Skip to product information
1 of 13

စိတ်ကူးချိုချိုစာပေ

ကောင်းထက် - သမီးလေးဖတ်ဖို့ကဗျာ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

စောင်းလျားသီးနဲ့ ချစ်သမီး

စောင်းလျားသီး

စောင်းလျားသီး

ချွန်ချွန်လေးတွေသီး ...

သူ့အသီးနဲ့ အရွက်ဟာ

 ပုံစံတူတူပါ ...

များများစားရင်

 အီအီးပန်း

မီးမီးစားနဲ့စမ်း.......။

 

စောင်းကို (ဇောင်း)၊ လားကို (ခါး)ဟု အသံထွက် ဖတ်ပါ။

 

 

                      စာပျိုးခင်း

ဥယျာဉ်ကလေး ပျိုးလို့ထား

မီး ကစားမှာလား ...

တိုက်ခန်းကြီးထဲ ဖေဖေရယ်

 ဘယ်လိုကစားရပါ့မယ် ...

ဉာဏ်ကစားဖို့

ပျော်ရွှင်ဖို့ ဖေဖေလုပ်ထားပေါ့...

ဘယ်မှာများလဲ ဖေဖေရယ်

 သိချင်လိုက်တာကွယ် ...

သိချင်ရင်တော့ ပြလိုက်ချင်

သမီးလေးအတွက် စာအုပ်စင် ...။

 

                       ဇော်ဂျီ

ဇော်ဂျီဆိုတာ

ဘယ်လိုလဲ

ဖေဖေပြောမှ

သိမှာပဲ ...

စူပါမင်းထက်

 များကြီးသာ

ဆေးလည်း ကုပေးတာ •••

သူ့လက်ထဲမှာ

 ကိုင်လို့ဆွဲ

ဆေးကြိမ်လုံးက

တစ်ချောင်းတည်း ....။

တည်းကို (ထဲ)ဟု အသံထွက် ဖတ်ပါ။

 

 

                     ဖုန်းနဲ့ စာအုပ်

ဟန်းဖုန်းပွတ်တာ

 ခဏထားလို့

 စာအုပ်ဖတ်ဦး

သမီးရယ် ...

ဖုန်းထဲမှာလည်း စာပါတယ်

သမီးဖတ်ကြည့်တယ် ...

စာအုပ်ဆိုတာ

သေချာလွန်းလို့

တို့များမိတ်ဆွေ

ဖြစ်တော့တယ်

ဖတ်ကွယ် မှတ်ကွယ် ...။

 

 

                        မိသားစု

ဝမ်းရယ်၊ တူးရယ်၊ သရီးရယ် ... မီးမီးလည်းပါတယ်။

ဖေဖေကဝမ်း(1)၊ တူး (2) မေမေ ••• သမီးလေးက သရီး (3) လေ ...

 ဒီဘဝလမ်း လျှောက်ကာလှမ်း ... ချမ်းမြေ့ ပျော်ရွှင်လန်း ..။