Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - ခွေးချေးကဲသို့သောလူညစ်များကိုကျော်လွှားရှင်သန်ရေးလမ်းညွှန်

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

အီးမေးလ်ပေါင်းရှစ်ထောင်

ကျွန်တော် ဒီစာအုပ်ကို ရေးရတဲ့အကြောင်းက အကြိမ်တစ်ထောင်ကျော်

လောက် အမေးခံနေရတဲ့ မေးခွန်းတစ်ခုကြောင့်ပါပဲ။ အဲဒီမေးခွန်းရဲ့ အနှစ်သာရကတော့ “ခွေးချေးလို လူညစ်ပတ်တွေနဲ့ ကျွန်တော့်မှာ ပတ်သက်နေရတယ်။ ကယ်တော်မူပါဦး။ ဘာလုပ်ရမလဲ”လို့ မေးလာ ကြတာပါပဲ။ နေ့စဉ် ကျွန်တော်ရနေတဲ့ ခွေးချေးလူညစ်ပြဿနာ ကုစား ရေး အီးမေးလ်စာတွေအကြောင်း ဥပမာပေးရရင်တော့ဆေးရုံတစ်ရုံက ဆေးဆရာတစ်ယောက်က သူ့ဆေးရုံအသင်း အကြီးအကဲရဲ့ “လုပ်ငန်းနက်ရှိုင်းစွာ ပျက်ပြားစေမှု” အကြောင်း ညည်း ညုတဲ့စာထဲမှာ

“အောက်ခြေမှာ လုပ်နေတာက ဘာတွေလဲ။ ကျွန်တော့် လူနာတွေ ကို ကျွန်တော် အကောင်းဆုံးဂရုစိုက်နိုင်သားပဲ။ ဒီလိုဝင် ကောက်ကျစ် ယုတ်မာမှုတွေကို လျစ်လျူရှုနိုင်အောင် ကြိုးစားပါသေးတယ်။ ဒါပေမဲ့ ဒီလို ပတ်ဝန်းကျင်မျိုးမှာ လုပ်ရတာက စိတ်ဓာတ်ကျစရာပါပဲ” လို့ပါတယ်။

အငြိမ်းစား ဂျာမန်ကုန်ထုတ်လုပ်ရေးမန်နေဂျာတစ်ယောက်က

“ကျွန်တော့်ရဲ့ လုပ်ငန်းဘဝထဲမှာ အနည်းဆုံး သုံးကြိမ်လောက် ခွေးချေးလို လူညစ်ပတ်တွေ၊ အရောင်းလူလိမ်လူကောက်တွေက သူတို့ စိတ်ကြိုက်ခြယ်လှယ်သွားကြတယ်။ ကျွန်တော့်သားကျရင် ဒီလို ကံကြမ္မာမျိုး မခံရအောင် ဘယ်လိုအကြံပေးရပါ့မလဲ”လို့ မေးလာတယ်။

ဝါရှင်တန်ဒီစီက စာကြည့်တိုက်မှူးကလည်း ခုလို ညည်းတွား တယ်။

“ကျွန်တော်တော့ ရုရှားခွေးချေးတွေရဲ့ အလယ်မှာ ဒူးခေါင်း တောင် နစ်နေရပြီ။ ကယ်တော်မူကြပါဗျို့” တဲ့။

ဒီလိုစာမျိုးတွေကို Twitter, LinkedIn, Facebookတွေမှာလည်း တွေ့နိုင်ပြီး ကျောင်းသားတွေ၊ အမှုသည်တွေ၊ သူငယ်ချင်းတွေ၊ ရန်သူ တွေ၊ စုစည်းပြီး စာသင်ခန်းတွေ၊ အစည်းအဝေးတွေ၊ မင်္ဂလာဆောင် အခမ်းအနား၊ အသုဘတွေမှာ မေးကြမြန်းကြတယ်။ လူညစ်တွေဆီက

ကျော်လွှားရှင်သန်ရေး သဲလွန်စတွေအကြောင်း ကျွန်တော့်ကို မေးလာကြ တဲ့သူတွေ စုံလင်လှတယ်။ “ကလိပင်ဆေးကုခန်းနဲ့ စတန်းဖို့ဒ် ဆေးရုံ ကြီးက ဆရာဝန်တွေ၊ သူနာပြုဆရာမတွေ၊ အဲယားဖရန့်နဲ့ ယူနိုက်တက် အပါအဝင် လေကြောင်းလိုင်းစီးတဲ့လူတွေ၊ ဆန်ဖရန်စစ္စကို နဲ့ အီတာဟို က ဆောက်လုပ်ရေးလုပ်သားတွေ၊ အာဖဂန်နစ္စတန်က U.S မရိန်း တပ်သားတွေ၊ တက္ကဆပ်က ထောင်မှူးတွေ၊ ကက်သလစ်ဘုန်းကြီးတွေ၊ ရှေ့နေတွေ ၅ဝ လောက်နဲ့ CEOတစ်ဒါဇင်လောက်တို့ ဖြစ်ကြတယ်။

“The NoAsshole Rule” စာအုပ်ကို ၂၀၀၇ ခုနှစ်မှာ ကျွန်တော် ရေးသားစဉ်က ဒီခွေးချေးလူညစ်ကိစ္စကြောင့် ခရီးစဉ်တွေ၊ တစ်နှစ်အတွင်း အတော်ထွက်လိုက်ရတယ်။ ကျွန်တော့်အလုပ်ထဲကို ခေါင်းဆောင်မှု၊တီထွင်မှုတွေ၊ အဖွဲ့အစည်းရေးရာ ပြောင်းလဲချက်တွေနဲ့အတူ ပြန်ရောက် လာတယ်။ အမေရိကန်နဲ့ တခြားနိုင်ငံတွေ ဒါဇင်ပေါင်းများစွာက စာဖတ်ပရိသတ်တွေ ရှစ်သိန်းလောက်က ကျွန်တော့်ရဲ့ အဲဒီ The No Asshole Ruleစာအုပ်ကော်ပီတွေ ကိုယ်စီကိုယ်င ဝယ်ယူဖတ်ကြတယ်။ အီးမေးလ်ရေစီးကြောင်း စီးနေပြီး စာနယ်ဇင်းရိုးရာ စုံစမ်းမှုတွေ၊ ဒီခွေးချေးတွေ ကိစ္စပြောကြဆွေးနွေးကြနဲ့ ဒီအကြောင်းက ကျွန်တော့်ဘဝရဲ့ အစိတ် အပိုင်းတွေ ဖြစ်လာတော့တယ်။

နောက်ထပ်ရေးတဲ့ "The Asshole Survival Guide" စာအုပ်က နောက်ကျောဓားနဲ့ထိုးမယ့် ဗိုလ်ကျသူတွေနဲ့ တိုက်ရတဲ့တိုက်ပွဲက လွတ် မြောက်ရေး သဲလွန်စတွေ၊ မဟာဗျူဟာတွေကို ပွေ့ဖက်ထားတယ်။

ယင်းစာအုပ်က လူတွေကို မလေးမစား၊ စွမ်းအင်ပျက်ပြားအောင် ဖိနှိပ်ထားတဲ့ လူယုတ်မာတွေရဲ့ လက်က လွတ်မြောက်ရေးအတွက် အကောင်းဆုံး အကြံဉာဏ်တွေပေးထားတယ်။

မဟာဗျူဟာတွေ၊ သဲလွန်စတွေကို ပုံဖော်ပေးကြတာက သုတေ သန ကျောင်းသားပညာတတ် စကော်လာတွေပါပဲ။ သူတို့ရဲ့ အချက် အလက် ရှာဖွေရေးအင်ဂျင်တွေက စာအုပ်ဆောင်းပါးတွေတင်မက ဂူးဂဲ လို အင်တာနက်ဝက်ဘ်ဆိုဒ်အစုံလည်း ပါတယ်။ သူတို့ရလိုက်တဲ့ ခေါင်း စဉ်အလိုက် ကိန်းဂဏန်းတွေကတော့ ၂၀၀၈ က ၂၀၁၆ ထိ ကျောင်း ပေါင်း ၄၉၁၀ ဆီက ရတဲ့အချက်တွေဖြစ်တယ်။ “စော်ကားမော်ကား

ပြောတတ်တဲ့ ဖောက်သည်” တွေ ၂၈၂၊ “ရိုင်းစိုင်းမှု” က ၁၆,ဝဝဝ၊ “မြို့ကြီးသားမဆန်မှု” မှာ ၁၅,၅၀၀၊ “ဗိုလ်ကျနှိပ်စက်မှု' မှာ ၁၄ဝ,ဝဝဝ၊ “လမ်းပေါ်သောင်းကျန်းတာ”က ၆၆၈၀၊”လေယာဉ်ပေါ်သောင်းကျန်း တာက ၃၆၉၊ “ဖုန်းသူရဲ” က ၉၂၊ “နှုတ်နဲ့ စော်ကားမှု” မှာ ၁၆၅ဝဝ စသဖြင့် ရှိကြတယ်။ ခွေးချေးလက်က ရှင်သန်ကျော်လွှားရေးက သိပ္ပံထက်မကတဲ့ ကျွမ်းကျင်မှုလက်ရာပါပဲ။

                  ယခု ဒီစာအုပ်က World Wide Web ကတစ်ဆင့်ကမ္ဘာထောင့် တိုင်း ပျံ့နှံ့သွားတယ်။ နယူးယော့ခ်တိုင်းမ်ကနေ အွန်လိုင်းက ဟောပြော ရေးဝိဇ္ဇာ “ဒေးဗစ်ကင်ဒရစ်ဒ်” အထိပါပဲ။ မြောက်မြားစွာသော အဖွဲ့ အစည်းတွေဖြစ်တဲ့ “အမေဇုန်” "Wal Mart", "Gallup", "Google", "LVMH", KIPP opł:602" "Mckinsey", "Microsoft", "Pixar", "SFP" ဆော့ဖ်ဝဲလုပ်ငန်းတွေ အစုံပါတယ်။ သုတေသီတွေထဲမှာ တိုရန် တိုတက္ကသိုလ်က လေကြောင်းထဲ သောင်းကျန်းမှုတွေ လေ့လာတဲ့ ပါမောက္ခ “ကက်တီ ဒီဆဲလက်စ်” ပါဝင်တယ်။

The Asshole Survival Guide m ož.O$3alomcu:3260le: ၁၅၀၀ ကျော်ဆီက အီးမေးလ်တွေ ရတယ်။ ဒီအီးမေးလ်တွေကို ကျွန်တော်စာပြန်ရေးလိုက်ပါတယ်။ အားပေးတဲ့ အကြံဉာဏ်တွေနဲ့ ထပ် ဆင့် နောက်ဆက်တွဲမေးခွန်းတွေလည်း ဖြေကြားလိုက်တယ်။

                                         လုပ်ပြီးသွားတဲ့ အပျက်အစီးများ

၂၀၁၀ ပြည့်နှစ်မှာ “စတိဗ်ဂျော့ခ်” လောက် လုံလုံလောက်လောက် မလုပ်ဖြစ်ခဲ့လို့ စိတ်ပူပန်နေတဲ့ လူငယ် CEO တစ်ယောက်နဲ့ ကျွန်တော် စကားပြောခဲ့ပါတယ်။ သူလူတွေကို လေးစားမှုနဲ့ တည်တည်ငြိမ်ငြိမ် ဆက်ဆံခဲ့တယ်။ ဒီ CEOနဲ့ စကားပြောနေခိုက် ကျွန်တော်က သုတေ သနသမားတွေ ပြောတတ်တဲ့ “ခွေးချေးလိုလူတွေကတော့ ပထမဆုံး အလုပ်ပြီးတတ်ကြတယ်” ဆိုတဲ့ စကားကို ထောက်ပြမိတယ်။ ကျွန်တော် ရဲ့ စတန်းဖို့ဒ်က အပေါင်းအသင်း “ဂျက်ဖ်ဖိုက်ဖာ” ကလည်း ဒီလိုပဲ ခွေးချေးလိုလူတွေက သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဘဝအောင်မြင်မှုလမ်းကြောင်း တစ်ခုကို ရနေတတ်တဲ့ အကြောင်းရင်းက လှောင်အိမ်ထဲအတူရောက်နေတဲ့ “စပါးကြီးမြွေနဲ့ ကြက်ကလေး”လို ဖြစ်နေတယ်လို့ ပြောဖူးတယ်။ ဖိနှိပ်မှုဗိုလ်ကျမှု၊ စွမ်းအင်ပျက်ပြားစေမှုကို ခွေးချေးလိုလူတွေက လုပ်လေ့ ရှိတာပါပဲ။ အခြားလူတွေကို ညစ်နွမ်းအောင်လုပ်သူတွေက “ငါနိုင်တယ်၊ မင်းရှုံးတယ်” ဆိုတဲ့ အောင်ပွဲကို လူတွေရဖို့ တစ်ကိုယ်ကောင်းစိတ်နဲ့ ကူညီပေးနေတာကိုတော့ ကျွန်တော် သဘောတူပါတယ်။

လောကမှာ လူတွေကို ညစ်ထေးအောင် မလုပ်ဘဲနဲ့ အောင်ပွဲဆင် နိုင်တဲ့လူတွေရဲ့ စာရင်းက ရှည်လျားပါတယ်။ "Apple CEO Tim Cook," "Netflix CEO "Reed Hastings", "Berkshire Hathaway CEO" နဲ့ ရင်းနှီးမှု ဘုရင်ကြီး “ဝါရင်းဘူဖေး” ဟာသသရုပ်ဆောင် မင်းသားကြီး “ရော့ဘင်ဝီလျှံစ်” ချက်ပြုတ်ရေးဝိဇ္ဇာ “အန်ထော်နီဘော်ဒိန်း” တီဗီထုတ်လုပ်သူ “ဂျင်ကိုဟန်” နဲ့ အမှုဆောင်စာရေး ဆရာမ “ရှို့ဒါရိုင်းစ်” တို့ပါပဲ။

ကျွန်တော် "Pixar" တည်ထောင်သူ ဥက္ကဋ္ဌ “အက်ကက်မော”နဲ့ စကားတွေအရှည်ကြီး ပြောခဲ့ဖူးတယ်။ (စတိဗ်ဂျော့ချ်နဲ့ နှစ်အစိတ်ကြာ အနီးကပ်ဆုံး တွဲလုပ်သူပေါ့) ဂျော့ချ်အောင်မြင်မှုဟာ သူက အပိုတာဝန် တွေ အပိခံပြီး စိတ်နုစိတ်ဆတ်တာကြောင့်ပဲလို့ ယုံကြည်တဲ့အကြောင်း တွေပါပဲ။ ဂျော့ခ်ျဟာ “သူ့အသက်မွေးမှု ခပ်စောစောပိုင်း ကာလတုန်းက ညံ့ဖျင်းတဲ့အပြုအမူတွေရှိခဲ့တယ်”လို့ နာမည်ထွက်ခဲ့တာကို “ကက်မော” ကသဘောတူပါတယ်။ ဂျော့ချ်က Appleက အထုတ်ခံရပြီးမှ ပိုကောင်း

ကောင်း ပြောင်းလဲလာတယ်။ ကွန်ပျူတာကုမ္ပဏီကြီး "Next" ကို ခပ်စောစော Pixarနဲ့အတူ သိမ်းပိုက်လိုက်ခါစကတော့ ဆုံးရှုံးမှုအနည်း ငယ် နစ်နာခဲ့ရတာပေါ့။ ၁၀ နှစ်လောက် အရိုင်းတောထဲ လည်ခဲ့ရသေး တယ်။ Pixar (ကွန်ပျူတာလက်ရာနဲ့ ကလေးကာတွန်းကားနဲ့) မှာ အောင်မြင်လာပြီးတဲ့နောက် သူ့စရိုက်လက္ခဏာက ပိုစာနာမှုထား၊ပိုနားထောင်လာ၊ ပိုကောင်းတဲ့ ခေါင်းဆောင်၊ ပိုကောင်းတဲ့ အစုစပ်ဖြစ် လာတယ်။ “ပိုတွေးဆဂရုစိုက်ပြီး Apple ကို အံ့မခန်းအောင်မြင်အောင် ဖန်တီးသူ” ပါပဲလို့ “ကက်မော” က ချီးကျူးဂုဏ်ပြုပါတယ်။

စေ့စပ်ရတာ ခက်ခဲတဲ့သူဖြစ်နေတုန်းပဲ။ ငြင်းခုံမှုကို စိန်ခေါ်နေတဲ့ လူ၊ ပြည့်စုံရေးဝါဒီပါပဲ။ ဂျော့ခ်ျရဲ့ အကြီးမားဆုံးအောင်မြင်မှုက စောစော ပိုင်းနှစ်တွေတုန်းက သူ့ကို ပလိပ်ရောဂါလို တိုက်စားခဲ့တဲ့ မိုက်မဲမဲ ဆက်ဆံရေးမျိုးကို စွန့်လွှတ်ပြီးတဲ့နောက်မှာ ရတာပါ။

ပုဂ္ဂိုလ်ရေးအောင်မြင်မှုတွေရနေတဲ့ ခွေးချေးလို လူတွေက အပျက် အစီးတွေ သိပ်များများလုပ်ခဲ့ပေမဲ့ အခြားတစ်ဖက် လူသားဘဝမှာတော့ ဆုံးရှုံးရသူပဲ ဖြစ်တော့တယ်။ လေ့လာချက်ထောင်ပေါင်း များစွာက စည်းကမ်းလျော့ရဲရဲဖြစ်မှုကြောင့် “ခွေးချေးလူတွေရဲ့ စုစုပေါင်းကုန်ကျ စရိတ်” (TCA) တွေက မိုးထိအောင်မြင့်လွန်းအားကြီးနေတယ်။ သူတို့ က တစ်ဦးချင်းကိုသာမက အဖွဲ့ အစည်း၊ အုပ်စုတွေနဲ့ လူ့အဖွဲ့ အစည်းကို ပါ ဒုက္ခပေးနေပါတယ်။ ။

ဥပမာ- အစ္စရေးဆေးရုံတစ်ခုကို ဝင်စစ်ဆေးတဲ့ အမေရိကန် ကျန်းမာရေးဂရုစိုက်မှု ကျွမ်းကျင်သူတစ်ယောက်က အစ္စရေးဆရာဝန် တွေ၊ သူနာပြုတွေရဲ့ အရည်အချင်းကို ရှုတ်ချကဲ့ရဲ့ စကားတွေ ပြင်းပြင်း ထန်ထန် ပြောဆိုကြိမ်းမောင်းပါတော့တယ်။ အစ္စရေးကျန်းမာရေး ဝန်ထမ်းတွေက ဖျားနာနေတဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်ပေးတာ ညံ့ဖျင်းလွန်းတယ်လို့ အဲဒီအမေရိကန်က ပြောဆိုတော့ ခလောက်ဆန်မှု တွေက ကျန်းမာရေးဝန်ထမ်းတွေကို စိတ်ဓာတ်ကျဆင်းစေပြီး လုပ် ဆောင်ချက်တွေ ပိုဆိုးလာပါတော့တယ်။

၂၀၁၁ ခုနှစ်မှာ သိပ္ပံဝတ္ထုရေးဆရာ “ဝီလျံဂစ်ဘ်ဆင်” က “သင့် ကိုယ်သင် စိတ်ကျရောဂါ (သို့) ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုတွေနိမ့်ကျနေကြောင်း စစ်ဆေးမတွေ့မီမှာ သင့်ဘေးနားတစ်ဝိုက်မှာ ခွေးချေး လို လူတွေ ရှိ၊ မရှိ သေချာအောင် လုပ်ထားပါ”လို့ အကြံပေးထားတယ်။

စော်ကားမှု၊ ဗိုလ်ကျမှု၊ ဖုန်းသရဲ၊ လမ်းသရဲ သောင်းကျန်းညစ်ပတ် ယုတ်မာမှု၊ ဇက်ရဲလက်ရဲ နှိပ်စက်မှုကပ်ရောဂါက သားကောင်ဖြစ်ရသူ

တွေရဲ့ ရုပ်ပိုင်းစိတ်ပိုင်းရေးရာပြဿနာတွေ တိုးပွားစေပါတယ်။ လေ့လာ မှုထောင်ပေါင်းများစွာက ဗိုလ်ကျနှိပ်စက်ခံရသူ ကလေးတွေဟာ စိတ်ပိုင်း ဆိုင်ရာ ပျက်စီးမှုတွေဖြစ်လာရာမှာ အကယ်ဒမစ်လုပ်ဆောင်မှု အားနည်း လာကာ စိတ်ကျန်းမာရေးပြဿနာတွေက ဘဝတစ်လျှောက်လုံး ခံစား သွားရတော့တယ်။

စက်ရုံလုပ်ငန်းခွင်ထဲမှာလည်း နှုတ်ဖြင့် စော်ကားမှုတွေက စိတ် လှုပ်ရှားမှု ပြဿနာတွေတက်စေပြီး ထုတ်လုပ်မှုတွေ ကျဆင်းစေတယ်။ လုပ်သက်ရင့် ဆရာဝန်သူနာပြုတွေက အပေါ်စီးနဲ့ ဗိုလ်ကျမှုတွေက လည်း လုပ်သက်နုတဲ့ ဆရာဝန်သူနာပြုတွေကို အားထုတ်မှု လျော့ကျစေ ပြီး လူနာတွေအပေါ်စာနာမှုတွေ ကျဆင်းသွားတယ်။

ဝန်ဆောင်မှုလုပ်ငန်းမှာလည်း ဝယ်သူဖောက်သည်တွေရဲ့ စကား အပြောအဆို တင်တင်စီးစီးစော်ကားမှုဒဏ်တွေ (ရိုင်းရိုင်းစိုင်းစိုင်းမှု၊ အဖက်မတန်သလို အမူအရာတွေ၊ အော်ဟစ်ငေါက်ငမ်းမှုတွေ စသဖြင့်) ခံရတာက ရုပ်ပိုင်းစိတ်ပိုင်းနေထိုင်မကောင်းဖြစ်စေပြီး အလုပ်ထဲ ဇောက် မချနိုင်တော့ဘဲ ဖြစ်သွားရတယ်။

တခြားလူတွေကို ညစ်ထေးအောင် လုပ်တဲ့လုပ်ရပ်တွေက ကူးစက် တတ်တယ်။ ၂၀၁၂ ခုနှစ် လေ့လာချက်မှတ်တမ်းတွေအရ ညစ်ပတ် ယုတ်မာတဲ့ အထက်တန်းခေါင်းဆောင်တွေက ရွေးချယ်မွေးမြူတတ်တာ တွေက စော်ကားတတ်၊ မောက်မာကောက်ကျစ်ညစ်ပတ်တဲ့ အသင်း ခေါင်းဆောင်တွေပဲ ဖြစ်တတ်တယ်။ သူတို့က အသင်းတွေထဲမှာ အဖျက်...