Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ကောင်းသာ - ကြီးပွါးချမ်းသာခြင်းသို့ရက်(၉၀)စီမံကိန်း

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

နိဒါန်း

သင်ဒီစာတွေဖတ်နေစဉ်မှာ မနက်ဖြန်မှာ ပိုကောင်းနေတဲ့သူတစ် ယောက် ဖြစ်ချင်နေမှာဆိုတော့ သံသယဖြစ်စရာမလိုပါဘူး။ သင် တစ်နည်းနည်းနဲ့တော့ တိုးတက်ချင်နေမှာပါပဲ။ သင့်ရဲ့ အသက်မွေး ဝမ်းကျောင်းအလုပ်မှာ တိုးတက်ချင်နေမှာပဲ။ ပိုကျန်းမာတဲ့ ဘဝနေ နည်းစတိုင်မျိုးနဲ့ နေချင်နေမယ်။ သင့်ရဲ့ ဗဟုသုတတွေလည်း တိုး ပွားချင်နေမယ်။ တစ်စုံတစ်ယောက်နဲ့ ဆက်ဆံရေးပိုအားကောင်းနေ မယ်။ သင့်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာဘဝ ပိုနက်ရှိုင်းချင်နေမယ်။ သို့ မဟုတ် ဘဝတစ်သက်တာ အိပ်မက်ကို ရယူပြီးမြောက်ချင်နေမှာပါပဲ။

သင် ဒါတွေ ရနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ သင့်ရဲ့ အတွင်း အဇ္ဈတ္တထဲမှာ အစွမ်းအစတွေ များစွာရှိနေမယ်။ ဒါပေမဲ့ သင် လက်ရှိမှာ ဒါတွေရဖို့ ကိရိယာလက်စွဲတွေကိုကော သုံးဖြစ်ပါရဲ့လား။ သင်လုပ်ရမှာတွေ ပိုကောင်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတာရော သင်သိပါရဲ့လား။ သင့်ရဲ့ ဆက်ဆံရေးတွေ ဘယ်လိုတိုးတက်စေမလဲ။

သင့်ပန်းတိုင်တွေအရောက် ဘယ်လိုသွားမလဲ။ လူတစ်ယောက်အနေနဲ့ အသိပညာတွေသင်ဖို့ နက်နက်ရှိုင်းရှိုင်း ဘယ်လိုရယူမလဲ။ အတား အဆီးတွေကိုကော သင်ဘယ်လိုကျော်ဖြတ်မှာလဲ။ သင် ပိုကောင်းလာ တာတွေ ဖြစ်လာရေးကို စောင့်ရင်း အလုပ်ကိုပိုကြာကြာလုပ်ဖို့ ခက် ခက်ခဲခဲကော လုပ်သင့်ပါရဲ့လား။

( အဖြေကတော့ ကြီးပွားရေးအတွက် သင့်မှာ ရည်စူးချက်ရှိရှိ မဟာ ဗျူဟာကျ စီမံကိန်းတစ်ရပ် ရှိဖို့လိုပါတယ်။ ။ လူများစွာက ခက်ခက်ခဲခဲ ကြိုးစားရင်းရတဲ့ ကျောင်းတွေကနေ လေ့လာသင်ကြားခဲ့ရတယ်။ ခက်ခဲတဲ့အတွေ့အကြုံတွေက သူတို့ကို ကြုံရာကျပန်း သင်ခန်းစာတွေကို ခက်ခဲတဲ့နည်းနဲ့ သင်ကြား ပေးခဲ့တယ်။ တစ်ခါတလေမှာ ပိုလို့ကောင်းသလို တစ်ခါတစ်ခါကျတော့ ပိုဆိုးသွား တတ်ပါတယ်။

သင့်မှာ အိပ်မက်တွေ၊ ပန်းတိုင်တွေ အာရုံနိုးကြားမှုရှိပါတယ်။ သင် အမှန်တကယ် ခက်ခက်ခဲခဲ အလုပ်လုပ်ရုံနဲ့ သင်သဘာဝကျကျ တိုးတက်လာမယ်လို့ လျာထားမိရဲ့လား။ သင် တစ်ကြိမ်တစ်ခါတော့ ယုံကြည်ခဲ့ဖူးလိမ့်မယ်။ ဒီနောက် ပုဂ္ဂိုလ်ရေးတိုးတက်မှုက သူ့ဟာသူ

တော့ ဖြစ်မလာတတ်မှန်း ကျွန်တော်ရှာဖွေတွေ့ရှိခဲ့တယ်။ ဒါနဲ့ပတ် သက်လို့ ကျွန်တော်တို့ မဟာဗျူဟာတော့ ကျကိုကျရမှာပါ။ ကျွန်

တော်တို့ကြီးပွားရေး လုပ်ငန်းစဉ်ရဲ့ ပိုင်ရှင်အဖြစ်ကို ကျွန်တော်တို့ကပဲ အပြည့်အဝယူဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဘယ်သူမှ ကျွန်

တော်တို့အတွက် ကိုယ်စားလုပ်ပေးမှာ မဟုတ်လို့ပါပဲ။ တကယ်လို့ ကျွန်တော်တို့ဘဝတွေ တိုးတက်စေချင်ရင် ကျွန်တော်တို့ဘာသာပဲ တိုး တက်အောင် လုပ်ရမှာပဲဖြစ်တယ်။

သင့်ကိုယ်သင် တိုးတက်ဖို့ ဘယ်လိုကြီးပွားအောင်လုပ်ရမယ်ဆိုတာတွေ လေ့လာရေးမှာ သင့်ကိုကူညီဖို့ ဒီစာအုပ်မှာ ကျွန်တော် အား ထုတ်ထားပါတယ်။ ဒါမှသာ သင်ဖန်တီးဖို့ရှိတဲ့ လူစားမျိုးဖြစ်လာဖို့ အကောင်းဆုံးအခွင့်အလမ်းကို သင် ရမှာဖြစ်ပါတယ်။ ရည်စူးချက်ရှိရှိ ကြီးပွားရေးက သင့်ရဲ့ အစွမ်းအစ တံခါးကိုသော့ဖွင့်နိုင်မယ့် သော့ ချက်ပဲဖြစ်ပါတယ်။ နောက်ရက် ၉၀ ကြာရင် သင်ဟာ ပိုပြည့်ဝပြီး ပိုလည်း ထိရောက်လာမယ့် တစ်ဦးချင်းပုဂ္ဂိုလ်ဖြစ်လာဖို့ရာ ရှင်းလင်း တဲ့ ခြေလှမ်းတွေပြင်ဆင်ပြီးလျက်သား ဖြစ်လိမ့်မယ်။ သင့်ရဲ့ ကြီးပွား ရေးခရီးမှာ သင် ဘယ်နေရာရောက်နေနေ ဘာစိန်ခေါ်ချက်တွေ ရင် ဆိုင်နေရသည်ပဲဖြစ်ပါစေ၊ သင့်ကိုယ်သင် တိုးတက်ဖို့အခွင့်အရေး တစ်ခု တော့ သင် ရမှာဖြစ်တယ်။

ရည်စူးချက်ရှိရှိ ကြီးပွားအောင် နောက် ရက် ၉ဝ အတွက် နေ့စဉ် နေ့တိုင်း မိနစ် ၁၅ မိနစ်ကျစီ ဘေးဖယ်ထားပါ။ အဲဒီ ၁၅ မိနစ်အတွင်း တစ်နေ့တာအတွက် သတ်မှတ်ထားတဲ့ အာရုံနိုးဆွချက်အဆိုအမိန့် တစ်ခုစီကို ဖတ်ပြီးသေချာစွာစဉ်းစားပါ။ သင်ခန်းစာတွေကို အစာ ခြေချက်ပစ်ပါ။ နောက်စာမျက်နှာမှာ မေးခွန်းတွေကို တုံ့ပြန်ဖြေကြား ဖို့လက်တွေလေ့ကျင့်ခန်းတွေ ဖြည့်စွက်လုပ်ရင်း ရှေ့သို့တိုးရွှေ့ပါ။

နောက် ၃ လအတွက် သင်ဟာ နေ့စဉ်နဲ့အမျှ ရည်ရွယ်ချက်ရှိရှိ အချိန်ယူကြီးပွားရေး လုပ်သွားရင် သင့်အစွမ်းအစတွေက သင့်လမ်း

ကြောင်းပေါ်မှာပဲ ရှိလိမ့်မယ်။ ရည်ရွယ်ချက်ရှိရှိ ကြီးပွားရေး အလေ့ အထတစ်ခုကိုလည်း သင် လုပ်မိလိမ့်မယ်။ နောက်ကြောင်းပြန်လှည့် ရင်း သင်ဘယ်လိုခရီးပေါက်လာမှန်း သင်တွေ့ရမယ်။ အဆင်သင့်ဖြစ်ပြီလား။ ကဲ...စကြစို့ရဲ့.......။

 

“သင် ဖြစ်ချင်တဲ့သူ ဖြစ်လာဖို့နဲ့၊ သင် ဖြစ်လာချင်တဲ့သူကို စောင့်နေရတာကို ရပ်ဆိုင်းဖို့လိုတဲ့ အချိန်ကိုရောက်လာပါပြီ”

                                                                                           ဘရုစ်စပရင်းစတင်း

အစွမ်းအစဆိုတာ ဘယ်ဘာသာစကားမှာမဆို အံ့ချီးဖွယ် အကောင်းဆုံး ဝေါဟာရဖြစ်ပါတယ်။ ယင်းက အကောင်းမြင်ဝါဒနဲ့ ရှေ့ကိုမျှော်တယ်။ သူ့မှာ မျှော်လင့်ချက်တွေနဲ့ ပြည့်နေတယ်။ ကြီး မြတ်မှုနဲ့ ထိတွေ့တယ်။ အစွမ်းအစဆိုတာ ဖြစ်နိုင်ခြေတွေပေါ်မှာ အခြေခံ တဲ့ စကားလုံးဖြစ်တယ်။ သင့်ရဲ့ အစွမ်းအစကို လူသားတစ်ယောက်အနေ နဲ့ စဉ်းစားကြည့်ပါ။ ရင်ခုန်လာရစေမယ်။ အနည်းဆုံးတော့ မျှော်လင့် ချက်ပေါ်လာမယ်။ ဘယ်လောက်ထိ အကောင်းမြင်ကြလိုက်သလဲလို့။ ကျွန်ုပ်ကိုယ်ကျွန်ုပ် ယုံကြည်သလောက် သင့်အစွမ်းအစကို သင်ယုံကြည် နိုင်ပါတယ်။

သင့်မှာ ကြီးပွားရေးထဲ ခုန်ဝင်ဖို့ ဆန္ဒရှိကြောင်း ကျွန်ုပ်ယုံကြည်တယ်။ ဒါကြောင့် သင့်ရဲ့ အစွမ်းအစတွေဆီရောက်နိုင်တယ်။ မေးပါ ရစေ။ “သင့်ရဲ့ ပုဂ္ဂိုလ်ရေးကြီးပွားမှုအတွက် သင့်မှာ စီမံကိန်းတစ်ရပ် ရှိပါသလား” ကျွန်တော် အသက် ၂၀ အရွယ်က ဒီမေးခွန်းကို ကိုယ့် ဘာသာကိုယ် မေးဖူးခဲ့တာမို့ ကျွန်တော့်ဘဝပြောင်းလဲခဲ့တယ်။ သင့် ဘဝကိုလည်း ပြောင်းလဲပေးနိုင်မယ်လို့ ယုံကြည်တယ်။ ကျွန်တော့် အသက်မွေးမှုကို စတင်တော့ ရည်စူးချက်ရှိရှိလုပ်တယ်။ ပန်းတိုင်တွေ ရောက် အောင်မြင်ခဲ့တယ်။ မဟာဗျူဟာထားတယ်။ အလုပ်ကြိုးစားပါ တယ်။ ကျွန်တော်သွားချင်တဲ့နေရာ ရောက်မယ်လို့ မျှော်လင့်တာပေါ့ ။ ဒါပေမဲ့ မျှော်လင့်ချက်က မဟာဗျူဟာ မဟုတ်သေးဘူး။ အလုပ်ကြိုး စားရုံနဲ့ မအောင်မြင်နိုင်သေးဘူး။ စီမံကိန်းတစ်ရပ် ကျွန်တော့်မှာ မရှိ သေးတာကို နားလည်မိတော့တယ်။ ဒါကြောင့် သင့်မှာ စီမံကိန်းရှိပါ သလား။

 

သင့် အစွမ်းအစနဲ့ပတ်သက်လို့ သင် ဘာကိုယုံကြည်သလဲဆိုတာ ဖော်ပြပါ။ ပြီးတော့ သင်ဖြစ်လာနိုင်တာ အားလုံးဖြစ်လာဖို့ သင်ဘယ်လိုစီမံသလဲ သို့မဟုတ် မျှော်လင့်ထားသလဲ ဆိုတာကိုလည်း ဖော်ပြပါ။

 

                                နေ့

                                  ၂

“မနက်ဖြန်အတွက် ရှင်သန်ရတဲ့ ဘဝကတော့၊ အမြဲတမ်း နားလည်ထားတာနဲ့ လှမ်းဝေးနေတဲ့ ရက်တစ်ရက်ပဲ ဖြစ်လိမ့်မယ်”

                                                                                                           လီယိုဘတ်စကာဂလီးယား

                                   သင်ကလည်း ကျွန်တော့်လိုပဲ။ သင့်အစွမ်းအစတွေ ရောက်ဖို့နဲ့ ကြီးပွားရေးကို ဟန့်တားနေတဲ့ ကွာဟချက်တွေကို ဖန်တီးနေတဲ့အယူ အဆလွဲမှားမှုတွေ တစ်ခု သို့မဟုတ် အများဖြစ်နေမယ်လို့ ထင်တယ်။ ကြီးပွား ရေးနဲ့ပတ်သက်တဲ့ အယူအဆလွဲမှားခြင်းတွေကတော့ ရိုးရိုး လေးကြိုးစားလုပ်နေရုံနဲ့ အလိုအလျောက် ကြီးပွားသွားမယ်လို့ ထင်နေတာမျိုး ဖြစ်တယ်။ ဒါက သင်လိုအပ်တဲ့ ရည်စူးချက်ရှိရှိ လုပ်ခြင်းကနေ နောက်ပြန်ဆွဲနေတာပါပဲ။

သင် ဒီလိုနောက်ပြန်ဆွဲနေတာက ကြောက်ရွံ့ နေခြင်းကြောင့် လည်း ဖြစ်နိုင်သလို၊ ကြီးပွားရေးစီမံကိန်းကို စတင်ရာမှာ “အကောင်း ဆုံး” လမ်းကို ရှာနေတာကြောင့်လည်း ဖြစ်နိုင်တယ်။ ကြီးပွားရေးမှာ

သင့်မှာ အဖြေတွေ ရှိမနေဘူးလို့ ဝန်ခံဖို့လည်း ပါဝင်နေတယ်။ အမှား လုပ်မိမှာကို ကြောက်နေတာမျိုးနဲ့ မိုက်မဲကြောင်း လူတွေထင်မှာကို

ကြောက်နေတာမျိုးပါတယ်။ သင်တိုးတက်ချင်ရင် အမှားကို ဝန်ခံရဲ ရမယ်။ ရည်စူးချက်ရှိရှိ တိုးတက်ချင်ရင် နေ့စဉ်နေ့တိုင်း အမှားတွေ လုပ် မိနိုင်တယ်လို့ မျှော်လင့်ထားရမယ်။ ဒီနေ့ပဲ စလုပ် မှားချင်မှား ပါစေ။ အမှားများများတွေ့မှ သင်ခန်းစာများများရမယ်မှတ်ပါ။

ဒါဟာ မှန်ကန်တဲ့ လားရာဘက်ကို သင်ရွေ့ နေတဲ့ လက္ခဏာတစ် ရပ်အဖြစ် ကြိုဆိုရမယ်။

 

 

 

ကြီးပွားရေးစီမံကိန်းတစ်ရပ် စဖို့ရာ၊ သင့်ကိုနောက်ပြန် ဆွဲနေတဲ့၊ ယုံကြည်မှုတွေကို စာရင်းလုပ်ပါ။ ဒီအယူအဆလွဲမှားခြင်းတွေ

ကျော်လွှားဖို့ရာ ကြီးပွားရေး လုပ်ငန်းစဉ်ထဲ စခုန်ဝင်ဖို့ ဘာ အမှန်တရားတွေ သင်သုံး နိုင်သလဲ။

 

                      နေ့

                  ၃

 

“မောင်းတင်ချက်က သင့်ကို လျှပ်စီးလက်သလို ရိုက်ခတ် စေတာ မဟုတ်ဘူး။ မောင်းတင်ဆော်ဩချက် အယူအဆတစ်ခုလုံး က ထောင်ချောက်တစ်ခု ဖြစ်တယ်။ မောင်းတင်တာတွေ မေ့ပစ် လိုက်ပါ။ လုပ်စရာရှိတာ စလုပ်ပါ”

                                                                                                            ဂျင်နီဖာရိဒ်

သင့်ကို မကြီးပွားအောင် ကွာဟနေတဲ့ အယူအဆလွဲမှားမှုနောက် တစ်ခုက သင်လေ့လာ ကြီးပွားဖို့က အာရုံနှိုးဆွမှုတွေ လုပ်ပေးဖို့ လိုတယ်လို့ စဉ်းစားယူဆနေခြင်းပဲ ဖြစ်ပါတယ်။ ခြားနားအောင်လုပ် နိုင်တာ ကျွန်တော့်မှာ မျှော်လင့်ချက်ပဲရှိတယ်။ ဒါက အာရုံ ကို နှိုးဆွမပေးဘူး။ ဒါပေမဲ့ တစ်နည်းနည်းနဲ့တော့ စတင်လုပ်ဖြစ်စေတယ်။ ကျွန်တော်အံ့သြရတာက ကြီးပွားရေးကို ရည်ညွှန်းလို့ တစ်နှစ်အကြာမှာ ကျွန်တော့်ရဲ့ သူရဲကောင်းတချို့ကို စတင်ဖြတ်သန်းမိတယ်။ ဒါက ဧရာမ ခြားနားသွားတာပါ။

ကြီးပွားရေးကို ထိန်းထားဖို့ အကြောင်းရင်းတွေထက်၊ ကြီးပွား ရေးကို စတင်လုပ်ဖို့ အကြောင်းရင်းတွေကသာ အလေးသာတယ်လို့ကျွန်တော် ရဲရဲပြောဝံ့ပါတယ်။ ဆက်လက်ကြီးပွားရေးရဲ့ အကြောင်း ရင်းက အကျိုးတရားတွေကို ရိတ်သိမ်းရေးကို ကြာနိုင်သလောက် ကြာကြာ ဇောက်ချလုပ်ရေးနဲ့ ကပ်ငြိစေးကပ်နေရပါမယ်။ ဒါကြောင့် သင့်ဇောက်ချလုပ်မှုကို အနည်းဆုံး ၁၂ လ။ ကြာအောင်ကပ်ငြိသွားရင် ဒီလုပ်ငန်းစဉ်နဲ့ သင် ချစ်ကျွမ်းဝင်မိလိမ့်မယ်။ တစ်နှစ်ဆုံးလို့ ကိုယ့် ကိုယ်ကိုယ် ပြန်ကြည့်ရင် ဘယ်လောက်ထိအောင် ခရီးရောက်နေမှန်း သိလို့ အံ့သြသွားမိလိမ့်မယ်။

 

                                          ကြီးပွားရေးအတွက်၊ ဇောက်ချဖို့ သင့်ရဲ့ ပုဂ္ဂိုလ်ရေးကြေညာချက်ကိုရေး ချပါ။ လက်မှတ်ထိုး ရက်စွဲတပ်ပါ။ သည့်နောက်မှာ ဒီဇောက်ချ စလုပ်မယ့် ကိစ္စကို အနည်းဆုံး ရက် ၉ဝ ကြာကြာ စွဲကပ်ငြိစွဲမြဲ ခိုင်မာစွာလုပ်ပါ။ သင် အံ့ဩလောက်ဖွယ် ခရီးပေါက်ကြောင်း တွေ့ရလိမ့်မ