စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 6

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - ရွှေရောင်ဥပဒေသဖြစ်တဲ့စီးပွါးရေးလုပ်ငန်းကျင့်ဝတ်

ကောင်းသာ - ရွှေရောင်ဥပဒေသဖြစ်တဲ့စီးပွါးရေးလုပ်ငန်းကျင့်ဝတ်

ပုံမှန်ဈေး 1,530 Ks
ပုံမှန်ဈေး 1,700 Ks ရောင်းဈေး 1,530 Ks
ရောင်းရန် ရောင်းကုန်ပြီ
Type

စီးပွားရေးကျင့်ဝတ်မှာ ဘာတွေပဲဖြစ်ပျက်နေပါစေ

၂၀၀၁ ခု နိုဝင်ဘာ ၈ ရက်မှာ ၉ဝ ခုနှစ်တွေက အထွန်းတောက် ဆုံး၊ ဟော့အဖြစ်ဆုံး ကုမ္ပဏီတစ်ခုဖြစ်တဲ့ အင်ဂျွန်” (Enron) က သူတို့ရဲ့ စာရင်းကိုင်အလေ့အကျင့်တွေကြောင့် ငွေဖောင်းပွမှုဖြစ်ပြီး ဝင်ငွေ ကိန်းဂဏန်းတွေ လေးနှစ်အချိန်အတွင်း ဒေါ်လာ ၅၈၆ သန်းဖောင်းပွ သွားကြောင်း ဝန်ခံလိုက်တယ်။ နောက်တစ်လအကြာ၊ Enron ဟာ အခန်း (၁၁) လူမွဲကြေညာလိုက်ရတယ်။ ၂ဝဝ၂ ခု စောစောပိုင်းမှာတော့၊ တရားရေးဌာနက ကုမ္ပဏီအတွင်းလုပ်ပုံ အလေ့အထတွေကို စုံစမ်းစစ် ဆေးရေး ဝင်လာတော့တယ်။ ကုမ္ပဏီရဲ့ အဆင့်အတန်းအပေါ် အမှုဆောင်တွေက ဘယ်လောက်ကောင်းကောင်း နားလည်တန်ဖိုးထားကြ သလဲဆိုတာ စုံစမ်းရေးသမားတွေ သိလိုကြတယ်။ အမှုဆောင်တွေက သူတို့လက်အောက်က ဝန်ထမ်းတွေကို ကိုယ်ပိုင်တဲ့ အင်ဇွန်ရဲ့ စတော့ ရှယ်ယာတွေကို တိတ်တိတ်ခိုးထုတ် ရောင်းပစ်ကြတယ်။ ဒေါ်လာ ၁ ဘီလီယံဖိုး ရောင်းစားပစ်ကြတာပါ။ ကုမ္ပဏီက ဗိုက်ပူလာပြီး ဝန်ထမ်း တွေရဲ့ အငြိမ်းစားစုငွေတွေ ပျက်ပြယ်သွားတာ၊ ရင်းနှီးမြှုပ်နှံသူတွေ စုစုပေါင်း ဒေါ်လာ ၆ဝ ဘီလီယံကျော် ဆုံးရှုံးကုန်ကြတယ်။ ရင်းနှီးမြှုပ်နှံသူတွေ လန့်ဖျပ်တုန်လှုပ်ကုန်ကြပြီး အမေးပြဿနာပေါ်လာတယ်။ ဒါတွေ ဘယ်လိုဖြစ်လို့ ဘာကြောင့်ဖြစ်ရသလဲ။ ဘယ်သူကြောင့်ဖြစ်ရ သလဲ။

လအနည်းငယ်အကြာ ၂၀၀၂ ခု၊ မတ်လ ၂၇ ရက်မှာ လူတွေ အဝန်းအဝိုင်းက ကိုယ်ကျင့်တရား အကြောင်းပြောလာကြတယ်။ စတင် ကျယ်ပြန့်လာရတဲ့ အကြောင်းကတော့ နိုင်ငံရဲ့ ဆဋ္ဌမအကြီးဆုံးကေဘယ် ကုမ္ပဏီဖြစ်တဲ့ အဒေါ့ဖီးရား” (Adelphia) ဆက်သွယ်ရေး ကုမ္ပဏီက သူ့မှာ ငွေကြေးကိစ္စ ပြဿနာတွေ ဖြစ်နေကြောင်း ကြေညာလိုက်လို့ပါပဲ။ ကုမ္ပဏီတည်ထောင်သူ ဂျွန်ရီဂါစု” နဲ့သူ့သားသုံးယောက် တီမိုဘီ “မိုက်ကယ်နဲ့ “ဂျိမ်းစ်”တို့က ကုမ္ပဏီရဲ့ ရပိုင်ခွင့် စုပေါင်းကြွေးမြီစုစုပေါင်း ဒေါ်လာ ၃.၁ ဘီလီယံကို ပုဂ္ဂိုလ်ရေးဝယ်ခြမ်းမှုတွေနဲ့ မိသားစုရဲ့ ငွေရေး ကြေးရေး ပရိုဂျက်တွေမှာ အလွဲသုံးစားလုပ်ခဲ့ကြတယ်။ ရီကို့စ်ကို ထုတ် ပယ်ပြီးနောက် ဒေဝါလီ ခံသွားရတော့တယ်။ စတော့တွေ ထိုးကျသွားပြီး ၂၀၀၂ ခု၊ ဇွန်လ ၃ ရက်မှာ၊ “အဒေါ့ဖီးရား” ဟာ Nasdaq ရဲ့ စာရင်းက ပယ်ဖျက်ခံလိုက်ရပါတော့တယ်။ လူတွေက စီးပွားရေးလုပ်ငန်းတွေမှာ ကိုယ်ကျင့်စာရိတ္တနဲ့ ပတ်သက်လို့ ပိုစိုးရိမ်ပူပန်လာကြတော့တယ်။ လူတွေ က ဒီလိုမေးခွန်းတွေ မေးလာကြတာပေါ့။

“ဘယ်လို လူစားမျိုးတွေက ဒါမျိုးလုပ်ကြတာလဲ။ ဒါတွေက ဘယ်လို ဖြစ်ကုန်ကြတာလဲ။ ဒါမျိုးထပ်ပြီး ဖြစ်နိုင်သေးသလား”

အလားတူစွာပဲ၊ Tycoရဲ့ CEO ဖြစ်တဲ့ ဒင်းနစ် ကော့ဇာလိုးစကီး” က နယူးယော့စ်စီးတီး၊ မန်ဟက်တန်က ခရိုင်တရားရှေ့နေရုံးကနေ တရားစွဲဆိုခြင်း ခံခဲ့ရတယ်။ အနုပညာလက်ရာတွေနဲ့ အခြားအဖိုးတန် ပစ္စည်းတွေ ကိုယ်ပိုင်ဝယ်ပြီး အရောင်းခွန်ငွေပေါင်း ဒေါ်လာ ၁ သန်း ရှောင်တိမ်းမှုကြောင့်ပါပဲ။ စုံစမ်းရေးသမားတွေက သူ့လုပ်ရပ်တွေထဲမှာဆက်ပြီးတွေ့ရှိရတဲ့ မသမာမှုတွေက သူနဲ့အခြား Tycoရဲ့ အမှုဆောင် နှစ်ယောက်က ကုမ္ပဏီရဲ့ ငွေတွေဒေါ်လာ ၆၀၀ သန်းလောက် သုံးထား ကြတာပါပဲ။ ပုဂ္ဂလိက ကိုယ်ကျင့်စာရိတ္တ ဖောက်ပြားမှုတွေကို လူတွေ စိုးရိမ်ပူပန်လာကြတာက အုတ်အော်သောင်းတင်းဖြစ်လာပါတော့တယ်။

အဲဒီလ နောက်ပိုင်းမှာ “Time” မဂ္ဂဇင်းကြီးက “နွေရာသီ မယုံ သင်္ကာမှုကြီး” လို့ အစီရင်ခံစာမှာ ထပ်ကြေညာလိုက်ပါတယ်။ တိုင်း CNN ဆန္ဒခံယူမှုအရ၊ “အမေရိကန်အများစုရဲ့ ၇၂%ဟာ ကုမ္ပဏီပေါင်း မြောက်မြားစွာရဲ့ ကောက်ကျစ်လိမ်ညာလှည့်စားမှုတွေကို ကြောက်ရွံ့ လာကြတာဟာ ကိုယ်တစ်ယောက်တည်း မဟုတ်တော့မှန်း သိလာကြ တယ်။ WorldCom ကုမ္ပဏီကြီးက သူတို့ရဲ့ စာရင်းကိုင်မှုလုပ်ငန်းစဉ် တွေမှာ မမှန်မကန် မှားယွင်းမှုတွေ ဖြစ်နေကြောင်း ဌာနတွင်း စာရင်းစစ် အဖွဲ့ က တွေ့ရှိတယ်လို့ ကြေညာရတယ်။ ၂ဝဝဝ နဲ့ ၂၀၀၂ အကြားက အမြတ်ငွေတွေမှာ ဒေါ်လာ ၇.၁ ဘီလီယံဖိုး ပိုပြထားသတဲ့။ World Comကပြောတာက ၅ ကွာတာအတွင်း ဒေါ်လာ ၃.၈ ဘီလီယံ ကုန်ကျ ငွေတွေက မမှန်မကန်ဘူးလို့ဆိုတယ်။ အကျိုးဆက်တွေ ဘာတွေဖြစ်လာ သလဲ။ အလုပ်သမားပေါင်း ၁၇၀၀၀ အလုပ်ပြုတ်သွားရတာပါပဲ။ စတော့ရှယ်ယာ ၇၅%ကျော် ထိုးကျလာတော့တာပေါ့။ လူထုကြားထဲ မေးခွန်းတွေ တိုးလာရတယ်။ ဘာကြောင့်ဒါတွေ ဖြစ်ရသလဲ။ ကုမ္ပဏီ တွေ ကိုယ်ကျင့်စာရိတ္တ ဘာလို့ဖောက်ပြန်တာလဲ။ စီးပွားရေးကျင့်ဝတ်မှာ ဘာတွေ ဖြစ်ဦးမှာလဲ။

 

နောက်သို့ပြန်ဆုတ်

( လူတွေများစွာ အမေရိကန်နိုင်ငံအတွင်း ကိုယ်ကျင့်တရားဖောက် ပြန်လာမှုတွေကို ရွံရှာစက်ဆုပ်လာကြတယ်။ မရိုးသားမှုတွေ၊ လိမ်ညာမှုတွေနဲ့ ဖျားနာနေကြတယ်။ UC ဘာကလေ စာရင်းကိုင်ပါမောက္ခ “ဘရက်ထရူးမင်း” က Haas စီးပွားရေးကျောင်းမှာ သင်ကြားနေစဉ် ခုလိုမှတ်ချက်ချတယ်။ နေ့စဉ်တိုင်းလိုလို ဈေးကွက်တွေက ထိုးကျနေ နေတော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေဟာ ဘယ်သူ့ကို ယုံကြည်စိတ်ချရမှန်း မသိတော့ဘူး။ ဒီလိုကိစ္စတွေ ပေါ်လာတော့ တည်ဆောက်ဖို့ ဆက်လုပ် ရရုံပဲပေါ့”

ဒီပြဿနာတွေက စီးပွားရေးလောကမှာသာ မဟုတ်တော့ဘဲ ဘာသာရေးအဖွဲ့ အတွင်းတွေမှာပါ တွေ့လာရတယ်။ ကက်သလစ် ဘုရားရှိခိုးကျောင်းအတွင်း ပေါ်ပေါက်ဖွင့်ချနိုင်ခဲ့တဲ့ အံ့သြစရာမသမာမှု အကြောင်းတွေကို လူထုတွေ သြချရတယ်။ ပူလစ်ဇာဆုတောင် ရသွားသူ သမိုင်းပါမောက္ခ စတီဗင်အမ်ဘရိုစ်”ကတောင် သူ့စာအုပ် အပြာရောင် အရိုင်းအစိုင်း” (The Wild Blue) အတွက် သမိုင်းဆရာ `သောမတ် ချိုင်ဒါးစ်”ဆီက အချက်တွေ ခိုးချခဲ့သေးတယ်။ သူများစာတွေ ကိုယ့်စာ လိုလို ခိုးချတာလည်း ပူလစ်ဇာဆု ရသွားတယ် ဆိုတော့ ဒီစာပေဆုရဲ့ ဂုဏ်သိက္ခာထိုးကျရတော့တယ်။ ။

ဆောက်လိုက်စီးတီးမှာ ကျင်းပတဲ့ ဆောင်းရာသီအိုလံပစ်အား ကစားရဲ့ စကိတ်စီးအလှ ပြိုင်ပွဲမှာလည်း ဂျူရီလူကြီးတွေရဲ့ ဆုံးဖြတ်ချက် တွေမှာ မလျော်သြဇာနဲ့ ဘက်လိုက်ခဲ့တဲ့ မမှန်မကန်မှုတွေ ဖြစ်ခဲ့ရတယ်။

အများမဲဆန္ဒ ကောက်ယူသူ ‘ဂျော့ဘာနာ့” က အသက်မွေးဝမ်း ကျောင်းများစွာက ခေါင်းဆောင်များဆီ “ပြည့်ဝတဲ့ ယုံကြည်ချက်” အကြောင်းနဲ့ ပတ်သက်ပြီး သဘောထား ကောက်ယူရာမှာ အလုပ်ရ ရေးနဲ့ ဆက်နွယ်တဲ့ ဆုံးဖြတ်ချက်တွေမှာ အနီးစပ်ဆုံး ကိုယ်ကျင့်စာရိတ္တ” ရှိမရှိကြည့်ရှုလိုက်တော့ ရလဒ်တွေက အောက်ပါအတိုင်း ချောက်ကမ်း ပါးကျရတဲ့ ဘဝတွေ့ ရပါတော့တယ်။

 

 

၂။ အောင်မြင်ဖို့ဇောနဲ့ ကျွန်တော်တို့ လုပ်မိမှာလုပ်ရာကို လုပ်မိတာမျိုး

လူအများစုလိုပဲ ကျွန်တော်လည်း ရှုံးနိမ့်ခြင်းကို မုန်းတီးပါတယ်။ အထူးသဖြင့် စီးပွားရေးသမားတွေက ရှုံးနိမ့်တာကို မလို၊ အောင်မြင်ခြင်း သာလိုချင်ကြတယ်။ လူများစွာ ကိုယ်ကျင့်တရား ကောင်းဖို့နဲ့ အောင်မြင်ဖို့ ကြားမှာ ရွေးရဖို့ ကြုံလာရင် လူများစွာ ဘယ်လမ်းလိုက်မိကြပါသလဲ။ အတ္တလန်တာ စီးပွားရေး ခရော့နီကယ်စာစောင်က အစီရင်ခံစာမှာ အတ္တလန်တာက ဦးဆောင် ကုမ္ပဏီတစ်ခုက အမှုဆောင်အုပ်စုတစ်ခုကို နိုင်ငံလုံးဆိုင်ရာ ညီလာခံခေါ်ပြီး ဦးနှောက်မုန်တိုင်းဆင်ရေး သုံးရက်ကြာ နှီးနှောပွဲတစ်ရပ်လုပ်တယ်။ အဲဒီညီလာခံကို အရောင်းဝန်ထမ်းပေါင်း

ထောင်နဲ့ချီတက်ရောက်ကြတယ်။ ကဏ္ဍတွေအမျိုးမျိုး အယူအဆတွေ ဖလှယ်ကြစဉ် ကော်ပိုရေးရှင်းရဲ့ အထက်တန်း ဒု-ဥက္ကဋ္ဌ အမျိုးသမီးက စိတ်အားထက်သန်စွာ အကြံဉာဏ်တစ်ခုတင်ပြလိုက်တယ်။ “ကျွန်မတို့ ကိုယ်ကျင့်တရားကောင်းဖို့ ကိစ္စများမပြောကြဘူးလား”တဲ့။

ရုတ်တရက် ချက်ချင်း အခန်းထဲ လူတစ်ယောက်သေသွားတဲ့ အတိုင်း ဘာသံမှမကြာအောင် တိတ်ဆိတ်သွားတော့တယ်။ ခဏပဲ ကြာလိုက်ပါတယ်။ ဒု-ဥက္ကဋ္ဌ ဘာမှမပြောသလို သူမစကားကို မေ့ ပျောက်ပစ်ပြီး အစည်းအဝေးက တခြားခေါင်းစဉ်တွေ ဆက်ပြောကြ တယ်။ သူမလည်း တစ်ယောက်ယောက်က နောက်ကိုဆွဲထားတာ ခံရ သလိုနဲ့ သူ့အယူအဆကို ချထားလိုက်တော့တယ်။

သူမက အဲဒီနေ့နောက်ပိုင်းမှာ ကုမ္ပဏီရဲ့ CEOဆီကို ဒီအယူ အဆကို ထပ်ပြောကြည့်တယ်။ ညီလာခံမှာ ကိုယ်ကျင့်တရားကို မိန့်ခွန်း ပြောသင့်တယ်လို့ တင်ပြတယ်။ သဘောတူလိမ့်မယ်လို့ မျှော်လင့်မိပေမဲ့..........................

 

၃။ နှိုင်းရဝါဒနဲ့ ကျွန်ုပ်တို့ရဲ့ ရွေးချယ်မှုတွေ အခြေအနေအရ ဆင်ခြင်ရတာမျိုး

လူများစွာက ဒီလိုအနိုင်မရတဲ့ အခြေအနေမျိုးနဲ့ ပတ်သက်ဖို့ ရွေးချယ်ကြတယ်။ အခိုက်အတန့် တစ်ခုမှာ မှန်တာကို ရွေးချယ်ဖို့ ဆုံးဖြတ်ရတာမျိုးပါပဲ။ အခြေအနေအရ ဒီလိုရွေးချယ်ရတဲ့ အယူအဆ ဟာ ၁၉၆၀ ပြည့်နှစ်တွေက စင်စင်နီတီ၊ အိုဟိုင်းဟိုးက စိန့်ပေါလ်ဘုရား

ကျောင်းက ကျောင်းအုပ်ဆရာတော် ‘ဒေါက်တာ ဂျိုးဇက်ဖလက်ချာ” ရဲ့ စာအုပ် အခြေအနေအရကျင့်ဝတ်”ထဲကအယူအဆမျိုးနဲ့တူနေတယ်။ သူက အဲဒီစာအုပ်မှာ ပြောထားတာက မေတ္တာဓာတ်သည်သာ အမှား ကနေ အမှန်ကို ဆုံးဖြတ်ရန်မြင်ရတဲ့ အဆင့်အတန်းပဲလို့ ဆိုထားတယ်။

အမှုဆောင်ခေါင်းဆောင်မှုပညာ ဖောင်ဒေးရှင်းက အောက်ပါ အတိုင်း ဖော်ပြထားတယ်။

“ဖလက်ချာရဲ့ အလိုအတိုင်း အခြေအနေအရ အမှန်ကို ဆုံးဖြတ် ရမယ်လို့ဆိုတယ်။ မေတ္တာဟာ အရာရာကို တရားမျှတအောင် လုပ်ပေး တယ်။ လိမ်ညာခြင်း၊ ခိုးယူခြင်း၊ လှည့်စားမှု၊ လူသတ်မှုကိုတောင် သည်းခံခွင့်လွှတ်ပေးတယ်။ ဒီဒဿနက ကမ္ဘာတစ်ဝန်းလုံးက ဘာသာ ရေးနဲ့ ပညာရေးနယ်ပယ်တွေမှာ ပျံ့နှံ့သွားတယ်။ ၁၉၆၀ ပြည့်နှစ်တွေက တည်းက အခြေအနေအရ ကိုယ်ကျင့်တရား ကောင်းရေးက လူမှုရေး အပြုအမူရဲ့ စံနမူနာဖြစ်လာတယ်။ ပညာရေး၊ ဘာသာရေး၊ အစိုးရ လောကတွေတစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့ပြီးတဲ့နောက် နယ်ပယ် အသစ်

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။