Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - အတိုင်းအတာကိုကျော်လွန်၍

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

နိဒါန်း

                     အရေးပါချက်ကလွဲလို့ အလုပ်ထဲမှာ အရာရာကို ကျွန်ုပ်တို့ တိုင်းတာကြတယ်။ နံပါတ်တွေက သက်သောင့် သက်သာ ရှိလှတယ်။ ဝင်ငွေ၊ အသုံးစရိတ်၊ ထုတ်လုပ်နိုင်စွမ်း၊ ချိတ်ဆက်ခြင်း၊ ဝန်ထမ်းလဲလှယ်ခြင်း၊ ထိန်းချုပ်မှုရဲ့ ထင်ယောင်ဝိုးတဝါးတစ်ရပ် ဖန်တီးရတာတွေပဲပေါ့။ ဒါပေမဲ့ အောင်မြင်မှု သို့မဟုတ် ကျဆုံးမှုတွေနဲ့ ကျွန်ုပ်တို့ ရင်ဆိုင် ကြရတဲ့အခါ CEO ကနေ အိမ်တော်ထိန်းအထိ လားရာ တစ်ခုတည်းကိုပဲ ညွှန်ပြ လက်ညှိုးထိုးမိတာက ယဉ်ကျေးမှု ကိုပါပဲ။ အတိုင်းအတာကိုကျော်လွန်တာ၊ တစ်ခါတရံ ဖော်ပြ နိုင်တာကို သိသိသာသာ ကျော်လွန်တာတွေကြောင့်၊ ယဉ်ကျေးမှုက ဖွဲ့စည်းမှုဘဝရဲ့ လျှို့ဝှက်အနှစ်ရည်ဖြစ်လာပြီး၊ ခြားနားချက်ကို လုပ်နိုင်တဲ့အရာကတော့ ဘယ်သူမှ ပါဝင် ပစ္စည်းဖြစ်မနေတာပါပဲ။

                 ဖွဲ့စည်းမှုယဉ်ကျေးမှုရဲ့ ဒွိဟဖြစ်ချက်က ကြီးမားတဲ့ ခြားနားချက်ကို လုပ်နိုင်တာအပေါ် မူတည်နေတယ်။ ဒီကြီး မားတဲ့ ခြားနားမှုထဲမှာ လုပ်ရပ်အသေးတွေ၊ အလေ့အထနဲ့ ရွေးချယ်မှုအသေးတွေ ပါဝင်ဖွဲ့စည်းထားတယ်။ ဒီအပြုအမူ အစုအဝေးကြီးက နေရာတကာ အဖွဲ့အစည်းစနစ်တစ်ခုရဲ့ ထိပ်ဆုံးကနေ အောက်ဆုံးအထိ ကုမ္ပဏီရဲ့ အတွင်းအပြင် ကနေ သူ့ဟာသူ ဖန်တီးတဲ့ အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုပါပဲ။ ယင်းက ဝရုန်းသုန်းကားနိုင်တယ်လို့ တစ်ချိန်တည်းမှာ ဘယ်သူမဆို လုပ်သမျှအရာရာတိုင်းမှာ ထိခိုက်နေတော့ တယ်။

ဒီအရာမှာ ကျိန်စာနဲ့ ကောင်းချီးပေးမှု နှစ်ခုစလုံး ပါနေတယ်။ ခေါင်းဆောင်တွေအတွက် ကျိန်စာက ယဉ် ကျေးမှုရဲ့ သူ့ကိုယ်ပိုင် လွတ်လပ်တဲ့ ဆန္ဒထဲက ထွက်လာတဲ့ အာရုံအပေါ် မူတည်လဲလျောင်းနေတယ်။ အတိုင်းအတာကိုကျော်လွန်နေရုံသာမက သူတို့ထိန်းချုပ်နိုင်မှုကိုတောင် ကျော် လွန်သွားတယ်။ ယဉ်ကျေးမှုကို တိုင်းတာဖို့တော့ ကျွန်ုပ်တို့ မတတ်စွမ်းပါဘူး။ ဒါပေမဲ့ ဒီယဉ်ကျေးမှုကို ဦးတည်နေတဲ့ ပရိုဂရမ်တွေအတွက် ကျဆုံးမှုနှုန်းမြင့်လာတာကိုတော့ တိုင်းတာနိုင်တယ်။ ဒါက ၇၀% ပတ်ဝန်းကျင်လောက် ရှိတယ်။ ဒါကြောင့် ယဉ်ကျေးမှုဟာ အဓိပ္ပာယ်သတ်မှတ် ရခက်တယ်ဆိုတဲ့ အယူအဆက စီမံရခက်သလို အမိန့်ပေးဖို့ လည်း မဖြစ်နိုင်ဘူး။

အဖွဲ့စည်းရေးရာ ယဉ်ကျေးမှုတွေက တစ်ပြေးညီ စနစ်မဟုတ်ကြောင်း အချက်မှာလည်း ကောင်းချီးပေးချက်တွေ လဲလျောင်းနေတယ်။ ပြောင်းလဲခြင်းအသေးတွေ၊ နား ထောင်တာ၊ မေးခွန်းမေးတာ၊ သတင်းတွေဝေမျှတာတွေဟာ ထုတ်လုပ်နိုင်စွမ်းစနစ်တွေရဲ့ ချိတ်ဆက်မှု၊ ထိုးထွင်းမှု အယူ အဆအတိုင်းအတာကို ကျော်လွန်ပြောင်းလဲနေတယ်။ ဒီသေးငယ်တဲ့အရာတစ်ခုချင်းစီက တုန့်ပြန်ချက်တွေကို မောင်း နှင်သွားတာကြောင့် စနစ်တစ်ခုလုံးကို သြဇာလွှမ်းသွား တယ်။

ဒီထိုးထွင်းသိမှုက ကြီးမားတဲ့ ယဉ်ကျေးမှုတွေဟာ လူတစ် ဦးချင်းစီက သေးငယ်တဲ့စွမ်းဆောင်ရည်တွေအပေါ် မှီပြီး ပြောင်းလဲနေတယ်ဆိုတဲ့ အချက်ပဲ။

၁၉၇၂ ခုက ဗြိတိသျှ ဥရောပ လေကြောင်းလိုင်းက လေယာဉ်တစ်စီးက မြေပြင်က စခွာတက်ပြီး ၃ မိနစ်ပဲကြာ တယ်။ ချက်ချင်း ပျက်ကျလို့ ပါလာတဲ့ ခရီးသည်အားလုံး ၁၁၈ ယောက် သေဆုံးကြရတယ်။ ဘယ်ခေါင်းဆောင်မှု အပြောင်းအလဲကမှ ဒီကြေကွဲမှုကို ဖော်ပြနိုင်စွမ်းမရှိခဲ့ပါဘူး။ ဒီကြေကွဲဖွယ်ကပ်ဆိုးကို ခါးသီးစေတဲ့အချက်က ဒီပျက်ကျ စေတဲ့ ပြဿနာမျိုးကို အရင်ကတည်းက သိခဲ့ပြီး၊ စိုးရိမ်စိတ် တွေ၊ မသိကျိုးကျွံလုပ်ခဲ့တာဟာ သေခြင်းတရားကို ကာကွယ် ပေးတာပါပဲ။ နောက်ပိုင်း စုံစမ်းစစ်ဆေးတဲ့အခါ ခက်ထန်စွာ မေးခွန်းတွေ မရမက မေးရင်း၊ မပြောရဲမဆိုရဲ ကျဆုံးထိမ်ချန် ထားသမျှ ဝေဒနာသဲစွာပေါ်လာပြီး စိုးရိမ်စိတ်တွေဝေမျှ ခံစား ရတယ်။ လူတွေ၊ လုပ်ငန်းဆောင်တာတွေကြားက သေးငယ် တဲ့အတားအဆီးတွေ အားလုံးက စက်မှုလောကတစ်ခုလုံးကို ခြိမ်းခြောက်နေတယ်။

ဒီကပ်ဘေးကြောင့် ပေါ်လာတာတွေကတော့ အတူတူ လုပ်ကိုင်ကြတဲ့ နည်းလမ်းတစ်ခုရယ်၊ ယုံကြည်မှု တည်ဆောက်မိတာရယ်၊ အတူတူလုပ်ကိုင်၊ အယူအဆတွေ ဝေမျှကြတာရယ်၊ ဒါတွေဖြစ်ပြီး၊ ဒါတွေက မြို့ပြလေကြောင်း ညွှန်ကြားမှု ယဉ်ကျေးမှုကို ပြောင်းလဲလိုက်တယ်။ လျှို့ဝှက် ချက်ရှိတဲ့နေရာမှာ အခုတော့ ပွင့်လင်းမှုတွေ ဖြစ်လာတယ်။ အမှားအယွင်းတွေ ဖော်ထုတ်လိုက်တဲ့အခါ အခုအခါ သူတို့ သင်ခန်းစာယူစရာတွေအဖြစ် အသိအမှတ်ရတော့တယ်။

ဒီလုပ်ကိုင်ရေးနည်းလမ်းအသစ်ကို ကျိုးကြောင်း သင့်လျော်တဲ့ ယဉ်ကျေးမှုလို့ ခေါ်တယ်။ ယင်းက သယ်ယူပို့ ဆောင်ရေးကို အလုံခြုံဆုံးအထိ ရောက်အောင် ပင်ကိုသိစိတ် အနည်းဆုံးပုံစံအဖြစ် အသွင်ပြောင်းလဲသွားပါတယ်။

ဒီနေ့ ကျွန်ုပ်တို့ရဲ့ အလုပ်ခွင် ပတ်ဝန်းကျင်အားလုံး ကို ဖြတ်သန်းပြီး၊ “ကျိုးကြောင်းသင့်လျော်တဲ့ ယဉ်ကျေးမှု” ကို ကျွန်ုပ်တို့လိုပါတယ်။ ထိခိုက်ကြေမွမှုကို ကာကွယ်ရုံ သာမက တစ်ဦးချင်းဝန်ထမ်းတွေဆီက အကောင်းဆုံးအယူ အဆ၊ အကဲခတ်မှုတွေ၊ စိုးရိမ်ချက်တွေ သူတို့ ခေါင်းထဲက ဆွဲနုတ်ယူဖို့ပါပဲ။

ကျွန်ုပ်တို့ရဲ့ စိန်ခေါ်ချက်က ကြီးလွန်းပြီး၊ အချိန်က အရင်လို အားကြီးနေတယ်။ လူသားရဲ့ စွမ်းဆောင်ရည်တွေ က အဖွဲ့ အစည်းအတွင်းမှာ သော့ခတ်သိမ်းထားတာ သိပ် များလွန်းနေတာမို့ အနည်းအကျဉ်းလောက်တော့ အလဟ

ဿ ပြုန်းတီးသွားပါစေတော့လို့ သဘောထားရတယ်။ ‘ကျိုးကြောင်းသင့်လျော်တဲ့ ယဉ်ကျေးမှု က စစ်မှန်မှု၊ စွမ်းဆောင်ရည်၊ တစ်ဦးချင်းစီရဲ့ ထက်မြက်တဲ့ ပါးနပ်မှုတွေကို တီးခေါက်ကြည့်နေတယ်။ သူတို့ရတဲ့ဆုတွေက စိတ်ကူး ဉာဏ်ကောင်းခြင်းနဲ့ အမှန်ကို ပြောခြင်းတို့၊ အောင်ပွဲခံခြင်း တို့ပါပဲ။

အောင်မြင်မှုဆီသွားရာလမ်းတွေက အမှားအယွင်း တွေနဲ့ပါပဲ။ တစ်သဝေမတိမ်းလိုက်နာနေမယ့်အစား ဆန္ဒ အာသီသတွေကို အားပေးလို့၊ ယုံကြည်မှုကို တည်ဆောက် တာက ပိုအရေးပါနေတယ်။ ဘယ်ယဉ်ကျေးမှုရဲ့ အသည်း နှလုံးမှာမဆို ခေါင်းဆောင်မှုအယူအဆ တစ်ခုရှိရာမှာ ဈေး ကွက်တွေ၊ ရှယ်ယာဝင်တွေရဲ့ ဒုတိယခန့်မှန်းခြင်းကို မဟုတ် ဘဲ။ အခြားသူတွေရဲ့ အကျိုးအတွက်၊ ကိုယ့်ဘာသာ ပြောဆို ရဲ၊ စဉ်းစားရဲမှုတွေကို အားပေးအားမြှောက် ပြုတာပဲ ဖြစ်ပါ တယ်။ .

သတင်းတွေက ပွတ်သီးပွတ်သပ်လုပ်တာလောက် မဟုတ်ဘဲ၊ ရင်ထဲ အသည်းထဲ အနီးကပ်ဆုံး သိမ်းထားရမှာ ပါ။ ဘာကြောင့်ဆို သူတို့က စွမ်းအားတန်ခိုးတွေ ကိုယ်စား ပြုလို့ပါပဲ။ တကယ်လို့ ကျန်းမာတဲ့ အလုပ်ခွင်နေရာရဲ့ ညွှန်ပြ ချက်ရောဂါစစ်တမ်း ရှင်းရှင်းတစ်ခုရှိရင်၊ ဆက်စပ်ခြင်းရဲ့ အရည်အသွေးကို သင့်လျော်အောင် လုပ်နိုင်ပြီး၊ သူတို့ကို စရိုက်ဖော်တဲ့ အယူအဆ စီးဆင်းမှုကို သက်သာနှေးကွေး စေနိုင်မယ်။

"Ocean Spray" ရဲ့ CEO ဖြစ်သူ ရန်ဒီပါပါဒ် လစ်”က ပြောတယ်။ လူတိုင်းမအောင်မြင်ရင်၊ အောင်မြင်တဲ့ လူရယ်လို့ မရှိပါဘူး” ဒီစကားက ကိုယ့်ကိုယ်ကိုယ် သက်သေထူသလိုရှိတယ်။ ရှိလည်းရှိသင့်တယ်။ ဒါပေမဲ့ အမေရိ ကန်မှာရော ဗြိတိန်မှာပါ စီးပွားရေးလုပ်တဲ့အခါ ကမ္ဘာ တစ်ခွင်ကုမ္ပဏီတွေမှာ ကျွန်မတွေ့ခဲ့ရတာက ငြိမ်ဝပ်တဲ့ ဒီဂရီတွေကြောင့် လူတွေဟာ ထော့နဲ့ထော့နဲ့ ဖြစ်နေကြ တယ်။ အတူတူလုပ်ခဲ့တဲ့ CEO တွေဟာ သူတို့ရဲ့ အလုပ် အင်အားစုတွေမှာ စွမ်းအင်တွေကင်းမဲ့လို့ စိတ်ပျက်လက် ပျက် ဖြစ်နေကြတယ်။ အလုပ်သမားဝန်ထမ်းတွေကို ကျွန်မ စကားပြောကြည့်တဲ့အခါ သူတို့မှာလည်း သူတို့ရဲ့ စဉ်းစား ခြင်းတွေကို ဆွဲနှစ်ဖိနေတဲ့ စည်းမျဉ်းတွေနဲ့ လုပ်ထုံးလုပ် နည်းတွေကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေကြတယ်။ ခေါင်းဆောင်တွေကို သူတို့အရာရာကို သိပုံရနေပါလျက် သူတို့ရဲ့ ယုံကြည်မှုတွေက သူတို့ကို မရွေ့လျားနိုင်အောင် တုပ်ချည်ထားကြောင်း ကျွန်မက အကြံပေးတယ်။ သူတို့ရဲ့ နောက်လိုက်တွေက တိတ်ဆိတ်နေကြပေမဲ့ ပါဝင်ပြောချင်နေ ကြပုံပဲ။ နေရာတိုင်းမှာ လူတိုင်းက သူတို့ရဲ့ မြေတိုက် ရိက္ခာ တိုက်ကို ညည်းတွားကြတယ်။

ကျွန်မ အင်တာဗျူးခဲ့တဲ့လူတွေက အယူအဆ ကြီး ကြီးမားမား တစ်ခုထွက်လာမယောင်နဲ့ ဝေမျှရမှာ တွေဝေနေ တဲ့ပုံမျိုး၊ အရူးဖြစ်မှာကို ကြောက်နေသလို၊ လိုင်းအပြင်ဘက် မှာ မဟာဗျူဟာ လွတ်ထွက်နေပြီး ရိုင်းစိုင်းလွန်း၊ တွန်းပို့ လွန်းလို့ အရူးအမူးတွေ ဖြစ်နေကြတယ်။ ငြိမ်ဝပ်မှုနဲ့ တိတ်ဆိတ်မှုကြား ပရိယာယ်ကြွယ်ကြွယ် လိမ်ထွက်ပြီး၊ ပြဿနာတွေနဲ့ ပတ်သက်လို့ တခြားလူတွေကို သတိမပေး နိုင်တဲ့ သူတို့ရဲ့ခံစားချက်တွေရဲ့ ဈေးနှုန်းကြောင့်သာ မဟုတ်ဘဲ၊ သူတို့ စိန်မခေါ်နိုင်၊ အယူအဆအသစ်တွေ မစူးစမ်း မရှာဖွေနိုင်တဲ့ ခံစားချက်လည်း ပါနေတယ်။ ဒီလိုနဲ့ တိတ် ဆိတ်ခြင်း အခွင့်အလမ်းထဲ တီထွင်မှုတွေလည်း မှေးမှိန် ပျောက်ကွယ်သွားတော့တယ်။

ကျွန်မလည်ပတ်ခဲ့တဲ့ နိုင်ငံတိုင်းမှာ ဒေသခံတွေက စိန်ခေါ်ချက်တွေက သူတို့ရဲ့ ထူးခြားချက်တွေပဲလို့ ဆိုကြ တယ်။ ဟန်ဂေရီမှာ သမိုင်းက ထုတ်ပြောရမှာ ကြောက်တဲ့ အကြောက်တရားရဲ့ အရေးပါမှုနဲ့ ကိုင်စွဲထားနေတယ်။ စင် ကာပူမှာဆိုရင် မျက်နှာမပျက်ရအောင် အဖတ်ဆယ်လိုတဲ့ ဆန္ဒက ရှုပ်ထွေးလှတယ်။ လက်တင်အမေရိကမှာ ရာဇဝတ်ကောင်က ဂုဏ်သိက္ခာရှိသူဖြစ်နေတယ်။ ဗြိတိသျှတွေက ရိုးရာအစဉ်အလာ အရံထားတာကို အပြစ်တင်တယ်။ အမေရိကန်တွေက သူတို့ကိုယ်သူတို့ လိုက်နာသူတွေအဖြစ်

ဖော်ပြကြတယ်။ ဒီပဋိပက္ခဘာသာပြန်ချက်နဲ့ ကျေနပ်စေ လိုတဲ့ ဆန္ဒက စကြဝဠာလုံးဆိုင်ရာပဲလို့ ကျွန်မ နိဂုံးချုပ်မိ ပါတယ်။ ကျွန်ုပ်တို့ စွမ်းအင်တွေနဲ့ သတ္တိတွေကို ကလီစာ ဖယ်ထုတ်ပစ်လိုက်တာပါပဲ။

ကျွန်မ တစ်ဦးချင်းတွေကို ဒီပြုန်းတီးသွားရတဲ့ အခွင့်အလမ်းတွေအကြောင်း ပြောတဲ့အခါ၊ သူတို့က “ယဉ် ကျေးမှု” ဆိုတဲ့ တစ်ခုတည်းသော အရာအကြောင်းပဲ ပြန်ပြော ကြတယ်။ ယဉ်ကျေးမှုက ရာဇဝတ်မှုဖြစ်ရာနေရာမှာ မရှိကြောင်း အလီဘိုင်ပြသလို ဖြစ်လာနေတယ်။ တန်ဆာခံ အသတ်ခံရမယ့် ယဇ်ပလ္လင်ထက်ရောက် ဆိတ်သူငယ်လေး ပါပဲ။ အမှားတွေအတွက် လူတိုင်းအပြစ်ဖို့စရာပဲပေါ့။ ဒါကိုဘယ်သူပြင်နိုင်မလဲ လူတိုင်းပါပဲ။ ဒါကြောင့် ဒီစာအုပ်က လူတိုင်း CEO ကနေ အိမ်စောင့်အထိန်းတော်အထိ ပို

ကောင်းတဲ့ နေရာသွားလုပ်ချင်သူတိုင်းအတွက် ဦးတည်ထား တယ်။

ဒီစာအုပ်က စကားပြောခြင်း၊ နားထောင်ခြင်း၊ စောဒကတက်ခြင်း၊ စဉ်းစားခြင်း၊ ကြည့်မြင်ခြင်းနည်းလမ်း တွေဖြစ်တဲ့ ယဉ်ကျေးမှုကို တောင့်ခံမောင်းနှင်နေတဲ့ နိစ္စဓူဝ အတွေးတွေနဲ့ အလေ့အထ သေးသေးလေးတွေ စုပေါင်းနေ တဲ့ အစုအပုံကို ကြည့်မြင်သုံးသပ်ထားတယ်။ ဒါတွေဟာ ဒေါ်လာမီလျံမြောက်မြားစွာလည်း မဟုတ်ဘူး။ ပရိုဂရမ်နှစ် များစွာလည်း မဟုတ်ဘူး။ ဘယ်သူမဆို အချိန်မရွေး လုပ် နိုင်တဲ့ ခြေလှမ်းအသေးလေးတွေ ဖြစ်သလို၊ ကြီးမားတဲ့ ပြောင်းလဲခြင်းအစကို မှတ်သားနေတဲ့ ခြေလှမ်းအသေးလေး တွေပဲ ဖြစ်တော့တယ်။

ဒီစာအုပ်က ညတွင်းချင်း အသွင်ပြောင်းရေး အတွက် ရိုးရှင်းတဲ့ အမည်ပစ္စည်းတွေ မပေးဘူး။ ဒီအစား ဒီနေရာမှာ စဉ်းစားခြင်းနဲ့ ပတ်သက်တာမှန်သမျှ အများကြီး ပေးထားပါတယ်။ ဒါပေမဲ့ သင်ရပ်တန့်ပြီး စဉ်းစားလိုက်တဲ့ အခါ ဘာတွေလုပ်နေမိမှန်းတွေ့လိမ့်မယ်။ တကယ်လို့ လွှတ် ထားလိုက်ရင် တောက်တိုမည်ရတွေကျော်ပြီး ဒုတိယ ခန့်မှန်းရေးနဲ့ပဲ ပြီးသွားမယ်။

ဒါကြောင့် ကျွန်ုပ်တို့ယုံကြည်ရာကို ရှာတွေ့တဲ့ အခါမှာ ကျွန်ုပ်တို့ ဘယ်သူလဲ၊ ဘာလဲဆိုတာတွေကို ပြောဖို့ လိုတယ်။

အတိုင်းအတာကို ကျော်လွန်၍

ရပ်တန့်ပြီး စဉ်းစားလိုက်ရင် ကျွန်ုပ်တို့ ပြန်လည် တွေ့ရှိရမှာတွေက သတ္တိ၊ ပရိယာယ်ဉာဏ်စွမ်း၊ စွဲလမ်းချက်၊ စိတ်ကူးဉာဏ်၊ နှစ်ခြိုက်အားရမှု၊ ရှာဖွေတွေ့ရှိမှု၊ မြတ်နိုး ခြင်းနဲ့ နှိုးဆွနိုင်တဲ့အလုပ်တွေပါပဲ။

အတိုချုပ်အားဖြင့် အလုပ်ထဲက အရေးပါတဲ့ ကိစ္စ တွေအားလုံးက အတိုင်းအတာထက်ကျော်လွန်ပါတယ်။