Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - စိတ်ကူးအယူအဆများထုတ်လုပ်နည်း

Regular price 900 MMK
Regular price Sale price 900 MMK
Sale Sold out

                   (၁)

                   ဘယ်လိုစတင်သလဲ

ချီကာဂိုမှာ ကျွန်တော်ကြော်ငြာအေဂျင်စီတစ်ခုရဲ့ အမှုဆောင်လုပ် နေတဲ့ မနှစ်တုန်းက တစ်နေ့မှာ ထင်ရှားကျော်ကြားတဲ့ မဂ္ဂဇင်းတစ်စောင် ရဲ့ အနောက်တိုင်း မန်နေဂျာတစ်ယောက်က ကျွန်တော့်ဆီ ဖုန်းဆက်လာ တယ်။

သူပြောတာက အရေးတကြီးကိစ္စတစ်ခုရှိလို့ ကျွန်တော့်ကို ချက်ချင်း တွေ့ချင်တယ်လို့ ဆိုပါတယ်။ သိပ်မကြာခင် သူ ကျွန်တော့် ရုံးခန်းကို မောကြီးပန်းကြီး အသက်ရှူရမှန်းမသိအောင် ပေါက်ချလာ တော့တယ်။

                   “ကျွန်တော်တို့ဆီမှာ ဒီနေ့ အစည်းအဝေးတစ်ခုလုပ်တယ်ဗျ”လို့ ပြောတယ်။ “ကျွန်တော်တို့ အနောက်ပိုင်း အရောင်းဝန်ထမ်းတွေ စုဝေး ကြရတာပေါ့။ ဆွေးနွေးကြတဲ့ ဦးတည်ချက်က ကျွန်တော်တို့ရဲ့ ရောင်း အားကို ဘယ်လိုတိုးတက်အောင် လုပ်ရမလဲဆိုတာပဲ”

“ကျွန်တော်တို့ ဆွေးနွေးကြတဲ့အထဲမှာ တခြားအောင်မြင်တဲ့ ထုတ်ဝေရေးတိုက်တွေရဲ့ အရောင်းသမားတွေ သုံးနေကြတဲ့ ရောင်းချပုံ နည်းလမ်းတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ ကြိုးစားကြတယ်။ အဲဒါတွေ အားလုံးရဲ့ ကြားမှာ ကျွန်တော်တို့ အထူးတလည် အာရုံစိုက်မိတာက တော့၊ အမေရိကန်အပတ်စဉ်” စာစောင်က 'မစ္စတာကော့ဘလာ” ရဲ့ အောင်မြင်မှုတွေပါပဲ။

“သူ ဘာ့ကြောင့် သိပ်အောင်မြင်နေရသလဲဆိုတာ ကျွန်တော်တို့ လေ့လာသုံးသပ်ပြီးတဲ့အခါမှာတော့ ကျွန်တော်တို့အားလုံး ကိစ္စတစ်ခု တည်းအပေါ်မှာပဲ အားလုံးရပ်နားလို့လို့ နိဂုံးချုပ်မိကြတော့တယ်။ သူတို့ က နေရာကို ရောင်းနေတာမှမဟုတ်ဘဲ၊ အယူအဆစိတ်ကူးတွေ ကို ရောင်းနေကြတာကိုး” ၊

ဒါကြောင့်မို့ ..” သူက စိတ်အားထက်သန်စွာ ဆက်ပြောလိုက် ပြန်တယ်။ “ကျွန်တော်တို့ဗည်း ဘာလုပ်ရမလဲဆိုတာကို ဆုံးဖြတ်ကြ တယ်။ အခုကနေစပြီး ကျွန်တော်တို့ နေရာတွေကို လုံးဝ မရောင်းတော့ ဘူး။ မနက်ဖြန်မနက်ကစပြီး ကျွန်တော်တို့လည်း တစ်ဦးချင်းတိုင်း အယူ အဆတွေပဲ ရောင်းကြတော့မယ်လေ”

ဒါက ခင်ဗျားတို့က ရုပ်အသွင်အပြင်ပဲ ဂရုစိုက်နေတာကြောင့် ဖြစ်မှာပါ။ ဒါကြောင့် ဒီအထိလာပြီး ဆွေးနွေးရတာဖြစ်မှာပေါ့လို့ ကျွန်တော် ပြန်ပြောမိတယ်။

“မဟုတ်သေးဘူးဗျ” လို့ သူက စိတ်မကောင်းစွာနဲ့ ဆက်ပြော တယ်။

“ကျွန်တော်တို့မြင်နိုင်၊ လုပ်သင့်တာက အယူအဆစိတ်ကူးတွေ ရောင်းဖို့ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ကြက်သေ သေသွားရပြန်တာက အယူအဆတွေကို ကျွန်တော်တို့ ဘယ်လိုရမလဲ ဆိုတာကို မရှင်းမလင်း ဇဝေဇဝါဖြစ်သွားကြရတာပါပဲ”

“ကဲ ဒီတော့ ကျွန်တော်ဘာကြောင့် ဒီနေရာလာရသလဲဆိုတာကို...

ခင်ဗျား ပြောနိုင်ပြီထင်ပါရဲ့”

“ခင်ဗျားလည်း ကြော်ငြာအယူအဆတွေ တစ်ပုံကြီးပဲ ထုတ်လုပ်ခဲ့ ဖူးမှာပါ။ ဒါတွေ ခင်ဗျားဘယ်လိုရခဲ့သလဲဗျ၊ ကျွန်တော့်ကောင်လေး တွေက ကျွန်တော့်ဆီက စကားအပြန်ကို စောင့်မျှော်နေကြလေရဲ့”

အခု ကျွန်တော်နားလည်လိုက်ပါပြီ။ ဒီမေးခွန်းအပေါ် သိပ်အရေး မပါသယောင် ထင်မိခဲ့လို့၊ တကယ်လို့ မေးသူက သိပ်အလေးအနက် ကြီးထား မေးနေတာမဟုတ်ခဲ့ရင်၊ ဒီအချက်မှာ ကျွန်တော် အူလှိုက်သည်း လှိုက် ရယ်မောမိမှာမလွဲပါဘူး။

ဒီအချိန်မှာ ပိုပြီးရယ်စရာကောင်းအောင် ရိုးအလွန်းတဲ့မေးခွန်းမျိုး အမေးမခံခဲ့ရဖူးပါဘူး။ ဒါကို အကူအညီရနိုင်မယ့်အဖြေတော့ လုံးဝ ကျွန်တော် ပေးနိုင်စွမ်းမရှိသေးပါဘူး။

“သင် ဘယ်လိုအယူအဆတစ်ခု ရလိုက်တာလဲ” ဆိုတာက မိုက်မဲ လှတဲ့မေးခွန်းတော့ မဆိုနိုင်တာ ကျွန်တော်နားလည်မိသွားပါတယ်။ ဒါကို အဖြေတစ်စုံတစ်ရာတော့ ရှိနိုင်ပါတယ်။ ဒီအကြောင်းကို ကျွန်တော် မကြာခဏ တွေးနေမိတော့တယ်။

 

                             (၂)

                    အတွေ့အကြုံရဲ့ ပုံသေနည်း

ကျွန်တော်တွေးတောတဲ့ အယူအဆတစ်ခုမှာ တောင်ဘက် သမုဒ္ဒရာပြင်အလယ်မှာ ရုတ်တရက် ပေါ်လာတဲ့ ကျွန်းငယ်ကလေးတွေ ကို ချစ်နေတဲ့ပုံပြင်တွေကို ငှားရမ်းထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အရည် အသွေးမျိုးတွေ ရှိနေပါတယ်။

ရှေးရှေးက ပင်လယ်ရေကြောင်း ခရီးသွားများရဲ့ အလိုအရ၊ မြေပုံ ချပ်ကြီးမှာ ပြနေတာက နက်ပြာရောင်ပင်လယ်ပြင်ပေါ်မှာ ရုတ်တရက် ပေါ်လာတဲ့ သန္တာကျွန်းဝိုင်း ရေပတ်လည်ဝိုင်းနေပုံက ချစ်စရာပါပဲ။ မှော်ဆန်တဲ့ ဂမ္ဘီရလေထုက ယင်းကျွန်းငယ်အထက်မှာ တွဲလောင်း ဆွဲထားနေတယ်။

အယူအဆတွေနဲ့ ပတ်သက်လို့လည်း ဒီလိုပဲလို့ ကျွန်တော် တွေးမိပါတယ်။ သူတို့ကလည်း စိတ်ဦးနှောက်ရဲ့ မျက်နှာပြင်အထက်မှာ ခုလိုပဲ ရုတ်တရက် ပေါ်လာတတ်ပါတယ်။ မှော်ဆန်ဆန် ဂမ္ဘီရလေထုနဲ့ အလားတူစွာပဲပေါ့ ။

ဒါပေမဲ့ သိပ္ပံပညာရှင်တွေ သိထားချက်က တောင်ဘက်ခြမ်းသမုဒ္ဒရာပြင်ထဲက သန္တာကျွန်းဝိုင်းလေးတွေက ရေမျက်နှာပြင်အောက် နားမှာ လုပ်နေကြတဲ့ မမြင်ရတဲ့ သန္တာကျောက်တန်းတည်ဆောက်သူ တွေရဲ့ မရေမတွက်နိုင်တဲ့ အလုပ်တွေလို့ ဆိုတာပါပဲ။

ကဲ ဒီတော့ ကျွန်တော့်ကိုယ်ကျွန်တော် ဒီလိုပြန်မေးရတော့မယ်။ “အယူအဆတစ်ခုကလည်း ဒီလိုပဲတဲ့လား။ သိစိတ်ရဲ့ မျက်နှာပြင်

အောက်နားမှာ ဖြစ်ပျက်သွားနေတဲ့ အယူအဆတည်ဆောက်ရေး လုပ် ငန်းစဉ်တွေရဲ့ မမြင်ရတဲ့ အတွဲရှည်ကြီးတစ်ခုရဲ့ နောက်ဆုံး အပြီးသတ် ရလဒ်သက်သက်ပဲလား”

တကယ်လို့ အဲဒီလိုဖြစ်ခဲ့ရင် ဒီလုပ်ငန်းစဉ်တွေကို ခွဲခြားသတ်မှတ် နိုင်တယ်။ ဒါမှသာ သူတို့ကို သိစိတ်ရှိရှိ လိုက်နာပြီး အသုံးချနိုင်မှာပဲ မဟုတ်လား။ အတိုချုပ်အားဖြင့် ဒီမေးခွန်းရဲ့ အဖြေကို နည်းစနစ်တစ်ခု၊ ပုံသေနည်းတစ်ခုက တိုးတက်ဖြေကြားနိုင်ပါတယ်။ သင်ဘယ်လိုလုပ် အယူအဆတွေကို ရခဲ့ပါသလဲ။

အခု၊ ကျွန်တော် သင့်ကို အဆိုပြုချင်တာက ဒီမေးခွန်းတွေကို ကာလရှည်ကြာစွာ တွေးတောစဉ်းစားနေရတာရဲ့ ရလဒ်တွေကိုပါပဲ။ ကျွန်တော့်မှာရှိတဲ့ အဖွဲ့ အစည်းတွေထဲ ကျွန်တော်နဲ့အတူတူ အယူအဆ တွေထုတ်လုပ်တဲ့လူတွေရဲ့ အလုပ်တွေကို နီးနီးကပ်ကပ် အကဲဖြတ်ရတဲ့ ရလဒ်တွေ ပါဝင်ပါတယ်။

ဒါက ဖို့ဒ်ကားထုတ်လုပ်သလိုမျိုး လုပ်ငန်းစဉ်တစ်ခုရဲ့ တိကျမှု လိုပဲ အယူအဆထုတ်လုပ်တာပဲလို့ ကျွန်တော် နိဂုံးချုပ်စေတော့တယ်။ ကားအစိတ်အပိုင်းအလိုက် စီတန်းစုပြုံထုတ်လုပ်တဲ့ လိုင်းကြောင်းမျိုး “စစ်ဆင်ရေးနည်းစနစ်တစ်ခု” ကို လိုက်နာသင်ယူထိန်းချုပ်နိုင်တဲ့ ဦးနှောက်ရဲ့ စိတ်ကူးထုတ်လုပ်မှုမျိုးပါပဲ။ ဒါကို ထိရောက်စွာ သုံးစွဲရေး ဟာ ဘယ်ကိရိယာလက်စွဲမဆို ထိထိရောက်ရောက် သုံးစွဲသလိုပဲ နည်းစနစ်ထဲ လေ့ကျင့်မှုများစွာလုပ်ရသလိုပါပဲ။

ဒီရှာဖွေတွေ့ရှိမှုရဲ့ အဖိုးတန်ပုံသေနည်းကို ကျွန်တော် ဘာ့ကြောင့် လွှင့်ပစ်ချင်ရတာလဲလို့ သင်မေးလာခဲ့ရင်တော့ ဒီအတွေ့အကြုံက ကျွန်တော့်ကို အောက်ပါအချက်နှစ်ရပ်ကို သင်ကြားပေးခဲ့လို့ပါပဲလို့ သင့်ကိုပြောပါရစေ။

ပထမအချက်က ပုံသေနည်းက ဖော်ပြရာမှာ သိပ်ရိုးရှင်းလှလို့ ကြားရသူတွေဟာ ဒါကို အမှန်တကယ်ယုံကြည်သွားကြတာကြောင့် ဖြစ်ပါတယ်။ ။

ဒုတိယအချက်က ရှင်းပြရတာ ရိုးရှင်းနေစဉ်၊ လက်တွေ့မှာ အသိ ဉာဏ်ပညာအလုပ်တွေရဲ့ အခက်ခဲဆုံးအမျိုးအစားတွေကို လိုက်နာဖို့ လိုအပ်နေတာကြောင့်ပဲ။ လက်ခံသူအားလုံးက ဒါကို မသုံးကြတာကြောင့် ပါပဲ။

ဒီလိုနဲ့ပဲ ဒီပုံသေနည်းကို ကျွန်တော့်ရဲ့ အသက်မွေးမှုလုပ်တဲ့ ဈေး ကွက်အတွင်းမှာ ကဲ့ရဲ့မှာကို တကယ်ကြောက်ရွံ့ခြင်းမရှိဘဲနဲ့ အသံလွှင့် ကြေညာနိုင်ပါတော့တယ်။