Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - မြင်သိခံစားအာရုံများကို ကောင်းစွာစီမံတုံ့ပြန်နိုင်ရေး NLPနည်းလမ်း

Regular price 2,200 MMK
Regular price Sale price 2,200 MMK
Sale Sold out

အကြောင်းရင်း” ဖြစ်ပါစေ

“ငါနောက်ကျနေတတ်တာကို ဘယ်လိုမှ မတတ်နိုင်ဘူး။ ငါ့ မိသားစုတွေအားလုံး ဒီလိုချည်းပဲ။”“ငါ့ ဘော့စ်နဲ့ ဖြစ်နေရတာတွေနဲ့ ပတ်သက်လို့ ဘယ်လိုမှမတတ်နိုင်ဘူး။ သူက ပြဿနာတွေချည်း အမြဲတမ်း ဖြစ်စေတာကိုး။” “ဒီစီးပွားရေးကိုလည်း အောင်မြင်အောင် ငါ မလုပ်နိုင်ဘူး။ စီးပွားရေး လောကတစ်ခုလုံးက ဆိုးဝါးလှတာကိုး” “ငါ ဆေးလိပ်မဖြတ်နိုင်တော့ဘူး၊ ဆေးလိပ်ဖွာတာကို စွဲနေမိပြီ။” “ဒါ ငါ့အပြစ်မဟုတ်ဘူး။”

ဘဝမှာ ဖြစ်ပျက်သမျှ အရာရာတိုင်းမှာ အကြောင်းရင်းတစ်ခုစီ ရှိ ကြတယ်။ “ဘင်”က အစားကြီးလွန်းတယ်။ ဒီတော့ ကိုယ်အလေးချိန် တက်လာတာပေါ့။ “ခရီဇီယာ” ကတော့ ၂ ရက်လောက် အစာငတ်ခံနေ တယ်။ ကိုယ်အလေးချိန် ကျသွားတယ်လေ။ အစားများတာ၊ နည်းတာရဲ့ အကျိုးတရားက သိပ်စားလွန်းတာ နည်းလွန်းတဲ့ အပြုအမူတွေရဲ့ အကြောင်းရင်း ဇာစ်မြစ်တွေကြောင့်ပါပဲ။

                                    NLP နည်းလမ်းရဲ့ လျှို့ဝှက်ချက်များ

                 အကြောင်းအကျိုးတရား ညီမျှခြင်း ။ ။ ဒါကို NLP က အကြောင်းအကျိုးတရား ညီမျှခြင်းရယ်လို့ ဖော်ပြတယ်။ အကြောင်းရင်း တရားက တစ်ဖက်မှာ၊ အကျိုးတရားက အခြားမှာ ရပ်တည်နေကြတယ်။

တစ်မိနစ်လောက် ရပ်တန့်စဉ်းစားသော်။ ။ သင် ဘာလုပ်ရမယ်ဆိုတာ မသေ မချာ ခံစားနေရတဲ့အခါတိုင်း သင် ဘာကို ရယူအားထုတ်လိုတယ်ဆိုတာ တစ် မိနစ်ခန့် ရပ်တန့်စဉ်းစားကြည့်လိုက်ပါ။ သင်လိုချင်တဲ့ ရလဒ်ကို ရှင်းရှင်းလင်း လင်း သိလာတဲ့အခါ သင်ဘာကို တာဝန်ယူဖို့လိုလာကြောင်းကို သင် ချက်ချင်း နားလည်လာလိမ့်မယ်။ ဒီအလုပ်က သင့်ကို “အကြောင်းရင်း” ဖော်တဲ့လုပ်ငန်း မှာ ပိုပြီးပြင်ဆင်ထားတတ်အောင် လုပ်ပေးပါတယ်။

                       “အောင်မြင်ရေးအတွက် သင့်ရဲ့ကိုယ်ပိုင်ဖြေရှင်းချက်ကို ခေါင်းထဲမှာ အမြဲတမ်းထည့်ထားခြင်း၊ အရာရာအားလုံးထက်ပိုအရေးကြီးပါတယ်။

                                                      “အေဗရာဟင်လင်ကွန်း” (၁၉ ရာစု၊ အမေရိကန်သမ္မတ)

ဒီစကားက အကြောင်းတရားတိုင်းအတွက် အကျိုးတရားရှိသလို ပဲ အကျိုးတရားတိုင်းအတွက်လည်း အကြောင်းတရားတွေ ရှိတတ်ကြ တာကို ဆိုလိုပါတယ်။

သင်က သင့်ဘဝရဲ့ အကြောင်းတရားလား၊ သင့်ဘဝရဲ့ အကျိုး အာနိသင်လား ။ ။ တခြားစကားနဲ့ ပြောရရင် သင့်မှာ ဖြစ်ပျက်နေသမျှ အတွက် သင်တာဝန်ယူမလား၊ ဒါမှမဟုတ် သင့်ကိုယ်သင် ငြိမ်ဝပ် သေသပ်နေရတဲ့ သားကောင်လို စဉ်းစားမှတ်ထင် ခံစားနေရသလားဆိုတာပါပဲ။

ရိုးရှင်းတဲ့ ဥပမာအဖြစ် ကိုယ်အလေးချိန် လျှော့တာကိုပဲ ကြည့်ပါ။ တာဝန်ယူပြီး လုပ်မယ်ဆိုရင် လေ့ကျင့်ခန်းများများလုပ်၊ အစားလျှော့စား သွားရင် ခြားနားတဲ့ရလဒ်တွေကို သိမြင်ရမှာပေါ့။ ရှုပ်ထွေးရတာတွေ

တော့ ခဏခဏ ပေါ်လာနိုင်တယ်။ ဥပမာ၊ ဆေးပညာရဲ့ အကူအညီ လိုလာတာမျိုးပါ။ ဒါပေမဲ့ “အကြောင်းရင်း” မှာပဲ သင် ရှိနေခိုက် ဆေးပညာရဲ့ အကြံဉာဏ်ကိုယူရင် အလေးချိန်လျော့အောင် သင် ဘာလုပ် ရမယ်ဆိုတာ သိလာမှာပါပဲ။

ငါ့ဘော့စ်နဲ့ငါ ဆက်ဆံရေးက ဘယ်လိုဖြစ်နေပါလိမ့်၊ အလုပ် မဖြစ်တာ ဘာအကြောင်းကြောင့်လဲ။ မူလအကြောင်းရင်းတရားက မထင် မရှား ဖြစ်နေတတ်တယ်။ ဒါ့ကြောင့်လား.. သူ့ကြောင့်လား..၊ နှစ်

ယောက်စလုံးကြောင့်လား။ သင်သိသမျှတွေက အလုပ်မဖြစ်ဘူး။ ဒါဆို ညီမျှခြင်းရဲ့ အကြောင်းတရားဘက်မှာ သင် ဘယ်လိုရပ်တည်မလဲ။

အခြေအနေတစ်ရပ်က ပြောင်းလဲဖို့မလွယ်တာကို သင် ပထမ မြင်ရမယ်။ တကယ်တော့ သိပ်ရှင်းပါတယ်။ သင်လုပ်ရမှာ အားလုံးက အခုကစလို့ သင် ရမယ့်ရလဒ်တွေအတွက် တာဝန်ယူသွားဖို့က “အကြောင်းရင်းတရား” ဖြစ်နေလို့ပါပဲ။ သူ့အမှားဆိုရင် သင့်ယုံကြည် ချက်ကိုပြောင်းရင်း သူ့ကိုဆက်ဆံပုံ ခြားနားလိုက်တာပေါ့။ ဘာဖြစ်မလဲ စောင့်ကြည့်။

“သင့်ရဲ့စီးပွားရေးလုပ်ငန်း အောင်မြင်မှုမှာ တာဝန်ယူ

ကြီးကြပ်သွားဖို့ ဆုံးဖြတ်သွားရင် သင့်မှာ ဖြစ်ပျက်သမျှတို့အပေါ် သနားနေစရာ မရှိဘူးပေါ့။”

 

                                   သင့်မြေပုံကို သိရမယ်

“ရှေးအခါက သင်္ဘောသားတွေဟာ ကမ္ဘာကြီးကို လေ့လာစူးစမ်း ဖို့ ပင်လယ်ခရီး စွန့်စားထွက်ခဲ့ကြတယ်။ အဲဒီအချိန် သူတို့ဆွဲတဲ့ မြေပုံ တွေက ယနေ့ ဂြိုဟ်တုဆက်သွယ်ရေးခေတ်နဲ့တော့ မတူကွဲပြားနေမှာပဲ။ ရှေးဟောင်း ရေကြောင်းသမားတွေရဲ့ ကမ္ဘာကြီးအပေါ် ထင်မြင်ချက်က ကျွန်တော် ကျွန်မတို့နဲ့တော့ ခြားနားမှာပဲ။ အနာဂတ်မျိုးဆက်တွေမှာ လည်း နည်းပညာတွေ လည်ပတ်နေတာနဲ့အတူ စကြဝဠာနဲ့ပတ်သက်တဲ့ အယူအဆတွေ၊ မြေပုံတွေလည်း ခြားနားနေကြလိမ့်မယ်။ ဒါက NLP ဆိုတဲ့မြေပုံရဲ့ ဗဟိုချက်အယူအဆကို သရုပ်ဖော်နေပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးပေါ်က ထင်မြင်ချက်က ပုဂ္ဂလဓိဋ္ဌာန် ဖြစ်နေ တော့တယ်။”

တခြားစကားအရ ကျွန်ုပ်တို့ တစ်ဦးတိုင်းဆီမှာ ကမ္ဘာကြီးကို သီး ခြားစီ မြင်နေကြတယ်။ ကျွန်ုပ်တို့မြင်နေတဲ့ ကမ္ဘာလောကကြီးက တကယ် ရှိနေတာနဲ့ တူချင်မှတူလိမ့်မယ်။ ကျွန်တို့မှာ ဖြစ်ပေါ်တိုးတက်နေတာက

“အဇ္ဈတ္တမြေပုံ” ဖြစ်တယ်လို့ပဲ ရိုးသားစွာပြောရမှာပါ။ အရာဝတ္ထုတွေ အပေါ် ကျွန်ုပ်တို့မြင်ရတဲ့အတိုင်း ကိုယ့်ရှုထောင့်နဲ့ကိုယ် ဖြစ်နေရတာ ပါပဲ။ အလားတူ အခြေအနေတစ်ခုတည်းကိုပဲ အမြင်ချင်းမတူ ကွဲပြား နေတတ်ကြတယ်။

" မသိစိတ်ရဲ့ အခန်းကဏ္ဍ ။ ။ အချိန်အများစုမှာ ကျွန်ုပ်တို့ စဉ်းစားသမျှတွေက မသိစိတ်က လုပ်လိုက်တာတွေပဲ ဖြစ်ပါတယ်။ ဘာကြောင့်ဆိုရင် သိစိတ်က တစ်ချိန်မှာ ကိစ္စနည်းနည်းသာ အာရုံစူးစိုက် နိုင်လို့ပါပဲ။ ကျွန်ုပ်တို့ရဲ့ မသိစိတ်က များစွာပိုလုပ်နိုင်စွမ်း ရှိတယ်။ ကျွန်ုပ်တို့ရဲ့ မသိစိတ်က အာရုံတွေကရရှိတဲ့ သတင်းအချက်တွေယူပြီး ကျွန်ုပ်တို့ရဲ့ မှတ်ဉာဏ်ထဲသိုလှောင်ရင်း ကျွန်ုပ်တို့ခန္ဓာကိုယ်ကို မောင်းနှင် ပါတယ်။ ကျွန်ုပ်တို့ ပေါက်ကွဲထွက်တဲ့ သတင်းအချက်အလက်တွေက တစ်စက္ကန့်အတွင်း သန်းပေါင်း ၂ သန်းရှိတယ်လို့ဆိုတယ်။ သိစိတ်က

တော့ တစ်စက္ကန့်မှာ သတင်း ၇ ခုပဲ သိရှိလက်ခံနိုင်တာပါ။ ဒါကြောင့် ကမ္ဘာလောကနဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့ “အဇ္ဈတ္တမြေပုံ”က ထူးခြားနေရ တာပဲ ဖြစ်ပါတယ်။ ဒါကို မစဉ်းစားဘဲနဲ့ တချို့သောအရာတွေကိုတော့ တခြားအရာတွေထက် ပိုဂရုစိုက်ရမှာပဲ ဖြစ်ပါတယ်။

တစ်မိနစ်ခန့် ရပ်တန့်စဉ်းစားသော် ။ ။ ကမ္ဘာလောကအပေါ်အခြားလူတစ်ဦးရဲ့ ရှုမြင်ချက်ကို အမြဲလေးစားပါ။ တစ်စုံတစ်ယောက်ကသင်နဲ့ သဘောကွဲပြားတာ

ကြောင့်သာ မဟုတ်ဘဲ သူ့မှာ ခြားနားတဲ့တန်ဖိုးတွေ ရှိနေတာကြောင့် ဖြစ်ပါ တယ်။ ဒါတွေက သူတို့မှားတယ်လို့ မဆိုလို (သင်လည်း မမှားတဲ့အတွက်) ရိုးရိုးလေးပဲ သင်တို့မှာ ခြားနားတဲ့မြေပုံအသီးသီးကိုယ်စီကိုယ်င ရှိကြလို့ ဖြစ်တယ်။

သင့်ရဲ့ မြေပုံက ပုဂ္ဂလဓိဋ္ဌာန် ရှုမြင်ချက်ဖြစ်တဲ့အတွက် သင် အသုံး ဝင်တဲ့ကိစ္စ ၂ ရပ် လုပ်နိုင်တယ်။

-

-

-

၁။ ပထမမှာ အခြားလူတွေရဲ့ ရှုမြင်ချက်တွေကလည်း ပုဂ္ဂလဓိဋ္ဌာန်

တွေပဲ အညီအမျှဖြစ်နေကြလို့ မှန်ကန်တာချည်းပဲလို့ သဘော ထားရမယ်။ ဒုတိယက သင့်ကိုယ်သင် အတွင်းကိုစိုက်ကြည့်ပြီး သင် ဘာကို ဂရုစိုက်ရမယ်ဆိုတာကို ရွေးချယ်အကောင်အထည် ဖော်သွားရ မယ်။

ယခင်က သင် လျစ်လျူရှုထားခဲ့တဲ့ သင့် ပတ်ဝန်းကျင်က အရာ ကိစ္စတွေကို သင် စတင်ဂရုပြုမိလိုက်တာနဲ့ လက်ရှိမှာ သင်လိုချင်တဲ့ ပန်းတိုင်ကို မရောက်နိုင်တဲ့ သင့်ရဲ့ မြေပုံကို ပြောင်းလဲဖို့ ရွေးချယ်ရမယ်။

တကယ်လို့ သင်စဉ်းစားတဲ့နည်းလမ်းကို သင် ပြောင်းလိုက်ရင် သင်ပြုမူမယ့် နည်းလမ်းလည်း ပြောင်းလာမယ်။

တကယ်လို့ သင်ပြုမူမယ့်နည်းလမ်း ပြောင်းလာရင် သင်ရရှိမယ့် ရလဒ်တွေ ပြောင်းလဲလာလိမ့်မယ်။

“ကျွန်ုပ်တို့ တစ်ဦးချင်းစီမှာ ပြင်ပကမ္ဘာလောကရဲ့ ထူးခြားတဲ့

အဇ္ဈတ္တမြေပုံတစ်ခုစီ ရှိကြတယ်”