Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - လိုရင်းရောက်ဖို့စက္ကန့်(၃၀)

Regular price 1,700 MMK
Regular price Sale price 1,700 MMK
Sale Sold out

သင့်အတွက် ဒီစာအုပ်က ဘာလုပ်ပေးမှာလဲ

 

အောက်ပါစာပိုဒ်ကို ကျယ်လောင်စွာဖတ်ပါ။

“အနာဂတ်က ကားမောင်းသမားမပါတဲ့ မြန်နှုန်းမြင့် ကားတစ်စီးလိုပါပဲ။ သင်က ဒီကားရဲ့ ဒရိုင်ဘာ ဝင်လုပ်ရ မယ်။ သင့်မှာ စီမံကိန်းတစ်ခုရှိတယ်။ သင် တာဝန်ယူ လုပ် သွားရမယ့်လားရာကို သင်က ဆုံးဖြတ်ရမယ်။ တခြား တစ် ယောက်က ဒီဆုံးဖြတ်ချက်တွေချသွားရမှာကို သင်လိုချင် လို့လား။ သာမန်ခရီးသည်တစ်ယောက်လို မလိုက်ပါဘဲနဲ့ သင် ဘယ်သွားချင်မှန်း၊ သင် ဘာကိုလိုချင်မှန်း လူတွေ သိပါစေ။ စက္ကန့် ၃ဝ က သော့ချက်ဖြစ်တယ်။ ဒီအချိန်တွေ မှာ သင့်ဆိုလိုချက်တွေ ဖမ်းမိဖို့လိုတယ်။ ဘယ်အခြေအနေ မှာမဆို စက္ကန့် ၃၀ သတင်းပို့လွှာကို သုံးဖို့နဲ့ ဘယ်လို တိုးတက်အောင်လုပ်ရမလဲ ဆိုတာ ဒီစာအုပ်က သင့်ကို သင်ကြားပေးပါလိမ့်မယ်။ စက္ကန့် ၃၀ သတင်းလွှာက သင့် ကို ဒရိုင်ဘာခုံပေါ် ပို့နိုင်လိမ့်မယ်”

ရပ်လိုက်။ သင် အခုပဲ စက္ကန့် ၃၀ သတင်းလွှာကို ဖတ်ပြီးနေပြီ။

 

စက္ကန့် ၃၀ က မကြာလှပြီဘူး ထင်ရတယ်။

ဒါပေမဲ့ သင် ပြောလိုရာကို ပြောနိုင်လောက်အောင် မကြာလှပါဘူး။

သင့်ရဲ့ နားဆင်နေသူရဲ့ စိတ်ဝင်စားမှုနဲ့ ဂရုစိုက်မှုတွေ ဖမ်းဆုပ်ကိုင်နိုင်လောက်အောင်လည်း မကြာလှပါဘူး။

သင့် နားဆင်နေသူ တွေကို ယုံကြည်လာအောင် ဆွဲဆောင်နိုင်လောက်အောင်လည်း မကြာလှပါဘူး။

သင်လုပ်ချင်တဲ့ ဆိုလိုချက်တွေ ထိထိရောက်ရောက် လုပ်နိုင်လောက်အောင်လည်း မကြာလှပါဘူး။

ဒီအချိန်က ၃ မိနစ်၊ ၃ဝ မိနစ်၊ ၃ နာရီတို့ထက် ပိုပြီး အဖိုးတန်နိုင်သေးတယ်။

ဒီစက္ကန့် ၃ဝ က သင့်ဘဝနဲ့ သင့်အသက်မွေးမှုတို့ရဲ့ လားရာတွေကို ပြောင်းလဲပစ်နိုင်တယ်။

သင့်လုပ်ငန်း အသက်မွေးမှုတစ်ခုလုံး ဆက်သွယ်မှု အမျိုးအစား တစ်ခုမဟုတ်တစ်ခုမှာ ရှိတတ်တယ်။ ကျွန်တော် ကိုယ်တိုင် လူငယ်ဘဝက ရုပ်ရှင်အေဂျင်စီတွေရဲ့ ကိုယ်စား လှယ် လုပ်ခဲ့စဉ်က “လင်ဒါဒါလ်နဲ”၊ “မာရီလင်မွန်ရိုး” “ဟမ် ဖရေဘိုးဂတ်” တို့ရဲ့ ကိုယ်စားလှယ် လုပ်ခဲ့ဖူးတယ်။ အမှု သည် အသစ်တွေကို ဆွဲဆောင်ဖို့၊ ကျွန်တော်တို့မှာ ရှိသမျှ ပါရမီတွေ၊ အရည်အသွေးတွေရောင်းဖို့၊ သူတို့ရဲ့ စာချုပ်ပါ အချက်အလက်တွေကို စေ့စပ်ဖျန်ဖြေပေးဖို့တွေက ကျွန်တော့် အလုပ်တွေပဲဖြစ်တယ်။ CBS ရုပ်သံအတွက် ဇာတ်ကောင် သရုပ်ဆောင်တွေရှာပေးရတဲ့ ခေါင်းဆောင်အနေနဲ့လည်း ပြပွဲ အမျိုးမျိုးအတွက် အကောင်းဆုံး မင်းသားတွေ ရှာပေးခဲ့ တယ်။ သူတို့အေးဂျင့်တွေနဲ့ စာချုပ်နိုင်ရေး စေ့စပ်နိုင်ခဲ့တယ်။

 

ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ၊ ထုတ်လုပ်သူအနေနဲ့ ပရိသတ်အမျိုးမျိုးတွေဆီ ကိုယ့်စကားပေါက်အောင် ရေးသား ပြောဆိုခဲ့ရသေးတယ်။ နှစ်ပေါင်းများစွာ လုပ်ငန်းဆိုင်ရာ လူတွေ၊ နိုင်ငံရေးသမားတွေဆီ လက်တွေ့ကျတဲ့ ဆက်သွယ် ရေးကျွမ်းကျင်မှု သင်ကြားပေးခဲ့ရတယ်။

ကျွန်တော့်ဘဝမှာ စကားပြောတဲ့ စကားလုံးတွေရဲ့ အတက်အကျကို ကြုံခဲ့မြင်ခဲ့ရတယ်။ ထိထိရောက်ရောက် မဆက်သွယ်နိုင်တဲ့ အလုပ်သမားတွေက ချီးမြှောက်တာ လည်း မခံရ၊ ရာထူးလည်း မတက်ခဲ့ရဘူး။ ကိုယ့်ဆိုလိုချက် ကို လက်အောက်ငယ်သားတွေဆီ အရောက်မပို့နိုင်တဲ့ အလုပ်ရှင်ဘော့စ်ဟာလည်း သူ့အလုပ်သမားတွေရဲ့ ပူးပေါင်း

ဆောင်ရွက်မှုကို ဆုံးရှုံးသွားရတယ်။ စကားပြောရတာတွေ မရပ်တန့်နိုင်တဲ့ အရောင်းသမားက ဘာမှ စွဲအောင် မရောင်း နိုင်တော့ဘူး။ နိုင်ငံရေးသမားဖြစ်ပြီး စကားအပြော နည်း လွန်းပြန်တော့လည်း နောက်တစ်ချီ ရွေးကောက်မခံရတော့ ဘူး။ သူတို့က ကျွန်တော်တို့ကို မိနစ်များစွာ ငြီးငွေ့ စေတယ်။ တကယ်တမ်း သူတို့တွေ ကျွန်တော်တို့ကို စက္ကန့်ပိုင်းလေး အတွင်း စိတ်ဝင်စားလာအောင် လုပ်နိုင်ကြတာပါ။

အောက်ပါစာပိုဒ်ကို ကျယ်လောင်စွာဖတ်ပါ။ “ထိထိရောက်ရောက် ဆွဲဆောင်မှုရှိရှိ၊ အနှစ်ချုပ် ဆက်သွယ်ရေးကို လွယ်လွယ်နဲ့ လေ့လာနိုင်ပါတယ်။ “လိုရင်းရောက်ဖို့ စက္ကန့် ၃၀”ဆိုတဲ့ ဒီစာအုပ်လေးက သင့်ကို သင့်နားထောင်သူရဲ့ ဂရုစိုက်မှုကိုရဖို့၊ ထိန်းသိမ်းထားဖို့ အံ့သြဖွယ်ပုံပြင်တစ်ပုဒ်ကို ပြောပြမှာဖြစ်ပြီး သင်လိုချင်တာကို စက္ကန့် ၃၀ အတွင်း ရဖို့ကိုလည်း တောင်းဆိုတတ်လာ စေမယ်။ သင့်လုပ်ငန်းအဖွဲ့ အစည်းတွေ၊ သင့်မိသားစု၊ သင့် မိတ်ဆွေသူငယ်ချင်း၊ သင် ဆက်ဆံနေရတဲ့ အတွင်းရေးမှူး ကနေ စာရင်းကိုင်အထိ၊ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌအထိ လူအားလုံး သင့်ဆိုလိုချက်တွေ ဖမ်းယူရနိုင်စွမ်း ရှိလာပေလိမ့်မယ်။ ဒီစာအုပ်ထဲက အောက်လိုင်းပေးထားတဲ့ ရိုးရိုးခြေလှမ်းတွေ ကို လိုက်နာပါ။ လွယ်ကူတဲ့နည်းစနစ်ကိုသုံးပါ။ သင် အရင် စဉ်းစားလို့ ဖြစ်နိုင်တာတွေထက် ပိုပြီး ပြည့်ဝပြီးမြောက်လို့ သင် အချိန်တွေလည်း ချွေတာလာလိမ့်မယ်။ ဒါတွေလုပ်ရင်း သင်ပျော်ရွှင်လာလိမ့်မယ်”။

သင် အခုပဲ စက္ကန့် ၃ဝ စာသတင်းပို့လွှာကို ဖတ်ပြီးနေပါပြီ။

                ထင်ရှားနေတာက သင့်လုပ်ငန်းဆက်သွယ်မှုအားလုံး ကို ဒီစက္ကန့် ၃၀ စုစုပေါင်းထဲမှာ ပြီးမြောက်နိုင်မှာ မဟုတ်တာပဲ။ သင့် နားထောင်သူနဲ့ အပြန်အလှန် တုံ့ပြန်ထောက်ကူ မှုတစ်ခုကို တည်ဆောက်ဖို့လည်း အရေးကြီးတာပါပဲ။ အခြေအနေတိုင်းဟာ ထူးခြားတယ်။ ဒါပေမဲ့ သင့်ဆိုလိုချက် ကို ဖမ်းယူနိုင်ရေးလုပ်ရမှာကတော့ ဒီစက္ကန့် ၃ဝ လေးပါပဲ။ သင့်နားဆင်သူနဲ့ ၅ မိနစ်ကနေ ၅ နာရီထိ ကြာကြာ စကား ပြောဖြစ်လို့လည်း အကြောင်းမဟုတ်လှပါဘူး။ ကျန်တာ တွေက ပြင်ဆင်မှုတွေ၊ နောက်ဆက်တွဲလိုက်ရမယ့် ကိစ္စတွေ ပါပဲ။ မှန်ကန်တဲ့ စက္ကန့် ၃၀ သတင်းလွှာကပဲ နောက်ဆုံး ခွဲခြမ်းစိတ်ဖြာချက်အဖြစ် သင့်ဆိုလိုချက်ကို သင့်နားဆင်သူ ရဲ့ ဦးနှောက်ထဲမှာ သိမ်းဆည်းပိုင်ဆိုင်ရေးကို ဖမ်းယူပို့နိုင်ဖို့ပဲဖြစ်ပါတော့တယ်။

အချိန်မရွေး၊ နေရာမရွေး ဂရုစိုက်မှုကို ရဖို့ကတော့ စက္ကန့် ၃၀ က အလုပ်ဖြစ်ပါတယ်။

သင့်ရဲ့ စက္ကန့် ၃၀ သတင်းပို့လွှာကို ဘယ်လိုပြင်ဆင် ရမလဲဆိုတာ သင် လေ့လာတဲ့အခါ သင် အောက်ပါတို့ကို တတ်နိုင်ပါတယ်။

* သင့်ရဲ့ စဉ်းစားခြင်းတွေ အာရုံစိုက်ဖို့ ၊

* သင့်ရေးသားချက်တွေ အာရုံစိုက်ဖို့၊

 * သင့် စကားပြောခြင်းတွေ အာရုံစူးစိုက်ဖို့၊

* စကားစမြည်ပြောခြင်းကို လမ်းကြောင်းပေါ် ထိန်းထားဖို့၊

 * ဆက်သွယ်ရေးရဲ့ ဘယ်ပုံစံမဆို ပိုလျင်မြန်စွာ ပြင်ဆင်ဖို့၊

 * ပိုပြီး ယုတ္တိကျကျ အနှစ်ချုပ်ဖို့ ၊

* အင်တာဗျူးတွေ၊ တွေ့ဆုံမှုတွေ ပိုတိုတောင်းဖို့၊

* နားဆင်တတ်ရေး ဖြည့်ဆည်းပေးဖို့၊

* စကားပြောခြင်း၊ တင်ပြချက်တွေ ကြီးစိုးလွှမ်းခြုံထားဖို့၊

* ဘယ်အစည်းအဝေး၊ ဘယ်အင်တာဗျူးမှာမဆိုပိုထိရောက်ဖို့၊

* သင့်ဆိုလိုချက် ထိမိအောင် အမေးအဖြေတွေသုံးဖို့၊

* သင် ယုံကြည်ချက်မြင့်မားဖို့နဲ့

* သင့်လုပ်ငန်းဘဝနဲ့ ပုဂ္ဂိုလ်ရေးဘဝတွေမှာ ရလဒ်တွေ ပိုကောင်းဖို့တွေပါပဲ။

 

နှစ်ပေါင်းများစွာ ဆက်သွယ်ရေးလုပ်ငန်းတွေ့၏ ကျွန်တော် ပတ်သက်လာရာမှာ အရိုးရှင်းဆုံး၊ အရေးပါဆုံး

သော အရာကတော့ ဒီစက္ကန့် ၃၀ သတင်းလွှာရဲ့ အောင် မလား၊ ကျဆုံးမလားဆိုတဲ့ တန်ဖိုး အခရာကျမှုကို လေ့လာ ခဲ့မိသမျှပါပဲ။

 

 

အခန်း(၁)

ဘာ့ကြောင့် စက္ကန့် ၃ဝ ဖြစ်ရတာလဲ

“သူ ငါ့ဆိုလိုချက်သာ သိလိုက်ရရင်”

“ကောင်းပြီ၊ သူမမှာ ၅ မိနစ်ဖြန်းပြီး ထွက်သွားရမှာပဲ”

“ငါ သူ့ကို ဒီနေ့ မတွေ့ရဘူး။ သူ့မှာ အချိန်မှမပေးနိုင်တာပဲ”

“ဒီဖုန်းကို ပြန်ဖြေမနေနဲ့။ အယ်လင်ပဲဖြစ်မှာပဲ။ သူ့မှာ အမြဲတမ်းပဲ စကားပြောနေတာပဲ”

“ဒါဟာ ထိပ်ပိုင်းစီမံခန့်ခွဲရေးဆီ ကျွန်တော်ရဲ့ ပထမဆုံး တင်ပြချက်ပါပဲ။ ပိုကောင်းပြီး မြန်နေရမယ်”

“ဒီမှတ်ဉာဏ်မျိုးက ဘယ်လိုဟာပါလိမ့်။ ၅ မျက်နှာလေး တောင် ဖတ်လို့မရနိုင်ပါလား”

“ဘုရားရေ ... သူပြောနေတာ တစ်နာရီတောင် ရှိရော့မယ်။ ဘာတွေပြောနေမှန်းတောင် ငါမသိပါလား”

“အစည်းအဝေးမှာ ငါ တစ်ကြိမ်လောက် စကားပြောခွင့်ရမယ် ီဆိုရင် ငါ အတိုချုပ်ပြီး ငါ့သတင်း အကုန်ပေးနိုင်မှာပဲ”

“၁၅ မိနစ်စာ အင်တာဗျူးမှာ ငါ့ဆိုလိုချက်တွေကို ငါ ဘယ်လို ထိမိအောင် ပို့နိုင်မှာလဲ”

“သူလိုတာ ၂ မိနစ်၊ ၃ မိနစ်၊ ၁၅ မိနစ်၊ မိနစ် ၂၀ တောင် ဖြစ်နိုင်သေး။ ဒါ ဘယ်လိုပဲဖြစ်ဖြစ် အချိန်ဖြုန်းတာ သက်သက်ပဲ”

ဖတ်သီဖတ်သီ ပြေးလွှားနေရတဲ့ ဒီကမ္ဘာကြီးမှာ ဒါမျိုးက ကြားနေကျပါပဲ။

ဘာ့ကြောင့် စက္ကန့် ၃ဝ ဟာ သင့်ဆိုလိုချက်ထိမိစေဖို့ စံနမူနာပြ အချိန်အတိုင်းအတာဖြစ်ရကြောင်း ရှင်းလင်းတဲ့အကြောင်းရင်းနှစ်ချက် ရှိပါတယ်။

 

                       အချိန်ရဲ့ ကျုံ့ဝင်အား

 

ပထမအကြောင်းရင်းက အချိန်ရဲ့ ကျုံ့ဝင်တဲ့အားပါ။ သင် တစ်ယောက်တည်းအပေါ်မှာသာ မဟုတ်သေးဘူး၊ သင် ယုံကြည်ဖို့ ကြိုးစားနေသမျှ အရာအားလုံးအပေါ်မှာ အချိန်က ကျုံ့ဝင်နေတာပါပဲ။

ကျွန်တော့်ရဲ့ ရုပ်ရှင်နဲ့ တီဗွီလုပ်ငန်းတွေ တစ်လျှောက်လုံးမှာ အချိန်နဲ့အရသာတွေ ပြောင်းလဲနေတာ ကျွန်တော် သိခဲ့ပြီးပြီ။ အမြန် စားစရာ၊ အမြန်ကား၊ အမြန်ချုပ်ဆိုလုပ်ရတာတွေက ဒီယနေ့တွေ့ရတာ၊ ကြုံရတာများတယ်။ အချိန်က လူကိုမစောင့်ဘူး။ ထူးထူးခြားခြားနေနိုင်ဖို့ အတွက် သင်ဟာ ပိုမြန်မြန်ရွေ့ လျားရမယ်။ ပိုမြန်ဆန်စွာရွေ့လျားရဖို့ ရှိပြီး ပိုပြီးလည်း အနှစ်ချုပ်ရလိမ့်မယ်။

လူတွေကို သင် ဘယ်လို စီရင်ဆုံးဖြတ်ပုံနဲ့ သင်က တခြား လူတွေကို ဘယ်လိုစီရင်ဆုံးဖြတ်ပုံနဲ့ပတ်သက်လို့ သင်စဉ်းစားဖူးရဲ့လား။ သင့်ရဲ့ စာချုပ်ပုံ၊ လုပ်ငန်း၊ ငွေကြေးနဲ့ အောင်မြင်မှုတွေအားလုံးက ပထမဆုံး

သော ထင်မြင်ချက်တွေမှာ တွဲလောင်းဆွဲထားနိုင်တယ်။ ပုံရိပ်တစ်ခုက သင့်စိတ်ထဲနဲ့ တခြားလူတွေရဲ့ စိတ်ထဲ ပုံဖွဲ့ နေပြီး သင်နဲ့သူတို့ ဒီအတိုင်း ပြုမူကြတဲ့အခါ စကားလုံး အနည်းငယ်မျှလောက်ကလေးနဲ့ ဒါကမမှန်ကန်ဘူးလား။ စကားလုံးအနည်းငယ်အတွက် မကြာခဏ အချိန် တစ်ခုသာပဲ ရှိတတ်တယ်။

ဒါကြောင့် သူတို့က မှန်တာတစ်ခုထက် ကောင်းနေတယ်။ နှစ်များစွာက တစ်နာရီက ဒီနေ့ရဲ့ စက္ကန့် ၃၀ ဖြစ်နေတယ်။ လုပ်ငန်းမှာ ဖြစ်ဖြစ်၊ ဘယ်ဆက်ဆံရေးမှာဖြစ်ဖြစ် ရှေ့တိုးရွေ့ပြီး ရှင်သန်ကျန်ရစ်ဖို့ သင့်ဆိုလိုချက်ကို စက္ကန့် ၃၀၊ ဒီထက် လျော့ချင်လျော့ပါစေ၊ အလွန် လျင်မြန်စွာ ထိမိသွားအောင် လုပ်နိုင်ရမယ်။

 

                                 ဂရုစိုက်မှုအချိန်တာ

ဘာ့ကြောင့် စက္ကန့် ၃ဝ ဖြစ်ရကြောင်း ဒုတိယနဲ့ ပိုအရေးပါတဲ့ အကြောင်းရင်းကတော့ လူတစ်ယောက်မှာ သင်ပြောတာကို နားထောင်ဖို့ အချိန်ရှိနေရင်တောင် သင့်ဆိုလိုချက်ကို ထိမိသွားစေဖို့ စံနမူနာပြ အချိန်တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ဦးနှောက်က တည်ငြိမ်တဲ့ စီးဆင်းမှု တစ်ခုအတွင်း သတင်းတွေ သိပ်အများကြီး လက်ခံနိုင်တယ်။

ဘဝမှာ ငွေကြေး၊ လိင်ကိစ္စတို့လို ကောင်းတဲ့ကိစ္စတွေအတွက် သင့်စိတ်တွေ ဂနာမငြိမ် လမ်းသလားခြင်းမရှိဘဲ တစ်စုံတစ်ယောက် ပြောတာကို ဂရုစိုက်နားထောင်ပေးဖို့ သင် ဘယ်လောက်ကြာနိုင်မှာ တဲ့လဲ။ ကျွန်တော် တခြားတစ်နေရာရာက ၄ နာရီကနေ ၄ စက္ကန့်အတွင်း အဖြေတွေရနိုင်နေတယ်။ စီးပွားရေးလုပ်ငန်းသမားတစ်ယောက် မကြာ သေးမီက သူ့ရဲ့ အရောင်းအစည်းအဝေးတစ်ခုမှာ စိတ်အချဉ်ပေါက်ပြီး ရင်ဖွင့်ပြောခဲ့တာက သူ့လုပ်ငန်းအဖွဲ့ဝင်တွေရဲ့ ဂရုစိုက်မှုအချိန်ဟာ သုညပဲဖြစ်သတဲ့။ အမှန်အကန် ဘာတွေဖြစ်ခဲ့သလဲဆိုတော့ သူက အမြဲတမ်း စကားပြောရင်ကြာလွန်းတာကြောင့် နားငြီး ငြီးငွေ့ လာတဲ့ သူ့ပရိသတ်ဟာ သူ့ပါးစပ်မဟမီမှာဘဲ ကျောခိုင်းထွက်သွားကြတော့