Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - စဥ်းစားနည်း(၅)ရက်သင်ခန်းစာ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

နိဒါန်း

သင်တန်းကို မနက်ဖြန် စတင်မယ်၊ ဒီအထိ ဘာမှမလုပ်သေးဘဲ | သင့်ရဲ့ စဉ်းစားခြင်းက ဖြစ်နိုင်သမျှ ရွှန်းရွှန်းဝေရေး၊ ထိရောက်ရေးအတွက် ပဲ စဉ်းစားရမယ်။ ယင်းရဲ့ လက်ရှိထူးချွန်နေမှုကို စဉ်းစား၊ ဒါပေမဲ့ ဒီ လက်ငင်း ထူးချွန်နေမှုဟာ နောက်ထပ်တိုးတက်ဖို့ကိုပဲ ရှေ့ရှုနေရမယ်။ ဒီလိုထူးချွန်မှုမျိုးကို သရုပ်ဖော်ခင်းကျင်းဖို့ သို့မဟုတ် သံသယထားဖို့ တစ်ခုခုနဲ့ ဒီသင်တန်းကိုတက်ဖို့ မျှော်လင့်ပါ။

သင့်စဉ်းစားခြင်းကို လေ့ကျင့်ဖို့ အခွင့်အလမ်းတွေက စိတ်ကူးယဉ် နေတာထက် လက်တွေ့ ဒိဋ္ဌဓမ္မကျနေရမယ်။ ဒါက လက်တွေ့သင်တန်း ဖြစ်တဲ့အတွက် ကိရိယာတန်ဆာပလာတွေ စုဆောင်းထားရမယ်။ • ဘီယာပုလင်း သို့မဟုတ် အချိုဖျော်ရည်ပုလင်း ဘူးခွံ

အလွတ် ၄ လုံး။ စားပွဲတင်သားလှီးဓားပါးပါး ၄ ချောင်း၊ (ဓားနဲ့အတူ လက် ကိုင်ရိုးပါ ပြားချပ်ချပ်ဖြစ်ပြီး ဓားပြားထိပ်ဝိုင်းနေရမယ်။ မထိမရှနိုင်အောင်လို့) ရေပြည့်နေတဲ့ ဖန်ခွက် ၁ လုံး။///

                                   ပထမရက်

                                   ပြဿနာ (၁)

စားပွဲပေါ်မှာဖြစ်စေ၊ ကြမ်းပြင်ပေါ်မှာဖြစ်စေ ပုလင်း ၃ လုံးကို တည့်တည့်ထောင်ထားပါ။ သုံးနားညီတြိဂံရဲ့ အနား ၃ ဘက် ထောင့်တွေ မှာ ပုလင်းတစ်လုံးစီ နေရာချပါ။ ပုလင်း ၂ လုံးရဲ့ အောက်ခြေကြား အကွာအဝေးက ဓားတစ်ချောင်းအရှည်ထက် မသိမသာ ပိုနေရမယ်။ မည်သည့်ဓားတွေရဲ့ ဘယ်အပိုင်းမှ မြေကြီးနဲ့မထိရပါ။ အောက်ခံက ရေအပြည့်ဖန်ခွက်ကို တောင့်ခံနိုင်အောင် အားကောင်းရလိမ့်မယ်။

ပြဿနာက ဒီလိုပါ။ ဒါကို သင်ကြိုက်သလို ချဉ်းကပ်နိုင်တယ်။ ယုတ္တိဗေဒနည်းနဲ့လည်း ဒါကို သင်တိုက်ခိုက်နိုင်တယ်။ ဓားတွေနဲ့ ပတ်လည်ဝိုင်းဆော့ရင်း တစ်ခုခုပေါ်လာအောင် လုပ်နိုင်သေးတယ်။ ဖြေရှင်းချက်ပေါ်လာနိုးနိုး စောင့်နိုင်သေးတယ်။ ဒါ့အတွက် တကူးတက သင်ရှာနိုင်သေးတယ်။ ဒီပြဿနာမှာ ဖြေရှင်းချက် မရှိနိုင်ဘူးလို့တောင် သင်ဆုံးဖြတ်နိုင်သေးတယ်။ ,

ပြဿနာအပေါ် သင်လုပ်နေစဉ် ဒါကိုဖြေရှင်းရေး သင် သက်သက်သာသာ အကဲဖြတ်ရမယ်။ ဘယ်လောက်ကြာကြာ လုပ်ရမယ်ဆို တာ အကဲဖြတ်ရမယ်။ ဒါနဲ့ပတ်သက်လို့ ဘယ်လိုချမှတ်ရမှန်း အကဲ ဖြတ်ရမယ်။ သင်သုံးနေတဲ့ ချဉ်းကပ်ချက်နဲ့ ခြားနားတာတစ်ခုခု သင် အကဲဖြတ်ရပြီး ဘာ့ကြောင့် သူတို့သုံးရသလဲဆိုတာ စဉ်းစားရမယ်။ သီးခြားချဉ်းကပ်ချက်တစ်ခုက ပိတ်ဆို့သွားဖို့ ဘယ်လိုဆုံးခန်းတိုင်သွား သလဲလို့ အကဲဖြတ်ရမယ်။ ဖြေရှင်းချက်တွေ ဘယ်လောက်များများရှိ သလဲ၊ ရှိကောရှိရဲ့ လားလို့ အကဲဖြတ်ရမယ်။ တကယ်လို့ ဖြေရှင်းချက်တွေ မရှိရင် ဒါကိုသိဖို့ သင်အချိန်ဘယ်လောက် ကြာကြာယူရသလဲ အကဲ ဖြတ်ပြီး သင့်ဆုံးဖြတ်ချက် ဘယ်လောက်သေချာသလဲလို့ စဉ်းစားကြည့် ပါ။

ပြဿနာက သင့်ရဲ့ စဉ်းစားခြင်းကို စဉ်းစားဖို့ အခွင့်အလမ်း တစ်ရပ်အဖြစ် ရည်ရွယ်ပါတယ်။ ဖြေရှင်းချက်တစ်ခုအတွက် ပွင့်ပွင့် လင်းလင်း တောင်းဆိုတာတွေ မရှိပါဘူး။

ဒီနေ့အဆုံးမှာ သင်ဟာ မအောင်မမြင်နဲ့ ဆက်ရှိနေဦးမယ်ဆိုရင် တောင် ဒီပြဿနာအပေါ်မှာပဲ အိပ်ပျော်သွားဖို့ သင်ရွေးချယ်နိုင်ပြီး နောက် အခန်း ဖတ်ကြည့်ခြင်းအားဖြင့် ဖြေရှင်းချက်တစ်ခုရှာဖို့ သင် ရွေးချယ် နိုင်သေးတယ်။

 

                                          ပုလင်း ၃ ခု ပြဿနာအတွက် ဖြေရှင်းချက်

တစ်ကြိမ်ခင်းကျင်းလိုက်ပြီဆိုတာနဲ့ ဖြေရှင်းချက်ဆိုတာ အံ့မခန်း နိုင်အောင် အချိန်၊ အားထုတ်မှုတစ်ခုခုနဲ့ ရှာရမယ်ဆိုတာ သိပ်ရှင်းနေ တယ်။

ပထမဆုံး ဓား ၄ ချောင်းအနက်က ၁ ချောင်းကို ဘေးဖယ်ထား လိုက်ပါ၊ ဓား ၄ ချောင်းထက် ပိုမသုံးရဘူးဆိုသလို၊ ဓား ၄ ချောင်းစလုံးသုံးရမယ်လို့လည်း မဆိုလိုပါဘူး။ နိစ္စဓူဝဖြစ်နိုင်တဲ့ ဘုံအမှားက တစ်စုံ တစ်ရာကိစ္စတွေ လုပ်ရမယ်လို့ လျာထားပြီး အဲဒီ လျာထားချက်အတိုင်း ရှေ့ဆက် အကောင်အထည်ဖော်နေတာပါပဲ။ မမှန်ကန်တဲ့ လျာထားချက် အပေါ်မှာ အခြေခံနေရင် ထူးချွန်တဲ့စဉ်းစားခြင်းကလည်း သုံးမရတော့ ပါဘူး။

ဓားသွားတွေယှက်ထားတဲ့ အစီအစဉ်က ရှေ့ကပြထားတဲ့ ဖြေရှင်း ချက် (ပုံ-၁) ကို ပေးပါတယ်။

ပုလင်းတွေကြားမှာ ခိုင်မာတဲ့ ၃ နားညီ တြိဂံပုံ ပလက်ဖောင်းကို ဖန်တီးထားတယ်။ ပုလင်းထိပ်တွေ အပေါ်ဘက် လှည့်လို့ပေါ့။ ပလက် ဖောင်းရဲ့ အလယ်တည့်တည့်မှာ ရေအပြည့်ထည့်ထားတဲ့ဖန်ခွက် (အစက် ချစက်ဝိုင်း) ကို နေရာချထားတယ်။

ဖြေရှင်းချက်က လုံလောက်အောင် ရိုးရှင်းပါတယ်။ ပုလင်းတွေဆီ ဓားတွေနဲ့ သက်သက်သာသာ အရောက်သွားဖို့ပါပဲ။ ဖြေရှင်းချက်တစ်ခု က ဘာကြောင့် သိပ်ရိုးရှင်းနေရပါလိမ့်၊ အတွေ့အကြုံရဲ့ အသင့်လုပ်ပြီး

သား အခင်းအကွက်တွေ ပိုသုံးရေးကို ကျွန်ုပ်တို့ စဉ်းစားနေလို့ပါပဲ။ ဒီပြဿနာအတွက် ဒီလိုအခင်းအကွက်တစ်ခုက နီးစပ်လာပြီဆိုရင် ဖြေ ရှင်းချက်ကလည်း အမှန်ပဲ လွယ်သွားတော့တာပါပဲ။

ထင်ရှားပြီး သက်ဆိုင်ရာ အခင်းအကွက်တချို့ကို သူတို့ ကူညီနိုင် တဲ့ ဖြေရှင်းချက်တွေရဲ့ ပိုဝင်စွက်ဖက်တာ ခံရဖွယ်ရှိတယ်။ ပုလင်း ၂ ခုရဲ့ကြား အကွာအဝေးက ဓားတစ်ချောင်းရဲ့ အရှည်ထက် ပိုကြီးတဲ့ အတွက် ပုလင်း ၂ ခုရဲ့ ကြားမှာ ဓား ၂ ချောင်းသုံးဖို့ လိုလာပါတယ်။ ရှည်လျားတဲ့ အရှည်အလျားတစ်ခုရဖို့ ဓား ၂ ချောင်းကို ဆက်ရ ချည်ရ မလို ဖြစ်နေတယ်။ ဒါပေမဲ့ ချည်စရာ ဘာမှမရှိပါ။

အဖျားတွေကို တြိဂံရဲ့ ဗဟိုချက်အမှတ်ဆီ ဦးလှည့်ထားတဲ့အနေအထားလို သင် အကဲဖြတ်နိုင်တယ်။ ဒါ သဘာဝကျသမို့ နောက်ဆုံးဖြေရှင်းချက် ဖြစ်သွားတယ်။

တစ်ဦးချင်းစီတိုင်းမှာ ဦးနှောက်ရဲ့ ဖြစ်စဉ်တွေက မြင့်မားတဲ့ ပုဂ္ဂိုလ် ရေးရာတွေ ဖြစ်ကြတယ်။ အလေ့အထ၊ အတွေ့အကြုံနဲ့ စိတ်နေစိတ် ထားတွေမှာတောင် သူတို့ရဲ့ သြဇာတွေ အားလုံးထူးချွန်နေကြတယ်။ မှားယွင်းတဲ့ ချဉ်းကပ်မှုတွေ၊ ဦးနှောက်ပိတ်ဆို့မှုတွေနဲ့ စိတ်အာရုံနိုးဆွမှု ကင်းမဲ့တာတွေ ဖြစ်လာနိုင်တယ်။ ယုံကြည်မှုတွေ တလွဲဦးတည်သွား တာ၊ ယုံကြည်မှုကင်းမဲ့မှုထဲ အခြေကျနေတတ်တယ်။

နောက်ဆုံးဖြေရှင်းချက်က ယုတ္တိဗေဒအားထုတ်မှုနဲ့ အခွင့်အရေးရ သလို ရောက်လာတတ်တယ်။ ဖြေရှင်းချက်ရဲ့ ရိုးရှင်းမှုကို နားလည်ဖို့ရာ ဘယ်သူမှ အခက်အခဲမရှိနိုင်ဘူး။

ပြောင်မြောက်တဲ့ အမြန်နှုန်းနဲ့ ပြဿနာဖြေရှင်းနိုင်သူ အားလုံး အဖို့ တကယ်ဖြစ်ခဲ့တဲ့ ဦးနှောက်ဖြစ်စဉ်ရဲ့ သိစိတ်တစ်ခုဆီက ပုဂ္ဂိုလ်ရေး သင်ခန်းစာတွေ ရယူသင့်တယ်။ ဒါက ဖြေရှင်းချက်ရတာထက်တောင် ပိုထိုက်တန်သေးတယ်။

ပြဿနာဖြေရှင်းဖို့ ကြိုးစားရင်း တချို့က ယုတ္တိဗေဒကိုသုံးဖို့ အားထုတ်လာနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထင်ရှားတဲ့လားရာ မရှိခဲ့ရင် ယုတ္တိဗေဒက လားရာအမှားဆီ ဦးတည်သွားစေတဲ့အတွက် ဆုံးဖြတ်ချက် နှောင့်နှေးသွားတာတွေ ဖြစ်နိုင်ပြီး မဖြစ်နိုင်တာတွေ လုပ်မိတတ်တယ်။

အခြားသူတွေက အခွင့်ပေါ်လာသလို စဉ်းစားခြင်းကို ပိုကြိုက်နှစ် သက်နိုင်တယ်။ ဒီဟာမျိုးက လားရာလည်းမလို၊ ဇောက်ချချက်လည်း မလိုဘူး။ ဒါက ထိန်းချုပ်ဖို့လည်း မဖြစ်နိုင်ဘူး။ ဓားပါးလေးတွေနဲ့ ကစားရင်း အယူအဆတွေပေါ်လာပြီး သူတို့ကို တစ်နေရာပြီး နောက် တစ်နေရာပြောင်း နေရာချနိုင်ပါတယ်။ ကြိုးစားခဲ့တဲ့ အယူအဆတစ်ခုချင်းစီကို အသုံးမကျတော့သလို စွန့်ပစ်နိုင်တယ်။ အဲဒီလိုစွန့်ပစ်တာတောင် ကျဆုံးမှုတွေဆီက အယူအဆအသစ်တွေ ပေါ်ထွက်လာနိုင်သေး တယ်။ ဒါက အလဟဿဖြုန်းတီးတဲ့ ရှည်လျားတဲ့ဖြစ်စဉ်လည်း ဖြစ်နိုင် တယ်။ ဒါပေမဲ့ ဒါက မှန်ကန်တဲ့ဖြေရှင်းချက်ဆီ မကြာခဏ ဦးတည် သွားနိုင်တယ်။ အထူးသဖြင့် ယုတ္တိဗေဒအရ ရှေ့ဆက်သွားမယ့် ထင်ရှား တဲ့လားရာ မရှိခဲ့ရင်ပေါ့လေ။

        ပထမနေ့ အတွေ့ အကြုံမှာ သတိထားဖို့ ထိုက်တန်တဲ့အချက် တွေက အောက်ပါတို့ပါပဲ။

 ၁။ ပြင်ပအခင်းအကျင်းမှာ အာမခံမယ့်ပစ္စည်းတွေ မယူတာကအရေးကြီးတယ်။

 ၂။ အတွေ့ အကြုံအရ အခင်းအကွက်တွေ ပြင်ဆင်ပေးထားတာ မရှိရင် ဖြေရှင်းချက်ရဖို့

       ချဉ်းကပ်ချက်တွေ ခက်ခဲနိုင်တယ်။

၃။ အတွေ့ အကြုံအရ သို့မဟုတ် ဖြတ်ထိုးဉာဏ်အရ ပြင်ဆင်ပေးတဲ့ အခင်းအကွက်တွေက

      မသက်ဆိုင်ခဲ့ရင် ပြဿနာဖြေရှင်းရေးကို ဟန့်တားလာနိုင်တယ်။

၄။ စီရင်မှုနဲ့ အမှားတွဲရက်လုပ်ငန်းစဉ်က ယုတ္တိဗေဒလိုပဲထိရောက်လာနိုင်သေးတယ်။

 

 

 

၁၉၆၇ ခုနှစ်က စတင်ပုံနှိပ်ခဲ့တဲ့ သမိုင်းရဲ့ အကြီးမားဆုံး ဦးနှောက် တွေထဲကတစ်ခုက ထွက်လာတဲ့ မှတ်သားဖွယ် ဒီခေါင်းစဉ်က ကမ္ဘာရဲ့ ဖန်တီးမှုရှိရှိ စဉ်းစားခြင်းထဲမှာ များစွာ လူဖတ်များရင်း ကျန်ရှိခဲ့တယ်။

အမှားတစ်ခုက မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုဆီ ဦးတည်သွားနိုင် ကြောင်း အယူအဆတစ်ခုအပေါ်မှာ အခြေခံပြီး၊ ဒီဘိုးနိုး က စာဖတ်သူ ကို ပြဿနာတွေ၊ ပဟေဠိတွေ အတွဲလိုက်ကနေ လမ်းညွှန်ရင်း ကျွန်တော် တို့ရဲ့ ပုဂ္ဂိုလ်ရေးစဉ်းစားခြင်းစတိုင် ခွဲခြမ်းစိတ်ဖြာနိုင်အောင် ဒီဇိုင်းဆင် ကူညီပေးပြီး ကျွန်တော်တို့ ဘယ်တော့မှမသုံးခဲ့တဲ့ အစွမ်းအစတို့ ကို စဉ်းစားမိလာပါတယ်။

၅ ရက်ကြာအောင် စဉ်းစားရမယ့် သင်တန်းမျိုး သုံးဆင့်လုပ်ရဖို့ ရှိနေတယ်။ တစ်ခုချင်းကို ခြားနားတဲ့စဉ်းစားခြင်း၊ တစ်ခုချင်းစီအပေါ်မှာ အာရုံစူးစိုက်ထားနိုင်အောင် ဖန်တီးရမယ်။ စစ်မှန်တဲ့ ဘဝပြောင်းလဲ ရေးဖြစ်တဲ့ ဒီစာအုပ်က သင့်ကို တွေးတောဖို့မဖြစ်နိုင်တာတွေ စဉ်းစား တတ်လာစေအောင် ကူညီပေးပါလိမ့်မယ်။

THE FIVE-DAY COURSE IN TIIINKING

 

ဒီဘိုးနိုးက ဘယ်တော့မှ အံ့သြဖွယ်ရာတွေ မရပ်စဲတော့မယ့် တောက်ပတဲ့အယူအဆတွေနဲ့အတူ အာရုံနိုးဆွနေတဲ့သူပါပဲ”

                              ရစ်ချက်ဘရန်စန်