Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ကိုကြွယ် - တောစောင့်နတ်နှင့်သစ်ခုတ်သမားပုံပြင်များ

Regular price 900 MMK
Regular price Sale price 900 MMK
Sale Sold out

စကားနှစ်ခွန်း

တစ်ခါတုန်းက စိမ်းလန်းစိုပြည်လှတဲ့ တောအုပ်တစ်ခုအ တွင်းမှာ ဝက်သားအမိ နှစ်ကောင်နေထိုင်ကြသတဲ့ကွယ်။

တောအုပ်ထဲမှာ ဝက်မကြီးက အစာရှာထွက်သည့်အခါ တိုင်း ဝက်ကလေးက နောက်ကနေအမြဲလိုက်လေ့ရှိတယ်။

နေ့တိုင်း ဝက်ကလေးက ဝက်မကြီးနောက်ကို လိုက်လာ တာ ရက်တွေ၊ လတွေ ရှည်ကြာလာတော့ မလိုက်ချင်တော့ဘူး။ လိုက်ရမှာ ပျင်းလာတယ်။

“မေမေ”

“ဘာလဲ သား”

“တောထဲ သွားပြီး အစာရှာထွက်ရတာ ပျင်းစရာကောင်း ပါတယ်၊ ဒီနားက ရွာတွေသွားပြီး အစာရှာထွက်ရအောင်” .

“အမေက အသက်ကြီးလှပါပြီကွယ်။ ရွာထဲသွားပြီးတော့ အစာရှာ မထွက်ချင်တော့ဘူး၊ သား သွားချင်ရင်တော့ သွားလေ”

“ဟုတ်ကဲ့ မေမေ”

“ဂရုစိုက်သွားနော်၊ ဘေးအန္တရာယ်တွေလည်း တွေ့ဦးမယ်”

“စိတ်ချပါ မေမေ”

- ဝက်ကလေးက ပြောပြောဆိုဆိုထွက် လာခဲ့ပါတယ်။

- ရွာထဲကိုရောက်လာတဲ့အခါမှာ တချို့အိမ်တွေမှာ ကျွဲတွေ၊ နွားတွေ မွေးထားကြတယ်။ တချို့တွေက ကြက်တွေ မွေးထား ကြတယ်။ ရေကန်ထဲမှာတော့ ဘဲ အချို့ ရေကူးနေကြတာကို တွေ့ရတယ်။

တချို့ အိမ်တွေမှာ သူ့လိုဝက်ကလေးတွေကို ဝက်စားကျင်း နဲ့အစာတွေကို ကျွေးမွေးနေကြတာကို တွေ့ရတယ်။

ဝက်ကလေးက ဝက်ဖြစ်ပေမယ့် အခုလို ဝက်စားကျင်းနဲ့ ကျွေးတာတွေ့ရတော့ ဝင်စားချင်စိတ်ပေါ်တယ်။ ဒါပေမဲ့ ဝင် မစားဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အချင်းချင်း

တောင် အလုအယက်စားနေကြရတာ၊ သူဝင်စားရင် ပိုဆိုးကုန် မှာပေါ့။ အားလုံးရန်ဖြစ်ကုန်လိမ့်မယ်။ တောထဲမှာ သားအမိ နှစ်ယောက် လွတ်လွတ်လပ်လပ်ရှာဖွေစားရတာ ကောင်းပါတယ်။

နောက်အိမ်တစ်အိမ်ရောက်တော့ လူတစ်ယောက်အိပ်ပျော် နေတာကို တွေ့ရတယ်၊ နောက်အပြင်ကရောက်လာတဲ့ လူတစ် ယောက်က

“ဟေ့ကောင် ဝက်မှိန်းမှိန်းမနေနဲ့ထတော့” ပြောသံကြားရ သောအခါမှာ ဝက်ကလေးက တော်တော်လေး စိတ်ဆိုးသွားတယ်။

တောထဲပြန်ရောက်တော့ အမေကိုမြင်တာနဲ့တစ်ပြိုင်နက် “အမေ၊ လူတွေက သူတို့ဘာသာအပျင်းထူတာကို ပျင်း တယ် မပြောဘူး။ အိပ်နေတာကို ဝက်မှိန်းမှိန်းနေတယ်တဲ့”လို့ ဝက်ကလေးက ပြောလိုက်တယ်။

 

 

ဆင်ခြေ

တစ်ခါတုန်းက တောအုပ်တစ်ခုအတွင်းမှာ ဖိုးဖြူဆိုတဲ့ ဆင်တစ်ကောင်ရှိသတဲ့ကွယ်။ ဖိုးဖြူဟာ ဝဝတုတ်တုတ်ကလေးမို့ သိပ်ချစ်စရာကောင်းတာပေါ့၊ စိတ်သဘောလည်း ကောင်းတယ်။

တောအုပ်ထဲမှာရှိနေတဲ့ တိရစ္ဆာန်တွေရဲ့အကျိုးကို အမြဲဦး ဆောင်လုပ်ကိုင်ပေးလေ့ရှိတယ်။

ဒါကြောင့် တိရစ္ဆာန်တွေ အားလုံးက သူ့ကိုသိပ်ပြီးတော့ ချစ်ခင်လေးစားကြတယ်။

သူ့အမျိုးဖြစ်သော ဆင်တွေတင်မကဘူး၊ အခြားတောရိုင်း တိရစ္ဆာန်ကလေးတွေကပါ ဖိုးဖြူကို ချစ်ကြတယ်။

ဖိုးဖြူအမေ ဆင်မကြီး ညိုမကတော့ ဖိုးဖြူကို တောတွင်း တိရစ္ဆာန်တွေအားလုံးက ချစ်ခင်လေးစားကြတာကို ဂုဏ်ယူလို့မဆုံးပါဘူး။ ဒါပေမဲ့ ဖိုးဖြူက ပြဿနာ တစ်ခုခုဖြစ်ပြီဆိုရင် ဒေါသဖြစ်လွန်းလို့ အမြဲစိတ်ပူနေရတယ်။

မနှစ်တုန်းက မုဆိုးကျော်ကြီး တောထဲကိုရောက်လာပြီး ရေကန်ထဲကို ရေသောက်ဆင်းလာတဲ့ သမင်မလေး မိညိုကို မြား မှန်ပြီး သေသွားလို့ ဖိုးဖြူက တော်တော်လေးဒေါသထွက်သွား တယ်။ မုဆိုးကျော်ကြီး အပြေးမြန်လို့ပေါ့။ နို့မိုဆိုရင် ဖိုးဖြူနှာ မောင်းနဲ့ တစ်ချက် မွေ့ယမ်းရုံနဲ့သေမှာ။ ။

မိညိုက သူ့သားကို မုဆိုးကျော်ကြီးက တစ်နေ့နေ့မှာလာ ပြီး လက်စားချေမှာကို တွေးပြီးစိုးရိမ်နေတာပေါ့။

ဖိုးဖြူကတော့ မုဆိုးကျော်ကြီးထွက်ပြေးလွတ်မြောက်သွား တာကို တွေ့ပြီးမခံမရပ်နိုင်ဖြစ်နေတယ်။ အရမ်းဒေါသဖြစ်နေ တယ်လေ။

ဖိုးဖြူကတော့ မုဆိုးကျော်ကြီးကို လက်လွတ်မခံနိုင်ဖြစ်နေ တယ်။ သူ့သူငယ်ချင်း မိညိုသေရတာကို လက်စားချေချင်တဲ့ စိတ်တွေကလည်း တဖွားဖွားပေါ်လာတယ်။

ဒါကြောင့် ဖိုးဖြူက မုဆိုးကျော်ကြီးနေတဲ့ ရွာကိုလိုက် သွားတယ်။ ရွာမှာ မုဆိုးကျော်ကြီး မရှိဘူး ဖြစ်နေတယ်။ စုံစမ်း လိုက်တော့ မုဆိုးကျော်ကြီးက ဘုရင်ကြီးရဲ့ ရွှေနန်းတော်မှာ ရောက်နေတယ်ဆိုတာ သတင်းရထားတယ်။

ဆက်စုံစမ်းလိုက်တဲ့အခါမှာ ဘုရင်ကြီးက တောထဲသွား ပြီး သူဖမ်းခိုင်းလိုက်တဲ့ သားကောင်တစ်ကောင်မှမရခဲ့တဲ့ မုဆိုး ကျော်ကြီးကို ထောင်သွင်းအကျဉ်းချထားတယ်။ မုဆိုးကျော်ကြီးက သူကြိုးစားပြီး သမင်တစ်ကောင်မိပေ မယ့် ဆင်ရိုင်းတစ်ကောင်တွေ့လို့ မသယ်နိုင်တော့ဘဲ အသက်လု ပြီး ထွက်ပြေးလာခဲ့ရတဲ့အကြောင်း ရှင်းပြရှာတယ်။

ဘုရင်ကြီးက လက်သင့်မခံတဲ့အပြင် ဆင်ခြေဆင်လက် အမျိုးမျိုးပေးတယ်ဆိုပြီးတော့ စိတ်ဆိုးသွားတယ်။ မုဆိုးကြီးကို ထောင်သွင်းအကျဉ်းချထားလိုက်တဲ့အတွက် ဆင်ကလေး ဖိုးဖြူ ဟာ မုဆိုးကြီးကို လက်စားချေဖို့ အခွင့်မသာခဲ့ဘူးပေါ့ကွယ်။

နောက်ပြီး မုဆိုးကြီးက ဖိုးဖြူကိုမနိုင်လို့ အရှုံးပေးပြီး ထွက် ပြေးလာရတယ်လို့မပြောဘဲ ဆင်ခြေဆင်လက်တွေ ပေးပြီးပြော နေတယ်။

လူတွေဟာ သူတို့မနိုင်ရင် အရည်အချင်းညံ့တယ်မပြောဘဲ ဆင်ခြေဆင်လက်ပေးတယ်ဆိုပြီး ဆင်တွေအပေါ်မကောင်းတာ တွေကို ပုံချတယ်ဆိုပြီးတော့ အားလုံးကို မကျေနပ်ဘူးပေါ့ကွယ်။

တောထဲပြန်ရောက်တဲ့အခါမှာ ဆင်ကလေး ဖိုးဖြူက “လူ တွေက သူတို့မလုပ်နိုင်ရင် မလုပ်နိုင်ဘူးလို့ မပြောဘဲ ဆင်ခြေ အမျိုးမျိုးပေးတတ်ကြတယ် မေမေရယ်။ သူတို့မကောင်းတာကို ကျွန်တော်တို့ဆင်တွေကိုပါ မပါပါအောင်ပြောကြတယ်၊ ကျွန် တော်ကတော့ မခံနိုင်ဘူး”

“ဘာမှမခံနိုင်ဖြစ်မနေပါနဲ့ ကွာ၊ တစ်နေ့နေ့တော့ အဖြေ မှန်ပေါ်လာမှာပါ” သူ့အမေ ဆင်မကြီးညိုမက ပြောလိုက်တာ

ကြောင့် ဖိုးဖြူ ဘာမှမပြောတော့ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော် သွားရှာတယ်။

“ဟေ့ကောင်၊ ထစမ်း” ရုတ်တရက် နှိုးလိုက်တာကြောင့် ဖိုးဖြူလန့်သွားတယ်။သူ့ရဲ့ နားမှာ အရပ်ရှည်ရှည်၊ ဝဝတုတ်တုတ်လူထွားကြီး တစ် ယောက်မတ်တတ်ရပ်နေတာကို တွေ့ရတယ်။ “ခင်ဗျားက ဘယ်သူလဲ”

 “ငါက ငရဲမင်းကွ”

“ကျွန်တော်က ဘာအပြစ်ရှိလို့လာတာတုံးဗျာ။ ကျွန်တော့် ကို မခေါ်ပါနဲ့၊ ကျွန်တော် ကြောက်လွန်းလို့ပါ”

“မင်းကို အပြစ်ပေးမလို့ခေါ်တာ မဟုတ်ပါဘူးကွာ၊ ငရဲ ပြည်ကို အလည်လိုက်ခဲ့ဖို့လာခေါ်တာပါ။ မင်းသိချင်တာ အား လုံးသိတဲ့ လူတွေ ဆင်ခြေပေးလို့မရဘူးဆိုတာ သိစေရမယ်”

“တကယ်လား” “အေး၊ တကယ်ပေါ့” ဖိုးဖြူလည်း ငရဲမင်းကြီးခေါ်ရာနောက်ကို လိုက်သွားတယ် လေ။

ငရဲပြည်သို့ ရောက်တော့ ဒယ်အိုးကြီးထဲမှာ ဆီအပြည့်နဲ့ အပူပေးခံနေရသော လူတစ်ယောက်ကို တွေ့ရတယ်၊ ဖိုးဖြူက

“ခင်ဗျားက ဘာဖြစ်လို့ငရဲအိုးထဲရောက်နေရတာလဲ” “လူတွေ သတ်ခဲ့လို့” “ဒေါသဖြစ်လွန်းလို့ဆိုပြီး ဆင်ခြေပေးလိုက်ပေါ့” “ငရဲပြည်မှာက ဆင်ခြေပေးလို့ မရဘူး၊ အပြစ်ရှိရင်ခံရ

တာပဲ”

“ဟုတ်လား”

ဖိုးဖြူ အံ့သြသွားတယ်လေ၊ နောက်ဒယ်အိုးထဲမှာ အကြော် ခံနေရတဲ့ သူတစ်ယောက်ကိုတွေ့တော့

“ခင်ဗျားကကော...” “ကျုပ်က သူများပစ္စည်းကိုခိုးခဲ့လို့ပါ”

“မရှိလို့ခိုးတာပဲဆိုပြီး ဆင်ခြေပေးလိုက်ပေါ့”

“မရှိလို့ပဲ ခိုးခိုး၊ ရှိလို့ပဲ ခိုးခိုး။ အပြစ်ရှိရင်ခံရတာပဲ၊ ဆင်ခြေ ပေးလို့မရဘူး”  

နောက်ဆက်ပြီး သွားသောအခါ ဒယ်အိုးတစ်ခုထဲတွင် ဆီ ကြော်ခံနေရသူတစ်ယောက်ကိုတွေ့တဲ့အခါ“မင်းကကော...” “လူကြီးတွေကို လိမ်ညာပြောမိလို့”

“လူကြီးတွေကို နောင်မညာတော့ပါဘူးဆိုပြီးတော့ ဖြေ လိုက်ပေါ့”

“ဆင်ခြေပေးလို့ မရဘူး ဒီနေရာက လူ့ပြည်မဟုတ်ဘူး၊ ငရဲပြည်လေ” လို့ ပြောလိုက်သတဲ့။ နောက်တစ်နေရာကိုရောက် တော့“ခင်ဗျားကကော..” “အရက်သမားမို့လိုလေ”

“နေမကောင်းလို့ ဆေးဖြစ်ဝါးဖြစ်သောက်တာလို့ ဆင်ခြေ ပေးလိုက်ပေါ့”

“လူပြည်ကသာ ဆင်ခြေပေးလို့ရတာ၊ ငရဲပြည်က ဆင် ခြေပေးလို့မရဘူး။ အပြစ်ရှိရင် ခံရတာပဲ”

နောက်ဆို လူ့ပြည်မှာ အပြစ်ရှိရင် ဆင်ခြေပေးပြီး ရှောင် လို့ ရချင်ရမယ်၊ ငရဲပြည်ရောက်ရင် ဆင်ခြေပေးလို့မရဘူးဆိုတာ သိသွားပြီး နောင်ဆို အပြစ်မရှိအောင် နေထိုင်တော့မယ်လို့ဆုံးဖြတ်ရင်း ငရဲပြည်က ပြန်လာခဲ့သတဲ့ကွယ်။

တောထဲကို ပြန်ရောက်တော့ သူ့အမေက“ငါ့သားလေး ဘယ်ပျောက်နေတာလဲလို့ ရှာလိုက်ရတာ..။ မေမေဖြင့် စိတ်ပူနေတာပဲ”

“စိတ်မပူပါနဲ့ မေမေရယ်၊ ငရဲမင်းကြီးက ခေါ်သွားလို့ ငရဲ ပြည်ကို အလည်ရောက်သွားတာပါ။ ငရဲပြည်ဆိုတာ အပြစ်ရှိရင် ရှိသလောက်ခံရတာပဲ၊ ဆင်ခြေပေးလို့ မရဘူးဆိုတာ သိသွားပါ ပြီ။ သူများတွေ အမှားကျူးလွန်တာတွေ့ရင်လည်း ဒေါသဖြစ်ပြီး သား ဘာမျှကျူးကျူးလွန်လွန် မလုပ်တော့ပါဘူးလို့ မေမေကို ကတိပေးပါတယ်”

“ခုလို အမြင်မှန်ရပြီး လိမ္မာတာကို ဝမ်းသာလိုက်တာ သား လေးရယ်...” လို့ဆင်မ မိညိုက ပြောလိုက်သတဲ့ကွယ်..။