ဆောင်ချက်များသည် သဘာဝတရားပင်ဖြစ်ပါသည်။ ထွက်ရှိလာသော အညစ်အကြေးများသည် ကျင်ငယ်၊ ကျင်ကြီး၊ ချွေး၊ နှပ် အစ ရှိသည်တို့သည် အဓိကဖြစ်ပါသည်။
အထက်ပါ ရသာရည် စသည်တို့တွင်လည်း ဝါယောဓာတ် (လေ ဓာတ်)၊ သလိပ် (အာပေါ)၊ သည်းခြေ (တေဇော)ဓာတ် စသည် ဓာတ် သဘောများလည်း ပါရှိလေ့ရှိပါသည်။
ဆေးပညာ၏ ဂုဏ်ဆိုသည်မှာ
အပဓာနဂုဏ်များသည် အမျိုးပေါင်း ၂၇ မျိုးသောဂုဏ်များ တည်ရှိ နေကြောင်း မြန်မာပြည် အာယုဗ္ဗေဒဆေးကျမ်းများတွင် ဖော်ပြထားပါ သည်။ အဆိုပါဂုဏ်များကို အကျယ်ဖော်ပြခြင်းမပြုတော့ပေ။ အဘယ်
ကြောင့်ဆိုသော် အစားအစာနှင့် အာဟာရကျမ်းကို ရေးသားဖော်ပြနေခြင်း မဟုတ်သောကြောင့်ဖြစ်ပြီး ယခုစာအုပ်သည် အားတိုးဆေးကျမ်းဖြစ်ပါ သည်။ အားကိုတိုးစေသောဂုဏ်ခေါင်းစဉ်အောက်တွင် ဖော်ပြထားသည့် ခေါင်းစဉ်ငယ်များကို ဆက်လက်၍ အောက်တွင် ဖော်ပြထားပါသည်။
အားကိုတိုးစေသောဂုဏ်တွင် ဤအာဟာရ ၇ မျိုးကို မှီဝဲသူသည် မြင်းကဲ့သို့ မေထုန်မှုကိုပြုနိုင်သောသတ္တိရှိ၏။ ထိုအာဟာရ ၇ မျိုးသည် (၁) သုက်ကို များစေတတ်သောဂုဏ်မျိုး၊ (၂) ကာမကို ထက်မြက်စေသော အာဟာရ မျိုး၊ (၃) လိင်ကိုတောင့်တင်းစေသော အာဟာရမျိုး အထက်ပါသုံးမျိုးတို့ ရှိ၏။ ထိုသုံးမျိုးအနက် (၁) အမျိုးအစားသည် သုက်အတိုင်းအတာကို တိုးပွား စေတတ်သည်။ (၂) အမျိုးအစားသည် မေထုန်မှုကို ပြုနိုင်သော သတ္တိရှိ၏။ (၃) အမျိုးအစားသည် မေထုန်မှီဝဲရာတွင် သုက်ကို မြန်မြန်မကျဆင်းစေ တတ်သော သတ္တိရှိ၏ဟု အာယုဗ္ဗေဒဆေးကျမ်း အဆက်ဆက်တွင် နောက် ဆက်တွဲအဖြစ် ဖော်ပြလေ့ရှိသည်ကို စာရေးသူ လေ့လာတွေ့ရှိချက်များ ဖြစ်ပါသည်။
ခွန်အားနှင့် သုက်ကို ပွားစေသောသီးနှံများ
သရက်သီးမှည့်၊ ငှက်ပျောသီးမှည့်၊ ပိန္နဲသီးမှည့်၊ အုန်းသီးဆန်၊ အုန်းသီးစိမ်း၊ စပျစ်သီး၊ ဗာဒံသီး၊ ထန်းသီး၊ စွန်ပလွံသီး၊ ရှောက်သီး၊ သံပရာသီး၊ ရှောက်ချိုသီး၊ ကျွဲကောသီး၊ လိမ္မော်သီး၊ လီကျီ၊ သစ်ကြားသီး၊ ဩဇာသီး၊ သစ်တော်သီး၊ ပန်းသီး၊ ဇီရာ၊ သစ်ကြံပိုး။
နို့ရည်များ၏အာနိသင်
နို့ရည်များအဖြစ် နွားနို့၊ ကျွဲနို့၊ ဆိတ်နို့၊ သိုးနို့၊ မြင်းနို့၊ မြည်းနို့၊ လူနို့ တို့သည် များသောအားဖြင့် အားကိုတိုးစေခြင်းနှင့် သုက်ကို ပွားများစေသည်။ ခန္ဓာကိုယ်၌ ခွန်အားကိုဖြစ်စေသည်။ စိတ်အားကိုဖြစ်စေသည်။ ခန္ဓာကိုယ်၏ ပင်ပန်းနွမ်းနယ်ခြင်းကို ပယ်စေတတ်၏။ မေထုန်အလွန်မှီဝဲခြင်းကြောင့် အားနည်းပါးခြင်းကို ပျောက်ကင်းစေတတ်၏။ ထို့အပြင် အမျိုးသားများ သုက်တွင်ဖြစ်တတ်သောရောဂါတို့တွင် အသုံးဝင်ထက်မြက်စေသည်။
နို့ထွက်အစားအစာများ
နို့ထွက်ပစ္စည်းများသည် လူတို့၏ကျန်းမာရေးကို များစွာ အထောက်အပံ့ ပြုလျက်ရှိနေပါသည်။ ဒိန်ချဉ်၊ ထောပတ်၊ မလိုင် စသည်များသည် နေ့စဉ် စားသောက်နိုင်သော အစားအစာများဖြစ်ပါသည်။
-
-
ကြံထွက်ပစ္စည်းများ
ကြံများသည် အမျိုးအစားအကျဉ်းချုပ်အားဖြင့် ၁၂ မျိုးရှိကြပါသည်။ အကျယ်အားဖြင့် မြောက်မြားစွာရှိကြောင်းကို အာယုဗ္ဗေဒဆေးကျမ်း များတွင် ဖော်ပြပါရှိပါသည်။ ကြံရည်၊ တင်လဲခဲ၊ သကြားနီခဲ၊ သကြား စသည်တို့သည် သုက်ဓာတ်နှင့်ခွန်အားကို ပေးဆောင်စေနိုင်ကြောင်းကို လေ့လာဖတ်ရှုလျှင် တွေ့ရှိနိုင်ပါသည်။ ။
-
*
ယာဂုအုပ်စုဝင်နှင့် အားတိုးစေခြင်း ၊
အစားအစာများကို မီးပူ၊ နေပူ စသည်တို့ဖြင့် ချက်ပြုတ်၍ စား သောက်လေ့ရှိကြပါသည်။ ထိုနည်းစနစ်တို့ဖြင့် ပြုလုပ်စားသောက်စေ ခြင်းသည် အရသာရှိစေရန် ပြုပြင်စားသောက်ပေးခြင်းမျှသာဖြစ်ပါသည်။ ဤသို့ စားသောက်ခြင်းသည် ကွဲပြားခြားနားမှုတစ်ရပ်ရှိနေကြောင်း အာယုဗ္ဗေဒ သမားတော်ကြီးများမှ ထောက်ပြလျက်ရှိပါသည်။ မူလ ရည်ရွယ်ချက်က စားလိုက်သောအစားအစာသည် ခန္ဓာကိုယ်အတွက် အာဟာရဓာတ် ပြည့်ပြည့်ဝဝ ရရှိစေရန် အရေးကြီးလှပေသည်။ ဆိုလို သည်မှာ ဝမ်းဗိုက်အတွင်း သို့ ရောက်သောအခါ အလျင်အမြန် ကြေကျက် သွားစေရန် အဓိကလိုအပ်ချက်ကို ရှေးရှုသင့်ပါသည်။ မကြေကျက်သော အာဟာရဓာတ်သည် မည်မျှပင် ရသာဓာတ်ပေါင်းစုံတို့ဖြင့် ပြည့်ဖြိုးနေစေ ကာမူ အသက် ၁ဝဝ၊ ၁ဝဝဝ ကို ရှည်စေကာမူ ဝမ်းတွင်းသို့ရောက်ရှိပြီး ကြေကျက်ပြီးလျှင် ခန္ဓာကိုယ်ရှိ ဓာတ်များနှင့် ရောနှောပေါင်းစပ်မှုအဆင့်သို့ တက်လှမ်းနိုင်မှသာလျှင် လိုအပ်သောအကျိုးကို ရရှိစေနိုင်ပါသည်။ ထို့ကြောင့် စာဖတ်ပရိသတ်တို့သည် အစားအစာများကို နည်းအမျိုးမျိုးနှင့် ချက်ပြုတ်ကြော်လှော်စားပေးခြင်းဖြင့် အာဟာရဓာတ်ရရှိစေရန် ဆောင်ရွက် လျက်ရှိကြပါသည်။