Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ကိုပညာ - အမရပူရဒေသအမရပူရခေတ်အမရပူရလွတ်တော်နှင့်အခြားသုသေသနဆောင်းပါးများ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

အမရပူရဒေသတစ်ဝိုက် ကျောက်ခေတ်လူသားတို့နေရာ

လွန်ခဲ့သော ၆၇ ခု အောက်တိုဘာလထဲတွင် ရှေးဟောင်း သုတေသနဌာနသို့ ရောက်ခဲ့၏။ ဌာနတွင် ကျောက်တော်ကြီးဘုရားမှ နံရံပန်းချီ၊ ရွှေစာရံဦးကုလားဘုရားမှ နံရံပန်းချီ၊ ရွှေကူသာဘုရားမှ နံရံပန်းချီများ ပြသထားသည်ဟု ကြားသိရသဖြင့် ရောက်ခဲ့ခြင်းဖြစ် သည်။ ထိုပန်းချီကားများနှင့်အတူ ဟန်လင်းမှ တူးဖော်ရရှိထားသည့် ပစ္စည်းများကိုပါ ပြသထားသည်ကို တွေ့ရသည်။ လူရိုးနှင့် အိုးခွက် စသော ပျူခေတ်သုံးပစ္စည်းများကို ကြည့်ရှုရ၏။ တစ်နေရာတွင် မြင်ဖူးတွေ့ဖူးသော ပစ္စည်းကလေး ၂ ခုကို ဟန်လင်းပစ္စည်းများထဲမှာ တွေ့မြင်ရသည်၊ ထိုပစ္စည်း ၂ ခုမှာ “မိုးကြိုးသွား” ဟု ခေါ်သော

ကျောက်ခဲကလေးများ ဖြစ်လေသည်။ “ဟင် မိုးကြိုးသွားလေး” ဟု ပါးစပ်မှ ထွက်သွားမိသည်။ ။

ထိုအချိန်တွင် အမှုထမ်းတစ်ဦး အနားသို့ ရောက်လာ၏။ ဤ ကျောက်ခဲကလေးများသည် မိုးကြိုးသွားများမဟုတ်၊ ကျောက်ခေတ် လူသားများ သုံးစွဲကိုင်ဆောင်ခဲ့သော ကျောက်လက်နက်များ ဖြစ်သည်ဟု ရှင်းပြသည်။ စာရေးသူက တောင်သမန်အင်းအနီးတွင် ဤ

ကျောက်လက်နက်များ မကြာခဏတွေ့ရကြောင်း ပြန်ပြောပြ၏။ သူသည် ဝမ်းမြောက်သည့်အမူအရာနှင့် ထိုပစ္စည်းများတွေ့လျှင် တွေ့ သည့်နေရာ ပါမှတ်သား၍ ရှေးဟောင်းဌာနသို့ အကြောင်းကြားပါရန် ကျောက်လက်နက်များကိုလည်း လှူဒါန်းပါရန် မေတ္တာရပ်ခံလိုက်သည်။

ထိုအမှုထမ်း ပြောပြလိုက်သဖြင့် ကျောက်လက်နက်အကြောင်း ကို သိချင်လာသည်။ ထို့ကြောင့် ကျောက်လက်နက်နှင့်ပတ်သက် သော စာအုပ်စာတမ်းများကို ရှာဖွေဖတ်ရှုရတော့သည်။

မြန်မာစွယ်စုံကျမ်းထဲတွင် မြန်မာ့ကျောက်လက်နက်အကြောင်း တစ်စိတ်တစ်ဒေသ ဖတ်ရှုရ၏။ မြန်မာနိုင်ငံ အရပ်ရပ်မှတွေ့ရှိရသော

ကျောက်လက်နက်နှင့်ကျောက်ခေတ်လူသုံးပစ္စည်းများကို ကာလကတ္တား ပြတိုက်နှင့် လန်ဒန်မြို့ ဗြိတိသျှ ပြတိုက်တွင် တွေ့မြင်နိုင်သည်ဟု သိရသဖြင့်လည်း ကျောက်ခေတ်အကြောင်းကို ပို၍စိတ်ဝင်စားလာ သည်။ ကျောက်လက်နက်များ တွေ့တတ်သောနေရာကိုလည်း အထူး ဂရုစိုက် ရှာဖွေမိသည်။

လ အနည်းငယ်ကြာသောအခါ ကျောက်လက်နက် ၃-၄ ခုကို တွေ့ရသည်။ ရရှိသည့် ထိုလက်နက်များကို စာအုပ်ထဲတွင်ပါသော

ကျောက်လက်နက်ဓာတ်ပုံများနှင့် တိုက်ဆိုင်ကြည့်ရာ တူညီနေသည် ကို တွေ့ရသဖြင့် အားတက်ဝမ်းမြောက်မိသည်။ ထိုမျှနှင့် စိတ်မချနိုင် သေးသဖြင့် သမိုင်းကော်မရှင်မှ ဆရာဦးမောင်မောင်တင်ကို ပြောပြ သည်။ ဆရာကလည်း စာအုပ်စာတမ်းပေါင်းစုံမှ အထောက်အထား များကို စုံလင်စွာ ထုတ်နုတ်ညှိနှိုင်းပြသသည်။ သို့နှင့်ပင် “ကျောက် လက်နက်” ဟူ၍ အသေအချာ ဆုံးဖြတ်ကာ ရှေးဟောင်းသုတေသန ဌာနသို့ အကြောင်းကြားသည်။

မ ဦးမောင်မောင်တင်နှင့်အတူ ရှေးဟောင်းဌာနမှ လာ ကြည့်ကြသည်။ ရရှိထားသည့်ကျောက်လက်နက်နှင့် တွေ့ ရှိရာဌာနများကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူကြသည်။

ဆရာ ဦးမောင်မောင်တင်နှင့် ဒေါက်တာ သန်းထွန်းတို့သည် ထိုအချိန်မှစ၍ ကျောက်လက်နက်နေရာကို ဆက်လက်သုတေသနပြု ကြသည်။ သူတို့ သုတေသနပြုကြသဖြင့် ကျောက်လက်နက်များပါ မက အရိုးလက်နက်၊ ဦးချိုလက်နက်များနှင့် ကျောက်ခေတ်ပစ္စည်းများ ကိုပါ တွေ့ရှိရလေသည်။ (မတူးဖော်မီ ထိုအချိန်က ရရှိထားသော ကျောက်လက်နက်အချို့ကို ယခုပုံဆွဲ၍ ဖော်ပြထားသည်။)

မတူးဖော်မီက တွေ့ရှိထားသော ကျောက်လက်နက်များ ကျောက်ခေတ်ပစ္စည်းများ တွေ့ရှိရာနေရာဌာနမှာ တောင် သမန်အင်း၏အနောက်ဘက် မယ်ဇယ်ပင်တန်းမြောက်ဘက်တွင်ရှိ သော “မြေဝါတောင် ကုန်းကြီး” ဖြစ်လေသည်။

ဤတောင်ကုန်းကြီးကို ငယ်စဉ်ကပင် စိတ်ဝင်စားခဲ့သဖြင့် စုံစမ်းမေးမြန်းထားဖူးသည်။ ရှေ့မီနောက်မီပုဂ္ဂိုလ် ၂ ဦး- ၃ ဦးက ဤနေရာသည် ရှေးက ကျတ်များ နေထိုင်ကြသဖြင့် “ကျတ်ကုန်း”ဟု ခေါ်ကြောင်းပြောပြကြသည်။ “ကျတ်ဟူသည် နာနာဘာဝသတ္တဝါ များ ဖြစ်သည်။ ညအချိန်တွင် မြို့ ရွာဖန်ဆင်း၍ စည်စည်ကားကား မီးတထိန်ထိန်နှင့် နေတတ်ကြသည်။ နံနက်လင်းလျှင် ဤနေရာသည် ချုံပိတ်ပေါင်းတို့နှင့် ဖြစ်နေသည်ဟုလည်း ပြောကြသည်။

ဤမျှနှင့် မကျေနပ်သေးသဖြင့် ဆက်လက်စုံစမ်းမေးမြန်းရ သည်။ နောက်တစ်ဦးကမူ ဤနေရာသည် ဘီလူးကြီးငတောင်ကုန်း” ၏ နေရာဖြစ်သည်။ တောင်သမန်၊ ငတောင်မြင့်၊ တောင်ကုန်း၊ ငတောင်ကျည်း” ဟူသော ဘီလူးကြီး ၄ ဦးတို့သည် ဤနေရာယခု

ကျောက်တိုင်နေရာတွင် စည်းဝေးတိုင်ပင်တတ်ကြသဖြင့် “တောင်လေး လုံး” ဟု ခေါ်တွင်ကြောင်း ပြောပြသည်။

ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီးထဲတွင် ဘုရားမြတ်စွာ ဒေသစာရီ လှည့်လည်တော်မူသောအခါ ငတောင်သမန် ငတောင် ကျည်း၊ ငတောင်ပြုံး၊ ငတောင်မြင့်ဟူသော ဘီလူးလေးဦးတို့သည် ဘုရားသခင်အား သားပြွမ်းဆွမ်းလှူနှင့်သည်ကို နောက်သောအခါ ထိုဘီလူးလေးဦးတို့ စောင့်ထိန်းသည့်အရပ်တွင် မင်းနေပြည်တော် ကြီးဖြစ်လတ္တံ့ ဗျာဒိတ်ထားခဲ့သည်” ဟု တွေ့ရသည်။

ယခုရာဇဝင်တွင် ပါဝင်သော တောင်ပြုံး” ကို တောင်ကုန်း” ဟုဆိုသဖြင့် စဉ်းစားစရာဟု မှတ်သားခဲ့သည်။ ထို့နောက် လက်လှမ်း မီရာ ပေပုရပိုက်များရှာဖွေကြည့်သည် “အမရပူရသမိုင်း” ပုရပိုက်မူ တစ်ဆူထဲတွင် တောင်ကုန်း” ဟူ၍ တွေ့ရပြန်သည်။ (ထိုပုရပိုက် ဒေါက်တာသိန်းအောင်ထံတွင်ရှိသည်။)

နှစ်တစ်ရာကျော်က ရေးဆွဲခဲ့သည်ဟု ခန့်မှန်းရသော အမရပူရ မြေပုံ (ပုရပိုက်မူ) ထဲတွင်လည်း “တောင်မြင့်၊ တောင်သမန်၊ တောင် ကုန်း၊ တောင်ကျည်း” တို့သည် နီးစပ်နေသည်ကို တွေ့ရသည်။ အင်း ၏ အရှေ့ဘက် တောင်မြင့်နှင့် တောင်သမန်သည် ဆက်စပ်နေ၏။ အင်း၏အနောက်ဘက် တောင်ကုန်းနှင့် တောင်ကျည်းသည် ဆက်စပ်နေ၏။ ရာဇဝင်ထဲတွင်ပါဝင်သည့် တောင်ပြုံးသည် အဆက်ပြတ် ဝေးလံလှသည်ကို တွေ့ရသည်။ တစ်ဖန် မြေအနေအထား အမျိုး အစားကလည်း တောင်မြင့်၊ တောင်သမန်၊ တောင်ကုန်း၊ တောင် ကျည်းတို့သည် တူညီနေပေသည်။ ထို့ကြောင့် ဘီလူးကြီး ငတောင်ပြုံး နှင့် ဘီလူးကြီး တောင်ကုန်းတို့၏နေရာအနေတို့ကို ပညာရှင်တို့ စဉ်းစားသင့်သည်ဟု ထင်ပေသည်။ ။

စာရေးသူ အနေအားဖြင့်မူ ဤနေရာ ဤဌာနများသည် ကျောက်ခေတ်လူသားများနေခဲ့ကြ၍ ထိုသူတို့၏ ခေါင်းဆောင်များ အမည်ကို တင်စားကာ ငတောင်မြင့်၊ ငတောင်သမန်၊ တောင်ကုန်း၊ ငတောင်ကျည်းဟူ၍ နာမည်တွင်ခဲ့သည်ဟု ဆိုချင်သည်။

လူသည် လူ၏အကြောင်း ဇာစ်မြစ်ကိုအတိအကျ သိချင်ကြ၏။ ထိုအခါတွင် လူ၏ဇာစ်မြစ်ကို အသိဆုံးဖြစ်သော မြေကြီးအားထိုးဆွ တူးဖော်၍ မေးကြရလေသည်။ လူတို့အားထားရာ ကမ္ဘာမြေကြီးသည် လူတို့သိချင်သည့် အရာအားလုံးကို စိတ်ရှည်လက်ရှည်သည်းခံ၍ ပြောပြနေပေသည်။ ထို့ကြောင့် ကမ္ဘာနှင့် ရင်ပေါင်တန်း၍ လက် လှမ်းနေသော ယနေ့မြန်မာတို့သည် ကမ္ဘာမြေကြီး၏အစိတ်အပိုင်း ဖြစ်သော လူသားတို့သိချင်သမျှကို တစ်စိတ်တစ်ဒေသ ပြောပြနေ

သော အမရပူရမြို့မှ “တောင်ကုန်းကြီး” ကို တူးဖော်မေးမြန်းနေကြ ပေပြီ။

တောင်ကုန်းကြီးသည် မည်သို့သောအဖြေများ ပေးမည်ကို စောင့်ကြည့်ရန်သာ ရှိပေတော့သည်။

( ဟံသာဝတီ၊ ၄-၄-၇၁။

 

                                            အမရပူရခေတ် စာကြည့်တိုက် ပုရပိုက်ကတ်တလောက်တစ်ဆူ

မြန်မာနိုင်ငံတွင် စာကြည့်တိုက်ပေါ်ပေါက်ခဲ့သည်မှာ သထုံပြည်မှ စတင်ခဲ့သည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဟူမူ ပုဂံ အနော်ရထာ မင်း သထုံပြည်ကို တိုက်ခိုက်သိမ်းယူခြင်းမှာ ပိဋကတ်တော်များကို အဓိကထား၍ တိုက်ခိုက်ခြင်းဖြစ်သည်ဟူသော အဆိုရှိသောကြောင့် ဖြစ်သည်။

ပိဋကတ်တော်များကို ဆင်အစီး ၃ဝ ကျော်တို့ဖြင့် သယ်ယူခဲ့ ရသည်ဟူသော အဆိုကိုထောက်လျှင်လည်း ပိဋကတ်တိုက် (စာကြည့် တိုက်) ၏ပမာဏကို မှန်းဆနိုင်လောက်သည်။ သို့ သော်လည်း စာကြည့်တိုက် ခေါ်နိုင်လောက်သော သီးသန့်အဆောက်အဦဟူ၍ ခိုင်လုံသော အထောက်အထားများ မတွေ့ရဟုဆိုသည်။

ထိုပိဋကတ်တော်စာပေများကို အနော်ရထာမင်းသည် ပုဂံနေ ပြည်တော်၌ ဘုံငါးဆင့်ရှိသော အုတ်တိုက်ကိုတည်ဆောက်၍ ပိဋကတ် တိုက် (စာကြည့်တိုက်) အဖြစ် သတ်မှတ်ကာ စနစ်တကျထိန်းသိမ်းထားလေသည်။ ထိုခေတ်စာပေသမား ရဟန်းရှင်လူအများသည် အနော်ရထာမင်း၏ စာကြည့်တိုက်သို့ သွားရောက်လေ့လာကြရ သည်။ စာပေသမားများ မြင်မြင်ထင်ထင် ကြည့်ရှုနိုင်ရန် ပိဋကတ် တိုက်ကော်ကို အလင်းဝင်ပေါက်များ ဖောက်ပေးထားသည်။ ထို စာကြည့်တိုက်အဆောက်အဦသည် ယနေ့တိုင်ပင် အထင်အရှားရှိနေ ပေသေးသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ စာကြည့်တိုက်သည် ပုဂံ ခေတ်မှ အခြေခံခဲ့သည်ဟု ဆိုကြသည်။

ထို့နောက်တွင် မြန်မာစာပေတိုးတက်၍ စာပေပညာရှင်အများ အပြားပေါ်ပေါက်ခဲ့သော်လည်း မြန်မာမင်းအဆက်ဆက်တို့သည် သူတို့တည်ထောင်သော နေပြည်တော်များ၌ ပိဋကတ်တိုက် (စာကြည့် တိုက်) များတည်ထားလေ့မရှိသည်ကို တွေ့ရသည်။

ဘိုးတော်ဘုရားလက်ထက်ရောက်မှသာ စာကြည့်ပိဋကတ်တိုက် ထားသည်ကို တွေ့ရသည်။ ဗဒုံမင်းသည် အမရပူရမြို့ကိုစတင်တည်

ထောင်ရာ၌ “ခုနစ်ဌာနကို တစ်ပြိုင်နက်တစ်ချက်တည်း တည်လုပ်စေ သည်” (ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး)။ ထိုခုနစ် ဌာနထဲတွင် “ပိဋကတ်တိုက်တော်” စာကြည့်တိုက်ပါရှိလေသည်။ နေရာကား မြို့တော်၏ အနောက်မြောက်ထောင့် ဆင်ကြိုး ရွှေဂူဘုရား (ယခုကပ် ကျော်ဘုရား) အနီးတွင်ဖြစ်သည်။

အမရပူရသို့ ၁၇၉၅ ခုနှစ်က ရောက်လာသော Michael Symes en "An account of an Embassy to the Kingdom of Ava" osspå ထဲတွင် စာမျက်နှာ ၃၈၂ မှ ၃၈၃ ထိ အမရပူရစာကြည့်တိုက်အကြောင်း အသေးစိတ်ရေးထားသည်ကိုကြည့်၍ ခန့်မှန်းနိုင်လောက်သည်။ ထိုစာအုပ်အရ အမရပူရခေတ် စာကြည့်တိုက်လုပ်ငန်းသည် အဆင့် အတန်းမြင့်မားကြောင်း၊ စာပေများ စုံလင်များပြားလှကြောင်း သိ ရသည်။ . စာကြည့် ပိဋကတ်တိုက်သို့ သူတို့သံအဖွဲ့ ရောက်သွားသော အခါ ‘ဝင်ခွင့်အမိန့်စာချွန်မပါ၍ တံခါးဖွင့်မပေး, အပြင်ဘက်မှ စာတိုက်သေတ္တာများကိုသာ ကြည့်ရှုကြရသည်” ဟူသော စကားကို ထောက်သော် စာကြည့်တိုက်များသည် မည်မျှစည်းကမ်းကို ရိုသေ ကြောင်း သိနိုင်သည်။ တစ်ဖန် “သေတ္တာတိုင်းရှိ ပေထုပ်တို့ကို စနစ် တကျသိမ်းဆည်းထားပေသည်။ သေတ္တာတစ်လုံးတွင် စာထုပ်ပေါင်း ၅ဝ မှ ၁ဝဝ ထိ ရှိနိုင်သည်။ အမျိုးမျိုးသော အကြောင်းအရာများကို မာတိကာနှင့်တကွ ဖော်ပြထားသည်။ သမိုင်းကျမ်း၊ တူရိယာဆိုင်ရာ ကျမ်း၊ ဆေးကျမ်း၊ ပန်းချီကျမ်း၊ ဇာတ်ဝတ္ထုစသည်ဖြင့် ကျမ်းမျိုးစုံ တွေ့ရသည်။ ပေထုပ်တို့တွင် တစ်ကျမ်း၊ တစ်စောင်၊ တစ်တွဲ စသည် ဖြင့် ကဏ္ဍခွဲ၍ သေတ္တာပေါ်တွင် နံပါတ်ရေးထားသည်” ဟူသော သံအဖွဲ့ ၏အရေးအသားကို ထောက်လျှင်လည်း ထိုခေတ်က စာကြည့် တိုက် ကက်တလောက်လုပ်ငန်းသဘောကို တွေ့နိုင်သည်။

ထိုနည်းအရ ကက်တလောက်သဘောပါသော အမရပူရခေတ် သုံး (စာပေစာရင်းဇယား) ပုရပိုက်တစ်ဆူကို ကပ်ကျော်ဘုရားအနီး ဘုရားပျက်တစ်ဆူ၏လက်တော်ပေါ်မှ လွန်ခဲ့သော ၁၀ နှစ်ခန့်က ရရှိခဲ့ဖူးသည်။ ထိုပုရပိုက်ထဲမှ စာကြည့်တိုက်ကက်တလောက် လုပ်ငန်းသဘောကို လေ့လာနိုင်ရန် တင်ပြလိုပေသည်။