Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - ခက်ခဲတဲ့အပြန်အလှန်ဆက်သွယ်လုပ်ဆောင်မှုများစီမံခန့်ခွဲခြင်း

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

အကြံပေးသူရဲ့ သဝဏ်လွှာ

ဘာ့ကြောင့် ခက်ခဲတဲ့အပြန်အလှန်လုပ်ရပ်များ စီမံခန့်ခွဲပုံ ခန့်ခွဲနည်းကို လေ့လာရပါသလဲ

နေ့စဉ်ဘဝရဲ့ အလုပ်ခွင်နေရာတွေမှာ သင့်အလုပ်ရှင် ဘော့စ်၊ သင့်ဘော်ဒါ လုပ်ဖော်ကိုင်ဘက်၊ ဝန်ထမ်းတွေနဲ့ သင့်ဖောက်သည် ပေးသွင်းသူတွေနဲ့တောင် စိတ်မသက်သာဖွယ် အံ့သြစရာတွေ ကြုံရ တတ်တာတွေအနက် တစ်ခုကတော့ စကားပြောရတာ မခံချိမခံသာ ဖြစ်ရတာတွေပါပဲ။ ဒီခက်ခဲတဲ့ အပြန်အလှန်လုပ်ရပ်မျိုး ကျွန်တော်တို့ ရှောင်ရှားချင်သလိုပဲ၊ အခြားသောစိတ်မသက်သာဖွယ်ရာများကိုလည်း ရှောင်ရှားချင်ကြတာပါပဲ။ ဘာဖြစ်လို့ ရှောင်ချင်ကြတာလဲ။ ခက်ခဲတဲ့ အပြန်အလှန် လုပ်ရပ်တွေက ဖျာလောင်ခတ်ခြင်း၊ ပူထူပြီး စိတ် အနှောင့် အယှက်ဖြစ်ရခြင်း၊ ဒေါသထွက်ရခြင်းတို့လို အဆိုးမြင်ခံစားချက်တွေပဲ ဓာတုပြောင်းလဲစေလို့ပဲ ဖြစ်ပါတယ်။ အဲဒီအခိုက်အတန့်တွေမှာ လုံခြုံမှု၊ နားလည်မှု၊ စွမ်းဆောင်နိုင်မှုနဲ့ အခြားကျွန်တော်တို့ရဲ့ လိုအပ် ချက်တွေ ဖြစ်မလာတတ်ကြဘူး။ ဒါပေမဲ့ ဒီအရာတွေ၊ လျစ်လျူရှုထားမိ ပြန်ရင်လည်း ကိစ္စတွေက ပိုဆိုးလာတတ်သေးတယ်။ မရည်ရွယ်ထားတဲ့

 

ရန်လိုမှု၊ ထိခိုက်နာကျင်မှု၊ ထိပ်တိုက်ရင်ဆိုင်တွေ့မှုရဲ့ သော့ချက် အသွင်လက္ခဏာတွေက သင့်ရဲ့ စွမ်းအင်တွေကို စုပ်ယူသွားနိုင်ပြီး အသင်းရဲ့ ကုန်ထုတ်လုပ်နိုင်စွမ်းတွေ လျော့ကျလို့ အလုပ်ခွင်ဆက်ဆံရေးပါ ပျက်စီးသွားနိုင်ပါတယ်။

နားလည်မှုလွဲခြင်းနဲ့ ပဋိပက္ခတွေက လူသားရဲ့ အပြန်အလှန် လုပ်ရပ် အမျှင်တန်းရဲ့ အစိတ်အပိုင်းပဲ ဖြစ်တယ်။ ဒီအထဲမှာ ပါဝင်နေတဲ့ အခြေအနေတွေကတော့ ကစားသမားတွေအတွက် သူတို့ကိုယ်သူတို့နဲ့ အခြားသူတွေကို အလုပ်မှာစုပေါင်းလုပ်ဆောင်မှုဖက်ရှင်နဲ့ လုပ်နိုင်မယ့် အခွင့်အလမ်းတွေပဲ ဖြစ်တယ်။

တင်းမာကျပ်တည်းတဲ့ပုဂ္ဂိုလ်အချင်းချင်း အပြန်အလှန်ဖလှယ်ရေး ကို အမြဲတမ်းဘက်ပြောင်းရေးက ဖြစ်နိုင်ခြေရှိပါတယ်။ လုပ်ငန်းစဉ် ထဲက ဆက်ဆံရေးတစ်ခုတောင် အားပိုတောင့်လာနိုင်သေးတယ်။ ဒါက ပိုက်ခေါင်းထဲ အိပ်မက်မက်သလို ရှိနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အားလုံးက လူမှုရေးသတ္တဝါတွေပဲ ဖြစ်တယ်။ အသက် ရှည်ရှည် ကောင်းမွန်စွာရှင်သန်နေသွားချင်ကြတာချည်းပါပဲ။ ပိုမြင့်မြတ် တဲ့ ရှင်သန်နိုးကြားမှုဇောတွေနဲ့ ကျွန်တော်တို့ ထိတွေ့ရတဲ့အခါ တခြား လူတွေကိုတောင် ကျွန်တော်တို့ ကူညီချင်ကြသေးတယ်။ မှန်တယ်။ ကျွန်တော်တို့ အမှန်တကယ်ပဲ လုပ်ဖြစ်ကြပါတယ်။

ခက်ခဲတဲ့အပြန်အလှန်လုပ်ရပ်တွေကနေ သင့်လမ်းကြောင်းကို လမ်းကြောင်းညွှန်ကြားဖို့လေ့လာရတာက ကိုယ့်ကိုယ်ကိုယ် သိမြင် သတိရှိမှုနဲ့ ကျွမ်းကျင်မှုတချို့ယူရပါတယ်။ သတ္တိလည်း မွေးရတယ်။ စကားပြောဆိုခြင်းမှာ ကောင်းတာတွေအရန်သင့်ဖြည့်ဆည်းရင်း ပဋိပက္ခ ကနေ ချိတ်ဆက်မှုတွေ ရဖို့လေ့ကျင့်ရတယ်။ ဘယ်လိုလေ့ကျင့်ရတယ် ဆိုတာ ဒီစာအုပ်က ပြမှာပါ။

လာမယ့် စာမျက်နှာတွေမှာ ခက်ခဲတဲ့ အပြန်အလှန်လုပ်ရပ် တွေဖြစ်စေတဲ့ အကြောင်းရင်းတွေကို သင်တွေ့ရလိမ့်မယ်။ ဒါတွေနဲ့ ပတ်သက်လို့ မန်နေဂျာတွေများစွာကာကွယ်နေကြရတဲ့ အတားအဆီး တွေကို ဘယ်လိုရင်ဆိုင်သွားရမယ်ဆိုတာလည်း ပြထားပါတယ်။ သင့် ဂရုစိုက်မှုနဲ့ ထိုက်တန်တဲ့ ပဋိပက္ခတွေ သတ်မှတ်ဆုံးဖြတ်ဖို့ ခက်ခဲတဲ့ အပြန်အလှန်လုပ်ရပ်တစ်ခုထဲမှာ အမှန်တကယ်ဘာတွေဖြစ်နေသလဲ ဆိုတာ သိရှိဖို့ ဒီလိုအခြေအနေတွေ မကြာခဏမြင့်တက်လာစေတဲ့ စိတ်လှုပ်ရှားမှုတွေကို စီမံခန့်ခွဲဖို့ လက်တွေ့ကျတဲ့ နည်းစနစ်တွေလည်း သင် လေ့လာရပါလိမ့်မယ်။ ထပ်ဆင့်တင်ပြထားတဲ့ အခန်းတွေက ပဋိပက္ခ နောက်ကွယ်က ပြဿနာတွေဖြေရှင်းဖို့ မဟာဗျူဟာတွေ ထုတ်ဖို့နဲ့ သင့်ဝန်ထမ်းတွေကြားက ခြားနားချက်တွေ ပြန်စေ့စပ်ဖျန်ဖြေဖို့အတွက်ပဲ ဖြစ်ပါတယ်။

ဒီစာအုပ်မှာ သင်သုံးလို့ရတာတွေ ရှာတွေ့လိမ့်မယ်လို့ ကျွန်ုပ် မျှော်လင့်တယ်။ သင့်ရဲ့ စူးစမ်းရှာဖွေရေးကံကောင်းပါစေ။

 

                                            အကြံပေးဆရာ “ဘာရီရိုစင်” (Barry Rosen)

“ဘာရီရိုစင်”က အပြန်အလှန်လုပ်ရပ်များအဖွဲ့ အစည်း (IA)ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်တယ်။ I.A တွေများစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူလည်း ဖြစ်တယ်။ I.A ရောင်းရစ္ေဆုံး သင်ကြားရေးအစီအစဉ် တွေအပါအဝင် ဖြည့်တင်းရေးဆိုင်ရာ ခေါင်းဆောင်မှုနဲ့ မရှိမဖြစ်ဖြည့် တင်းရေးတို့ပါ ဆောင်ရွက်တယ်။ မစ္စတာရိုစင်ဟာ ခေါင်းဆောင်များနဲ့ အတိုင်ပင်ခံတွေကို အသင်းလုပ်ငန်းနဲ့ စုပေါင်းလုပ်ဆောင်မှုကျွမ်းကျင် ရေးတို့ကို သင်တန်းပေး ပို့ချလာတာ ၁၉၈ဝ ခုကတည်းက ဖြစ်လို့ 8601ê: po copiosullo "Interaction Associates. Inc."

 ကခင်းကျင်းလုပ်ဆောင်မှုတိုးတက်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး အမှုသည် တွေကို အခွင့်အလမ်းတွေ နားလည်ရေးနဲ့ ပြဿနာတွေ ဖြေရှင်းရေး အတွက် စုပေါင်းလုပ်ဆောင်ရေးမဟာဗျူဟာတွေနဲ့ တပ်ဆင်ပေးတယ်။ ၁၉၆၉ ခုကတည်းက I.A ကုမ္ပဏီက ကမ္ဘာ့ခေါင်းဆောင်များ၊ Fortune 100 နဲ့ အစိုးရပိုင်းဆိုင်ရာ အေဂျင်စီတွေကို သူတို့ရဲ့ အခက်ခဲဆုံး စုပေါင်းလုပ်ဆောင်မှု စိန်ခေါ်ချက်တွေ ကျော်လွှားနိုင်ရေးအတွက် အထောက်အကူပေးလာခဲ့ပါတယ်။

 

                               ခက်ခဲတဲ့ အပြန်အလှန်ဆက်သွယ် လုပ်ဆောင်မှုများ စီမံခန့်ခွဲခြင်း

နေ့စဉ်ဘဝရဲ့ အလုပ်ခွင်နေရာတွေမှာ သင့်အလုပ်ရှင် ဘော့စ်၊ သင့်ဘော်ဒါ လုပ်ဖော်ကိုင်ဘက်၊ ဝန်ထမ်းတွေနဲ့ သင့်ဖောက်သည် ပေးသွင်းသူတွေနဲ့တောင် စိတ်မသက်သာဖွယ် အံ့ဩစရာတွေ ကြုံရ တတ်တာတွေအနက် တစ်ခုကတော့ စကားပြောရတာ မခံချိမခံသာ ဖြစ်ရတာတွေပါပဲ။ ဒီခက်ခဲတဲ့ အပြန်အလှန်လုပ်ရပ်မျိုး ကျွန်တော်တို့ ရှောင်ရှားချင်သလိုပဲ၊ အခြားသောစိတ်မသက်သာဖွယ်ရာများကိုလည်း ရှောင်ရှားချင်ကြတာပါပဲ။ ဘာဖြစ်လို့ရှောင်ချင်ကြတာလဲ။ ခက်ခဲတဲ့ အပြန်အလှန် လုပ်ရပ်တွေက ဖျာလောင်ခတ်ခြင်း၊ ပူထူပြီး စိတ် အနှောင့် အယှက်ဖြစ်ရခြင်း၊ ဒေါသထွက်ရခြင်းတို့လို အဆိုးမြင်ခံစားချက်တွေပဲ ဓာတုပြောင်းလဲစေလို့ပဲ ဖြစ်ပါတယ်။ အဲဒီအခိုက်အတန့်တွေမှာ လုံခြုံမှု၊ နားလည်မှု၊ စွမ်းဆောင်နိုင်မှုနဲ့ အခြားကျွန်တော်တို့ရဲ့ လိုအပ် ချက်တွေ ဖြစ်မလာတတ်ကြဘူး။ ဒါပေမဲ့ ဒီအရာတွေ၊ လျစ်လျူရှုထားမိ ပြန်ရင်လည်း ကိစ္စတွေက ပိုဆိုးလာတတ်သေးတယ်။ မရည်ရွယ်ထားတဲ့ ရန်လိုမှု၊ ထိခိုက်နာကျင်မှု၊ ထိပ်တိုက်ရင်ဆိုင်တွေ့မှုရဲ့ သော့ချက် အသွင်လက္ခဏာတွေက သင့်ရဲ့ စွမ်းအင်တွေကို စုပ်ယူသွားနိုင်ပြီး အသင်းရဲ့ ကုန်ထုတ်လုပ်နိုင်စွမ်းတွေ လျော့ကျလို့ အလုပ်ခွင်ဆက်ဆံရေးပါ ပျက်စီးသွားနိုင်ပါတယ်။ ။

နားလည်မှုလွဲခြင်းနဲ့ ပဋိပက္ခတွေက လူသားရဲ့ အပြန်အလှန် လုပ်ရပ် အမျှင်တန်းရဲ့ အစိတ်အပိုင်းပဲ ဖြစ်တယ်။

ခက်ခဲတဲ့အပြန်အလှန်လုပ်ရပ်တွေကနေ သင့်လမ်းကြောင်းကို လမ်းကြောင်းညွှန်ကြားဖို့လေ့လာရတာက ကိုယ့်ကိုယ်ကိုယ် သိမြင် သတိရှိမှုနဲ့ ကျွမ်းကျင်မှုတချို့ယူရပါတယ်။ သတ္တိလည်း မွေးရတယ်။ စကားပြောဆိုခြင်းမှာ ကောင်းတာတွေအရန်သင့်ဖြည့်ဆည်းရင်း ပဋိပက္ခ ကနေ ချိတ်ဆက်မှုတွေ ရဖို့လေ့ကျင့်ရတယ်။ ဘယ်လိုလေ့ကျင့်ရတယ် ဆိုတာ ဒီစာအုပ်က ပြမှာပါ။