Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - ဆွန်ဇူးနဲ့စီးပွါးရေးလုပ်ငန်းအနုပညာ

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out

ဆွန်ဇူးနဲ့ စီးပွားရေးလုပ်ငန်းအနုပညာ မဟာဗျူဟာစည်းမျဉ်း ခြောက်ရပ်

၁။ တိုက်ခိုက်မှုမရှိဘဲ အောင်နိုင်ရေး

သင့်ရဲ့စီးပွားရေး မဟာဗျူဟာပန်းတိုင်က “မိုးကောင်းကင်အောက် က မပျက်မစီး ပြည့်ပြည့်ဝဝကျန်နေဆဲ အားလုံး”ကို ယူရေးဖြစ်ပြီး မပျက် မစီးဘဲ သင့်ရဲ့ ဈေးကွက်နေရာကို ဖမ်းဆုပ်ရေးဖြစ်တယ်။

၂။ အင်အားကောင်းချက်ကို ရှောင်ပြီး အားနည်းချက်ကို တိုက်ခိုက်ရေး

အောင်မြင်ချင်ရင် သင့်ရဲ့ထိပ်တန်းပြိုင်ဆိုင်သူ လိုက်ပါနေတဲ့ မဟာ ဗျူဟာတွေ နောက်ကို ဘယ်တော့မှ မလိုက်ရ။ တကယ်လို့ သင် တခြားလူ တစ်ယောက်ဖြစ်ဖို့ ကြိုးစားရင်တော့ အကောင်းဆုံး သင် ဖြစ်နိုင်တာက ဒုတိယမြောက် အကောင်းဆုံးပါပဲ။

၃။ အယုံသွင်းခြင်းနဲ့ ကြိုတင်သိရှိထားတဲ့ ဗဟုသုတ

ပြိုင်ဆိုင်မှုမှာ အလဲထိုးချင်ရင်တော့ သင့်ရဲ့ပြိုင်ဆိုင်သူကို သင်သိရ မယ်။ သင့်ကုမ္ပဏီအကြောင်း သင်သိရမယ်။ သင့်ရဲ့ဈေးကွက်နေရာကိုလည်း သင်သိရမယ်။

၄။ အမြန်နှုန်းနဲ့ ပြင်ဆင်မှုရှိရေး

စီးပွားရေးလုပ်ငန်း ပြိုင်ဆိုင်မှုရဲ့ သဘာဝက ပြောင်းလဲခြင်းပါပဲ။ ယင်းရဲ့ခြေလှမ်းက ဆက်လက်အရှိန်ကောင်းနေဖို့ ဖြစ်တယ်။ နှေးကွေးခြင်း က မီးစငြိမ်းသွားတာပါပဲ။

 ၅။ သင့်ပြိုင်ဘက်ကို ပုံသွင်းရေး

သင့်ရဲ့ပြိုင်ဆိုင်မှုကို ပုံသွင်းဖို့ တိုက်ရိုက်နဲ့သွယ်ဝိုက်တဲ့ ချဉ်းကပ်ချက် တွေ အသုံးချရမယ်။ မဟာမိတ်တွေကို ကျကျနနအသုံးချပြီး သင့်ပြိုင်ဆိုင် သူတွေရဲ့ ရွေ့လျားမှုတွေကို ကန့်သတ်ရင်း သူတို့ရဲ့ အမှုဆောင်တွေရဲ့ စိတ် လှုပ်ရှားမှုတွေရဲ့ အပေါ်မှာ အကျိုးအမြတ်ထုတ်ယူရမယ်။

၆။ စရိုက်သဘာဝအခြေခံတဲ့ ခေါင်းဆောင်မှု

ဥပမာသာဓကထားပြီး သင်ခေါင်းဆောင်သွားရမယ်။ သင့်လူတွေကို သင်သိနားလည်အောင်လုပ်ပြီး သူတို့ရဲ့အချိန်အခါဆိုးတွေ အချိန်အခါကောင်း တွေကိုပဲ ဝေမျှသွားရမယ်။ အရေးကြီးတာကို ပြောပြီးတော့ အဲဒီအတိုင်း တောက်လျှောက်လိုက်ပါသွားပါ။

 

 

ဆွန်ဇူးနဲ့ စီးပွားရေးလုပ်ငန်းအနုပညာ

အပေါ် ချီးကျူးကြသမျှ

 

"K-Mart" "ATRT" "Xerax", "General Motars" တွေ သူတို့ရဲ့ အတိတ်က CEOတွေသာ ဒီစာအုပ်ကိုဖတ်မိသွားရင် သူတို့ကိုယ်သူတို့ ဒေါ်လာ ဘီလီယံပေါင်းများစွာ ချွေတာမိသွားမှာပါပဲ။

                                              “ဖီးလစ်ကော့တလာ” J.L. Kellogg ဘွဲ့ရ

                                                ကျောင်းစီမံခန့်ခွဲရေး၊ နော့ဝက်စတင်းတက္ကသိုလ်။

 

 

 

- “ဒီဆွန်ဇူးရဲ့ အယူအဆတွေကို လက်တွေ့ကျကျ နိဒါန်းပျိုးခြင်းက

အမေရိကန်စီးပွားရေး ခေါင်းဆောင်တွေကို သူတို့ရဲ့ နိုင်ငံတကာ ပြိုင် ဘက်တွေအပေါ် ခပ်မြန်မြန်ကျော်လွှားနိုင်ရေး ကူညီပေးတယ်။ ဆွန်ဇူး ရဲ့ ဉာဏ်ပညာကို အသုံးချရင်း သူတို့ခေါင်းတွေကို အံ့မခန်းအောင် စတင်နိုင်ခဲ့ တယ်။ မစ္စတာမက်နယ်လီဟာ အမေရိကန် စီးပွားရေး

လောကရဲ့ ကျေးဇူးတရားနဲ့ ထိုက်တန်နေပါပြီ။ သူ့ရဲ့ဒီစာအုပ်သစ်က “ဆွန်ဇူးရဲ့” “ပင်းဖာ”ခေါ် “စစ်ရဲ့အနုပညာ””လို့ အနောက်တိုင်းက သိထားတဲ့ စစ်မဟာဗျူဟာကျမ်းကြီးကို သေနင်္ဂဗျူဟာသမား မန်နေဂျာတွေအတွက် အသုံးကျတဲ့လမ်းညွှန်အဖြစ် ပြောင်းလဲပေးတဲ့ ခက်ခဲလှတဲ့ပွဲမှာ အမေရိကန်တွေရဲ့ကြိုးပမ်းမှုတွေ မှာ စတုတ္ထမြောက် အကောင်းဆုံးပဲဖြစ်ပါတယ်””

                                                                                          ဒေးဗစ်အယ်ရီဒင်းဘာ့ဂ်

                                                                        Strategy and Leadership ရဲ့ စာရေးစရာ

 

“ဒီစာအုပ်ဟာ ပျော်စရာကောင်း၊ လေးနက်ပြီး မြန်မြန်ဖတ်လို့ စိတ်ဝင်စားစရာပါပဲ။ မဟာဗျူဟာတွေ စိတ်ဝင်စားကြတဲ့ ဘယ်သူ မဆို ဒီစာအုပ်ဖတ်သင့်ကြောင်း ကျွန်တော်တော့ ထောက်ခံတင်ပြ လိုပါတယ်”

“စီမံခန့်ခွဲရေး အမှုဆောင်များရဲ့ အကယ်ဒမီ” စီးပွားရေးလုပ်ရတာ စစ်ပွဲနဲ့တူတယ်လို့ သင်အမြဲခံစားနေရရင်တော့ ရှေးဟောင်း တရုတ်စစ်သူကြီးရဲ့ သင်ကြားချက်တွေကို အခြေခံတဲ့ ဒီစီးပွားရေး ကျမ်းသစ်က ပေးအပ်စရာတွေ များလှပါတယ်။

"Entrepreneur" မဂ္ဂဇင်း။ “နောက်ဆုံးမှာတော့ “စစ်ရဲ့ အနုပညာ”ဆိုတဲ့ ကျမ်းတစ်အုပ်ကို တစ်စုံတစ်ယောက်ကတော့ဖြင့် အနှစ်သာရပြည့်ဝအောင် လုပ်ခဲ့ပြီ

ကော”

“ဘရိုင်ယန်ဘလွန်း”” စစ်ဆင်ရေးအရာရှိအကြီးအကဲ။

"The C/W Company"

 Sun Tzu Strategy Website ကိုတခေါက်လေ့လာြကည့်ပါ။

www.cazmedia.com/Suntzu.

 

 

                                 နိဒါန်း

 

ဘီစီ ၄ဝဝ ဝန်းကျင်ကာလတစ်ဝိုက် တရုတ်ပြည်ကြီးက စစ်ဘုရင် တွေ သူတစ်လူ ငါတစ်မင်း သီးခြားစီ စစ် ပြည်နယ်တွေဖွဲ့စည်းအုပ်ချုပ် နေကြတဲ့ အချိန်ဖြစ်ခဲ့တယ်။ အဲဒီကာလမှာ “ချီ” ပြည်က ထွက်ပေါ်လာတဲ့ စစ်ဗိုလ်ချုပ် “ဆွန်ဇူး”က တိုက်ပွဲပေါင်းမြောက်မြားစွာ အောင်နိုင်ပြီး စစ်အာဏာ တန်ခိုးထွား ကျော်ကြားလာခဲ့တယ်။

သူ့ရဲ့တိုက်ပွဲအတွေ့အကြုံ နှစ်ကာလများ လက်တွေ့ကြုံတွေ့ သိမြင် ခဲ့သမျှ ဉာဏ်ပညာတွေ “ဆွန်ဇူး”က “စစ်ရဲ့အနုပညာ”ဆိုတဲ့ "The Art of War" ကျမ်းကြီးတစ်စောင် ပြုစုခဲ့ရာက တရုတ်ရဲ့ဂန္ထဝင်မြောက် စစ်ဗျူဟာကျမ်းကြီးအဖြစ် ယခုခေတ်တိုင် ကျော်ကြား တွင်ကျယ်ခဲ့ပါတယ်။ သူ့ရဲ့ကျမ်းက အသေးစိတ် ပြည့်ပြည့်စုံစုံဖော်ပြခဲ့တဲ့ ဒဿနတစ်ရပ်ဖြစ်တဲ့ တစ်ဦးတစ်ယောက်ရဲ့ပြိုင်ဘက်ကို ဘယ်လိုဆုံးဖြတ်ချက်ပိုင်ပိုင်နဲ့ အနိုင်ယူ နည်းက အရှေ့တိုင်းနဲ့ အနောက်တိုင်း ရာစုနှစ်များတောက်လျှောက် စစ်ဗိုလ် ချုပ်တွေရဲ့ စစ်ရေးသဘောတရား သီဝရီတွေအဖြစ်ကို လမ်းညွှန်ပေးခဲ့ပါ တယ်။ “စစ်ရဲ့အနုပညာ””က ဆွန်ဇူးရဲ့ထိုးထွင်းသိမြင်မှုတွေ ပါဝင်ရုံသာ မက သူ့ရဲ့ နောက်မှာဆက်ခံတဲ့ “လီချွန်ဟ္မာ”နဲ့ “တုမု”၊ အခြားစစ် အတွေးအခေါ်သမားတွေရဲ့ နောက်ထပ်ရှင်းပြချက်တွေလည်း ပါနေပါတယ်။ “စစ်ရဲ့အနုပညာ”မှာ စစ်မှုရေးရာ စာဖတ်သူတွေက တွေ့ခဲ့ရတဲ့ ရန်လို ငြိုးထားတဲ့ မဟာဗျူဟာချဉ်းကပ်ချက်က စွမ်းအားကောင်းလှပြီး ဆက်သွယ် ရ တိုတိုတုတ်တုတ်နဲ့ လွယ်ကူရှင်းလင်းရုံမျှမက စစ်သေနင်္ဂဗျူဟာမှာ ဂန္ထဝင် မြောက် ကျမ်းတစ်ဆူလည်း အစစ်အမှန်ဖြစ်ပါတော့တယ်။

 

 

                     စစ်ရဲ့ အနုပညာကို သုံးစွဲပုံသုံးစွဲနည်း

တရုတ်ပြည်မှာ ပထမဆုံး ဧကရာဇ်မင်း “ကျင်ရှီဟွမ်း”က စစ်ရဲ့ အနုပညာကျမ်းကို စလေ့လာခဲ့တယ်။ ယင်းရဲ့စည်းမျဉ်းတွေကို ကိုင်ဆွဲရင်း တရုတ်ပြည်ကို ဘီစီ ၂၀၀ ခန့်က ပထမဆုံး စည်းလုံးညီညွတ်စေခဲ့တယ်။ ရာစုနှစ်ပေါင်း ၂၁ ရာစု ကြာတဲ့အခါ မော်စီတုန်းက ဆွန်ဇူးရဲ့ရေးသားချက် တွေကိုသုံးပြီး ချန်ကေရှိတ်နဲ့ အမျိုးသားရေးဝါဒီတွေကို ၁၉၄၉ ခုမှာ တွန်း လှန် တိုက်ထုတ်လိုက်နိုင်ခဲ့တယ်။ တရုတ်ပြည်ကို ကွန်မြူနစ်နိုင်ငံတော်အဖြစ် တစ်စုတစ်စည်းတည်း တည်ထောင်ခဲ့တယ်။ ဆွန်ဇူးဟာ မော်စီတုံးရဲ့ ပြောက် ကျား စစ်ဗျူဟာတွေအပေါ်မှာလည်း သြဇာလွှမ်းမိုးခဲ့တယ်။ အရှေ့တောင် အာရှ အာဖရိကကနေ အမေရိကန်အထိရောက် ကွန်မြူနစ်သူပုန်ထမှုတွေ ပြန့်ပွားလာစေတဲ့ မဟာဗျူဟာတွေအဖြစ်ကို လှည့်ပြောင်းပေးခဲ့တယ်။

ဂျပန်က ဆွန်ဇူးရဲ့ ရေးသားချက်တွေကို အေဒီ ၇၆၀ မှာ စတင် မိတ်ဆက်ခဲ့ပြီး သူ့ရဲ့စစ်ဗိုလ်ချုပ်ကြီးတွေက ဒီသင်ခန်းစာတွေကို စုပ်ယူခဲ့ တယ်။ အကျော်ကြားဆုံး ဆာမူရိုင်းသူရဲကောင်းကြီး သုံးဦးက “အိုဒါနိုဘူး နာဂ” “တိုယိုတိုမီဟီဒေယိုရှီ””နဲ့ “တိုဂူဂါဝ၊ အီယာစု”တို့ ဖြစ်ကြတယ်။ သူတို့အားလုံး “စစ်ရဲ့အနုပညာ” ဆရာကြီးတွေပါပဲ။ ဒီကျမ်းကို ဆရာအဖြစ် ပိုင်နိုင်မှုက ဂျပန်ပြည်ကို ပဒေသရာဇ်မြို့ နေပြည်တော်တွေ တကွဲတပြား ဖြစ်နေရာက တစ်စုတစ်လုံးတည်းသော နိုင်ငံတော်ကြီးအဖြစ်သို့ အသွင် ပြောင်းစေပါတယ်။

အနောက်တိုင်းမှာတော့ “စစ်ရဲ့အနုပညာ”က ၁၇၇၂ ခုမှာ ပထမဆုံး ဥရောပမှာ စပေါ်လာခဲ့တယ်။ “ဆု”” ဘာသာရေးမစ်ရှင်အဖွဲ့ တွေက ပြင်သစ်ဘာသာ ပြန်ဆိုခဲ့ကြတယ်။ နပိုလီယန်လည်း ဒီကျမ်းကို ဖတ်ခဲ့ဖူးပြီး ဆွန်ဇူးရဲ့လက်ရာတွေရဲ့ သြဇာတွေလွှမ်းခဲ့ပုံရပါတယ်။ သူက တရုတ်စာပေ

တွေ ယဉ်ကျေးမှုအရသာမက စစ်ရေးကိစ္စတွေမှန်သမျှလည်း စိတ်ဝင်စားခဲ့ ပါတယ်။

ဗြိတိသျှစစ်မက်ရေးရာ သမိုင်းဆရာ “ဘီအိပ်ချ် လစ်ဒယ်ဟတ်””ရဲ့ သဘောတရားတွေက စစ်ဗျူဟာပရိယာယ်တွေနဲ့ ဂျာမန်တွေရဲ့ လျှပ်တစ်ပြက် စစ်ဆင်ရေးအထိ တိုးတက်ဖွံ့ဖြိုးလာတာတွေက “ဆွန်ဇူးရဲ့ စစ်ရေးအတွေး အခေါ်တွေနဲ့ ညွှန်ကြားချက်တွေရဲ့ နက်ရှိုင်းမှုတွေကို အားကျချီးကျူးခဲ့လို့ ပါပဲ။ “ဆွန်ဇူးရဲ့” အယူအဆတွေက သူ့ရဲ့ကိုယ်ပိုင်စစ်ဗျူဟာ သီအိုရီတွေနဲ့ အတွေးအခေါ်တွေကို ဘယ်လောက်ထိ ရောင်ပြန်ဟပ်နေကြောင်းကို သူ လည်း ပြန်အံ့ဩနေရတယ်။ “စစ်ရဲ့ အနုပညာ ́ကျမ်းကို ပထမကမ္ဘာစစ်က စစ်ဗိုလ်ချုပ်တွေ ကျယ်ကျယ်ပြန့်ပြန့်ဖတ်ရှု လက်ခံကြပြီး ကတုတ်ကျင်း စစ်ပရိယာယ်ရဲ့ ကြောက်ခမန်းလိလိ သတ်ဖြတ်ခံရမှုကို ရှောင်နိုင်ခဲ့တယ်။

“စစ်ရဲ့ အနုပညာ”မှာ ဆွေးနွေးထားသမျှ စည်းမျဉ်းတွေက ကာလ တစ်လျှောက် မရေမတွက်နိုင်တဲ့ တိုက်ပွဲပေါင်းများစွာမှာ အောင်မြင်စွာ သုံးစွဲခဲ့ပါတယ်။ အမြန်နှုန်းသဘောတရားက ဂျင်ဂျစ်ခန်နဲ့ သူ့ရဲ့မွန်ဂိုလူထုကြီး ကို မရှိမဖြစ်တဲ့အခန်းကဏ္ဍကနေ အောင်ပွဲပေါင်းများစွာ ယူပေးခဲ့တယ်။ ရန်သူတွေကို ပုံသွင်းယူခြင်းကို မဟာမိတ်တွေအသုံးပြုမှုနဲ့ ရောမတွေက သူတို့အင်ပိုင်ယာကို ထိန်းသိမ်းချဲ့ထွင်နိုင်ခဲ့တယ်။ လျှို့ဝှက်ချက်နဲ့ လှည့်စား ခြင်းတို့နဲ့ ဒုတိယကမ္ဘာစစ် အဓိကတိုက်ပွဲကြီးတွေမှာ ဂျပန်ဘက်ကရော၊ မဟာမိတ်တွေဘက်ကပါ သုံးခဲ့ကြတယ်။ ဂျပန်တွေက ပုလဲဆိပ်ကမ်း ဗုံးကြဲခဲ့စဉ်က သုံးခဲ့သလို မဟာမိတ်တွေက ဂျာမန်တွေ ပြင်သစ်ကို ကျူး

ကျော်ဖို့ နေရာချထားတာကို မဟာမိတ်တွေက လမ်းလွဲသွားစေခဲ့တယ်။ ထောက်လှမ်းရေးတွေ သုံးစွဲခြင်းကပဲ အမေရိကန်တွေကို ကျူးဘား ဒုံးကျည် အရေးအခင်းမှာ အောင်မြင်စေနိုင်တယ်။ ဗီယက်ကောင်းတွေက ရန်သူ့ရဲ့ အားကောင်းချက်ကိုရှောင်ပြီး အားနည်းချက်ကိုပဲ တိုက်ခိုက်ရေးစည်းမျဉ်းနဲ့ပဲ ရှင်သန်ကျန်ရစ်နိုင်ခဲ့တယ်။ ရုရှားတပ်နီတော်ကလည်း ဒီစည်းမျဉ်းကို သုံးရင်း ပဲ ဂျာမန်ဖက်ဆစ်နံပါတ် ၆ တပ်ရင်းတစ်ခုလုံးကို စတာလင်ဂရက်တိုက်ပွဲ ရှုံးလို့ ဖွတ်ဖွတ်ညက်ညက် ကြေသွားခဲ့တယ်။

မကြာသေးမီက “ဆွန်ဇူး”ရဲ့ စည်းမျဉ်းတွေက သဲကန္တာရမုန်တိုင်း အီရတ်စစ်မှာ စမ်းသပ်ခဲ့ကြတယ်။ အီရတ်တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုကို အမေရိ ကန် လေကြောင်းကထိန်းချုပ်တာနဲ့ သူ့ကိုယ်ပိုင်မြေပြင်တပ် ချီတက်ဝန်းဝိုင်း မှုကို မျက်နှာဖုံးစွပ်တာတွေပါပဲ။ အမေရိကန်စစ်ဗိုလ်ချုပ် “အိပ်ချ်နော်မန်ရှဗတ်ဇ်ကော့ဖ်””က “ဆက်ဒန်ဟူစိန်””ကို သူ့တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မယ့် နေရာနဲ့ပတ်သက်လို့ အရူးလုပ်ခဲ့တယ်။ အရှေ့ဘက်စစ်မျက်နှာမှာ နှေးနှေး ကွေးကွေး ချီတက်မှုနဲ့ ခြိမ်းခြောက်နေရင်း တစ်ဖက်က အနောက်ဘက် စစ်မျက်နှာမှာ လျှပ်တစ်ပြက်စစ်ဆင်ရေးကို အဆုံးထိဆင်နွှဲရင်း အောင်ပွဲခံ နိုင်ခဲ့တယ်။ အကျအဆုံး အလွန်အကျွံနည်းစွာနဲ့ အံ့မခန်း အောင်ပွဲခံခဲ့တာပါ။ လှည့်စားအယုံသွင်းခြင်း အမြန်နှုန်းနဲ့ ရန်သူရဲ့အားနည်းချက်ကို တိုက်ခိုက် ခြင်း အားလုံးတို့က “ဆွန်ဇူး”ရဲ့ အတွေးအခေါ်တွေဖြစ်ပြီး အံ့မခန်းတဲ့

အောင်ပွဲတွေအထိ ပေါင်းဖွဲ့ပေးပါတယ်။

 

                                    စီးပွားရေးလောကထဲမှ စစ်ရဲ့ အနုပညာ

ယနေ့မှာ “ဆွန်ဇူး”ရဲ့ အကြံပေးချက်တွေက စစ်ရေးစစ်ရာနယ်ပယ် အဝန်းအဝိုင်းကို ကျော်လွန်ချဲ့ထွင်လာပြီး စီးပွားရေးလောကထဲအထိ ရောက် လာပါတယ်။ စီးပွားရေးရဲ့အဓိပ္ပာယ်သတ်မှတ်ချက်က ပြိုင်ဆိုင်မှုနဲ့ သက်ဆိုင် နေတာကြောင့် ဆွန်ဇူးရဲ့ စည်းမျဉ်းတွေက ပြိုင်ဆိုင်မှုစီးပွားရေး အခြေအနေ တွေနဲ့ စံနမူနာအရ သင့်လျော်အံဝင်နေပါတယ်။ အမေရိကန်ပြည်နဲ့ ဥရောပ တွေမှာ “စစ်ရဲ့အနုပညာကို မဟာဗျူဟာအဖွဲ့အစည်းနဲ့ ပြိုင်ဆိုင်မှုများစွာမှာ ကိုးကားဖော်ပြထားကြတယ်။ ယင်းရဲ့ပိုရိုက်ခတ်စေတဲ့ လင်္ကာတွေကို မရေ မတွက်နိုင်တဲ့ စီးပွားရေးဆောင်းပါးတွေမှာ ဦးဆောင်ဖော်ပြုကြတယ်။ ကျော် ကြားတဲ့ ရုပ်ရှင်ကား “ဝေါစထရိ” (Wall Street) က ကော်ပိုရိတ်ပေါင်း ချုပ် ကုမ္ပဏီနဲ့ ရန်လိုတဲ့သိမ်းပိုက်သူတွေရဲ့ ပုံပြင်ဖြစ်ပြီး လူဆိုးကြီး “ဂေါ်ဒန် ဂက်ကို””နဲ့ လူငယ်သူရဲကောင်းလေး “ဘတ်ဖော့စ်””တို့ကြားက ဆွန်ဇူးရဲ့ ဉာဏ်ပညာကို အသုံးချရတဲ့စီးပွားရေးဉာဏ်စွမ်း တိုက်ပွဲတစ်ခုအကြောင်း ဖြစ်ပါတယ်။ အာရှတစ်ခွင် စီးပွားရေးထွန်းတောက်လာစဉ် ဆွန်ဇူးရဲ့ မဟာ ဗျူဟာ စည်းမျဉ်းတွေအားလုံးလေးစား အထွတ်အမြတ်ထားခြင်းခံရပြီး CEO မြောက်မြားစွာက သူတို့ကုမ္ပဏီတွေ ကြွယ်ဝစေဖို့ ဦးဆောင်သုံးခဲ့ကြ တယ်။ စီးပွားရေးဟာလည်း စစ်ဗျူဟာလိုပဲ စိတ်ဆုံးဖြတ်ချက်အရှိန်အဟုန် ခြေလှမ်းသွက်မှုတွေရဲ့ ပြိုင်ပွဲတစ်ခုဖြစ်တာကြောင့် စာရိတ္တနဲ့ စက်ယန္တရားတို့အပေါ် အခြေခံနေပြီး ရှားပါးတဲ့အရင်းအမြစ်တွေကို လုံလောက် ထိရောက်

အောင် သုံးစွဲမှုနဲ့သက်ဆိုင်နေလျက် နှစ်ခုစလုံးမှာ အချိန်မဲ့စွာ အမြဲပဲပြောင်းလဲ နေလို့ ကမ္ဘာတစ်ခွင်က စီးပွားရေးသမားများစွာက “ဆွန်ဇူး”ရဲ့ သင်ကြား ချက်တွေကနေ တန်ဖိုးတွေ ရှာတွေ့နေကြတာပါပဲ။

ကံမကောင်းစွာပဲ ဆွန်ဇူးရဲ့ မဟာဗျူဟာဒဿနတွေကို ထိုးထွင်း လေ့လာသူများစွာအတွက် ဒီကျမ်းကို တိုက်ရိုက်ဖတ်ပြီး စစ်ရေးစစ်ဆင်ရေး အတွက် ရေးသားချက်တွေကို ဒီနေ့ စီးပွားရေးပြဿနာတွေမှာ ချသုံးရေးက ရိုးရှင်းတဲ့ လုပ်ငန်းတာဝန်တစ်ရပ်တော့ မဟုတ်ပါဘူး။ “စစ်ရဲ့အနုပညာ”က စစ်ရေးခေါင်းစဉ်တွေအတိုင်း စီစဉ်ထားတာဖြစ်ပြီး ဒီရှေးဟောင်းစစ်သေနင်္ဂ ဗျူဟာကျမ်းနဲ့ ယနေ့စီးပွားရေးနယ်ပယ်တွေရဲ့ကြားက မဟာကွာဟချက်

ချောက်ကမ်းပါးကို ခုန်ကူးဖို့မလွယ်လှပါဘူး။ ဒါကိုကြိုးပမ်းကြမယ့် လူ များစွာက ဒီတာဝန်ကို မဝံ့မရဲတွန့်ဆုတ်ဖွယ်အဖြစ် တွေ့ကြရတယ်။ ဒါ

ကြောင့်ပဲ ကျွန်တော်က ဆွန်ဇူးရဲ့ ရှေးဟောင်းဉာဏ်ပညာနဲ့ ယနေ့စီးပွားရေး ကမ္ဘာလောကကြီးကို ပိုတည့်မတ်ဖြောင့်တန်းတဲ့ တံတားထိုးဖို့အတွက် ဒီ စာအုပ် “ဆွန်ဇူးနဲ့ စီးပွားရေးလုပ်ငန်း အနုပညာ”ကျမ်းကို ပြုစုရေးသားရတာ ဖြစ်ပါတယ်။

ဒီစာအုပ်မှာ ဆွန်ဇူးရဲ့ ရေးသားချက်တွေကို သူ့ရဲ့ရန်လိုတဲ့ ဘက်စုံ အမြင်ကို ပြိုင်ဆိုင်မှုမဟာဗျူဟာပေါ်မှာ ပိုဖွင့်လှစ်ပြပြီး ယနေ့စီးပွားရေး

လောကအတွက် ပိုပြီးဖတ်လို့ရ အသုံးကျတဲ့လက်တွေ့ကျင့်သုံးဖို့ နည်းလမ်း တစ်ရပ်အနေနဲ့ တင်ပြထားပါတယ်။ ကျွန်တော့်မျှော်လင့်ချက်က လူတွေ အနေနဲ့ ဒီစာအုပ်ထဲက စည်းမျဉ်းတွေကို သူတို့ကုမ္ပဏီ ပိုပြိုင်ဆိုင်နိုင်စေဖို့ မဟာဗျူဟာတွေအဖြစ် ဖန်တီးနိုင်ကြရေးပဲ ဖြစ်ပါတယ်။ ဒါက ကျွန်တော့် အတွက် အကြောင်းရင်းနှစ်ရပ်အားဖြင့် အရေးပါနေပါတယ်။

ပထမအကြောင်းရင်းက ပိုဖန်တီးမှုရှိတဲ့ ပြိုင်ဆိုင်နိုင်ရေးက ရှယ်ယာ ဝင်တွေ ပိုကြွယ်ဝနိုင်ပြီး ကုမ္ပဏီအတွင်းမှာ ဖောက်သည်တွေအတွက် ဈေး နှုန်း သက်သာတဲ့ဝန်ဆောင်မှုနဲ့ ပိုကောင်းတဲ့ထုတ်ကုန်တွေလည်း ရနိုင်တာ

ကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ဆိုင်မှုတိုးတက်လာတဲ့ မဟာဗျူဟာကုမ္ပဏီတစ်ခုက တခြားကုမ္ပဏီက မုန့်တစ်ပိုင်းဆွဲလုယူတာမျိုး အဓိပ္ပာယ် သက်ရောက်ဖို့မလိုပါဘူး။ ဖန်တီးမှုရှိရှိသုံးတဲ့ မဟာဗျူဟာက ပိုကြီးမားတဲ့ မုန့်ဆီဦးတည်နေဖွယ်ရှိတယ်။ ဘာဂါဘုရင် (Burger King) လုပ်ငန်းကြီးက ၁၉၉၃ ခုနှစ်နောက်ပိုင်းက သူ့ကိုယ်သူ တစ်ခုလုံး ပြုပြင်မွမ်းမံခဲ့ရတယ်။ သူ့ရဲ့ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေတိုးတက်စေပြီး ပြိုင်ဆိုင်မှုကိုနှိုးဆွပေးတယ်။ မက်ဒေါ်နယ်က တန်ဖိုးအစာနဲ့တကွ ရွေးချယ်ခွင့်တွေပိုပေးပြီး ကိုယ့်ဘာသာ ကိုယ် တိုးတက်အောင် မြှင့်ယူတယ်။ “ဝင်ဒီက သူ့ရဲ့တည်ထောင်သူ ဒေးဗစ်သောမတ် ပါဝင်လာစေမယ့် လျှပ်တစ်ပြက်စစ်ဆင်ရေးကို လုပ်တယ်။ “ပရိုတာနဲ့ ဂမ်ဘယ်”တို့ရဲ့ ဝေဒနာအနာသက်သာစေတဲ့ဆေး 'Aleve' ကို ဈေးကွက်ထဲ ချလိုက်တဲ့အခါ သူ့ရဲ့ကြော်ငြာလှုပ်ရှားမှုနဲ့ သူ့ပြိုင်ဘက်တွေက ပါ ဒီဆေးကို သိမ်းကျုံးဝယ်လိုက်လို့ ကြွယ်ဝသွားပါတယ်။ ။

ကမ္ဘာအဆင့်မှာ စက်မှုလောက တိုင်းပြည်အတွင်းကပြိုင်ဆိုင်မှုက ဖန်တီးမှုနဲ့ဝယ်လိုအား အများဆုံးကို လိုလာတဲ့အခါ ဈေးကွက်အထဲက ကုမ္ပဏီတွေက တခြားဈေးကွက်တွေမှာ ပိုကြီးမားတဲ့အောင်မြင်မှုတွေ ယူ တတ်ကြတယ်။ ဈေးကွက်နေရာမှာ ပြိုင်ဆိုင်မှုက စမတ်ပိုကျလေလေ ကုမ္ပဏီတည်တံ့ဖို့နဲ့ ကြွယ်ဝဖို့အတွက် အခွင့်အလမ်းတွေကို ပိုကောင်းလာ လေ အနှစ်သာရအားဖြင့် ပြိုင်ဆိုင်မှုဖန်တီးနိုင်ရင်း လူနေမှုအဆင့် တိုးတက် လာတာပါပဲ။

ဒုတိယအကြောင်းရင်းက ဆွန်ဇူးရဲ့စည်းမျဉ်းကို သုံးခြင်းဖြင့် ပြိုင်ဆိုင် မှုက ဖန်တီးမှုပိုရှိလာပြီး လုပ်ငန်းခေါင်းဆောင်တွေဟာလည်း ငြီးငွေ့ဖွယ် မဟာဗျူဟာအတွေးတွေ စဉ်းစားရင်း လုပ်ငန်းထိုးကျလို့ ကော်ပိုရိတ်ရဲ့ ထိခိုက်ဒဏ်ရာရမှု ဧရာမ ကြီးလာမယ့်အရေးကို ရှောင်လာနိုင်မှာကြောင့် ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်မှာ စစ်သားပေါင်း သန်းနဲ့ချီသေကြေ ဒဏ်ရာ ရကြတာက သူတို့ရဲ့ ဗိုလ်ချုပ်တွေမှာ သေနင်္ဂဗျူဟာ ထိုးထွင်းသိမြင်မှုတွေ ခေါင်းပါးတာကြောင့်ပါပဲ။ အလားတူ ကြေကွဲမှုတွေဟာ ကော်ပိုရိတ်တွေ အတွင်းမှာလည်း ပထမကမ္ဘာစစ်ကာလက ပြိုင်ဆိုင်မှုတွေမှာ ဖြစ်ပွားခဲ့ တယ်။ ကော်ပိုရိတ်တွေလည်း များစွာ လဲပြိုကျသွားတာကြောင့် လူ သန်းပေါင်းများစွာရဲ့ဘဝတွေ အဆိုးမြင်ထိခိုက်စေတော့တယ်။ ဒီအကြောင်းရင်း က လုပ်ငန်းရဲ့ စီးပွားရေး ခေါင်းဆောင်တွေမှာ သေနင်္ဂဗျူဟာအမြင်တွေ ကင်းမဲ့နေတာကြောင့်ပါပဲ။ ဒီစာအုပ်ထဲကစည်းမျဉ်းတွေကို မန်နေဂျာတွေ၊ အမှုဆောင်တွေက ကျယ်ပြန့်စွာသုံးလာကြရင်း အနာဂတ်မှာ ကော်ပိုရိတ် တွေရဲ့ ထိခိုက်ဒဏ်ရာရမှုတွေကို ရှောင်နိုင်ကြမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းနဲ့ စစ်ရေးစံပုံစံမော်ဒယ်

“ပြားချပ်ချပ်” အဖွဲ့အစည်းအသင်းတွေ ခေတ်မှာ မဟာဗျူဟာစာချုပ် တစ်ခုက ယနေ့စီးပွားရေးမှာ ဘယ်လိုသုံးလို့ရနိုင်မှာလဲ ဆိုတဲ့ မေးခွန်းတချို့ ပေါ်လာပါတယ်။ စစ်ရေးစံပုံစံ မော်ဒယ်တွေတင်ပြထားတဲ့ ဆောင်းပါးတွေ ဟာ အတော်လေး ခေတ်နောက်ကျသွားပါပြီ။ ။

| တကယ်တမ်း စီးပွားရေးလုပ်ငန်းမဟာဗျူဟာက ပထမဆုံး စစ်ဘက် မဟာဗျူဟာပေါ်လာတာပါ။ ရှေးဟောင်းက လက်ရှိစစ်ရေးအဖွဲ့အစည်းတွေ နဲ့ ဘယ်လိုနီးနီးကပ်ကပ် ဆက်စပ်နေတာ သင်တွေ့ရလိမ့်မယ်။ မဟာဗျူဟာ တွေကို ဘယ်လိုအောင်မြင်စွာ အကောင်အထည်ဖော်နေကြတယ်ဆိုတာကို ယနေ့ ကုမ္ပဏီတွေ အခုမှနားလည်လာခါစပဲ ရှိသေးတယ်။ တရုတ်စစ်ဘုရင် ကြီးတွေ ခြေလျင်တပ်နဲ့ မြင်းသည်တော်တပ်တွေ တိုက်ပွဲမှာ အတူတကွ ချထားစဉ်ကတည်းက စစ်တပ်အဖွဲ့ အစည်းတွေ အသင်းတွေမှာ လုပ်ငန်း

ဆောင်ရွက်မှု ဖြတ်ကျော်ဆောင်ရွက်ကြတဲ့ ပြဿနာတွေမှာ အောင်မြင်ခဲ့ ကြတယ်။ “ဇီနာဖွန်” ပါရှား စူးစမ်းရှာဖွေရေးကာလက စစ်ခေါင်းဆောင် တွေက ပညာရှိရှိနဲ့ စည်းကမ်းနဲ့ အာဏာနဲ့ထိန်းချုပ်ခြင်းတို့ကို ချိန်ခွင်လျှာ ညှိခဲ့ကြတယ်။ နပိုလီယံခေတ်ကတည်းက တိုက်ပွဲမှာ ဧရာမစစ်တပ်ကြီး တွေ ချီတက်ရာ ခရီးဆုံးနေရာအထိ ရောက်ရမယ့်အချိန်နဲ့ နေရာကို အတိ အကျ ဆုံးဖြတ်နိုင်ခဲ့ကြတယ်။ ဗိုလ်ချုပ်တွေက လူ အရေအတွက်များစွာ ခရီးအကွာအဝေးများစွာ ကွာလှမ်းနေတဲ့ကြားက ဆက်သွယ်ရေးမပျက်ဘဲ လုပ်နိုင်ခဲ့ကြတယ်။ အမေရိကန် ပြည်တွင်းစစ်ကတည်းက စစ်အရာရှိတွေကနည်းပညာသစ်တွေ ရှေ့သို့ တိုးတက်သုံးနိုင်ပြီး ပြိုင်ဆိုင်မှုအကျိုးအတွက် စက်မှုတော်လှန်ရေးအထိ ပညာရှိရှိ အကောင်အထည်ဖော်နိုင်ကြ တယ်။

စစ်ရေးမဟာဗျူဟာတွေကို စီးပွားရေးမှာ သုံးရေးကို ရှင်းပြခဲ့ကြတဲ့ တရားသူကြီးတွေက ဈေးကွက်ကျွမ်းသူ “ဖီးလစ်ကော့တလား”” “သြရီး” “ဂျက်ထရောက်”တို့ဖြစ်ပြီး သူတို့က စာအုပ်ပေါင်း ဆောင်းပါးပေါင်းများစွာ ရေးခဲ့တယ်။ မကြာသေးမီက “စစ်တပ်ဆီက အယူအဆသစ်များကဲ့သို့သော

ဆောင်းပါးက ဒီကိစ္စနဲ့ဆိုင်ပါတယ်။ “တောင်များကိုရွှေ့ခြင်း၊ ပင်လယ်ကွေ့ စစ်ပွဲမှ ယုတ္တိဗေဒနဲ့ ခေါင်းဆောင်မှုသင်ခန်းစာများ”ဆိုတဲ့ ဒုဗိုလ်ချုပ်ကြီး ဝီလျံပါဂိုးနစ်ရဲ့ စာအုပ်က သူ့ရဲ့ ပင်လယ်ကွေ့ ပါရှန်းစစ်ပွဲမှ ဆရာတစ်ဆူ

အောင်နိုင်ခဲ့တာတွေကို စစ်ရေးစံပုံစံ မော်ဒယ်အဖြစ် ဖတ်ရမှာဖြစ်တယ်။ စည်းမျဉ်းခြောက်ရပ်နဲ့ ဒီစာအုပ်ရဲ့ စီမံကိန်း

ဆွန်ဇူးရဲ့ “စစ်ရဲ့ အနုပညာကို” ဆွန်ဇူးနဲ့ စီးပွားရေးလုပ်ငန်း အနု ပညာ”အထိ အသွင်ပြောင်းရေးလုပ်ဖို့ ကျွန်တော်ဟာ ဆွန်ဇူးရဲ့မဟာဗျူဟာ စည်းမျဉ်းတွေထဲက အရေးပါဆုံးနဲ့ ကျွန်တော်အယုံကြည်ရဆုံးတွေ ဆွဲထုတ် ပြီး အောက်ပါအခန်းစဉ်တွေ ခွဲထုတ်လိုက်ပါတယ်။ ဒီစည်းမျဉ်းတွေက တော့၁။ တိုက်ခိုက်မှုမရှိဘဲ အောင်နိုင်ရေး၊

သင့်ဈေးကွက်ကို ဖျက်ဆီးခြင်းမရှိဘဲ သိမ်းပိုက်ခြင်း။ ၂။ အားကောင်းချက်ကိုရှောင်ပြီး အားနည်းချက်ကို တိုက်ခိုက်ခြင်း၊

သူတို့ အနည်းဆုံးမျှော်လင့်ထားရာ နေရာကိုသာတိုက်ခိုက်ခြင်း။ ၃။ “အယုံသွင်းခြင်းနဲ့ ကြိုတင်သိရှိထားတဲ့ ဗဟုသုတ”

ဈေးကွက်သတင်းတွေရဲ့ စွမ်းအားကို အများဆုံးလုပ်ခြင်း။ ၄။ “အမြန်နှုန်းနဲ့ ပြင်ဆင်ရေး”

သင့်ပြိုင်ဘက်များကို ကျော်လွှားဖို့ လျင်မြန်စွာရွေ့လျားခြင်း။ ၅။ “သင်ပြိုင်ဘက်ကို ပုံသွင်းရေး”

ပြိုင်ဆိုင်မှုမှာ ဆရာလုပ်မင်းမူနိုင်ဖို့ မဟာဗျူဟာချထားခြင်း။

၆။ “စရိုက်လက္ခဏာ အခြေခံတဲ့ ခေါင်းဆောင်မှု” ( ဝရုန်းသုန်းကားကာလထဲမှာ ထိရောက်တဲ့ခေါင်းဆောင်မှုကို ပြင်

ဆင်ပေးခြင်း။

အခန်းတစ်ခုစီတိုင်းမှာ ဒီစည်းမျဉ်းတွေကို တကယ့်စီးပွားရေးကမ္ဘာ မှာ ဘယ်လိုသုံးနေတယ်ဆိုတာကို ယင်းတို့ကို ထိရောက်စွာသုံးခဲ့တဲ့ ကုမ္ပဏီ တွေရဲ့ ဥပမာတွေ ပေးထားပါတယ်။

နောက်ဆုံးအခန်းမှာ ဒီစည်းမျဉ်းတွေကို လက်တွေ့လုပ်ရပ်တွေထဲ ဘယ်လိုသွတ်သွင်းတယ် ဆိုတာကို သရုပ်ဖော်ထားတယ်။ ဆွန်ဇူးရဲ့ကာလမဲ့

ထာဝရမြဲတဲ့ အယူအဆတွေကို အခြေခံတဲ့ဖန်တီးမှုရှိရှိ အောင်နိုင်ရေးမဟာ ဗျူဟာတွေကို စနစ်ကျကျနည်းလမ်းနဲ့ ပြင်ဆင်ပေးထားတယ်။ ဒီစာအုပ် ပြည့်စုံစေဖို့ ဆွန်ဇူးရဲ့ စစ်ရဲ့ အနုပညာကျမ်းကို မူလအင်္ဂလိပ်ဘာသာပြန်ဆို ချက်ကို “ဆင်မြူရယ်ဘီဂရပ်ဖစ်”ရဲ့ ဘာသာပြန်ချက်ကို ဒုတိယပိုင်းအဖြစ် ပူးတွဲထားပါတယ်။ ကျင့်ဝတ်များနဲ့ စစ်ရဲ့ အနုပညာ

စစ်မက်ရေးမဟာဗျူဟာတွေဆီက စီးပွားရေးလောကက သင်ယူနိုင် တာတွေ သိပ်များပြားနေစဉ်မှာ စစ်မှန်သမျှက ဖန်တီးလိုက်တဲ့ဖျက်ဆီးမှု ဒဿနအတွေးအခေါ်တွေ နောက်ကိုတော့ စီးပွားရေးသမားတွေ မလိုက်ပါ သင့်ပါဘူး။ စီးပွားရေးလုပ်ငန်းတွေကို ကျင့်ဝတ်အရသာ လုပ်ဆောင်ရမယ်။

ဗြိတိသျှအရှေ့အိန္ဒိယ ကုမ္ပဏီက သူ့ကိုယ်ပိုင် ကြည်းတပ်နဲ့ ရေတပ် စစ်အင်အားနဲ့ အိန္ဒိယနဲ့ အာရှတိုက်တွေ ကျူးကျော်သိမ်းပိုက်ပြီး သူ့ရဲ့မြို့ပြ အုပ်ချုပ်ရေးဝန်ထမ်းတွေနဲ့ အုပ်ချုပ်ခဲ့တာ နှစ် ၄ဝ ကျော်ခဲ့ပါပြီ။ ဒီနယ်ချဲ့ ကိုလိုနီဝါဒရဲ့ တိုင်းတစ်ပါးသားတွေကို ကျူးကျော်သိမ်းပိုက် သွေးစုပ် အမြတ်ထုတ်ခဲ့ကြလို့ ကမ္ဘာရဲ့ ကျန်တဲ့အစိတ်အပိုင်းတွေ တိုးတက်မှုလျော့ပါး နှေးကွေး ခေတ်နောက်ကျကျန်ရစ်ခဲ့ရတယ်။ အမေရိကန်မြို့စား ဓားပြတွေ က ရထားသံလမ်း သံမဏိနဲ့ သစ်တွေ ခေါင်းပုံဖြတ်တဲ့ခေတ်ကလည်း ကုန်သွားပါပြီ။ လူ့အဖွဲ့အစည်းအတွက် ကြွယ်ဝထိရောက်အောင် လုပ်ဆောင်